cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

MONREC_NUG

This is the official channel of Ministry of Natural Resources and Environmental Conservation under the administration of National Unity Government of Myanmar

إظهار المزيد
مشاركات الإعلانات
4 010
المشتركون
+124 ساعات
-127 أيام
-1930 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

နိုင်ငံအနှံ့ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက် =========== ဆက်သွယ်ရန်- အီးမေးလ် MoHADM (Email:[email protected]) KNU (Email: [email protected]) KNPP (Email:[email protected]) CNF (Email: [email protected])
إظهار الكل...
👍 7 1
နိုင်ငံအနှံ့ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက် =========== ၁။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းတွင် တောင်တရုတ်ပင်လယ်၌ စတင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ကြီးမားသည့် တိုင်ဖွန်းမုန်တိုင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံ့အပြား မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ၂။ ၃ ရက်ခန့် မိုးကြီးခြင်းနှင့် ဆည်များ၏ ရေပိုလွှဲများမှ ရေထုတ်လွှတ်ခြင်းတို့ကြောင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ပါသည်။ ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ (၇) သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်းထားပြီး လူနေအိမ်များပြိုကျ ပျက်စီးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေးတိရိစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ပါသည်။ ၃။ ယင်းကဲ့သို့ ထိခိုက်ပျက်စီးမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအား ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ၄။ မုန်တိုင်း၏အရှိန်နှင့် ရေဘေးအန္တရာယ်၏ ကြီးမားပြင်းထန်မှုကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများထောက်ပံ့ပေးခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူရေး စသည်တို့ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးသွားသည့်နေအိမ်နှင့် အခြေခံအဆောက် အအုံများ ပြန်လည်တည်ဆောက်ရေးတို့အတွက် အကူအညီများစွာ လိုအပ်လျက်ရှိပါသည်။ ၅။ သို့ဖြစ်ရာ လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများအား အောက်ပါအချက်များကို တောင်းဆိုအပ် ပါသည်- (က) အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီ များကို ရေဘေးသင့်ပြည်သူများအား အညီအမျှရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ (ခ ) အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးရှိ လူသားစာနာဝန်ကြီးဌာန တာဝန်ခံများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်း များသို့ တိုက်ရိုက်ပံ့ပိုးပေးခြင်း၊ (ဂ ) နိုင်ငံတကာကပေးအပ်သည့် လူသားစာနာမှုအကူအညီများကို နိုင်ငံရေးနှင့် စစ်ရေးတို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ခြင်း၊ (ဃ) ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသာမက ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကိုပါ ရေတိုရေရှည် ပံ့ပိုးကူညီခြင်း၊ (င ) တကမ္ဘာလုံးအတိုင်းအတာနှင့် ရန်ပုံငွေ ကန့်သတ်ချက်များရှိသော်လည်း စစ်ဘေးနှင့် သဘာဝဘေးကို တပြိုင်နက်ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာလှူဒါန်းမှုများ ရရှိစေရန် တိုက်တွန်းနှိုးဆော်ပေးခြင်း၊ (စ ) ရေဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းမှုများအား ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလုပ်ဆောင်ခြင်း၊ (ဆ) လူသားချင်းစာနာမှုဦးစားပေး (Humanitarian Imperative) အခြေခံမူကို လက်ကိုင် ထား၍ ထိခိုက်လွယ်အုပ်စုများ၏ လိုအပ်ချက်များကိုပါ ထည့်သွင်း ကူညီပံ့ပိုးကူညီခြင်း၊ (ဇ ) အကူအညီများ အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်စီမံခန့်ခွဲပေးခြင်း နှင့် စနစ်တကျစောင့်ကြည့်ကွပ်ကဲခြင်း။ ၆။ မိမိတို့အနေဖြင့် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းသက်ရောက်မှု၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ထိခိုက်ခံစားရသည့် တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် တသားထဲ ရပ်တည်လျက်ရှိပြီး ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ထပ်တူ စာနာမိပါသည်။ ထို့အပြင် ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည့် လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ကျေးဇူးတင် ရှိပါသည်။ ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက်ကိုလည်း မိမိတို့အဖွဲ့အစည်း အားလုံး က ကျောချင်းကပ်၊ ရင်ချင်းအပ်လျက် အတူအကွ ပူးပေါင်းလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုအပ်ပါသည်။
إظهار الكل...
👍 5 1
com) CNF (Email: [email protected])
إظهار الكل...
နိုင်ငံအနှံ့ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက် =========== ၁။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းတွင် တောင်တရုတ်ပင်လယ်၌ စတင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ကြီးမားသည့် တိုင်ဖွန်းမုန်တိုင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံ့အပြား မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ၂။ ၃ ရက်ခန့် မိုးကြီးခြင်းနှင့် ဆည်များ၏ ရေပိုလွှဲများမှ ရေထုတ်လွှတ်ခြင်းတို့ကြောင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ပါသည်။ ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ (၇) သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်းထားပြီး လူနေအိမ်များပြိုကျ ပျက်စီးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေးတိရိစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ပါသည်။ ၃။ ယင်းကဲ့သို့ ထိခိုက်ပျက်စီးမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအား ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ၄။ မုန်တိုင်း၏အရှိန်နှင့် ရေဘေးအန္တရာယ်၏ ကြီးမားပြင်းထန်မှုကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများထောက်ပံ့ပေးခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူရေး စသည်တို့ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးသွားသည့်နေအိမ်နှင့် အခြေခံအဆောက် အအုံများ ပြန်လည်တည်ဆောက်ရေးတို့အတွက် အကူအညီများစွာ လိုအပ်လျက်ရှိပါသည်။ ၅။ သို့ဖြစ်ရာ လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများအား အောက်ပါအချက်များကို တောင်းဆိုအပ် ပါသည်- (က) အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီ များကို ရေဘေးသင့်ပြည်သူများအား အညီအမျှရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ (ခ ) အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးရှိ လူသားစာနာဝန်ကြီးဌာန တာဝန်ခံများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်း များသို့ တိုက်ရိုက်ပံ့ပိုးပေးခြင်း၊ (ဂ ) နိုင်ငံတကာကပေးအပ်သည့် လူသားစာနာမှုအကူအညီများကို နိုင်ငံရေးနှင့် စစ်ရေးတို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ခြင်း၊ (ဃ) ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသာမက ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကိုပါ ရေတိုရေရှည် ပံ့ပိုးကူညီခြင်း၊ (င ) တကမ္ဘာလုံးအတိုင်းအတာနှင့် ရန်ပုံငွေ ကန့်သတ်ချက်များရှိသော်လည်း စစ်ဘေးနှင့် သဘာဝဘေးကို တပြိုင်နက်ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာလှူဒါန်းမှုများ ရရှိစေရန် တိုက်တွန်းနှိုးဆော်ပေးခြင်း၊ (စ ) ရေဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းမှုများအား ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလုပ်ဆောင်ခြင်း၊ (ဆ) လူသားချင်းစာနာမှုဦးစားပေး (Humanitarian Imperative) အခြေခံမူကို လက်ကိုင် ထား၍ ထိခိုက်လွယ်အုပ်စုများ၏ လိုအပ်ချက်များကိုပါ ထည့်သွင်း ကူညီပံ့ပိုးကူညီခြင်း၊ (ဇ ) အကူအညီများ အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်စီမံခန့်ခွဲပေးခြင်း နှင့် စနစ်တကျစောင့်ကြည့်ကွပ်ကဲခြင်း။ ၆။ မိမိတို့အနေဖြင့် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းသက်ရောက်မှု၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ထိခိုက်ခံစားရသည့် တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် တသားထဲ ရပ်တည်လျက်ရှိပြီး ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ထပ်တူ စာနာမိပါသည်။ ထို့အပြင် ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည့် လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ကျေးဇူးတင် ရှိပါသည်။ ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက်ကိုလည်း မိမိတို့အဖွဲ့အစည်း အားလုံး က ကျောချင်းကပ်၊ ရင်ချင်းအပ်လျက် အတူအကွ ပူးပေါင်းလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုအပ်ပါသည်။ ဆက်သွယ်ရန်- အီးမေးလ် MoHADM (Email:[email protected]) KNU (Email: [email protected]) KNPP (Email:knpp.headquarters@protonmail.
إظهار الكل...
၂၀၂၄ ခုနှစ် "ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ် "သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်" ကျောင်းသား/သူများ​၏ ဆုရ Essay ၊ ကဗျာနှင့် ပန်းချီလက်ရာများ မျှဝေခြင်း ====== ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်ခဲ့သည့် "ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (University Of Forestry And Environmental Science Council) ကျောင်းသား/သူများ​၏ ဆုရ Essay ၊ ကဗျာနှင့် ပန်းချီလက်ရာများအား မျှဝေအပ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ #MONREC #NUG #WOD2024 #ClimateAction
إظهار الكل...
10👍 1
၂၀၂၄ ခုနှစ် "ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့ "အထိမ်းအမှတ် ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း ======== ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်ခဲ့သည့် “ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်နှင့် ကောလင်းခရိုင် ဝန်းသိုမြို့နယ်တို့တွင် အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့ပြီး ကျောင်းသား/သူ (၂၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ စစ်ကိုင်းမြို့နယ် အသိပညာပေး ဟောပြောပွဲ တက်ရောက်သူ ကျောင်းသား/သူများအား အာဟာရ နို့ဆန်ပြုတ် တိုက်ကျွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ #MONREC #NUG #WOD2024 #ClimateAction
إظهار الكل...
12👍 1
Photo unavailableShow in Telegram
11
“၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်‌နေ့ ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေး ထုတ်ပြန်ချက်” ========= နှစ်စဥ် စက်တင်ဘာလ (၁၆) ရက်နေ့သည် “ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးနေ့” ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “ရာသီဥတုထိန်းသိမ်းရေး တိုးမြှင့်ဆောင်ရွက်ပေး” (Montreal Protocol: Advancing Climate Action”) ဖြစ်သည်။ အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးအတွက် ချုပ်ဆိုခဲ့ကြသည့် မွန်ထရီရယ်သဘောတူစာချုပ်သည် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းနှင့်လိုက်လျောညီထွေရှိစေခြင်းတို့အပေါ် သက် ရောက်မှုရှိကြောင်း ကမ္ဘာ့နိုင်ငံများက သိရှိပြီးဖြစ်သကဲ့သို့ ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး လုပ်ဆောင်ချက်များကိုလည်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်း ယခုနှစ်ဆောင်ပုဒ်က အလေးပေး တိုက်တွန်းထားခြင်းဖြစ်သည်။ မိဘပြည်သူများအနေဖြင့် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်နေကြသည့်နည်းတူ အိုဇုန်းလွှာကို ပျက်စီးစေသည့် ဒြပ်/ဓာတုပစ္စည်းများကို လျှော့ချသုံးစွဲခြင်းဖြင့်လည်း ရာသီဥတုနှင့် ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးတို့အတွက် တဦး တယောက်ချင်းက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ #MONREC #NUG #WOD2024 #ClimateAction
إظهار الكل...
8👍 1
06:42
Video unavailableShow in Telegram
၂၀၂၄ ခုနှစ် “ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးနေ့” အခမ်းအနားသို့ ပြည်ထောာင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ ပေးပို့သည့် သဝဏ်လွှာကို ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူးမှ ဖတ်ကြားခြင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် #MONREC #NUG #WOD2024 #ClimateAction
إظهار الكل...
WOD 2024 Video-1_(Optimized).mp483.73 MB
16👍 4
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးကိစ္စရပ်များအတွက် ဝန်ကြီးဌာနသို့ တိုက်ရိုက်လှူဒါန်းမှုများ၊ Spring Development Bank(SDB) ၏ Humanitarian Support Fund နှင့် NUGPay ၏ Disaster Relief Fund တို့မှရရှိသော ရန်ပုံငွေများကို ထုတ်နုတ်သုံးစွဲ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ဖော်ပြပါ QR Code များမှတဆင့် ထည့်ဝင်လှူဒါန်းခြင်းအားဖြင့် ရေဘေးဒုက္ခရင်ဆိုင်နေရသော ပြည်သူများအား ပါဝင်ကူညီနိုင်ကြောင်း သတင်းပေးအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ #NUG
إظهار الكل...
👍 12 8
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.