cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

အရာတော်ပို့စ် - Ayadaw Post

အရာတော်ပို့စ် - အညာဒေသ ပြည်သူ့သတင်းမီဒီယာ၏ တယ်လီဂရမ်ချယ်နယ်

إظهار المزيد
مشاركات الإعلانات
5 393
المشتركون
-224 ساعات
+27 أيام
+13830 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

စစ်ကောင်စီတပ်များက မုံရွာလမ်းအတိုင်းသွားလာစဉ် လမ်းတလျှောက်ကျေးရွာများမှ နေအိမ်(၁၂)လုံးကို မီးတင်ရှို့ခဲ့ စက်တင်ဘာ ၁၁ | အရာတော် စက်တင်ဘာ ၉ ရက်နေ့က အရာတော် - မုံရွာလမ်းတွင် ဖြတ်သန်းသွားလာခဲ့သော စစ်ကောင်စီတပ်များသည် အရာတော်မြို့နယ်၊ ဆူးလေကုန်းကျေးရွာမှ ပြည်သူ့နေအိမ်(၁၁)လုံးနှင့် တုံးတင်ကန်ကျေးရွာမှ ပြည်သူ့နေအိမ်(၁)လုံးကို မီးရှို့သွားခဲ့ကြောင်း သတင်းရရှိသည်။ နေအိမ်များကို ပြာကျသည်ထိ ရည်ရွယ်ချက်ရှိရှိ မီးတင်ရှို့သွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ အသုံးပြုခဲ့သော မီးတုတ်များကိုလည်း တွေ့ရှိရသည်ဟု ဒေသခံတဦးထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များက ဆူးလေကုန်းကျေးရွာရှိ နေအိမ်များမှ ၎င်းတို့ လိုချင်သည့်ပစ္စည်းများလည်း ယူငင်သွားပြီး နေအိမ်တစ်အိမ်မှဆိုလျှင် စက်ဘီးတစ်စီးပါ,ပါသွားသည်ဟု သိရသည်။ နေအိမ်အချို့တွင် စစ်ကောင်စီတပ်သားများက မြေကြီးများတူးပြီး တစုံတရာကို ရှာဖွေထားသည်ကိုလည်း တွေ့ရကြောင်း ဒေသခံက ပြောသည်။ အရာတော် - မုံရွာလမ်းတလျှောက်ကို အရာတော်မြို့မှ လာသောစစ်ကောင်စီတပ်များနှင့် မုံရွာမြို့မှ စစ်ကောင်စီတပ်များ ခြေချင်းလိမ်အောင်သွားလာနေသည့် လွန်ခဲ့သောရက်များတွင် စစ်ကောင်စီတပ်ဖွဲ့များက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့သော အရပ်သားပြည်သူအချို့လည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု သတင်းရရှိပါသည်။ ဆက်လက်တင်ပြပေးပါမည်။ ဓာတ်ပုံ - လွန်ခဲ့သော ဧပြီလ(၁၃)ရက်က အရာတော်မြို့နယ်၊ ဝါးတောမကျေးရွာကို စစ်ကောင်စီတပ်များက မီးရှို့နေစဉ် Subscribe Ayadaw Post on Telegram : https://t.me/ayadawpost #AyadawPost #အရာတော်ပို့စ် #အရာတော် #Ayadaw
إظهار الكل...
Photo unavailableShow in Telegram
စစ်ကောင်စီတပ်များက မုံရွာလမ်းအတိုင်းသွားလာစဉ် လမ်းတလျှောက်ကျေးရွာများမှ နေအိမ်(၁၂)လုံးကို မီးတင်ရှို့ခဲ့ စက်တင်ဘာ ၁၁ | အရာတော်
إظهار الكل...
အရာတော် - မုံရွာလမ်းမှ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကား ၃ စီး ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ စက်တင်ဘာ ၁၀ | မုံရွာ မနေ့ စက်တင်ဘာ ၉ ရက်က မုံရွာမြို့မှ အရာတော်မြို့နယ်သို့ ဦးတည်ထွက်လာသော စစ်ကား ၁၇ စီးပါ စစ်ယာဉ်တန်းကို မိုင်းအများအပြားနှင့် တူမီးပြောင်းလက်နက်ကြီးများ အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီး နေရာတင် ထိုးရပ်၍ ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း Ayadaw Rocket LPDF က သတင်းထုတ်ပြန်ထားသည်။ တိုက်ခိုက်ခံ စစ်ယာဉ်တန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတင်ဆောင်လာသည့်အပြင် သံပြားကာကား၊ စားနပ်ရိက္ခာကား၊ ဆီကားစသည်များလည်း ပါဝင်ကြောင်း သိရသည်။ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု Ayadaw Rocket LPDF က ပြောသည်။ အဆိုပါ တိုက်ခိုက်ခံရသော စစ်ယာဉ်တန်းသည် အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာတွင် ခေတ္တရပ်တန့်နေပြီးမှ ကားအချို့မှာ အမတ(၃၆၉) - သစ်ကျင်းကြီးအမြောက်တပ်ဟောင်းဘက်သို့ ထွက်ခွာသွားပြီး ညနေပိုင်းတွင် စစ်ယာဉ်တန်းမှာ အရာတော်မြို့တွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ မိုင်းထိပျက်စီးသွား၍ မောင်းနှင်မရသော စစ်ကားများကိုလည်း အခြားယာဉ်များဖြင့် ‌ဆွဲယူလာခဲ့သည်ဟု မျက်မြင်ဒေသခံအချို့ထံမှ သိရသည်။ မုံရွာဘက်မှ အရာတော်မြို့သို့ လာရောက်သော တိုက်ခိုက်ခံ စစ်ကောင်စီယာဉ်တန်းသည် အရာတော်မြို့၊ စခတ(၁၀)တပ်ရင်းသို့ ဝင်ရောက်သွားပြီးနောက် ယာဉ်အလွတ်အချို့ မုံရွာဘက်သို့ ပြန်လည်ထွက်ခွာထားကြောင်း နောက်ဆက်တွဲသတင်းရရှိထားသည်။ ယနေ့ စက်တင်ဘာ ၁၀ ရက်၊ နံနက် ၁၀ နာရီမှစ၍ အရာတော် - မုံရွာလမ်းကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ စက်တင်ဘာ ၄ ရက်နေ့က အရာတော် - မုံရွာလမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့များကိုလည်း လက်နက်ကြီးနှင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Ayadaw Rocket LPDF က ထုတ်ပြန်ထားသည်။ နယ်မြေရှင်းလင်းနေသော စစ်ကောင်စီတပ်ဖွဲ့များသည် ဒေသခံပြည်သူအချို့ကိုလည်း ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။ အရာတော်မြို့၊ စခတ(၁၀)တပ်ရင်းမှ ထွက်လာသော အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ တိုက်ခိုက်မှုကြောင့် အထိအခိုက်များပြားနိုင်ပြီး ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်သေးကြောင်း ဖော်ပြထားသည်။ ထိခိုက်ဒဏ်ရာရသော စစ်ကောင်စီတပ်သားများကို အမတ(၃၆၉)တပ်ဘက်သို့ သယ်သွားပြီး မိမိတို့ တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း Ayadaw Rocket LPDF က ပြောသည်။ စက်တင်ဘာ ၅ ရက်၊ ညပိုင်းက အရာတော် - မုံရွာလမ်းပေါ်ရှိ ကျွန်းဖိုပင်ကျေးရွာမှ အနောက်ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့များအားလည်း တိုက်ခိုက်ခဲ့သေးကြောင်း တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယခု စစ်ဆင်ရေးကို Ayadaw Rocket LPDF, Eagle Brother တပ်ဖွဲ့၊ မုံရွာခရိုင် PDF တပ်ရင်း ၂၁ (တပ်ခွဲ ၃)၊ မုံရွာခရိုင် PDF တပ်ရင်း ၂၄ နှင့် BGS Ayadaw Drone Force ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု သိရပါသည်။ ရုပ်သံ - အရာတော် မုံရွာလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်နေစဉ် (Ayadaw Rocket LPDF) Subscribe Ayadaw Post on Telegram : https://t.me/ayadawpost အရာတော်ပို့စ် - Ayadaw Post #AyadawPost #အရာတော်ပို့စ် #အရာတော် #Ayadaw
إظهار الكل...
01:17
Video unavailableShow in Telegram
အရာတော် - မုံရွာလမ်းမှ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကား ၃ စီး ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ စက်တင်ဘာ ၁၀ | မုံရွာ
إظهار الكل...
16.29 MB
ရိက္ခာလာပို့သော စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကား ၂ စီး ထိမှန်ပျက်စီး စက်တင်ဘာ ၉ | အရာတော် ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက ရိက္ခာနှင့် ဆီပေပါများတင်ဆောင်လာသော စစ်ကား ၁၆ စီးပါ ယာဉ်တန်းက မုံရွာမြို့မှ အရာတော်မြို့ဖက်သို့ ထွက်ခွာလာခဲ့ရာ အရာတော်-မုံရွာကားလမ်းပေါ်တွင် တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲခံရချိန်တွင် စစ်ကား ၂ စီး ထိမှန်ပျက်စီးသွားသဖြင့် အခြားစစ်ကားများနှင့် ချိတ်ဆက်ဆွဲယူကာ စ.ခ.တ (၁၀)အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ ရိက္ခာပို့ပြီးနောက် အဆိုပါ စစ်ယာဉ်တန်းသည် မိုင်းထိမှန် ပျက်စီးသွားသော စစ်ကား ၁ စီးကို ချန်ထားခဲ့ကာ ကျန် ၁၅ စီးဖြင့်သာ ပြန်လည်ထွက်ခွာသွားခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံး၊ထိခိုက်မှု ရှိ၊မရှိကို အတည်ပြု၍ မရနိုင်သေးပါ။ ယခင်နေ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရာတော်-မုံရွာလမ်းတလျှောက် စစ်ကြောင်းထွက်ချိန်တွင် သေနတ်များ ရမ်းသန်းပစ်ခတ်မှုကြောင့် လမ်းဘေးဝဲယာရှိ ကျေးရွာများမှ လူနေအိမ်အချို့ သေနတ်ကျည်ထိမှန်မှုများ ရှိခဲ့ကြောင်းလည်း သိရှိရသည်။ Subscribe Ayadaw Post on Telegram : https://t.me/ayadawpost သတင်းများပေးပို့ရန် ကင်းထောက်ချယ်နယ် : https://t.me/ayadawscouts #AyadawPost #အရာတော်ပို့စ် #စစ်ကြောင်း #မိုင်းဆွဲ
إظهار الكل...
အရာတော်ပို့စ် - Ayadaw Post

အရာတော်ပို့စ် - အညာဒေသ ပြည်သူ့သတင်းမီဒီယာ၏ တယ်လီဂရမ်ချယ်နယ်

Photo unavailableShow in Telegram
ရိက္ခာလာပို့သော စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကား ၂ စီး ထိမှန်ပျက်စီး စက်တင်ဘာ ၉ | အရာတော်
إظهار الكل...
အရာတော် - မုံရွာလမ်းတွင် ကား ၁၆ စီးပါ စစ်ယာဉ်တန်းရှိနေပြီး လမ်းတလျှောက် စစ်ကောင်စီတပ်များ ခြေရှုပ်နေ စက်တင်ဘာ ၉ | မုံရွာ ယနေ့ စက်တင်ဘာ ၉ ရက်၊ နံနက် ၇ နာရီကျော်က မုံရွာမြို့မှ စစ်ကောင်စီကား ၁၆ စီးပါသော စစ်ယာဉ်တန်းမှာ အရာတော် - မုံရွာလမ်းအတိုင်း အရှေ့ဘက်သို့ ထွက်ခွာလာခဲ့သည်။ အဆိုပါ ယာဉ်တန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် စားနပ်ရိက္ခာနှင့် ဆီပေပါများလည်း တင်ဆောင်လာကြောင်း သိရပြီး အရာတော် - မုံရွာနယ်ခြားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။ နံနက် ၈ နာရီကျော်က ပေါက်ကွဲသံများကြားလိုက်ရကြောင်း နီးစပ်ရာဒေသခံများက အရာတော်ပို့စ်အား ပြောသည်။ ယနေ့ထိ အရာတော် - မုံရွာလမ်းပေါ်မှ ကျေးရွာများဖြစ်သော ကမ်းပြူကျေးရွာ၊ ကျွန်းဖိုပင်ကျေးရွာနှင့် ကျေက္ကာကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသေးကြောင်း သိရသည်။ ကျောက္ကာတောင်ရွာရှိ ပန့်ဆီဆိုင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များက ဘန်ကာဆောက်ထားပြီး လက်နက်ကြီးအထိုင်ချထားသည်ဟုလည်း သတင်းရရှိသည်။ ယနေ့ မနက်ပိုင်းတွင် ကျောက္ကာရွာ၊ ရွှေဂူဖြူဘုရားမှ စစ်‌ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ မုံရွာမြို့နယ်၊ ကျေးရွာတရွာမှ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အရာတော်မြို့နယ်၊ ကမ်းပြူကျေးရွာနှင့် ကျွန်းဖိုပင်ကျေးရွာများမှ ပြည်သူအချို့ကို စစ်ကောင်စီတပ်ဖွဲ့များက ဓားစာခံအဖြစ် ရိုက်နှက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ပြန်လည်လွတ်မြောက်လာသူအချို့ ရှိသော်လည်း ကမ်းပြူကျေးရွာမှ လူငယ် ၁၅ ဦး ဖမ်းဆီးခံထားရသေးကြောင်း သတင်းများထွက်နေပြီး အတည်ပြု၍ မရနိုင်သေးပါ။ ယနေ့ နံနက် ၉ နာရီခန့်က အရာတော်မြို့ဘက်မှ စစ်ကားကြီးတစီးမှာလည်း စစ်ကောင်စီတပ်ဖွဲ့များကို တင်ဆောင်၍ အရာတော်အနောက်ဘက်၊ ကမ္ဘောဇရပ်ကွက်တွင် ချထားခဲ့ကာ မြို့တွင်း ပြန်ဝင်သွားသည်ဟု သတင်းရရှိသည်။ ဆက်လက်တင်ပြပေးပါမည်။ Subscribe Ayadaw Post on Telegram : https://t.me/ayadawpost အရာတော်ပို့စ် - Ayadaw Post #AyadawPost #အရာတော်ပို့စ် #အရာတော် #Ayadaw
إظهار الكل...
Photo unavailableShow in Telegram
အရာတော် - မုံရွာလမ်းတွင် ကား ၁၆ စီးပါ စစ်ယာဉ်တန်းရှိနေပြီး လမ်းတလျှောက် စစ်ကောင်စီတပ်များ ခြေရှုပ်နေ စက်တင်ဘာ ၉ | မုံရွာ
إظهار الكل...
Photo unavailableShow in Telegram
အရာတော်မြို့ မြို့ဝင်မြို့ထွက်များကို စစ်ကောင်စီတပ်က ပိတ်ဆို့ထား စက်တင်ဘာ ၇ | အရာတော် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က အရာတော်မြို့ မြို့ဝင်မြို့ထွက် အရပ်လေးမျက်နှာကို ပိတ်ဆို့ထားကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်က ကားနှင့်သုံးဘီးယာဉ်များကို မြို့အဝင်အထွက်များတွင် ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားပြီး ဆိုင်ကယ်များသာ သွားလာခွင့်ပြုသဖြင့် ခရီးသွားကားနှင့် ကုန်ကားအချို့ အရာတော်မြို့ပြင်နှင့် မြို့ထဲတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။ ယမန်နေ့များက အရာတော်-မုံရွာလမ်းတလျှောက်တွင် စစ်ကောင်စီတပ်များ ခြေရှုပ်နေ‌ကြပြီး ယနေ့နံနက်ပိုင်းတွင် အရာတော်မြို့ဝင်မြို့ထွက်များကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။ ဆက်လက်တင်ပြပေးပါမည်။ Subscribe Ayadaw Post on Telegram : https://t.me/ayadawpost သတင်းများပေးပို့ရန် ကင်းထောက်ချယ်နယ် : https://t.me/ayadawscouts #AyadawPost #အရာတော်ပို့စ် #အရာတော်မြို့ #လမ်းပိတ်
إظهار الكل...
အရာတော်မြို့ မြို့ဝင်မြို့ထွက်များကို စစ်ကောင်စီတပ်က ပိတ်ဆို့ထား စက်တင်ဘာ ၇ | အရာတော် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က အရာတော်မြို့ မြို့ဝင်မြို့ထွက် အရပ်လေးမျက်နှာကို ပိတ်ဆို့ထားကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်က ကားနှင့်သုံးဘီးယာဉ်များကို မြို့အဝင်အထွက်များတွင် ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားပြီး ဆိုင်ကယ်များသာ သွားလာခွင့်ပြုသဖြင့် ခရီးသွားကားနှင့် ကုန်ကားအချို့ အရာတော်မြို့ပြင်နှင့် မြို့ထဲတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။ ယမန်နေ့များက အရာတော်-မုံရွာလမ်းတလျှောက်တွင် စစ်ကောင်စီတပ်များ ခြေရှုပ်နေ‌ကြပြီး ယနေ့နံနက်ပိုင်းတွင် အရာတော်မြို့ဝင်မြို့ထွက်များကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။ ဆက်လက်တင်ပြပေးပါမည်။ Subscribe Ayadaw Post on Telegram : https://t.me/ayadawpost သတင်းများပေးပို့ရန် ကင်းထောက်ချယ်နယ် : https://t.me/ayadawscouts #AyadawPost #အရာတော်ပို့စ် #အရာတော်မြို့ #လမ်းပိတ်
إظهار الكل...
အရာတော်ပို့စ် - Ayadaw Post

အရာတော်ပို့စ် - အညာဒေသ ပြည်သူ့သတင်းမီဒီယာ၏ တယ်လီဂရမ်ချယ်နယ်

اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.