cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Khit Thit Media

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

إظهار المزيد
مشاركات الإعلانات
570 001
المشتركون
-5824 ساعات
+3257 أيام
+2 18030 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
238👍 109😢 32👏 12😁 6
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံး ရန်ကုန်၊ စက်တင်ဘာ ၁၉ မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၁၉ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
إظهار الكل...
157👍 67👏 13🤣 3👎 2😁 2
👍 260 49🫡 7❤‍🔥 5🖕 5🥰 1🤣 1
ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၅ ဦးကျဆုံး ရန်ကုန်၊ စက်တင်ဘာ ၁၉ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဩဂုတ်လ ၃၁ ရက်နေ့မှစ၍ ခင်ဦးမြို့နှင့် ၇ မိုင်ခန့်အကွာရှိ ၃ နှစ်ကျော် တပ်စွဲထားသော အိမ်ခြေ ၁၀၀ ကျော်ရှိ မဒေါင်းလှရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင် စစ်ဒေသ၏ ကွပ်ကဲမှူဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းများ၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ် ပကဖများ နှင့်အခြားခရိုင်နှင့်မြို့နယ်နီးစပ်ရာ မိတ်ဖက် ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု များပြားခဲ့သော မဒေါင်းလှ ပျူစောထီးအဖွဲ့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၉ စီး၊ ထောက်ပို့ လေယာဉ် ၁ စီး တို့ဖြင့် စုစုပေါင်း အကြိမ် ၂၀ ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။ အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ တပ်သား အပါအဝင် ၁၃ ဦး၊ ပျူစောထီး ၁၈ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၅ ဦးလည်းကျဆုံးခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု များပြား၍ မုံရွာ နမခ မှ ဒုန်းနှင့် ဒုန်းအဖွဲ့များကို စစ်တပ် အထိုင်ချထားသည့် ကန့်ဘလူ ဇီးကုန်း သကြားစက်ကို Mi-17 ရဟတ်ယာဥ်ဖြင့် တိုက်ပွဲဖြစ်ပွားနေ့မှစ၍ စစ်ကူ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ စက်တက်ဘာလ ၁ ရက်နေ့တွင် ကန့်ဘလူ ဇီးကုန်းသကြားစက်မှ ဝါသဝ လက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့် မုံရွာ နမခမှ ဒုန်းအဖွဲ့များ ပူးပေါင်း၍ အင်အား ၁၇၀ ဝန်းကျင်ဖြင့် မဒေါင်းလှ ပျူစောထီးရွာကို စစ်ကူစစ်ကြောင်းထိုးပြီး အလောင်းကောက်ရန် ဝင်ရောက်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ စစ်ကူဝင်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ငကြိုင်း၊ အင်ကြင်းပင်၊ တဲကြီး၊ ဖန်းခါးကုန်း၊ စောကြီး၊ ပေါက်တော၊ ဆီဆုံလေး၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ ဆီပုတ္တရာ၊ မဒေါင်းကြီး စသည့် ကျေးရွာ ၁၃ ရွာမှ နေအိမ်ခြေ ၅၀၀ ကျော်ကို စစ်ကြောင်းထိုး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၁၀ရက်နေ့တွင် မဒေါင်းကြီးကျေးရွာမှ G-11 ကျောင်းသား ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို ပစ်ခတ် သတ်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၇ရက်နေ့ ည‌နေပိုင်းတွင် စစ်တပ်ပိုင် ဇီးကုန်း သကြားစက်ကို မဒေါင်းလှကျေးရွာမှ ကျန်ရစ်ခဲ့သော ပျူစောထီးများနှင့် မိသားစုဝင်များပါ တစ်ပါတည်းခေါ်ဆောင်ပြီး ခင်ဦးမြို့နယ်အတွင်းမှ ထွက်ပြေးသွားကြောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း ကာကွယ်ရေးတပ်များက နယ် ရှင်းလင်းရေးဝင်ရောက်စဉ် ပြည်သူများထံမှ မတရားခိုးယူထားသော နွားအုပ်၊ သိုးအုပ်များ အပါအဝင် ပစ္စည်းတချို့ကို ပြန်လည် ရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချထားသော နေရာများကို ရှင်းလင်းရေး လုပ်ဆောင်စဉ် တော်လှန်ရေး ရဲဘော် ၂ ဦး မြေမြုပ် ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
إظهار الكل...
👍 223😢 48 14👏 3🤣 2🖕 2😁 1
Photo unavailableShow in Telegram
👍 201 24👏 6🤣 3😁 2😱 2
ရန်ကုန်၊ မြောက်ဥက္ကလာ ရဲစခန်းနှင့် မန္တလေး နန်းတွင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ရန်ကုန်၊ စက်တင်ဘာ ၁၉ ရန်ကုန်မြို့၊ မြောက်ဥက္ကလာ ရဲစခန်းနှင့် မန္တလေး နန်းတွင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြောက်ဥက္ကလာ ရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း Operation Flame အဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ် နှင့် ည ၁၀ နာရီ ၂၂ မိနစ်ခန့်တွင် မန္တလေးမြို့၊ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ စခန်းအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး လူနာတင်ကား အဝင်အထွက်များ ရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မန္တလေးမြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရမ်းသမ်းပစ်ခတ်မှုများနှင့် လမ်းများရပ်ကွက်များကို အင်အားသုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။ "စစ်ဆင်ရေးက အောင်မြင်ပါတယ်။ တော်လှန်ရေးအဖွဲ့သားတွေ အားလုံး ဘေးကင်းရာကို အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်" ဟု Operation Flame အဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယင်း တိုက်ခိုက်မှုကို Operation Flame (OF)-Yangon နှင့် Operation Flame (OF)-Mandalay မြို့ပြ ပြောက်ကျားရဲဘော်များက “ရန်-မန်း စစ်ဆင်ရေး” အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ရန်ကုန် နှင့် မန္တလေးရှိ တော်လှန်ရေး မဟာမိတ်များ အားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame အဖွဲ့ သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
إظهار الكل...
👍 244 43👏 10🤣 6
🤬 300😢 40👍 21 11😭 6👏 5🤣 3👎 1🥴 1😡 1
သီပေါမြို့နှင့် နောင်ချိုမြို့ကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်၍ နေအိမ် အများအပြား ပျက်စီး ရန်ကုန်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်နယ်၊ သီပေါမြို့နှင့် နောင်ချိုမြို့တို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်၍ နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ ၁ နာရီ ၅၀ မိနစ်ခန့်ထိ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ၎င်းတပ်စခန်းမှ တစ်ဆင့် လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ထိုကဲ့သို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သီပေါမြို့နယ် ကွန်ကျုံးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ၏ နေအိမ်များ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။ အလားတူ နောင်ချိုမြို့နယ်တွင် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၃ နာရီခန့်၌ အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ ကျော် လာရောက် ကျဲချ တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ ဘူတာရုံ၊ ဓမ္မာရုံ အနောက်ဘက်၊ ငှက်ပျော်ခြံနှင့် မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်တပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြိုများဖြစ်သော ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သား ပစ်မှတ်များကို ဦးတည်ကာ နေ့စဥ် လာရောက် ဗုံးကျဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေကြောင်း TNLAကပြောဆိုသည်။
إظهار الكل...
🤬 288👍 32😡 11 5🤣 5😢 4👏 2👎 1😁 1😱 1🥴 1
🥰 254 150👍 70❤‍🔥 6🙏 6🤣 4🥴 3😁 2🕊 1🖕 1
တောင်ဝင်ဒေါင်းတပ်ရင်းဆရာဝန် ဒေါက်တာချင်းဦးဆောင်၍ ရေဘေးသင့်ပြည်သူများကို အလှူငွေနှင့် ရိက္ခာပစ္စည်းများ လှူဒါန်း ရန်ကုန်၊ စက်တင်ဘာ ၁၉ တောင်ဝင်ဒေါင်းတပ်ရင်းဆရာဝန် ဒေါက်တာချင်းဦးဆောင်၍ ပြည်တွင်းပြည်ပအလှူရှင်များမှ ပေးပို့ လှူဒါန်းထားသော အလှူငွေနှင့်ရိက္ခာပစ္စည်းများကို တပ်ရင်းစစ်ကြောင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ပြန်လည်မျှဝေ‌ပေးခဲ့ကြောင်း သိရှိရသည်။
إظهار الكل...
263👍 76🤣 5👏 3🥰 2😁 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.