cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Min Zaw Lwin

إظهار المزيد
مشاركات الإعلانات
17 575
المشتركون
-1024 ساعات
-837 أيام
-41130 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ပရိတ်ကြီး_၁၁_သုတ်_ဖားအောက်ဆရာတော်.mp35.53 MB
👏 3
အနိမ့်ဆုံး လားရှိးလောက်တော့ တပ်မတော်ဘက်က ပြန်ယူရမှာပဲ။ နည်းနည်း ထပ်ပြီး ညစ်ပတ်ချင်ရင်တော့ ရှမ်းမြောက်က ကုန်သွယ်ရေးလမ်းကို အရေးမပါတဲ့ ပုံစံပြောင်းလိုက် ပေါ့။ လက်ရှိ ချင်းရွှေဟော်နဲ့ မူဆယ် အရေးပါနေတယ်ဆိုတာက တရုတ်-မြန်မာ နှစ်နိုင်ငံ စလုံးအတွက် ဒီ (၂)နေရာက အများဆုံးကုန်သွယ်ရေးလုပ်နေလို သိန္နီတို၊ ကွတ်ခိုင်တိုက အရေးပါနေတာမဟုတ်ဘူးလား။ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီးလမ်းကို တချက်စဉ်း စားကြည့်ပေါ့။ ---- နောက်တချက်က ခုလိုပဲ တရုတ်ကို နယ်စပ်ဂိတ်တွေ တရားဝင် ပိတ်ခိုင်းထားလိုက်ရင် ကိုးကန့်ဖြစ်ဖြစ်၊ KIA ဖြစ်ဖြစ်၊ TNLA ဖြစ်ဖြစ် အကုန်ခွေးဖြစ်မယ့် အပေါက်ပဲ။ နယ်စပ်လမ်းကြောင်းကို ရှမ်းအရှေ့ ရွေးမယ်ဆိုရင်လည်း ပြတ်ပြတ်သားသား ရွေးပေါ့။ (ကိုယ်ခံအားကောင်းဖိုတော့ လိုမယ်ထင်တာပဲ) အကြပ်ကိုင်တာမျိုးမဟုတ်ဘဲ ရှမ်းမြောက်ကို နှစ်အပိုင်းအခြားလောက် လစ်လျူရှုကြည့် လိုက်ပေါ့။ လားရှိးအထိ MNDAA သိမ်းတယ်ဆိုတာကလည်း နောက်ကွယ်က Guide Line တွေ ပါနိုင်ပါသေးတယ်။ ကြံပဲ စိုက်လိုရတဲ့ လောက်ကိုင်ဒေသမှာ ကာစီနိုတွေ၊ လောင်း ကစားတွေ ၊ တရားမဝင် လုပ်ငန်းတွေမှ မရှိရင် စည်ကားနေစရာ အကြောင်းမှ မရှိဘဲ။ တရုတ်ဘက်ကလည်း ဝင်ထွက်ခွင့်ပိတ်မယ်၊ နယ်စပ်ကုန်သွယ်ရေးလည်း မရှိဘူးဆိုရင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ဆိုတာ -င်ကုန်း အော်နေလိုပဲ ရမယ်။ ------ လက်ရှိ မြင်တွေ့သမျှတော့ ….ကိုးကန့်ရော၊ ပလောင်ရော၊ ကချင် KIA ရော လူပါးဝ လွန်းနေတာပါပဲ။ ပြည်နယ်အဆင့်တိုးတောင်းခွင့်ဆိုတာက… ဒေသခံတွေကိုယ်တိုင် လိုလို လားလား ရှိရင်တမျိုးပေါ့။ ယဉ်ကျေးမှုနဲ့သမိုင်းကြောင်းအရ… ဘာမှမဟုတ်တဲ့ ပလောင်က နောင်ချိုနဲ့ကျောက်မဲမှာ အိမ်ထောင်စုဇယားတွေကို တအာင်းစာနဲ့ပြောင်းဖို လုပ်နေတယ် ဆိုတာကျတော့ တော်တော်-င်ယားလွန်းနေတဲ့ လုပ်ရပ်လို ပြောလိုရတယ်။ နောက်ပြီး ပလောင်လူဦးရေ နေထိုင်တဲ့သူများလာလို ဆိုရင်တောင် ယုတ္တိရှိသေးတယ်။ ခုဟာက လက်ဖက်ပဲ ထွက်လို မိုးကုတ်ကို မျက်စောင်းထိုး တာမျိုး၊ KIA အများစုက လိုင်ဇာမှာ အခြေတည်ပြီး မြစ်ကြီးနားကျော်တဲ့ ဖားကန့်မှာ စီးပွားရေးအရ KIA က အခြေချ နေတာမျိုးက အကျိုးစီးပွားကြောင့်ဆိုတာ အရှင်းကြီး တွေ့နိုင်တာပဲ။ ----- တခါတလေ ပြည်သူတွေ မပြောနဲ့ ကိုယ်တွေတောင်နားမလည်တဲ့ကိစ္စတွေ ရှိတယ်။ ဥပမာ မိုင်းဂျားယန် ဆိုပါစို။ KIA ဦးစီးတဲ့ တက္ကသိုလ်အဆင့်တွေ မိုင်းဂျာယန်းမှာ ပေါ်ပေါ်ထင်ထင် ရှိနေတာပဲ။ ဗမာတွေသာ စစ်ကြောင့် စစ်ရှောင်ဘဝတွေ ဖြစ်နေကြရတာ။ KIA ဦးစီးတဲ့နေ ရာမှာ ဘယ်ကချင်ကလေးတွေမှ စစ်ရှောင်နေကြရတာမရှိဘူး။ လက်ရှိ စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ ကောလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ထီးချိုင့်တွေမှာ KIA ဦးစီးပြီး တိုက်ခံနေရတာ သိသိနဲ့ ရန်သူ့ဌာနချုပ်တွေက အခန့်သား ရှိနေတဲ့ အနေအထားမျိုးကို တခါတလေ နားလည်မပေးနိုင်ဘူး။ အဲ့လောက်လည်း ကိုယ်တွေမှာ သည်းခံစိတ်မရှိဘူး။ ရင်ကြားစေ့ရေး ဆိုတာ တစ်ဖက်တည်းကပဲ ရင်ကြားစေ့ချင်နေလိုမရဘူး။ နရီမိုး
إظهار الكل...
👍 36 2
01:44
Video unavailableShow in Telegram
အထူးမိုးလေဝသသတင်း ထုတ်ပြန်ချက်
إظهار الكل...
2024-09-19 20-16-33.mp423.82 MB
👍 9
Photo unavailableShow in Telegram
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံခြင်းကို စက်တင်ဘာ (၂၁)ရက်နေ့တွင် အခမ်းအနားဖြင့် လက်ခံဆောင်ရွက်သွားမည်
إظهار الكل...
👍 11
မိုခါ မလာခင်မှာ ၊ လာမယ်လို ကြားကြားချင်းအချိန်ကစလို ပြီးသွားပြီး ပျက်စီးသွားရတဲ့ မြင်ကွင်းတွေကို ကြည့်မိရတဲ့အချိန်အဆုံးထိ ကိုယ်တွေရင်ထဲက လာတဲ့ သစ္စာတရားက ရခိုင်ပြည် အထိအခိုက်နည်းပါစေဆိုတဲ့ စိတ်ပဲ ရှိခဲ့တယ်။ မိုခါအပြီး.... ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဖိုအတွက် ပြည်မထဲက ရဲသင်တန်းကျောင်းတွေကအစ သုံးခဲ့တယ်။ မီးသတ်တပ်ဖွဲတွေနဲ့ ပြည်မထဲက ပရဟိတ သမားတွေပါမကျန် လေယာဉ်နဲ့ ပိုခဲ့ကြတယ်ပေါ့။ ဘယ်လောက်တောင် ရူးမိုက်တဲ့ အမိန့်တွေ ပေးခဲ့ကြသလဲဆိုရင် ....မိုခါလာမယ့် စစ်တွေမှာကို မုန်တိုင်းလာမှာသိသိနဲ့ ကယ်ဆယ်ရေးလုပ်ဖို ကျန်းမာရေး ဆရာဝန်တွေ စုပုံထားတဲ့ အခြေအနေမျိုးအထိ အင်တိုင်အားတိုက်သုံးခဲ့တယ်။ မှတ်ချက်ကတော့ နာဂစ်လို အသေအပျောက် မများစေရဘူးဆိုတဲ့ စိတ်ဆန္ဒကြောင့်ပဲ။ မိုခါအတွက် တပ်မတော်မှာရှိတဲ့ ကမ်းထိုးယာဉ်မှန်သမျှ သုံးခဲ့တယ်။ ဘိလပ်မြေတွေ၊ လမ်းမီးတိုင်တွေ၊ မရေတွက်နိုင်အောင်များပြားတဲ့ သွပ်ချပ်တွေဆိုတဲ့ ရုပ်ဝတ္ထုကအစ တပ်မတော်သားတွေရဲ့ လုပ်အားဒါနဆိုတဲ့ ခွန်အားတွေကအဆုံး အကုန်သုံးခဲ့ကြတယ်။ ခေါင်းစဉ်ကတော့ ရခိုင်ပြည်နယ် အမြန်ဆုံး ပြန်လည်ထူထောင်ရေးဆိုတဲ့ မှတ်ချက်ပဲ။ တပ်မတော်က အရာရှိ ဗိုလ်ကြီး တစ်ယောက် လွှတ်တော်မှာ ပြောခဲ့သလိုပဲ။ အကူအညီပေးဖို ကမ်းတဲ့လက်ကို AA လက်နက်ကိုင်တွေက ကောင်းကောင်းကြီး ကျေးစွပ်ခဲ့ကြတယ်။ ဆာဆာဝါ ကျေးဇူးရယ်၊ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ခေါင်းစဉ်ကြောင့် ကျေးဇူးတော်ကြီးမားစွာနဲ့ AA ကို အကြမ်းဖက် အဖွဲအစည်းအဖြစ်ကနေ ရုတ်သိမ်းပေးခဲ့တယ်။ အကျိုးကျေးဇူးအရတော့ ငြိမ်းချမ်းရေးဆိုတဲ့ သင်္ကေတ ပြယုဒ်တခုအောက်မှာ တပ်စခန်းပေါင်းများစွာ အတိုက်ခံရတော့တာပဲ။ ကိုယ့်စစ်သည်ပေါင်းများစွာ အသက်ပေးခဲ့ကြရတော့တာပဲ။ အလံဖြူပြထားတဲ့ လှေ၊ ကလေးသူငယ်တွေပါ ရှိနေတဲ့အထား၊ လှေနစ်တဲ့အခါ ရေကူးတက်လို ကမ်းပေါ်တက်လာတဲ့ အသက်တွေကိုတောင် ဓားနဲ့အလွယ်ပြေးခုတ်ခဲ့ကြတယ်။ ကြွေးကြော်သံက မလာနဲ့။ ဒါ ငါတို ရခိုင်ပြည်တဲ့။ တရားဝင်ရော၊ တရားမဝင်ရော ဘယ်မီဒီယာမှ မဖော်ပြခဲ့ကြတဲ့အခါ တိတ်တိတ်ပဲ ကိုယ်တွေ တောက်ခေါက်ခဲ့ကြရတယ်။ စစ်ဘေးက ပြေးလို လွှတ်နိုင်ပါ‌သေးတယ်။ မုန်တိုင်းဘေးလာရင် မင်းတို ပြေးလို လွတ်ပါစေလိုပဲ ဆုတောင်းပါတယ်။ နရီမိုး
إظهار الكل...
👍 22 2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ယုံမှတ်အပ်နှံမှု အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေ အမှတ် ၅၅ /၂၀၂၄)ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နီပေါနိုင်ငံ၏အခြေခံဥပဒေရေးဆွဲခြင်း(၁၀)နှစ်မြောက် အထိမ်းအမှတ်နေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသိုတက်ရောက်
إظهار الكل...
2024-09-19 20-00-59.mp44.88 MB
2024-09-19 20-01-25.mp441.68 MB
👍 6 1
NUG နဲ့ EAO တွေက လျှောက်လှမ်းကြတဲ့ ရည်ရွယ်ချက်ခြင်း မတူကြလို ရေရှည် အဆင် မပြေနိုင်ဘူးဆိုပြီး တောက်လျှောက်ထောက်ပြခဲ့ဖူးတယ်။ EAO တွေရဲ့ အန္တိမ ရည်မှန်းချက် က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖိုပဲ။ ကြီးကြီးကျယ်ကျယ် ထပ်ပြောရင် တန်းတူညီမျှခွင့်ရဖိုပဲ။ ပိုရှင်းအောင် ဒဲ့ပြောရရင် ပြည်နယ်တွေမှာ ကိုယ်ခြေ၊ ကိုယ့်လက်နဲ့ နေထိုင်အုပ်ချုပ် ခွင့်ရဖိုပဲ။ ---- ဒီလိုပြောပြတာကလည်း ကြီးကောင်ကြီးမား အာဏာပြန်ရချင်လို ဝန်ကြီးချုပ်နေရာ တွေယူပြီး သူများနိုင်ငံမှာ အခန့်သားနေဖို၊ ဒါမှမဟုတ် အမေရိကန်လိုနိုင်ငံမှာ (Asylum) လျှောက်ပြီးနေနိုင်ဖို ကြိုးစားနေကြသူတွေ အတွက် မရည်ရွယ်ဘူး။ အာဏာရှင်ဖြုတ်ချ ရေးလိုလို၊ ဒီမိုကရေစီ တိုက်ဇေးရှင်းလိုလိုနဲ့ လက်နက်ကိုင်ပြီး ဘဝပျက်နိုင်တဲ့ လူငယ်တွေ ကို အသိတရား ဝင်သွားစေချင်တဲ့စိတ်နဲ့ အမြဲလိုလိုထောက်ပြခဲ့ဖူးတယ်။ တပ်မတော်ကို နိုင်ငံရေးက ထွက်စေချင်ရင် ဒီနိုင်ငံမှာ ပြည်တွင်းစစ် မရှိမှပဲ ရမယ်။ ပြည်တွင်းစစ် မရှိစေချင်ရင် လူငယ်တွေကိုယ်တိုင်က လက်နက်ကိုင်စရာမလိုဘူး။ လက်နက်ကိုင်ထား ကြသူတွေကို ပညာရေးနဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကနေသာ ဖိအားပေးဖို လုပ်သင့်တယ် ဆိုတာကို အမြဲလိုလို ပြောပြနေဖြစ်ခဲ့တယ်။ ----- NUG အတွက် ပိုပြီးသိသာစေတဲ့အချက်က ကွမ်လုံကို MNDAA သိမ်းတော့ ရည်မွန်ပြေးပြီး နယ်မြေတောင်းခဲ့ချိန်မှာ ဟိုက ငြင်းလွှတ်လိုက်တဲ့ အခြေအနေပဲ။ နောက်ကွယ်မှာ ဘယ်နယ်မြေကို အတူတူ ပူးပေါင်းတိုက်မယ်။ ဘယ်နယ်မြေကိုတော့ ငါတိုအတွက် ကူတိုက်ပေးဆိုတဲ့ False Hope တွေတော့ ရှိချင်ရှိလိမ့်ကြမပေါ့။ ဒါ့ကြောင့်လည်း လားရှိးကို တိုက်တော့ ယင်းမာပင်ခရိုင်က PDF တွေ ကူတိုက်ပေးတဲ့အထဲ တက်တက်ကြွကြွ ပါဝင်ပေး ခဲ့ကြတာ။ ------ ဒါပေမယ့် ဖက်ဒရယ်ပြည်ထောင်စုအတွက် ကတိကဝတ်တွေအကြောင်းပြောတဲ့အခါ ၂၀၀၈ ဖွဲစည်းပုံခြေဥကို ဖျက်ပြီးသားပါလို ဘယ်လောက်ပြောပြော… EAO နဲ့ NUG ကြားမှာ ဘာမူဝါဒမှ တိတိကျကျ မရှိခဲ့ဘူး၊ မလုပ်နိုင်ခဲ့ဘူးဆိုတာ MNDAA ရဲ့ထုတ်ပြန်ချက်က သက်သေခံသွားတာကို အထင်းသားတွေ့နိုင်တယ်။ ပိုဆိုးတဲ့အချက်က ဝမ်ယိနဲ့ မြောက်ပိုင်း လက်နက်ကိုင်တွေ တဖွဲချင်းတွေ့ဆုံကြတဲ့အချိန်မှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး အကြံပေးအရာရှိမျိုးနဲ့ တွေ့ဆုံခဲ့တာကလည်း NUG နဲ့ EAO ကြားမှာ မူဝါဒပိုင်းဆိုင်ရာ ပိုပြီး ခြားနားသွားစေခဲ့တာပဲ။ ----- နိုင်ငံရေးဆိုတာ တိမ်တောင်သဖွယ် မင်းရေးကြွယ်လွန်းလှပါတယ်။ EAO တွေဟာ သူ့ရည်မှန်းချက်ပြည့်ရင် စစ်ပွဲက အလိုလိုရပ်သွားပါလိမ့်မယ်။ အဝေးရောက် ဝန်ကြီး/သမ္မတ ဘွဲခံသူတွေက ဘဝရှင်သန်ပြီး အသုံးချခံ လူငယ်တွေက အနာဂတ်တွေ သေပေးခဲ့ရတဲ့ အခြေအနေက ဒီ ၃ နှစ်အတွင်းမှာပဲ ခပ်ရှင်းရှင်း မြင်ခွင့်ရလာခဲ့ပါပြီ။ EAO တွေကို ယုံကြည်ပြီး တိုက်တဲ့ ဒီတော်လှန်းရေးကြီးက တိုင်းပြည်အတွက်တော့ အမြတ် နည်းပြီး အသက်တွေများခဲ့တဲ့ အခြေအနေပါပဲ။ ဈေးပေါလွန်းလှပါတယ်။ နရီမိုး
إظهار الكل...
👍 26 5
မြင်းခြံမြို့နယ် နတ်ထားကျေးရွာ ရွာဦးကျောင်း ဆရာတော်၏ ကားကို စစ်သွေးကြွတွေက ခြိမ်းခြောက် ယူဆောင်သွား မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာကျောင်း ဆရာတော်၏ SURF ကားကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ လက်နက်ပြကာ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သိရပါတယ်။ စက်တင်ဘာလ (၁၈)ရက် နေ့ခင်း (၁)နာရီခန့်က နတ်ထားကျေးရွာ ရွာဦးကျောင်းဆရာတော်သည် ကျောင်း တွင် သီတင်းသုံးနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် (၆)ဦးသည် ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာပါတယ်။ ယင်းနောက် စစ်သွေးကြွ PDF အဖွဲ့ဝင်များ အနေဖြင့် မြစ်ဖက်ကို လူနာကဲ့စရာ ကားမရှိလို့ ကားအလှူ လာခံတာပါဟု ဆရာတော်ကို ပြောဆိုပြီး ဆရာတော်ထံမှ ကားသော့တောင်းကာ ကားကို မောင်းနှင် ယူဆောင်သွားကြောင်း သိရပါတယ်။ ယခင်ကလည်း စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် နတ်ထားကျေးရွာကို သဒ္ဓါကြေးဟုဆိုကာ ဆက်ကြေး (၂)ကြိမ်တိုင် ကောက်ခဲ့ပြီး နောက်ဆုံးတစ်ကြိမ်တွင် ပိုက်ဆံအရနည်းသဖြင့် ပိုက်ဆံရှိသည့် နေအိမ်များအား သတိထားဟုဆိုကာ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။ နတ်ထားကျေးရွာသည် မြင်းခြံမြို့၏ အရှေ့ဘက်တွင် တည်ရှိပြီး မြင်းခြံမြို့နှင့် (၃)မိုင်ခန့်သာ ဝေးကွာသည့် ကျေးရွာဖြစ်ပါတယ်။
إظهار الكل...
👍 9😢 3
Photo unavailableShow in Telegram
နျူလက်နက်စမ်းသပ်မှုကို 'အချိန်မရွေး ပြန်လည်စတင်ရန် အသင့်ဖြစ်နေပြီ'ဟု ရုရှားဆို အမိန့်ပေးမည်ဆိုပါက နျူကလီးယားစမ်းသပ်မှုကို “အချိန်မရွေး” ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဟု ရုရှားနိုင်ငံ နျူကလီးယားစမ်းသပ်ရေးဌာန အကြီးအကဲက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲမီ ၁၉၉၀ ခုနှစ်ကတည်းက နျူလက်နက်စမ်းသပ်မှုများ မပြုလုပ်တော့သော်လည်း အနောက်နိုင်ငံများက ယူကရိန်းကို တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးပါက အဆိုပါနိုင်ငံများအား ဟန့်တားသည့်သဘောဆောင်သော သတင်းစကားကို တိုက်ရိုက်ပြောကြားခြင်းမဟုတ်သည့် ပုံစံတစ်မျိုးဖြင့်ပေးပိုရန် သမ္မတ ဗလာဒီမာပူတင်က ညွှန်ကြားလာနိုင်ကြောင်း အနောက်နိုင်ငံနှင့် ရုရှားလေ့လာသုံးသပ်သူအချိုက ပြောပါတယ်။ ရုရှားနိုင်ငံအတွင်းပိုင်းသို တိုက်ခိုက်ရန် အနောက်နိုင်ငံမှပေးအပ်မည့် တာဝေးပစ် ဒုံးကျည်များကိစ္စကို ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
إظهار الكل...
👍 11👏 1
ရှမ်းအရှေ့က Plan B ဖြစ်သင့်သလား? အနိမ့်ဆုံး လားရှိးလောက်တော့ တပ်မတော်ဘက်က ပြန်ယူရမှာပဲ။ နည်းနည်း ထပ်ပြီး ညစ်ပတ်ချင်ရင်တော့ ရှမ်းမြောက်က ကုန်သွယ်ရေးလမ်းကို အရေးမပါတဲ့ ပုံစံပြောင်းလိုက် ပေါ့။ လက်ရှိ ချင်းရွှေဟော်နဲ့ မူဆယ် အရေးပါနေတယ်ဆိုတာက တရုတ်-မြန်မာ နှစ်နိုင်ငံ စလုံးအတွက် ဒီ (၂)နေရာက အများဆုံးကုန်သွယ်ရေးလုပ်နေလို သိန္နီတို၊ ကွတ်ခိုင်တိုက အရေးပါနေတာမဟုတ်ဘူးလား။ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီးလမ်းကို တချက်စဉ်း စားကြည့်ပေါ့။ ---- နောက်တချက်က ခုလိုပဲ တရုတ်ကို နယ်စပ်ဂိတ်တွေ တရားဝင် ပိတ်ခိုင်းထားလိုက်ရင် ကိုးကန့်ဖြစ်ဖြစ်၊ KIA ဖြစ်ဖြစ်၊ TNLA ဖြစ်ဖြစ် အကုန်ခွေးဖြစ်မယ့် အပေါက်ပဲ။ နယ်စပ်လမ်းကြောင်းကို ရှမ်းအရှေ့ ရွေးမယ်ဆိုရင်လည်း ပြတ်ပြတ်သားသား ရွေးပေါ့။ (ကိုယ်ခံအားကောင်းဖိုတော့ လိုမယ်ထင်တာပဲ) အကြပ်ကိုင်တာမျိုးမဟုတ်ဘဲ ရှမ်းမြောက်ကို နှစ်အပိုင်းအခြားလောက် လစ်လျူရှုကြည့် လိုက်ပေါ့။ လားရှိးအထိ MNDAA သိမ်းတယ်ဆိုတာကလည်း နောက်ကွယ်က Guide Line တွေ ပါနိုင်ပါသေးတယ်။ ကြံပဲ စိုက်လိုရတဲ့ လောက်ကိုင်ဒေသမှာ ကာစီနိုတွေ၊ လောင်း ကစားတွေ ၊ တရားမဝင် လုပ်ငန်းတွေမှ မရှိရင် စည်ကားနေစရာ အကြောင်းမှ မရှိဘဲ။ တရုတ်ဘက်ကလည်း ဝင်ထွက်ခွင့်ပိတ်မယ်၊ နယ်စပ်ကုန်သွယ်ရေးလည်း မရှိဘူးဆိုရင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ဆိုတာ -င်ကုန်း အော်နေလိုပဲ ရမယ်။ ------ လက်ရှိ မြင်တွေ့သမျှတော့ ….ကိုးကန့်ရော၊ ပလောင်ရော၊ ကချင် KIA ရော လူပါးဝ လွန်းနေတာပါပဲ။ ပြည်နယ်အဆင့်တိုးတောင်းခွင့်ဆိုတာက… ဒေသခံတွေကိုယ်တိုင် လိုလို လားလား ရှိရင်တမျိုးပေါ့။ ယဉ်ကျေးမှုနဲ့သမိုင်းကြောင်းအရ… ဘာမှမဟုတ်တဲ့ ပလောင်က နောင်ချိုနဲ့ကျောက်မဲမှာ အိမ်ထောင်စုဇယားတွေကို တအာင်းစာနဲ့ပြောင်းဖို လုပ်နေတယ် ဆိုတာကျတော့ တော်တော်-င်ယားလွန်းနေတဲ့ လုပ်ရပ်လို ပြောလိုရတယ်။ နောက်ပြီး ပလောင်လူဦးရေ နေထိုင်တဲ့သူများလာလို ဆိုရင်တောင် ယုတ္တိရှိသေးတယ်။ ခုဟာက လက်ဖက်ပဲ ထွက်လို မိုးကုတ်ကို မျက်စောင်းထိုး တာမျိုး၊ KIA အများစုက လိုင်ဇာမှာ အခြေတည်ပြီး မြစ်ကြီးနားကျော်တဲ့ ဖားကန့်မှာ စီးပွားရေးအရ KIA က အခြေချ နေတာမျိုးက အကျိုးစီးပွားကြောင့်ဆိုတာ အရှင်းကြီး တွေ့နိုင်တာပဲ။ ----- တခါတလေ ပြည်သူတွေ မပြောနဲ့ ကိုယ်တွေတောင်နားမလည်တဲ့ကိစ္စတွေ ရှိတယ်။ ဥပမာ မိုင်းဂျားယန် ဆိုပါစို။ KIA ဦးစီးတဲ့ တက္ကသိုလ်အဆင့်တွေ မိုင်းဂျာယန်းမှာ ပေါ်ပေါ်ထင်ထင် ရှိနေတာပဲ။ ဗမာတွေသာ စစ်ကြောင့် စစ်ရှောင်ဘဝတွေ ဖြစ်နေကြရတာ။ KIA ဦးစီးတဲ့နေ ရာမှာ ဘယ်ကချင်ကလေးတွေမှ စစ်ရှောင်နေကြရတာမရှိဘူး။ လက်ရှိ စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ ကောလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ထီးချိုင့်တွေမှာ KIA ဦးစီးပြီး တိုက်ခံနေရတာ သိသိနဲ့ ရန်သူ့ဌာနချုပ်တွေက အခန့်သား ရှိနေတဲ့ အနေအထားမျိုးကို တခါတလေ နားလည်မပေးနိုင်ဘူး။ အဲ့လောက်လည်း ကိုယ်တွေမှာ သည်းခံစိတ်မရှိဘူး။ ရင်ကြားစေ့ရေး ဆိုတာ တစ်ဖက်တည်းကပဲ ရင်ကြားစေ့ချင်နေလိုမရဘူး။ နရီမိုး
إظهار الكل...
👍 38 4
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.