cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

MPANews

နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။

إظهار المزيد
مشاركات الإعلانات
22 807
المشتركون
+524 ساعات
+17 أيام
+37530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
လူရာနှင့်ချီ အစာအဆိပ်သင့်ခဲ့သည့် ဝက်ဖြူကုန်းကျေးရွာမှ ဒေသခံများ ပြန်လည်သက်သာလာပြီဟုဆို 19 sep 2024 By Blackpanda / MPA ပဲခူးတိုင်း၊ တောင်ငူမြို့၊ ဝက်ဖြူကုန်းကျေးရွာမှ အစာအဆိပ်သင့်ခဲ့သည့် လူရာနှင့်ချီသည် လက်ရှိတွင် ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။ ဂိမ်း Streamer တစ်ဦးဖြစ်သည့် ကို Guu Guu က ဝက်ဖြူကုန်းကျေးရွာမှ ပြည်သူများ အစာအဆိပ်သင့်မှုနှင့်ပတ်သက်ပြီး ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၈ရက် ညပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ပိုစ့်တင်ခဲ့သည်။ ထိုကဲ့သို့ ပိုစ့်တင်ခဲ့ပြီးနောက် ပရဟိတ အသင်းများ၏ကားများ၊ ပြည်သူများ၏ ကားများဖြင့် အစာအဆိပ်သင့်ခဲ့သည့် ဝက်ဖြူကုန်းကျေးရွာမှ ပြည်သူများကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ "အစာအဆိပ်သင့်တဲ့သူ တစ်ဝက်လောက်တော့ ဆေးရုံကပြန်ဆင်းလာရပြီလို့ သိရပါတယ် " ဟု ၎င်းက MPA သို့ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/WVQkJ Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
إظهار الكل...
👍 12😢 3 1
Photo unavailableShow in Telegram
ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရန် Non CDM ပညာရေးဝန်ထမ်းများတာဝန်ပေးခံရ 19 Sep 2024 By Zwe Ko / MPA စစ်ကောင်စီက ၂၀၂၅ ခုနှစ်၌ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမည်ဟု ပြောဆိုပြီးနောက် Non CDM ပညာရေးဝန်ထမ်းများ သန်းခေါင်စာရင်းကောက်ယူရန် တာဝန်ပေးခဲ့ရကြောင်း Non CDM ပညာရေးဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ် အောက်တိုဘာ တစ်ရက်မှ ၁၅ရက်နေ့အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပြီးနောက် NOn CDM ပညာရေးဝန်ထမ်းများ ဖိအားပေးခိုင်းခံရခြင်းဖြစ်ကြောင်း သာယာ၀တီမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/2C5UG Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
إظهار الكل...
🔥 9👍 2👏 1
MPA ညပိုင်းသတင်း(၁၉ ရက်၊ စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်) - NUG နှင့် စစ်ရေးနိုင်ငံရေး မပူးပေါင်းဟုဆိုကာ တရုတ်အလိုကျ ကြေညာချက်တစ်စောင် MNDAA ထုတ်ပြန် - စစ်တောင်းမြစ်ကမ်းဘေးရှိ PDF စိုးမိုးနယ်မြေများအတွင် ရေမကြီးမီ ကြိုတင်ပြင်ဆင်ခဲ့ခြင်းကြောင့် ထိခိုက်မှုနည်း - ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတွင် စစ်မျက်နှာအစုံမှ PLA ပါဝင်တိုက်ခိုက်နေ - မင်းပြားမြို့နယ်အတွင်းရှိ ဖုန်သာချောင်းနှင့် ရင်းချောင်းဒေသက ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/GDDa-kAJfAA
إظهار الكل...
MPA ညပိုင်းသတင်း(၁၉ ရက်၊ စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်)

- NUG နှင့် စစ်ရေးနိုင်ငံရေး မပူးပေါင်းဟုဆိုကာ တရုတ်အလိုကျ ကြေညာချက်တစ်စောင် MNDAA ထုတ်ပြန် - စစ်တောင်းမြစ်ကမ်းဘေးရှိ PDF စိုးမိုးနယ်မြေများအတွင် ရေမကြီးမီ ကြိုတင်ပြင်ဆင်ခဲ့ခြင်းကြောင့် ထိခိုက်မှုနည်း - ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတွင် စစ်မျက်နှာအစုံမှ PLA ပါဝင်တိုက်ခိုက်နေ - မင်းပြားမြို့နယ်အတွင်းရှိ ဖုန်သာချောင်းနှင့် ရင်းချောင်းဒေသက ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ

👍 10🔥 1
မိုးဗြဲ၊ စစ်ဘေးရှောင်ရွာ ရေဘေးသင့်နေသည်မှာ တစ်လကျော်ကြာပြီဖြစ်၍ အခက်အခဲများစွာ ကြုံနေရ 19 Sep 2024 By Bala / MPA ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့နယ်၊ဝါရီစူးပလိုင်ရွာမှ စစ်ဘေးရှောင်များ ရေဘေးသင့်ခြင်းဒဏ် ခံနေရသည်မှာ တစ်လကျော်ကြာပြီဖြစ်သဖြင့် အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။ ဩဂုတ်၁၆ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးဗြဲဆည် ရေလျှံကျမှုတို့ကြောင့် စစ်ဘေးရှောင်များ နေထိုင်ရာ ဝါရီစူးပလိုင်ရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း ဝါရီစူးပလိုင်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ "ဝါရီစူးပလိုင်ရွာမှာ ရေက နေအိမ်အကုန်လုံးနီးပါးကို မြုပ်နေပြီ။အများအားဖြင့် နေကြတာကတော့ စစ်ရှောင်တွေပေါ့။ရွာမှာဆို စစ်ရှောင်စုစုပေါင်း ၉၀၀ကျော်တယ်။အိမ်တွေအကုန်မြုပ်တာပေါ့။ ရေဘေးကြောင့် သေတာဆိုလို့ သုံးလသားအရွယ်ကလေးတစ်ဦးပဲရှိ တယ်" ဟု ၎င်းက MPAသို့ ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://mpapress.com/pressphoto/53172/ Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
إظهار الكل...
😢 14👍 1🔥 1
နေပြည်တော်ရှိ ရေဘေးသင့်ပြည်သူများအတွက် တဲအိမ်ငယ် ရာနှင့်ချီလှူဒါန်းသွားမည်ဟုဆို 19 Sep 2024 By Sayar Ngaat/MPA ရေကြီးရေလျှံမှုကြောင့် နေပြည်တော်ရှိ ရေဘေးသင့်ပြည်သူများအတွက် တဲအိမ်ငယ် ရာနှင့်ချီ လှူဒါန်းသွားမည်ဟု တဲအိမ်ငယ်များဆောက်လုပ်နေသည့် ကိုဝေယံထွန်းကပြောသည်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုများဖြစ် နေပြည်တော် ပျဉ်းမနားမြို့နှင့် လယ်ဝေးမြို့နယ်များ၌ ပြည်သူအများအပြား ရေဘေးသင့်ခဲ့ခြင်းလည်းဖြစ်သည်။ " ကျတော့်ရဲ့စိတ်ကူးကို ကြိုက်တယ်။ အဆင်ပြေတယ်ဆိုတော့ ကျတော်နဲ့အတူ လိုက်လှူဖို့အဖွဲ့အစည်းတွေကနေ ဆက်သွယ်လာတယ်။ ရာနဲ့ချီ ရှိသွားပါပြီ၊ ကိုယ့်အင်အားနဲ့ ကိုယ်ဆို အများကြီးလည်း မလှူနိုင်တဲ့အတွက် ပေါင်းပြီး လှူဖို့ ရှိပါတယ်။ ဖြစ်နိုင်ရင် ရွာလုံးကျွတ်တွေအထိ လှူဖို့ ရှိပါတယ် " ဟု ကိုဝေယံထွန်း ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/F9km8 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
إظهار الكل...
👍 22🔥 1
ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များ စစ်မှုထမ်းရန် စစ်ကောင်စီ ခေါ်ယူနေ 19 Sep 2024 By Poe Sangle / MPA ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆိဆိုင်မြို့နယ်၊ မြကန်သာရပ်ကွက်၌ နေထိုင်သည့် စစ်ဘေးရှောင်များကို စစ်ကောင်စီအတွက် စစ်မှုထမ်းရန် မဲနှိုက်ခိုင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာ နှစ်ရက်မှစတင်ကာ ဆီဆိုင်မြို့အတွင်းရှိပြည်သူများကို စစ်မှုထမ်းရန် မဲနှိုက်မှုများ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ဟဲဟိုရပ်ကွက်မှ ဒေသခံ ၁၀ဦးထက်မနည်း စစ်မှုထမ်းဆောင်နေရပြီဖြစ်ကြောင်း မြကန်သာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။ ဆီဆိုင်မြို့ တိုက်ပွဲကာလအတွင်း မြန်ကန်သာရပ်ကွက်သည် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေရာတစ်ခုဖြစ်သည့်အဖြစ် စစ်တပ် ခြေမြန်တပ်ရင်း ခမရ-၄၂၄ နှင့် ကပ်လျက်တည်ရှိသည့်နေရာတစ်ခုလည်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/0JPw6 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
إظهار الكل...
😢 14🔥 3 1
မင်းပြားမြို့နယ်၊ ဖုန်သာချောင်းနှင့် ရင်းချောင်းဒေသရှိ ရေဘေးသင့်ပြည်သူများ အကူအညီများလိုအပ်နေ 19 Sep 2024 By Jar Seng / MPA ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုန်သာချောင်းဒေသ နှင့် ရင်းချောင်းဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ရင်းချောင်း လူငယ်များအသင်းထံမှ သိရသည်။ ၂၀၂၄ခုနှစ၊ စက်တင်ဘာ ၁၀ရက်မှ ၁၅ရက်နေ့အထိ မင်းပြားမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများ၊ ချောင်းရေများ မြင့်တက်လာပြီးနောက် ဖုန်သာချောင်းဒေသနှင့် ရင်းချောင်းဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/OgJaT Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
إظهار الكل...
😢 15👍 4🔥 1
၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် စစ်မျက်နှာအစုံမှ PLA ပါဝင်တိုက်ခိုက်နေ 19 Sep 2024 By Nway / MPA ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် စစ်မျက်နှာအစုံမှ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။ ဇွန် ၂၅ ရက်မှစ၍ တစ်ကျော့ပြန်စတင်လာသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို အားဖြည့်သည့်အနေဖြင့် PLA သည် ရှမ်းမြောက်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းတို့တွင် တိုက်ပွဲများဖော်ဆောင်နေခြင်းဖြစ်သည်။ ' Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/bmp9AuCsLFY
إظهار الكل...
၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် စစ်မျက်နှာအစုံမှ PLA ပါဝင်တိုက်ခိုက်နေ

19 Sep 2024 By Nway / MPA ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် စစ်မျက်နှာအစုံမှ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။ ဇွန် ၂၅ ရက်မှစ၍ တစ်ကျော့ပြန်စတင်လာသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို အားဖြည့်သည့်အနေဖြင့် PLA သည် ရှမ်းမြောက်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းတို့တွင် တိုက်ပွဲများဖော်ဆောင်နေခြင်းဖြစ်သည်။ '

👍 21🔥 1
စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ရေဘေးသင့်ကျေးရွာများတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ 19 Sep 2024 By Zwe Ko MPA တော်လှန်ရေးအင်အားစုများစုမိုးထားသော စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံတွေကို တော်လှန်ရေးအင်အားစုများက ကယ်ဆယ်ထားပြီး လက်ရှိတွင် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁၃ ရက်မှစ၍ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး လာရောက်ကယ်ဆယ်သည့် ပရဟိတအသင်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ပင်ထားခြင်းကြောင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေခြင်းဖြစ်သည်။ Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/BhbBOCtkBS0
إظهار الكل...
စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ရေဘေးသင့်ကျေးရွာများတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

19 Sep 2024 By Zwe Ko MPA တော်လှန်ရေးအင်အားစုများစုမိုးထားသော စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံတွေကို တော်လှန်ရေးအင်အားစုများက ကယ်ဆယ်ထားပြီး လက်ရှိတွင် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁၃ ရက်မှစ၍ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး လာရောက်ကယ်ဆယ်သည့် ပရဟိတအသင်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ပင်ထားခြင်းကြောင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေခြင်းဖြစ်သည်။

😢 14🔥 1🕊 1
တောင်ငူမြို့ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ ရေဘေးသင့်ပြည်သူ တစ်သောင်းကျော်ရှိ 19 Sep 2024 Than Lyan / MPA (Photo Essay) ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ ရေဘေးသင့်ပြည်သူ တစ်သောင်းကျော် ယာယီရွှေ့ပြောင်းနေထိုင်နေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ "ရေကတော့ မြို့ပေါ်ရပ်ကွက်တွေမှာကျနေပြီ ရွာတွေထဲမှာတော့ အခုထိရေမြုပ်နေတုန်းပဲ၊ ရေပြန်ကျသွားရင်တောင် ပြန်ထူထောင်ဖို့ ခက်အုန်းမယ်ဗျာ၊ ပဲခင်းတွေလဲ ရေမြုပ်လို့ ပျက်စီးသွားပြီ ဘာကိုအစက ပြန်လုပ်ရမှန်းကို မသိတော့ပါဘူး" ဟု တောင်ငူမြို့ခံ တစ်ဦးက ပြောသည်။ ထို့ပြင် တောင်ငူမြို့အတွင်း ရေကြီးနစ်မြုပ်နေသည့် ရွာများသို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရန် သွားရောက်ရာ၌ ရေစီးအသန်လွန်နေခြင်းကြောင့် ခက်ခဲမှုများလည်းရှိနေကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ဆိုသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/PReF3 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
إظهار الكل...
😢 15👍 6🔥 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.