cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

مشاركات الإعلانات
26 623
المشتركون
+2524 ساعات
-657 أيام
+39030 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

👉ထရန်စဖော်မာများရေမြုပ် 👉ယာယီကယ်ဆယ်ရေးစခန်း (၂)ခုတွင် လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် တာဝန်ရှိသူများမှ ကြီးကြပ်ရန် ကျန်းမာရေးဦးစီးဌာန နှိုးဆော် 👉ဗီယက်နမ် ကုန်တွင်းပိုင်းသို့ ယနေ့ ညနေမုန်တိုင်းဝင်မည် 👉အရှိန်မထိန်းနိုင်သည့်ကုန်တင်ကားက သုံးဘီးဆိုင်ကယ်နောက်ပိုင်းကိုဝင်တိုက် ၃ ဦးဒဏ်ရာရ 👉နျူလက်နက်စမ်းသပ်မှုကို 'အချိန်မရွေး ပြန်လည်စတင်ရန် အသင့်ဖြစ်နေပြီ'ဟု ရုရှားဆို 👉အန်ဒမန်ကျွန်းအနီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ 👉ကော့လုံကျွန်း ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၁,၃၀၀) အတွက် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ 👉ယာဂီမုန်တိုင်းဒဏ်သင့်နိုင်ငံများ စင်္ကာပူထောက်ပံ့ကူညီမည် 👉ပီနန်၌ သစ်ပင်ကျိုး၍ တရုတ်ခရီးသွားနှစ်ဦး‌ေ-သဆုံး 👉စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက်နိုင်သဖြင့် မြစ်ကမ်းနဘေး နေထိုင်ကြသူများ ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် သတိပေး‌ 👉မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တောင်ငူနှင့် တပ်ကုန်း ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၃,၀၀၀)အတွက် စားနပ်ရိက္ခာများ စတင်ထောက်ပံ့လှူဒါန်းမည် 👉အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)” ယခုလ ၂၀ ရက်တွင် မြန်မာကို ဖြတ်ကျော်မည်ဟု မိုး/ဇလ ထုတ်ပြန် 👉မလေးရှားဘုရင် တရုတ်နိုင်ငံသို့နိုင်ငံတော်ခရီးစဉ်သွားရောက်မည် 👉မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခ တိုးမြှင့်ကောက်ခံမည်ဟု မြန်မာသံရုံး၊ နယူးဒေလီက ထုတ်ပြန်ထား 👉ဗီတိုအာဏာကျင့်သုံးခွင့်ကို ဖျက်သိမ်းရန် ဖင်လန် သမ္မတ တောင်းဆို 👉ရေဘေးသင့်သူများ နေ့လည်စာထမင်းဘူး (၃၀၀)လှူဒါန်းခဲ့သည့် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း) 👉ရေဘေးပြန်လည်ထူထောင်ရေးကူညီရန် ရုပ်ရှင်၊ ဂီတ နယ်ပယ်မှ အနုပညာရှင်များပါဝင်မည့် ဖူဆယ်ဘောလုံးပွဲ ယခုလ(၂၄)ရက်တွင် စတင်ကျင်းပမည် 👉မဲနယ်တောင်ဒေသတွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် တံတားများကို ယာယီတံတားသစ် အစားထိုးနေ 👉မဲခေါင်မြစ်ကြောင်း လုံခြုံရေး ပူးပေါင်းကူညီပေး-- လာအို 👉လွန်ခဲ့သော(၂၄)နာရီအတွင်း အနောက် တောင် မုတ်သုံလေမှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားပြီဟု မိုး/ဇလ ထုတ်ပြန် 👉ဘော်လ်တီမိုးတံတားတိုက်မှု လျော်ကြေးဒေါ်လာသန်း ၁၀၀ တောင်း 👉အနောက်နိုင်ငံများမှ တင်သွင်းသည့် စားသောက်ကုန်များ ပိတ်ဆို့အရေးယူမှုကို ပူတင် နှစ်နှစ်သက်တမ်းတိုး 👉ရေဘေးသင့်ပြည်သူများထံ လှူဒါန်းသည့်အစားအသောက်များ ဘေးကင်းစေရေး မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှု အဖွဲ့များမှ တစ်ဆင့် ပေးပို့လှူဒါန်းရန် အလှူရှင်များထံ တိုက်တွန်း 👉နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ် အချို့တွင် ရေကြီးရေလျှံမှုကြောင့် အသက်ဆုံးရှုံးရသူ (၂၆၈) ဦး အထိရှိလာ 👉မုန်တိုင်း"ဆိုးလစ်ခ်"အရှိန်ကြောင့် မနက်ဖြန်မှစ၍ စက်တင်ဘာ ၂၅ ရက်အတွင်းတိုင်းနှင့်ပြည်နယ် (၁၃)ခု၌ မိုးသည်းထန်စွာရွာမည် 👉မုန်တိုင်းထပ်မံဝင်ရောက်လာမည်ဖြစ်၍ အမြန်ရွှေ့ပြောင်းကြရန်သတိပေး 👉အသေးစား၊ အလတ်စား ဆန်ဆိုင်များ ဆန်သိုလှောင်ရုံ မှတ်ပုံတင်စနစ်တွင် ထည့်သွင်းနိုင်ရေး စီစဉ်နေ 👉လွိုင်ကော်တွင် ရေကြီးမှု ထပ်မံဖြစ်ပါက လူနှင့် တိရိစ္ဆာန်များ ‌ေ-သဆုံး၊ ပျောက်ဆုံးမှု မရှိစေရေး ကယ်ဆယ်ရေး လုပ်ငန်းများဆွေးနွေး 👉ပြည်ပပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း စခန်းဝင်လေ့ကျင့်မှုစတင် 👉မြောက်ဒဂုံတွင် လူ(၅)ဦးလိုက်ပါလာသည့် ယာဉ်ပေါ်မှ ငွေကျပ်သိန်း (၂၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ 👉မကွေးတိုင်းရှိ မြို့(၃)မြို့တွင် ယနေ့ညပိုင်းက သစ်ပင်များလဲကျကာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ် 👉အာရှ အဝေးပြေးလမ်းမ ပြန်လည်ပြုပြင်နိုင်ရေး ထိုင်း တွန်းအားပေး 👉စွမ်းအင်ကုန်သွယ်ရေးကို Business အသွင် အကျိုးရှိအောင်ဆောင်ရွက်ရန် ဝန်ကြီး ပြောကြား 👉WHO ကလှူသည့် ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါကာကွယ်ဆေး ၂ သန်းကျော် (doses)ရောက်ရှိ 👉ရေဘေးကြာင့် ဆရာ၊ဆရာမ၊ဝန်ထမ်း ၉၅၀၀ ဦးကျော်ရေဘေးသင့်ခဲ့
إظهار الكل...
Repost from MRTV
အထူးမိုးလေဝသသတင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက် ================= ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံကုန်းတွင်း ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (SOULIK)” သည် အနောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ လာအိုနိုင်ငံအလယ်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်ခဲ့ကာ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ ကုန်တွင်းမုန်တိုင်းငယ်သည် အနောက် ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများတွင် လေဖိအား နည်းဆဲလ်အဖြစ်သို့ အားလျော့သွားနိုင်ကာ၊ နောက် (၂၄)နာရီအတွင်း အကြွင်းအကျန် တိမ်တိုက် များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော် နိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုးအားကောင်း လာနိုင်ပါသည်။ အဆိုပါ ဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏အရှိန်ကြောင့် ယနေ့နံနက်မှ ၂၅-၉-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ အကြုံပြုချက် --------------------- သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ မိုး/ဇလ
إظهار الكل...
Photo unavailableShow in Telegram
ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ စည်းစိမ်ဥစ္စာတိုး၍ အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေ အမိမြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းသာယာပါစေ
إظهار الكل...
Photo unavailableShow in Telegram
၁၆/၉/၂၀၂၄ရက်နေ့ တောင်သာ မြို့နယ် ခြုံကြီးရွာဖြစ်စဥ်တွင် ဒဏ်ရာရရှိလာသော နွားထိုးကြီးအကဖများ (၉၀) ယောက်ခန့် နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာ ဘောလုံးကွင်းမြောက်ဘက် ဘုန်းကြီးကျောင်း တွင်ဆေးဝါးကုသနေကြောင်းသတင်းရ ၊ မြင်းခြံခရိုင်၊pdf ရင်း (၃) တပ်ရင်းမှူး ဇော်မျိုးတင့် ၊ မြေလတ် Drone Team တာဝန်ခံ ၎င်း ခြုံကြီးတိုက်ပွဲမှ ရရှိဒါဏ်ရာဖြင့် သေဆုံးသွားကြောင်း ယနေ့ စက် ၁၉ တွင်သိရ။
إظهار الكل...
👏 141👍 78 9
မြင်းခြံ ပကခ ခေါင်းဆောင် ဇော်မျိုးတင့် အား မန်းကွန်မန်ဒို အဖွဲ့မှ အသေ ဖမ်းဆီးရမိ
إظهار الكل...
👍 185 27👏 8🔥 1
Repost from Kyaw Swar
Photo unavailableShow in Telegram
သေပေါ့ကွာ စောက် အ တွေ
إظهار الكل...
😁 133👍 82👏 15 4
Repost from Ko Thet
Photo unavailableShow in Telegram
AA လော်ဘီ ဘုန်းကြီးက မျက်စိနဲ့ နား ပါဟန်မတူဘူး -
إظهار الكل...
👍 121😁 27🤬 7 4
လက်ဘနွန် နိုင်ငံမှာ လက်ကိုင် ပေဂျာ နဲ့ စကားပြောစက်တွေ ပေါက်ကွဲလို့ လူ ၃၂ သေဆုံးပြီး ၃၀၀၀ ကျော်ဒဏ်ရာရ စက်တင်ဘာ ၁၉ - ၂၀၂၄ အစ္စရေးနိုင်ငံ မြောက်ဘက် နယ်စပ်ထိစပ် နေတဲ့ လက်ဘနွန်နိုင်ငံမှာ အင်္ဂါနေ့နဲ့ က မိုလ်ဘိုင်းဖုန်းနဲ့ ချိတ်ဆက် အသုံးပြုရတဲ့ လက်ကိုင် ပေဂျာ စက်လေးတွေ တပြိုက်နက် နီးပါး ဆိုသလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ကြောင့် လူပေါင်း ၁၂ ဦး သေဆုံး ခဲ့ပြီး ၃၀၀၀ နီးပါ ဒဏ်ရာ ရရှိသွားခဲ့ ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ဝေါကီတော်ကီ လို့ ခေါ်တဲ့ လက်ကိုင် စကားပြောစက် တွေ ပေါက်ကွဲလို့ လူ ၂၀ သေဆုံးပြီး နောက်ထပ် အနည်းဆုံး လူ ၄၅၀ ဒဏ်ရာ ရရှိသွားပါတယ်။ ဒါဟာ အစ္စရေးတို့ ထောက်လှမ်းရေး မော့ဆတ်ဒ် အဖွဲ့က လက်ဘနွန်က ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေး သမားတွေကို ပစ်မှတ်ထား လုပ်ဆောင် တာလို့ သတင်းများထွက်ပေါ် နေပေမယ့် အစ္စရေးဘက်ကတော့ မှတ်ချက် ပေးဖို့ ငြင်းဆိုထားပါတယ်။ ဟက်ဇ်ဘိုလာတို့ကတော့ အစ္စရေးတို့ အနေနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံရမယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ ဟက်ဇ်ဘိုလာ ခေါင်းဆောင် ကတော့ သူတို့ တိုက်ခိုက်ရေးသမားတွေ အနေနဲ့ စမာ့တ်ဖုန်း တွေ အသုံး မပြုကြဖို့ ပြီးခဲ့တဲ့ လ အနည်းငယ်တုန်းက ပြောကြားခဲ့ဖူးပါတယ်။ အကြောင်းကတော့ အစ္စရေးတို့ဟာ ဒီပစ္စည်းတွေထဲကို ထိုးဖေါက် ကိုင်တွယ် နိုင်တဲ့ နည်းပညာရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံရေး စစ်ရေး အကဲခတ်တွေရဲ့ အဆိုအရ ဟက်ဇ်ဘိုလာတို့ဟာ သူတို့ ဆက်သွယ်ရေးကို ကြားဖြတ်မလုပ်နိုင်ဖို့ လက်ကိုင် ပေဂျာ စက်လေးတွေ ကို အဓိက ထား အသုံးပြုနေကြတာ ဖြစ်ပြီး၊ ပေဂျာတွေကို ဟက်ဇ်ဘိုလာ တွေဆီ မဖြန့်ခင် ပြုပြင်မှုတွေ လုပ်ထားတာ ဖြစ်မယ်လို့ ထင်မြင် ယူဆနေကြ ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဟားမတ်စ် တို့ အစ္စရေးကို ရောကက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ပြီး ဝင်ရောက်စီးနင်းမှုတွေ ဖြစ်ခဲ့ပြီး နောက် ဟက်ဇ်ဘိုလာ နဲ့ အစ္စရေးတို့ အကြား နေ့စဥ်ဆို သလို တိုက်ခိုက်မှုတွေ ရှိလာနေခဲ့တာ ဖြစ်ပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး Yoav Gallant ကတော့ အစ္စရေး တို့ဟာ စစ်ပွဲ နောက်တဆင့်ကို ဝင်ရောက်လာပြီလို့ ပြောကြားခဲ့ပြီးနောက် ဂါဇာ မှာ ရှိတဲ့ အစ္စရေး တပ်မ တခုဟာ မြောက်ဘက် လက်ဘနွန် နယ်စပ်မှာ နေရာ ယူထားပြီ ဖြစ်ပါတယ်။ လက်ကိုင်ပေဂျာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရ ရရှိသူတွေ ထဲမှာ လက်ဘနွန်ဆိုင်ရာ အီရန် သံအမတ်လည်း ပါဝင်ခဲ့တာကြောင့် အီရန်ကတော့ အခြေအနေကို အသေအချာလေ့လာ စောင့်ကြည့် နေတယ်လို့ ပြောပါတယ်။ အမေရိကန်က ကတော့ ဒီဖြစ်ရပ်မှာ သူတို့ မပါဝင်ကြောင်းနဲ့ ဘယ်သူ့ လက်ချက်လည်း ဆိုတာကိုလည်း မသိကြောင်း ပြောကြားလိုက်ပြီး အစ္စရေးမှာ ဘယ်လို စစ်ရေး မြင့်တက်မှုမျိုးကိုမှာ မမြင်တွေ့လိုဘူးလို့ ပြောကြားပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကလည်း နောက်ထပ် အခြေအနေတွေ ဆိုးဝါးမလာဖို့ သက်ဆိုင်သူတွေ အနေနဲ့ အခြေအနေတွေကို အဖြစ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
إظهار الكل...
👍 118 4😱 3
👍 49🔥 5
ချောင်းဦးမြို့နယ်၊ ကံဇီးပသစကို PDF အကြမ်းဖက်စစ်သွေးကြွများက ၁၉-၉-၂၀၂၄ မနက်၄နာရီက စတင်တိုက်ခိုက်နေကြောင်း စစ်ကူပစ်ကူလိုအပ်နေကြောင်း ဒေသခံက ဆက်သွယ် သတင်းပေးပို့ထားသည်။ #MyanmarNationalPost
إظهار الكل...
👍 126😁 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.