cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Htain Lin Nay

إظهار المزيد
مشاركات الإعلانات
3 505
المشتركون
-324 ساعات
+47 أيام
+4230 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

အင်းစိန် ထောင်မှာ ကြိုးစင် သန့်ရှင်းရေး လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပါတယ်။ အရပ်ဘက် သေဒဏ်ကျခံရသူ အပြင် စစ်ဘက် သေဒဏ်ကျခံရသူတွေလည်း ရှိနေပါတယ်။ ဘယ်လိုလုပ်လဲ...။ အရပ်ဘက် သေဒဏ်ကျခံရသူတွေကို စီရင်မယ်ဆိုရင် စစ်ဘက်ကလည်း ရာခိုင်နှုန်း တစ်ခု ပါဝင်သင့်ပါတယ်။ ဥပမာ လွှတ်တော်မှာ မထတမ်း ၂၅% ပါချင်နေသလိုပေါ့။ သေဒဏ်စီရင်ရာမှာလည်း နေရာဝင်ယူသင့်တာပေါ့။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ ဂျပု သူ့ကောင်တွေကို မသတ်ရဲဘူးဖြစ်နေတယ်။ အိပ်မပျော်ရတဲ့အထဲ အိပ်မက်ဆိုးတွေ မက်မှာ ကြောက်နေတယ် ထင်ပါတယ်။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ စကားက "ဂွမ်း"တော့မှာပဲ။ သေဒဏ်ကျခံရတဲ့ စစ်ခွေး ဗိုလ်ချုပ်တွေကလည်း သူခိုးချင်းအတူတူ ငါတို့မှ ခံရလေတယ်။ စစ်မတိုက်တတ်တာခြင်း အတူတူ ငါတို့မှခံရလေတယ်လို့ ဂျပုကိုခြောက်လှန့်လာ ကြောက်နေပုံရပါတယ်။ ပြောရင်လည်းပြောချင်စရာပါ။ မအလ ဂျပု လုပ်တတ်တာဘာရှိလို့လဲ။ ဗုံးကြဲတာနဲ့ တစ်နိုင်ငံလုံး အဆင်မပြေအောင်ပဲ လုပ်တတ်တာလေ...။ ပြည်သူတွေအဆင်ပြေနေပြီလား။ ဒါဆို တားဆီးမယ်။ပိတ်ဆို့မယ်။ ဖျက်ပစ်မယ်။ ဒါပဲလုပ်တတ်တယ်။ အခုတောင် စစ်မှုထမ်းနည်းဥပဒေကို ၇ ကြိမ်မြောက် စီစစ်နေတယ်တဲ့...။ ကောင်းဖို့တော့မဟုတ်ပါဘူး။ လူငယ်မှန်သမျှ စစ်မှုထမ်းဥပဒေထဲက လွတ်ထွက်သွားမှာစိုးလို့ စောက်ကျင့်ယုတ်ပြီး နည်းပေါင်းစုံနဲ့ ပိတ်ဆို့ဖို့ စီစစ်နေတာပါ။ အပိုဆောင်းအနေနဲ့ လူငယ်တွေရဲ့ မိသားစုတွေကိုပါ ဒုက္ခပေးဖို့လည်း ပါပါသေးတယ်။ မမျှမတလုပ်နေတဲ့ မအေရိုးကို ဖြိုချနိုင်မှ "စနစ်လည်းကြေ ခွေးလည်းသေ" အဆုံးသတ်မှာပါ...။ ကျွန်တော်တို့ပြည်သူတွေ ကြိုစားမှ ညီညွတ်မှ ဖြစ်မှာပါ။ #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ပါဗျ.... join ထားပေးပါအုံးဗျာ။ https://t.me/+_ddlLy1mgTQzZmU1
إظهار الكل...
👍 34
ငါတို့ ပြည်တွင်းမှာ မတတ်သာလို့ ဆောင်လိုက်တဲ့ အခွန်တွေ မီတာခတွေက စစ်စရိတ်သုံးဖို့ သက်သက်ပဲလား....။ ရသမျှငွေတွေအားလုံး စစ်တိုက်ဖို့ပဲသုံးပြီး တကယ် အရေးပေါ်လိုအပ်တဲ့ နေရာတွေကို ပစ်ထားနေတယ်။ ဒီလို စိတ်ဓာတ်တွေ အောက်ကျသလားဆိုတော့ ရေကြီးဒုက္ခရောက်နေချိန် ဗုံးဆက်ကြဲနေတာက အောက်တန်းရဲ့ အောက်ဆုံးကိုကျနေတဲ့ စုတ်ပဲ့တဲ့ စိတ်ဓာတ်ဆိုတာ ပိုသေချာသွားပါပြီ...။ အစ္စရေးနဲ့ ဟားမတ်စ်တောင် ပြည်သူတွေ အရေးပေါ်ကိစ္စရှိရင် စစ်ကိုရပ်နားထားပါသေးတယ်။ ကလေးတွေ ကာကွယ်ဆေးထိုးကြမယ့် အချိန်မျိုးမှာပေါ့...။ အခုတော့မဟုတ်ပါဘူး ပြည်သူတွေ သဘာဝဘေးဒုက္ခ ရောက်နေတဲ့အချိန်မှာတောင် အနိုင့်ကျင့်သတ်ဖြတ်မှုကို မရပ်တန့်နိုင်တာ လူစိတ်ပျောက်နေပြီဆိုတာ အသေအချာပါပဲ။ ဘယ်လိုပဲ လေတပ်တွေနဲ့ တိုက်ခိုက်လည်း စောက်ကျင့်ယုတ်နေတဲ့ စစ်ခွေးတပ်ဟာ နယ်မြေတွေ စခန်းတွေ ကျဆုံးကုန်တာပါပဲ။ ရေကြီးနေတဲ့အချိန်မှာပဲ ရေဘေးရှောင်နေတဲ့ သစ်ပင်ပေါ်က ပြည်သူကို ကယ်ဆယ်တဲ့အချိန်မှာ ပါလာတဲ့ ကလေးငိုသံက ဘယ်လိုခံစားရမှန်းကို မသိတော့ဘူး။ တစ်ရက်နဲ့ တစ်ည သစ်ပင်ပေါ်မှာ မိုးရေထဲ သားအမိနှစ်ယောက် မလှုပ်မယှက် ထိုင်နေရရှာတဲ့ ဒုက္ခကို ဖြေသိမ့်ပေးနိုင်မယ့် ခေါင်းဆောင် မရှိခဲ့ဘူး။ မအလဟာ သူစိုးမိုးထားတဲ့ နယ်မြေမှာ တကယ်ဦးဆောင်သူမဟုတ်ဘူး...။ ဒုက္ခပေးသူပဲ ဖြစ်တယ်။ အတိတ်က ကုသိုလ်ကြောင့် အကြီးအကဲဖြစ်လာပေမယ့် အခုတော့ အဟောင်းတွေ အကုန်စားပြစ်လိုက်ပြီ... အနာဂတ်ဘဝတွေမှာ လူမဖြစ်တော့ဘူး... ။ သူလိုကောင် မပြောနဲ့ အချိန်တိုင်း ဘုရားဖြစ်ဖို့ ပါရမီဖြည့်နေတဲ့ မြတ်စွာဘုရားတောင် အမှားလုပ်မိရင် ငရဲကျသေးတာပဲ။ တေမိယဇာတ်တော်မှာ စကားမပြောတာဟာ ငရဲကိုကြောက်လို့ ဖြစ်လာတဲ့ ဇာတ်တော်ပါ...။ ပြည်သူတွေရဲ့ အိမ်တွေမီးတိုက်သလို ဖြစ်လေရာဘဝမှာ မအလနဲ့ အပေါင်းအပါတွေရဲ့ အသိုက်အမြုံတွေ မီးတိုက််မယ့်သူပေါ်ရင်ပေါ် မပေါ်ရင် သဘာဝ မီးဘေးသင့်လိမ့်မယ်...မီးတောင်ပေါက်တာတို့ တောမီးလောင်တာတို့ပါ။ အကြောင်းမဲ့ သတ်ဖြတ်မှုတွေကလည်း ဒီတိုင်းပြီးသွားမှာ မဟုတ်ပါဘူး။ သတ်မယ့်လူမရှိရင် ကိုယ့်ကိုယ်ကို ပြန်စီရင်မိတာမျိုးပါ....။ ဒါတောင် အခုအချိန်မှာ မအလဟာ ဇာတ်မသိမ်းသေးပါဘူး။ သူက ဇာတ်သိမ်းရအုံးမှာပါ။ ထာဝရအသက်ရထားသူ မဟုတ်ပါဘူး။ အိုးမင်းယိရွဲလာအုံးမှာပါ။ သူ့ရဲ့ဇာတ်သိမ်းက ကောင်းစရာလည်း မရှိပါဘူး။ ဘယ်လို သေခြင်းဆိုးမယ်ဆိုတာပဲ စောင့်ကြည့်ရမှာပါ။ #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ပါဗျ.... join ထားပေးပါအုံး။ https://t.me/+_ddlLy1mgTQzZmU1
إظهار الكل...
👍 106💯 14👏 3🤣 2😁 1
မင်းအောင်လှိုင်မှာ ဘာ Plan မှမရှိတာကို သက်သေပြလိုက်တဲ့ နေပြည်တော် အနီးတစ်ဝိုက်က ရေဘေး...။ မင်းအောင်လှိုင်ရဲ့ လူကယ်ပြန်က ရေကြီးမှု ၂၄ နာရီ ကျော်လာတဲ့အထိ လှုပ်ရှားမှု မတွေ့ရသေးပါဘူး။ ဝန်ကြီးဌာနအဆင့် အဖွဲ့အစည်းကြီးက ပြည်သူတွေ တကယ်ဒုက္ခရောက်လာချိန်မှာ ဘာမှ Fighting မလုပ်နိုင်ပါဘူး။ မအလဟာ နေညမပြတ် နိုင်ငံအနှံ့ ဗုံးကြဲလူသတ်နိုင်ပေမယ့် လူအသက်ကယ်ဖို့ကြ ဘက်ဂျက် ချပေးထားဟန်မတူပါဘူး။ ဒီနှစ်ရေကြီးနေတာ နေရာအနှံ့အပြားမှာ ကယ်ဆယ်ရေးလုပ်ရင်း စစ်ဝတ်တွေတကားကားနဲ့ ဓာတ်ပုံအရိုက်ခံတာ မတွေ့ရပါဘူး။ စစ်ခွေးအားလုံး အသေခံဖို့ ရှေ့တန်းရောက်နေကြပါပြီ။ နောက်က စစ်ခွေးတွေကလည်း ပြည်သူကြားရောက်ရင် မလုံမခြုံ ခံစားနေရလို့ မသွားရဲပါဘူး။ ကူညီဖို့အဆင်သင့်မရှိ။ ပြည်သူလူထုအတွက် ဘာမှသုံးစွဲဖို့ ရည်ရွယ်ချက်မရှိတဲ့ မင်းအောင်လှိုင် ကျဆုံးခန်းက နီးလာပြီ။ တစ်နိုင်ငံလုံးမပြောနဲ့ နေပြည်တော်လေးတောင် ခြေမကိုင်မလက်မကိုင်မိနဲ့.... ပြန်ရပါလိမ့်အုံးမယ်... ရှမ်းမြောက်နဲ့ အသိမ်းခံထားရတဲ့မြို့တွေကို....။ ငါတို့ပြည်သူက အုပ်ချုပ်ခွင့်မပေးဘူး....။ ဘာစောက်အရည်အချင်းမှမရှိဘဲ သမ္မတက လုပ်ချင်သေးတယ်....။ .-း...ဘဲ ရမယ်.... #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ပါဗျ.... join ထားပေးပါအုံး။ https://t.me/+_ddlLy1mgTQzZmU1
إظهار الكل...
👍 120 10💯 3😁 1
ရခိုင်ပြည် ပေါက်မြို့က ရှင်ရွာကို ဗုံးကြဲခံရစဥ် စစ်သုံ့ပန်းအရာရှိတွေ အပါအဝင် အများအပြား သေကြေ ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ သွေးရိုးသားရိုး မဟုတ်ပါဘူး။ အတွင်းသတင်းပေး ရှိလို့သာ နေရာအတိအကျကို ဗုံးကျခဲ့တာပါ။ အခြား အကြောင်းအရာကြောင့်ကတော့ ဖြစ်နိုင်ပေမယ့် ဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါတယ်။ ကျတဲ့နေရာက ဆေးကုသတဲ့ နေရာဖြစ်တာကြောင့် AA ရဲ့ ဆေးဘက်ဆိုင်ရာ စစ်သည်တွေပါ ထိခိုက် ကုန်ကြပါတယ်။ ပေါက်တောဟာ အင်တာနက်လိုင်း ရမရ မသိရပေမယ့် မရဖို့များပါတယ်။ ဒါဆိုရင် ဖုန်းလိုင်း အင်တာနက်လိုင်းက သတင်းပေးတာမျိုးမဟုတ်ဘဲ လူကိုယ်တိုင် အဆင့်ဆင့် သတင်းပေးတယ်လို့ ယူဆရင် ရနိုင်ပါတယ်။ တည်နေရာကလည်း ရွေ့လျားနေတာမဟုတ်တော့ သတင်းပေးအချိန် ကြာခဲ့ရင်တောင် ထိချက်က လိုရာရောက်တယ်လို့ ပြောလို့ရပါတယ်။ အချင်းချင်း သစ္စာဖောက်သလား။ စစ်သုံ့ပန်းလွတ်မြောက်သလား။ ထောက်ပံ့ရေး အဝင်အထွက်တွေဘက်က စည်းပေါက်သလား။ AA တပ်သားတွေ ထွက်ပြေးလွတ်မြောက်မှု ရှိသလား။ အဆောက်အဦကို ပုံဖျက်မှုအားနည်းလို့ ကင်းထောက် Eagle Eye က သံသယနဲ့ ပစ်ခတ်ဖို့ မြေပုံညွှန်း ပေးသလား။ အစစအရာရာ ပြန်သုံးသပ်ဖို့ လိုနေပါပြီ။ ဒီလိုသာ သတင်းပေါက်နေရင် တော်လှန်ရေး ခေါင်းဆောင်တွေ နေရထိုင်ရ ခက်ပါလိမ့်မယ်။ စစ်ခွေးတပ်ကတော့ ရမ်းသမ်းကြဲနေတာပဲ။ ဒါပေမယ့် တော်လှန်ရေးတပ်တွေ ထိခိုက်မှုမရှိဖို့ လိုပါတယ်။ အတွင်းသတင်း အပြင်မထွက်ရအောင် ထောက်လှမ်းရေးတပ်အနေနဲ့ အားကောင်းဖို့လိုပါတယ်။ အခုလို စစ်ခွေးတပ် ရမ်းကားနေတဲ့အချိန်မှာ စစ်ရေးသတင်းတွေ အပြင်မထွက်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ နယ်မြေက ဦးစီးသူတွေကလည်း စစ်ဘေးရှောင်တွေကို အဆောက်အဦ ဆောက်ရာမှာ တစ်နေရာတည်းကို စုပြုံမဆောက်ဖို့ ပညာပေးသင့်ပါတယ်။ အခုဆိုရင် စစ်ဘေးရှောင်နေရာတွေပါ ပစ်မှတ်ထား ဗုံးကြဲနေတာကြောင့် စုပြုံပြီး တိုးဝှေ့နေထိုင်နေကြရင် အထိအခိုက်များနိုင်တာကို သင်ကြားပြသဖို့ လိုပါတယ်။ မြင်ရကြားရသမျှ စိတ်ထိခိုက်စရာတွေ များတာကြောင့် သတိလက်လွတ် မနေထိုင်ကြဖို့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူများကို သင်ကြားပြသပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါမှလည်း ပြည်သူတွေ အသက်ဆုံးရှုံးမှ သက်သာမှာ ဖြစ်ပါတယ်။ ဖြစ်ပြီးမှ စိတ်ထိခိုက်နေရတာထက် ကြိုတင်ပြင်ဆင် သတိထားနေထိုင်တာက ပိုပြီး အန္တရာယ်ကင်းနိုင်ပါတယ်။ #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ပါဗျ.... https://t.me/+_ddlLy1mgTQzZmU1
إظهار الكل...
👍 83 5😁 2🥰 1
ပြီးခဲ့တဲ့တလောက မင်းအောင်လှိုင် ပါးစပ်နဲ့ဖင် မှားပြောတာလေး အသိပေးချင်ပါတယ်။ သန်းခေါင်စာရင်းကောက်တဲ့အခါ မှန်မှန်ကန်ကန် ဖြေဆိုဖို့ လိုအပ်တယ်လို့ ချိမ်းခြောက်သွားပါတယ်။ လက်ရှိမှာ မိသားစုတော်တော်များများမှာ မိသားစုဝင်တွေ ဘယ်ဆီရောက်လို့ ဘယ်ပေါက်နေမှန်းမသိရတဲ့ မိသားစုတွေ အများကြီးပါ။ စစ်တပ်က ကြုံရာနေရာမှာဖမ်းဆီးပြီး လက်စဖျောက်မှုတွေရှိခဲ့ပါတယ်။ မိသားစုတွေဟာ သေလား ရှင်လား မသိတာကြောင့် ရက်လည်ဆွမ်းသွပ်တောင် မလုပ်ပေးကြပါဘူး။ သူတို့သိနေတာ သူတို့မိသားစုဝင် တစ်ဦး သို့မဟုတ် နှစ်ဦး ပျောက်ဆုံးနေတယ် ဆိုတာပဲ။ တစ်ချိန်ပြန်လာဖို့ မျှော်လင့်နေရင်လည်း မျှော်လင့်နေမှာပေါ့နော်။ ဒီလိုမိသားစုတွေ အများကြီးပါ။ တော်လှန်ရေးအစ ဆန္ဒပြပွဲမှာကတည်းက သေဆုံးတဲ့ လူငယ်တွေရဲ့ စာရင်းကို ကောက်ရာမှာ အမည်မသိ လိပ်စာမသိတဲ့ အလောင်းတွေ ရရှိခဲ့ကြပါတယ်။ သူတို့ရဲမိသားစုဆီကို အကြောင်းကြားခွင့်မရခဲ့ပါဘူး။ မင်းအောင်လှိုင် စောက်ကျင့်မကောင်းတာက ပြည်သူကို အသိပေးရကောင်းမှန်း မသိဘဲ ဥပဒေမယ့် ဖမ်းဆီးသတ်ဖြတ်။ ထိချင်ရာထိဗုံးကြဲ နဲ့ လုပ်နေတာကို မထိန်းသိမ်းဘဲ ပြည်သူကို မှန်မှန်ပြောလို့ ပြောနေတာက အလွဲကြီးလွဲနေပါပြီ။ သူတို့ စစ်ခွေးတပ် ကွက်ကွက်လေးမှာတောင် တပ်ပြေး တိုက်ပွဲကျ ပျောက်ဆုံး သုံ့ပန်း စာရင်းတောင် အတိအကျ မရှိပါဘူး။ ရမ်းသမ်းရေးပြီး ပြီးပြီးရော စာရင်းလုပ်ထားကြတာပါ။ အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီက စားကွက်အကြီးကြီး ရသွားတာပေါ့။ ဆိုလိုတာက သန်းခေါင်စာရင်းလာကောက်ရင် မင်းအောင်လှိုင် ပြောသလို မှန်မှန်ကန်ကန် ပြောစရာ မလိုပါဘူး။ PDF ထဲရောက်နေတာကို ရောက်နေပါတယ်လို့ ဖြေရင် ဘာဖြစ်သွားမလဲ။ စဥ်းစား။ ဒီတော့ မျောက်မြီးနဲ့ မြောက်ပြန်ချည်ရပါလိမ့်မယ်။ ဒါဟာလည်း တော်လှန်ရေးပါပဲ။ သူတို့လုပ်ရပ်တွေကို ခုတုံး လုပ်ပြီး ဒီကာလမှာ ပြန်အသုံးချရမှာပါ။ ခရီးသွားရင်း လမ်းမှာ ပျောက်ဆုံးပြီး သတင်းမရ ဆိုတာမျိုး ဖြေကြရမှာပဲ။ ယောင်လို့များ နိုင်ငံခြားကို အောက်လမ်းကသွားတာမျိုး ဖြေလို့ကတော့ ပြဿနာက အကြီးကြီးပါ။ ကျန်ခဲ့တဲ့သူတွေပါ ဒုက္ခရောက်နိုင်ပါတယ်။ ဒါကြောင့် မိမိ သန်းခေါင်စာရင်းမှာ ပါပြီး အိမ်မှာမရှိတဲ့ လိုနေတဲ့ မိသားစုဝင်တွေကို ဘယ်လို အကြောင်းပြကြမလဲ။ ကြိုစဥ်းစားထားကြပါ။ ဆိုလိုတာက အမှန် ဖြေလို့ ဒုက္ခရောက်မယ်ဆို မဖြေပါနဲ့။ ခွေးတွေအမှန်မသိရလို့လည်း ဘာမှမဖြစ်ပါဘူး။ သိရတော့မှ ကိုယ်ဒုက္ခရောက်မှာပါ။ ဒီလိုမျိုး မသိမသာ မပူးပေါင်းခြင့်ဖြင့် တော်လှန်ရေးကို ကူညီပါ။ #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ပါဗျ.... https://t.me/+_ddlLy1mgTQzZmU1
إظهار الكل...
👍 98😁 2
ညီနောင် သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ခွေးတပ်က ကြေညာပါတယ်။ ပြီးတော့ စစ်ပွဲမရှိတဲ့ အရပ်ဘက်နေရာတွေကို ဗုံးကြဲပါတယ်။ ပြည်သူတွေ၊ ကလေးငယ်တွေပါ သေဆုံးကုန်ကြတယ်။ သူတို့မှာ ဘာအပြစ်ရှိလို့လဲ... ။ ဒါဟာ တော်လှန်ရေး စစ်ပွဲကို အပြီးမသတ်သေးဘဲ မြို့အုပ်ချုပ်ရေးကို အထိုင်ချ လုပ်နေလို့ပါပဲ။ ဒါဟာ ပြည်သူတွေရဲ့ အသက်ကို အလဟဿ ပြုန်းတီးအောင် လုပ်နေသလိုပါပဲ။ စစ်ခွေး မင်းအောင်လှိုင်က ကိုးကန့်နဲ့ ပလောင်တွေဟာ သူတို့နယ်မဟုတ်ဘဲနဲ့ နယ်မြေချဲ့ထွင်ပြီး မြို့တွေကို သိမ်းပိုက်တယ်လို့ စွပ်စွဲတာကို ဘာမှထပ်မလုပ်ဘဲ ကိုယ့်နေရာကိုယ်နေပြီး အုပ်ချုပ်ရေး တည်ဆောက်နေတဲ့ သဘောလားလို့ ထင်မြင်မိပါတယ်။ အမှန်က သုံးသပ်သူတွေ ပြောသလို စစ်ပွဲကိုမရပ်ရပါဘူး။ ကိုယ့်နေရာကိုယ့်ဒေသဆိုပေမယ့် လေကြောင်းအန္တရာယ်က အချိန်တိုင်းရှိနေတာကြောင့် လုံခြုံမှုမရှိပါဘူး။ ဒီ လေကြောင်းရန်ကြောင့်ပဲ မြို့နေလူထုက မြို့ထဲကို အားလုံးပြန်မဝင်နိုင် ဖြစ်နေကြတာပါ။ ဒါကို ပြည်သူတွေသေကြေနေမှု ဓာတ်ပုံမှတ်တမ်းတွေနဲ့ နိုင်ငံတကာက ပြောလာအောင်လုပ်နေလည်း အလကားပါပဲ။ ပြည်သူတွေ သေကြေတာပဲ အဖတ်တင်ပါလိမ့်မယ်။ စစ်တပ်ကိုတော့ ဘယ်နိုင်ငံကမှ အရေးမယူနိုင်ပါဘူး။ ဒါဟာ တရုတ်က အနီးကပ်ရှိနေလို့ဆိုတာ သိသင့်ပါတယ်။ တရုတ်ကလည်း ပြောင်ပြောင်တင်းတင်းပဲ စစ်တပ်ကို ကူညီနေပါတယ်။ ဒီလိုအချိန်မှာ တိုင်းရင်းသားတွေ စစ်ကိုရပ်တာ လုံးဝအမှားပါ။ တရုတ်ကိုကြောက်ရင်ကြောက်ပါ။ ဒါပေမယ့် တခြားနည်းဗျူဟာတွေသုံးပြီး စစ်ရေးဆက်လှုပ်ရှားနေရမှာပါ။ စစ်ရေးရပ်ပြီး အုပ်ချုပ်ရေးအထိုင်ချနေတာဟာ တဖြည်းဖြည်း မြို့ဟာ စိစိညက်ညက် ကြေလာပါလိမ့်မယ်။ မိုးတွင်းမို့ မီးလောင်ဗုံးမချသေးလို့ပါ။ မီးလောင်ဗုံးသာချမယ်ဆို မြို့တွေမြန်မြန် ပြာကျနိုင်ပါတယ်။ ဒါကြောင့် လေတပ်တွေ ငြိမ်သွားအောင်မလုပ်နိုင်သေးဘဲ စစ်ရေးရပ်တန့်နေတာဟာ ကိုယ့်မြို့တွေကို ကိုယ်ပြန်ဖျက်စီးနေသလိုပါပဲ။ စစ်ခွေးကင်းစင်မှ စစ်ရေးလှုပ်ရှားမှု ရပ်တန့်ရမှာက အမှန်တရားပါ။ စစ်ရေးဦးဆောင်သူတွေ ပိုသိပါတယ်။ မြို့ထဲဝင်လာတဲ့အထဲမှာ စစ်တပ်သတင်းပေးတွေ ရှိနေတာကြောင့် လူစုလူဝေးရှိတဲ့ နေရာတွေကို အတိအကျသတင်းရပြီး အခုရက်ပိုင်း လူသေဆုံးမှုများတဲ့ ဗုံးကြဲခံရမှုတွေ များပြားလာပါတယ်။ သတိထားပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ပါဗျ.... https://t.me/+_ddlLy1mgTQzZmU1
إظهار الكل...
👍 95 2🥰 1😁 1💯 1
မင်းအောင်လှိုင် စောက်သုံးကျလား မကျလား...ရန်ကုန် ပုသိမ်လမ်းရဲ့ ညောင်တုန်း ပုသိမ် လမ်းအပိုင်းကို လာကြည့်လိုက်ပါအုံး... လမ်းဆိုတာ နာမည်ပဲကျန်တော့တယ်။ သုံးစားလို့မရတော့ဘူး။ အရင်က ၃ နာရီကြာရင် အခု ၄ နာရီကြာတယ်။ ကားအောက်ပိုင်းတွေ အပျက်မြန်လာတယ်။ တာယာတွေ ပိုစားတယ်။ အချိန်မတိုင်ခင် ပေါက်ပြဲတာတွေ ဖြစ်လာတယ်။ မလိုအပ်ပဲ အချိန်ကုန် ငွေကုန် ပိုဖြစ်လာတယ်။ စစ်ခွေးတပ် နိုင်ငံကို အုပ်ချုပ်ချင်ပေမယ့် စောက်သုံးမကျမှုတွေကြောင့် အားလုံးပျက်စီးကုန်ပြီ...။ ဒါ ဒီတစ်နေရာထဲ ဖြစ်နေတာ မဟုတ်ပါဘူး။ နိုင်ငံရဲ့ နေရာအနှံ့မှာ ပျက်စီး နေတာပါ။ နိုင်ငံ့ဘဏ္ဍာတွေကို ဖျက်စီးပြစ်နေလို့ နေရာတကာ မပြင်ဆင်နိုင်တာပါ။ အခုနောက်ဆုံးဖျက်စီးနေတာက နိုင်ငံရေးကိုသိပေမယ့် စိတ်မဝင်စားဘဲ Game ထိုင်ဆော့နေတဲ့ လူငယ်အများစုကို အတင်းအဓမ္မ စစ်တိုက်ခိုင်းနေတာပါပဲ။ စစ်တိုက်ခိုင်းနေတာထက် သေခိုင်းနေတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျည်ဆံတွေက မျက်စိမပါပါဘူး။ ဒါကြောင့် ရမ်းသမ်းလာတဲ့ ကျည်ဆံတွေကို ကာကွယ်တတ်၊ ရှောင်တတ်ဖို့က အတတ်ပညာလိုအပ်ပါတယ်။ ဒီအတတ်ပညာကို တတ်ကျွမ်းတဲ့အထိ မသင်ပေးဘဲ သေစေတတ်တဲ့ ကျည်တောထဲပို့တာ သေဖို့ပါပဲ။ နိုင်ငံမှာ လူငယ်တွေ သန်းနဲ့ချီရှိပေမယ့် PDF, EAOs တွေနဲ့ ထောက်ပို့တွေဆီမှာ အားလုံးပေါင်းလို့ တစ်သန်းတောင်မရှိပါဘူး။ ဒါပေမယ့် စစ်တပ်က အတင်းစစ်တိုက်ခိုင်းလို့ ဘာမသိညာမသိ သေမယ့်သူတွေ သန်းချီလာပါတော့မယ်။ ဘယ်လိုပဲ ပြေးပုန်းပုန်း လူရှားပါးလာရင် ပုန်းနေတဲ့နေရာထိ ရောက်လာကြမှာပါ...။ ပုန်းဖို့ အာရုံမစိုက်ရင် မိမှာပါ။ ဆိုလိုတာက သေဖို့လမ်း နည်းတဲ့ နေရာ... သေမယ့်သေရင်လည်း ဂုဏ်ရှိမယ့်နေရာကနေ ပါဝင်ဖို့ လိုနေပါပြီ။ အခုဆို ထင်ရာလုပ်နေကြတဲ့ လူငယ်အများစု ဟာ စစ်သားစုဆောင်းခံနေရပါပြီ။ ညမထွက်နဲ့ဆိုထွက်ကြတယ်။ အပြင်မထွက်နဲ့ဆို ထွက်တယ်။ ပါတ်ဝန်းကျင်ကို လေ့လာပြီးသွားလာပါဆို အားတဲ့နေရာ ဖုန်းကြည့်နေကြတော့ အဖမ်းခံရမှုတွေ များလာပါတယ်။ အခုကြည့်ရင် လမ်းပေါ်မှာ အဖမ်းခံရတာများပါတယ်။ လုပ်ငန်းခွင်မှာ ဒီလောက်မဟုတ်သေးပါဘူး။ ဆိုလိုတာက ဘယ်သူမှ အဖမ်းမခံစေချင်ပါဘူး။ အကြောင်းပြချက်အမျိုးမျိုးနဲ့ အဖမ်းခံရပေမယ့် စစ်တပ်ကို အင်အားဖြည့်နေတာကတော့ ဆင်ခြေဆင်လက်ကောင်းပေမယ့် သေလမ်းသွားဖို့ပါပဲ။ လူငယ်များ တခြားကိစ္စတွေ လွှတ်ချထားလိုက်ပါ။ စစ်မှုမထမ်းရရေးသာ အာရုံစိုက် ရှောင်ရှားကြပါ။ စစ်မှုထမ်းရမှုမှ ရှောင်ရှားနေခြင်းသည်သာ နိုင်ငံအတွက် တာဝန်ထမ်းဆောင်နေခြင်း တစ်ရပ်ဟု ခံယူလှုပ်ရှားကြပါ။ မင်းတို့ ပျက်စီးဆုံးရှုံးမှုဟာ နိုင်ငံအတွက် ဆုံးရှုံးခြင်းပါပဲ....။ #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ပါဗျ.... https://t.me/+_ddlLy1mgTQzZmU1
إظهار الكل...
👍 81 2🥰 1
တမူးဘက်မှာ အိန္ဒိယက ခြံစည်းရိုးကာတာ တော်တော်တောင်ပြီးနေပြီတဲ့... မြန်မာပြည်ခေတ်ပျက်ကာလမှာ နယ်စပ်ဘော်ဒါကို ဘယ်သူက အတည်ပြုမှာလဲ...။ စစ်တပ်နဲ့ အိန္ဒိယက အပေးအယူရှိနေတော့ နယ်စပ်ကို လိုတိုးပိုလျှော့နဲ့ ပိုပိုသာသာ ဖဲ့ပေးလိုက်ရင် ဘယ်သူသိမှာလဲ။ စစ်ခွေးတပ်က စိတ်ချရတာမဟုတ်ဘူး။ သူတို့ကို ကူညီရင် ဘာပေးရပေးရ ဆိုတော့ ပြည်သူပိုင်မြေကို ဖဲ့မပေးဘူးလို့ ယုံကြည်လို့မရပါဘူး...။ သက်ဆိုင်တဲ့ ပြည်သူ့အစိုးရအနေနဲ့ အိန္ဒိယက ခြံစည်းရိုးခတ်တဲ့အပေါ် ကြိုတင်ကြေညာချက် ထုတ်ထားသင့်ပါတယ်။ နိုင်ငံတည်ငြိမ်တဲ့ကာလမှာ ပြန်လည်တိုင်းတာသတ်မှတ်မယ် ဆိုတာမျိုးပါ။ အခုအချိန်မှာ စစ်တပ်က အောက်တန်းကျနေတာဆိုတော့ အမိမြေကို တစ်လက်မမှ အပါမခံဘူး ဆိုပေမယ့် နှစ်လက်မနဲ့ အထက်ဆိုရင် စိတ်မချရပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ ဌာနတွေ သတိထားမိစေဖို့ တင်ပြလိုက်ပါတယ်။ #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ပါဗျ.... https://t.me/+_ddlLy1mgTQzZmU1
إظهار الكل...
👍 95 6😁 3
ဝဋ်ဆိုတာ သိပ်ကြာကြာမနေပါဘူး။ ဝဋ်ဆိုတာကိုက လည်ပါတ်ခြင်းပါ။ သတင်းတစ်ခုက ပြင်ဦးလွင်မှာ ဒရုန်းရန်ကြောက်ပြီး စစ်တပ်နဲ့ပါတ်သက်တဲ့ နေရာမှန်သမျှ မီးပိတ် အမှောင်ချ ပုန်းအောင်း စစ်ဆင်ရေးလုပ်နေတယ်တဲ့လေ....။ ပြည်သူကို မီးမှန်မှန်မပေးဘဲ စိတ်ဆင်းရဲအောင် လုပ်ခဲ့တဲ့ကောင်တွေ.... ပြည်သူမီးပျက်ချိန်မှာ သူတို့ ၂၄ နာရီ လျှပ်စစ်မီးနဲ့ အပူအပင်မဲ့ နေခဲ့တဲကောင်တွေ.... အခုတော့ ငါတို့ကမီးဖြတ်စရာမလိုဘဲ သူတို့ဘာသာ အမှောင်ထဲနေနေကြပြီ။ အမှောင်ထဲနေလို့ အေးချမ်းသလားဆိုတော့ အပေါ်ကလာမယ့် ဒရုန်းရန်က ကြောက်နေရသေးတယ်။ ခွေးတွေအဖြစ်က ပြည်သူကြိမ်ဆိုသမျှ ထိနေတော့တာ...။ ပြီးရင် ပြင်ဦးလွင်က ကျအုံးမှာပဲ။ မကျခင်ကတည်းက အမှောင်ချနေကြတာကိုပဲ ကျေနပ်နေပါပြီ....။ #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ပါဗျ.... https://t.me/+_ddlLy1mgTQzZmU1
إظهار الكل...
👍 120💯 13 5😁 3
TNLA အတွက် တရုတ်က စာထုတ်တယ်ဆိုတာ အတုအစစ် မကွဲပြားသေးပါဘူး။ ဒါဆို TNLA က အပစ်ရပ်မယ်ထင်လား....။ တရုတ်က စာအစစ် ဖြစ်ရင်တောင် အပစ်ရပ်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ မနေ့ကပဲ လားရှိုးကို ဗုံးကြဲနေသေးတာဆိုတော့ အပစ်ရပ်ရင် ခံသွားရမှာပေါ့။ ထိုးစစ်ရပ်ရင် တန်ပြန်ထိုးစစ်ကို ခံရမှာပေါ့....။ တရုတ်နယ်စပ်မဟုတ်တဲ့ နေရာက TNLA ကို ကျော်ပြီး စာထုတ်တာဆိုတော့ စဥ်းစားစရာပါ။ ဒီရက်ပိုင်း စစ်တပ်က တရုတ်သွားတဲ့သတင်းလည်း မကြားမိပါဘူး။ ဒါဆိုရင် ပြင်ဦးလွင် အတွက် ကြောက်လန့်နေတဲ့ စစ်ခွေး Online Team တွေက လုပ်ကြံဖန်တီးလိုက်တာလားဆိုတာ တစ်ချက် စဥ်းစားရမယ်။ တရုတ်စာက တုတုစစ်စစ် တော်လှန်ရေးက ဆက်သွားနေရမှာပါ။ နောက်ဆုံးမတတ်သာရင် TNLA ခွဲထွက်ဆိုပြီး တစ်စိတ်တစ်ပိုင်းကို နာမည်ပြောင်းပြီး တော်လှန်ရေးမှာ ဆက်ပါဝင်နေရင်လည်း တရုတ် လက်ဝါးကြီးအုပ်မှုကနေ လွတ်နိုင်ပါသေးတယ်...။ မြေပြင်မှာ စစ်ရေးဦးစီးနေတဲ့ သူတွေပိုသိပါတယ်....။ သူတပါးပြည်တွင်းရေး ဝင်စွက်ဖက်နေတဲ့ တရုတ်ကတော့ ရှင်းစရာတွေ အများကြီးဖြစ်လာနေပြီ.... #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ပါဗျ.... https://t.me/+_ddlLy1mgTQzZmU1
إظهار الكل...
75👍 45🥰 2😁 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.