cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

International VIP Series List [RMC]

إظهار المزيد
مشاركات الإعلانات
13 202
المشتركون
لا توجد بيانات24 ساعات
+107 أيام
+28530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
720. Desperate Lies (2024) Season 1 လီယာနာနဲ့ တိုမာ့စ်တို့ဟာ ကလေးလိုချင်လို့ ကြိုးစားနေကြတဲ့ အတွဲတစ်တွဲပေါ့။သူတို့ဟာ ကလေးလိုချင်လွန်းလို့ အရမ်းပဲ ရူးသွပ်နေကြပြီး လီယာနာဟာဆိုရင် ခင်ပွန်းဖြစ်သူမသိအောင်မျိုးဥအောင်ဆေးတွေပါ သောက်နေပါပြီး လိင်ဆက်ဆံခြင်းကို တာဝန်တစ်ခုလို သတ်မှတ်ပြီး ပြုလုပ်နေကြတဲ့ အတွဲလေးပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ တိုမာ့စ်ဟာ ဖောက်ပြန်နေတာကို သိသွားတဲ့အခါမှာတော့ပြဿနာတွေတက်ကြရင်း တိုမာ့စ်ဟာ စက်ဘီးကလပ်နဲ့ သွားမှာကို အကြောင်းပြပြီး အိမ်ကနေ ထွက်သွားပါတော့တယ်။ အဲဒီအချိန်မှာပဲ တောင်ပေါ်မှာ စက်ဘီးစီးရင်းမတော်တဆဖြစ်ကာ ဆေးရုံပေါ်ရောက်သွားတဲ့ တိုမာ့စ်ဟာ ဇနီးဖြစ်သူကို အကြောင်းမကြားခဲ့ရာမှလီယာနာဟာလည်း ခင်ပွန်းဖြစ်သူဟာ သူ့ကိုပစ်သွားပြီဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။သူငယ်ချင်းဖြစ်သူရဲ့ စေ့ဆော်မှုကြောင့် ကလပ်ကိုသွားရင်း စိတ်ဖြေဖျောက်ရာကနေ သူငယ်ချင်းရဲ့မောင်လေးနဲ့ကုတင်ပေါ်ရောက်သွားပါတော့တယ်။ ခင်ပွန်းဖြစ်သူ ဆေးရုံတက်တာကို သိသွားတဲ့နောက်မှာ ပြန်အဆင်ပြေသွားကြရင်း၆ပတ်ကြာတဲ့အခါမှာ လီယာနာ့မှာ အမွှာကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ ……. 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
إظهار الكل...
Photo unavailableShow in Telegram
Agatha All Along (2024) Sci-Fi & Fantasy, Mystery, Action & Adventure IMDB Rating 6.7/10 Vulture Rating 4/5 Marvel ရဲ့ စုန်းမကြီး အက်ဂသာဇာတ်လမ်းတွဲထွက်လာပါပြီ Wanda Vision ရဲ့ အဆက်ဖြစ်ပြီး Wanda vision မှာ အက်ဂသာရဲ့ အစွမ်းတွေကို ဝန်ဒါက ယူသွားပြီးနောက် ဘာတွေဆက်ဖြစ်လဲဆိုတာ ရိုက်ကူးထားတာပါ Telegram Link https://t.me/+PL-UkivKpylkZmFl Website Link https://rmcmm.org/?tvshows=agatha-all-along
إظهار الكل...
Photo unavailableShow in Telegram
719. One Day (2024) ဒက်စ်တာဆိုတဲ့ သူဌေးသားလေးရယ် အမ်မာဆိုတဲ့ နယ်မြို့လေးက သာမန်လူတန်းစား ကောင်မလေးရယ်က ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်တွေပေါ့။ မီးနဲ့ရေ အဖြူနဲ့အမည်းလို ကွာခြားလှတဲ့ ဒက်စ်နဲ့ အမ်တို့ဟာ ဆန့်ကျင်ဘက်တွေက အချင်းချင်း ဆွဲဆောင်ကြတယ်ဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့တစ်ယောက် ကြိတ်ကြိုက်နေကြပါတယ်။ ဒါပေမဲ့လည်း လူကြီးမင်းတို့နဲ့ လူကြီးမင်းတို့ရဲ့ အချစ်ရေးလိုပဲ သူတို့ရဲ့ အချစ်ရေးဟာလည်း ဖရန့်ဇုန်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အဝေးရောက်နေချိန် စာပေးစာယူရှိကြတယ်။ထွေးပွေ့မှုတွေ လိုအပ်နေချိန်မှာ တစ်ယောက်အတွက် တစ်ယောက်ရှိပေးကြတယ်။ ဒါပေမဲ့ အဆင့်က တက်မလာပါဘူး။ ဒီလိုနဲ့ နှစ်တွေလတွေ ကြာသွားရင်း အသက်တွေကြီးသွားရင်း ကိုယ်စီလမ်းတွေ လျှောက်လှမ်းကြရင်း သူငယ်ဂျင်းလေး နှစ်ယောက်ရဲ့ ပတ်သတ်မှုတွေက ဘာဆက်ဖြစ်မလဲ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ အပိုင်း ၁၄ ပိုင်းနဲ့ တစ်ဝကြီး ကြည့်ရှုရင်း ဖရန့်ဇုန်ဖြစ်နေတဲ့ လူကြီးမင်းတို့ရဲ့ ဘဝကိုပါ ပြန်လည်သုံးသပ်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
إظهار الكل...
👍 1
Photo unavailableShow in Telegram
718. Poacher (2024) Season 1 ကီရာလာက တောကြီးတစ်ခုထဲမှာ ဆင်အကောင်ရေ ခြောက်ထောင်ဝန်းကျင်လောက်ပဲ ကျန်ပါတော့တယ်။ ကိုးဆယ်ပြည့်နှစ်အလွန်ကတည်းက မတွေ့ရတော့တဲ့ ဆင်မှောင်ခိုသမားတွေက ရုတ်တရက် တစ်စခန်းထလာပြီး ဆင်တွေကို သတ်ဖြတ်မှောင်ခိုကူးပါတယ်။ ဒီမှာပဲ သစ်တောဦးစီးဌာနကို အထက်က ရှယ်ကြိမ်းတော့တာပေါ့။ ငှက်ဘေးမဲ့တောမှာ တာဝန်ကျနေပြီး အေးအေးဆေးဆေးဖြတ်သန်းနေတဲ့ ထူးချွန်အရာရှိမာလာက တချိန်က ကီရာလာကဆင်ရိုင်းတွေကို ကာကွယ်ပေးခဲ့တဲ့သူ။ အခုလို ဆင်တွေကိုမှောင်ခိုကူးတဲ့ကိစ္စက တာဝန်ကျအရာရှိတွေ ခေါင်းမီးတောက်နေတုန်းမှာ အရာရှိမာလာပဲ ကိုယ်တွယ်နိုင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရာရှိမာလာတစ်ယောက် ကီရာလာက တောကြီးထဲမှာ ပြန်လည်တာဝန်ထမ်းဆောင်ရပါတော့တယ်။ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
إظهار الكل...
Photo unavailableShow in Telegram
717. Insomnia (2024) Season 1 အမ်မာ နဲ့ ဖီဘီဆိုတဲ့ ညီအစ်နှစ်ယောက်ရဲ့အမေက အသက်၄၀ပြည့်မွေးနေ့မှာ ညအိပ်မပျော်တဲ့ရောဂါကနေ စိတ်ဖောက်ပြန်သွားခဲ့ပါတယ်…..အဲဒီညမှာပဲ အမ်မာရဲ့ အစ်မ ဖီဘီ့ကို ခေါင်းအုံးနဲ့ဖိခဲ့ပြီး အမ်မာ့ကိုလည်း မကောင်းတဲ့သွေးပါနေတာကြောင့် အသက်၄၀ပြည့်ရင် သူ့လိုဖြစ်မယ်လို့ပြောခဲ့တာပါ…..အဲဒီလိုဖြစ်ပျက်ပြီးနောက် အမ်မာ နဲ့ ဖီဘီတို့လည်း မွေးစားမိဘတွေဆီရောက်ပြီး ဖြတ်သန်းခဲ့ရာက အမ်မာ့အသက်၄၀ပြည့်မွေးနေ့မရောက်ခင် ၂ပတ်အလိုမှာ အမ်မာက ညဘက်အိပ်မပျော်တဲ့ရောဂါ ခံစားရလာပါတယ်….. သူ့အမေကလည်း သူ့ကိုယ်ထဲမှာ မကောင်းတဲ့သွေးတွေရှိနေတာမို့ အသက်၄၀ပြည့်မွေးနေ့မှာ သူ့လိုဖြစ်လာမယ်လို့ပြောခဲ့တဲ့စကားကို ကြားယောင်ပြီး အမ်မာလည်းကြောက်ရွံ့နေခဲ့ပါတော့တယ်……အဲဒီနောက်မှာတော့ စိတ်ရောဂါခံစားနေရတဲ့သူ့အမေလည်း ဆုံးသွားခဲ့ပြီး အမ်မာလည်း ဒီအဖြစ်ဆိုးကြီးကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ……သူ့အမေပြောခဲ့သလိုပဲ မကောင်းတဲ့သွေးပါနေတာကြောင့် အိပ်မပျော်တာလား စိတ်စွဲနေလို့ပဲ အိပ်မပျော်တာလား ဒီလိုရောဂါမျိုးက မျိုးရိုးများလိုက်တာလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး…… 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
إظهار الكل...
Photo unavailableShow in Telegram
191. Vikings: Valhalla (2022-2024) Season 1 to 3 Complete ဗိုက်ကင်း တွေဟာ မြောက်ပိုင်းဇာတိကို စွန့်ခွာလာပြီး ဥရောပတလွှားမှာ အခြေချခဲ့ပါပြီ။ အင်္ဂလန်မှာလည်း အများကြီးပါပဲ။ ဒါပေမဲ့ ဥရောပမှာ ဗိုက်ကင်းတွေ အင်အားကြီး လာတာကို မလိုလားတဲ့ အင်္ဂလိပ်ဘုရင် ဒုတိယမြောက် အက်သယ်ရတ်ဟာ အင်္ဂလန်မြေပေါ်က ဗိုက်ကင်းတွေအားလုံးကို မိန်းမကလေးပါမကျန် အလစ်အငိုက် သတ်ပစ်ခဲ့ပါတယ်။ ဒါကို လက်စားချေဖို့ ဒိန်းမတ်ဘုရင်ကနျူ့ဟာ နေရာပေါင်းစုံက ဗိုက်ကင်းတွေကို စုစည်းပြီး အင်္ဂလန်ကို တိုက်ခိုက်ဖို့ စစ်ပြင်ကြတဲ့အခါ… ────── • • ────── 👑 Member ဝင်ရန် - 👉 @vip_subscribe_rmc_bot 💳 Payment - 👉 KBZPay, WavePay, CBPay, AYAPay, uabpay 🧑🏻‍💻 Admin Account - 👉 @nas0055 ထံသို တိုက်ရိုက်ဆက်သွယ်ပြီးလည်း Member ဝင်လိုရပါတယ်ဗျ။
إظهار الكل...
Photo unavailableShow in Telegram
716. Beyond Paradise (2023-2024) Season 1 to 2 ဟမ်ဖရေဂွတ်မန်းဆိုတဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်ဟာ စိတ့်မာရီမြို့မှာတာဝန်ထမ်းဆောင်နေရာကနေ သူ့ချစ်သူမာသာနဲ့စေ့စပ်အပြီးမှာ မာသာရဲ့ဇာတိဖြစ်တဲ့ Shipton Abbott မှာပဲ သာယာအေးချမ်းတဲ့မိသားစုဘဝအသစ်လေးစတင်ဖို့အတွက် ရှစ်ပ်တန်ရဲစခန်းကိုပြောင်းရွှေ့လာခဲ့ပါတယ် အဲ့ဒီတိတ်ဆိတ်အေးချမ်းတဲ့မြို့လေးမှာ အပူအပင်မရှိပဲဘဝကိုအေးဆေးသာယာစွာဖြတ်သန်းမယ်လို့မျှော်လင့်ခဲ့တာပါ ဒါပေမဲ့ သူတို့ထင်ထားသလိုမဟုတ်ဘဲ ပြစ်မှုတွေတစ်ခုပြီးတစ်ခုပေါ်လာတော့ အဲ့အမှုတွေကိုဖြေရှင်းဖို့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ စုံထောက်အက်စတာဝီလီယံရယ် ကယ်လ်ဘီဆိုတဲ့ရဲဝန်ထမ်းလေးရယ် ရုံးထိုင်စာရေးဖြစ်တဲ့အသက်အကြီးဆုံးမာဂိုမာတင်စ်ရယ် သူတို့တွေအားလုံးစုပေါင်းပြီး အမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ် ဟမ်ဖရေရဲ့အထင်ကြီးစရာကောင်းလောက်တဲ့စုံစမ်းရေးအရည်အချင်းတွေနဲ့ အဲ့ဒီမြို့လေးကိုအရင်လိုအေးချမ်းသာယာအောင်ပြန်ပြီးလုပ်ပေးနိုင်ပါ့မလား…. 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
إظهار الكل...
Photo unavailableShow in Telegram
715. Company Ain't No School (2018) Season 1 ထယ်ပေ ဖူဂျီမူရာကတော့ ကျောင်းသာဘဝကတည်းက စီးပွားရေးစလုပ်နေခဲ့သူပါ။ သူ့ကိုစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်လာအောင် တွန်းအားပေးခဲ့တာကတော့ နာမည်ကြီး ကုမ္ပဏီ ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဆာဝါဘဲရဲ့ စာအုပ်ကြောင့်ပါပဲ။ ဒါကြောင့်လည်း သူကျောင်းပြီးတဲ့အချိန်မှာ ဥက္ကဋ္ဌ ဆာဝါဘဲရဲ့ ကုမ္ပဏီမှာတက်ကြွစွာ အလုပ်ဝင်ခဲ့ပေမဲ့လည်း နေ့စဉ်ပုံမှန်အလုပ်တစ်မျိုးချည်းလုပ်နေရပါတယ်။ တစ်နေ့မှာတော့ လုပ်ငန်းသစ်‌အတွက် ကုမ္ပဏီတွင်းပြိုင်ပွဲလုပ်တဲ့အခါ ထယ်ပေနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဟီဒါကာတို့နှစ်ယောက် “အင်ဖလူရန်ဆာစီးပွားရေးလုပ်ငန်း” နဲ့ ဝင်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထယ်ပေတို့ရဲ့ အင်ဖလူရန်ဆာလုပ်ငန်းက သူတို့ရဲ့ စီနီယာဖြစ်သူ ယာမာနို တင်ပြတဲ့ လုပ်ငန်းနဲ့ ဆင်တူနေတဲ့အခါမှာတော့ … 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
إظهار الكل...
👍 1
Photo unavailableShow in Telegram
714. Kota Factory (2019-2024) Season 1 to 3 အိန္ဒိယနိုင်ငံမှာ နာမည်အကြီးဆုံး တက္ကသိုလ်တစ်ခုရှိပါတယ်။ အဲဒါကတော့ 3 idiots ရုပ်ရှင်ထဲက IIT အင်ဂျင်နီယာတက္ကသိုလ်ပါ။ အဲဒီတက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက် JEE နဲ့ NEET ဆိုတဲ့ စာမေးပွဲတွေကိုဖြေရပါတယ်။ ကိုတာဆိုတဲ့ မြို့လေးကတော့ အဲဒီစာမေးပွဲတွေကိုဝင်ဖြေဖို့ သီးသန့်လေ့ကျင့်ပေးတဲ့ ကိုယ်ပိုင်ကျောင်းတွေအများအပြားရှိတဲ့ မြို့လေးပါ။ ဉာဏ်ကောင်းပေမဲ့ အပျင်းကြီးပြီး အလွယ်လမ်းကိုရှာဖို့ကြိုးစားတတ်တဲ့ ဗိုင်ဘာ့ဗ်ဆိုတဲ့ ၁၁ တန်းကျောင်းသားလေးဟာ IIT ဝင်ခွင့်ရဖို့ ကြိုးစားဖို့အတွက် ကိုတာမြို့ကို ရောက်လာခဲ့တယ်။ အပေါ်ယံကြည့်ရင် ကိုတာမြို့မှာ အတော်ဆုံးကျောင်းသားတွေပဲရှိပြီး IIT ဝင်ခွင့်ရဖို့ အသွားသင့်ဆုံးနေရာလို့ထင်ရပေမဲ့ တကယ်တမ်းတော့ ပြိုင်ဆိုင်မှု၊ မနာလိုမှုတွေ၊ ပုံစံခွက်ထဲရိုက်သွင်းမှုတွေအများကြီးရှိနေပါတယ်။ ငယ်ရွယ်နုနယ်တဲ့ ကျောင်းသားတွေကို ပြင်ပလောကကြီးနဲ့အဆက်ဖြတ်ပြီး တစ်ပုံစံတည်းဖြစ်အောင် ပုံသွင်းတတ်တဲ့အတွက် ကိုတာမြို့ကို ကိုတာစက်ရုံလို့တောင် နာမည်ပြောင်ပေးကြရတဲ့အထိပါပဲ။ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
إظهار الكل...
Photo unavailableShow in Telegram
713. NCIS: Sydney (2023) Season 1 NCIS ဆိုတာကတော့ “ရေတပ်ဆိုင်ရာပြစ်မှုထောက်လှမ်းရေးအဖွဲ့” ဖြစ်ပါတယ်။ စစချင်းမှာ အဖွဲ့နှစ်ခုရှိတယ်။ အဲဒါက ဩစတြေးလျ ပြည်နယ်ရဲနဲ့ “NCIS”၊ ဘယ်လိုမှဆက်စပ်စရာအကြောင်းမရှိတဲ့အဖွဲ့နှစ်ခုပေါ့။ တစ်ခုက ရေတပ်နဲ့ဆိုင်တဲ့ပြစ်မှုထောက်လှမ်းရေး၊ နောက်တစ်ခုက ရဲတပ်ဖွဲ့။ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတော့ ဇာတ်လမ်းစစချင်း ဆစ်ဒနေဆိပ်ကမ်းမှာ သုံးနိုင်ငံလုံခြုံရေးစာချုပ် ချုပ်ဖို့လုပ်နေတုန်း ရေတပ်တပ်ကြပ်ကြီးတစ်ယောက် ဆုံးသွားခဲ့တယ်။ ဆစ်ဒနေမြို့မှာဖြစ်တာဆိုတော့ ရဲဆာဂျင် ဂျင်မ်ဒမ်ဆေးဦးဆောင်တဲ့ ဩဇီသားလေးများအဖွဲ့က ကိုင်ရတာပေါ့။သူ့အဖွဲ့မှာဘယ်သူတွေပါလဲဆိုတော့ မှုခင်းစစ်ဆရာဝန် ရွိုင်းပန်ရို့စ်၊ လက်ထောက်ရဲ အီဗီကူပါး၊ အသစ်စက်စက် တွဲဖက်မှုခင်းစစ် ကြောင်တောင်တောင်မလေး ဘလူးတို့ပါဝင်ပါတယ်။ဒါပေမယ့်လည်း ရေတပ်အမှုဆိုတော့ NCIS ပါဝင်ပါလာခဲ့ပါတယ်။သူတို့အဖွဲ့မှာကျ အထူးအေးဂျင့် မစ်ချဲလ်မက်ကီနဲ့ အေးဂျင့် ဒီရှောင်န်ဂျက်ဆန်တို့ပါဝင်ပါတယ်။အဲဒီကစလို့ Chemistry မိမိနဲ့ အမှုတွေကိုဘယ်လိုမျိုးလိုက်သွားမလဲဆိုတာကိုကြည့်ရမှာပါ။ 💫ဤဇာတ်လမ်းတွဲကြည့်ရန်နှိပ်ပါ💫
إظهار الكل...
👍 2 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.