cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Saw Ka Zaw

إظهار المزيد
مشاركات الإعلانات
24 927
المشتركون
-224 ساعات
+77 أيام
+21830 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
အနောက်တောင်မုတ်သုံလေဆုတ်ခွာသည့် အခြေအနေ ==================================== ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက် "လွန်ခဲ့သော (၂၄) နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည်မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများမှ ဆုတ်ခွာခဲ့ပြီး ဖြစ်ပါသည်။" (မိုး/ ဇလ)
إظهار الكل...
👍 67😁 2
##တောင်ခမ်း## ညနေ၁၇:၀၀အထိ စ-စ်- ဒေသတစ်ခုလုံး နှစ်ဘက်ငြိမ်။ သို့သော် မိ/မိ-ဘက်မှ လ:န:က:များဖြင့် ရ/:သနေရာများအား ဦ-:နှိ-မ် Pစ်ခ- တ်- မှု/ရှိ။ ကိုခိုင်ဇော် ၁၈:၄၉ချိန် စက်တင်ဘာ(၁၉) ၂၀၂၄ 🌿🌿🌿
إظهار الكل...
👍 58 9👏 6😁 1
##တောင်ခမ်း## ၉၀၂ မနေ့ညက အောင်စိန်ရဲ့-:အ:-ဖွဲ့တွေ တာ-:ဝ-န်/ယူ-ထားတဲ့ကုန်း-ကို လထွက်လာတာနဲ့ ထုံးစံအတိုင်း ရ-:သ/-မှ-:လာ-:လုံ-/: သို့သော် ၅၀၆ ရာ-:မ:- အောင်စိန်နဲ့တ/ပည့်များ ဟန်-ချက်-:ညီ/-ညီဖြင့် ဗျ-င်-:ထု-တ်:နိုင်ခဲ့ အောင်စိန် လ-က်-စွမ်း- အတော်-ပြင်-:၏။ ၂၀၆ လက်ရှိငြိမ် ၄၀၆ မထူး ၃၅၄ လက်ရှိငြိမ် ကိုခိုင်ဇော် ၀၉:၀၀ချိန် စက်တင်ဘာလ-၁၉ ၂၀၂၄ 🌿🌿🌿
إظهار الكل...
👍 34🥰 30 6😁 1
တောင်ခမ်းတိုက်ပွဲငြိမ်နေရခြင်းမှာသကသမှတောင်ခမ်းကိုမရ ရအောင်တိုက်ခိုက်သိမ်းပိုက်နိုင်ရန်အတွက် အမတ ၉၀၂ /၄၀၆/ ၂၀၆/ ၃၅၄ အလယ်ဗဟို နေရာ တောင်ရှည်ရွာတွင် စက်  ၁၈ ရက်နေ့တွင်လက်နက်ကြီး တပ်ဆင်ထားပြီးဖြစ်၊တိုက်ခိုက်ရေးအင်အား၁၀၀၀၀ဖြင့်တိုက်မည်ဖြစ်ပြီးအင်အားစုဖွဲ့ပြင်ဆင်နေကြောင်းနှင့် နောင်ကောရွာ တောင်ခြမ်း  သရက်ကုန်းရွာတွင် ရိက္ခာအတွက်ပြင်ဆင်နေကြောင်း ဇော်ဘုန်းဟိန်းအမာခံသတင်းပေးမှတဆင့်သိရှိရပါတယ်            လွန်ခဲ့တဲ့  ၁၇ ရက်နေ့ထဲက သိန္နီဘက်ကနေ  လားရိှုးဘက်ကို MNDAA အင်အား  တစ်သောင်းခန့်ဟာ  ကားများနဲ့ တက်သွားတဲ့ စစ်သတင်းကလည်း   အစအန ပျောက်နေခဲ့ပါတယ်             သံသယ  စိတ်တွေ  ကြီးစိုးပြီး  အစရှာမရ  ဖြစ်နေတာတော့အမှန်ပါဘဲ          ရန်သူမှာလည်း စစ်နည်း ဗျူဟာ  စစ်မဟာဗျူဟာ ရှိနေမှာပါ       ခု   ဖြစ်နေတဲ့  1027 OPERATIONS  ဆိုတာက   မရိုးရှင်းဘူးဗျ             မြန်မာ တရုတ်နယ်စပ်မြို့လေးဖြစ်တဲ့  ဝမ်တိန် မှာတော့ ရန်သူရဲ့  စစ်နဟ်းဗျူဟာ  အပြောင်းအလဲကို   ကောင်းစွာလုပ် ဆောင်နိုင်ဖို့အတွက်     စတယ်လိုက်ဂြိုဟ်တု စလောင်းတပ်ဆင်ပြီး   မိမိ တပ်မတော်ရဲ့  တပ်တည် တပ်လှုပ်  အင်အား အချက်အလက်တွေကို    မျောက် ၃ ကောင်က  ရရှိ နေဟန်ပါဘဲ              တောင်ခမ်း စစ်ဒေသဟာ  ရန်သူအတွက်ရော  မိမိအတွက်ပါ အင်မတန်  အရေးပါသော  စစ်ဒေသဖြစ်ကြောင်း    မျောက် ၃ ကောင်ရဲ့  စစ်သည်  သုံးသောင်း လောက် အသက်ပေးထားပြီး  သက်သေပြသွားပါပြီ              ရန်သူ့   စစ်ကြောင်းများ သတင်းပျောက်နေတာကို  ကျနော်ကတော့   သိပ်ဘဝင်မကျဘူးဗျာ မုန်တိုင်းဆိုတာ  မဖြစ်ပေါ်ခင်   လေဖိအားငယ် ရပ်ဝန်းလေးကစတင် တတ်တယ်မဟုတ်လား             မိမိ တပ်မတော်မှ   အရံ စစ်ကြောင်းများ  ထပ်မံထိုးထည့်ဖို့ တော့  ပြင်ဆင်ထားပါပြီ     စစ်အဂင်္ါ စဥ္များကို    ဖေါ်ပြခွင့်မရှိပါ             ဟိုး တစ်ချိန်တုန်းက   ကွမ်လုံ    ဟိုက်ကမ်းဘား စခန်းလိုဘဲ လက်ရှိ       တောင်ခမ်း ဒေသတိုက်ပွဲများဟာလည်း    စစ်ပွဲဟာ အချိန်တိုအတွင်း  မပြီးဆုံးနိုင်တဲ့အပြင်       တစ်ဖက်ဖက်က   စုတ်ပြတ်သတ်ပြီး   စစ်ရှုံးသွားမှ  တိုက်ပွဲကာလ  ပြီးဆုံးတော့မှာပါ             ဦး  ရင်စား .  အ  ရင်ခံ ~~~~          ဒါဘဲပေါ့ဗျာ ခြေလျင်စစ်သည်    ဗိုလ်စော ၂၀၂၄    စက်      ၁၉    ၂၀၁၅ SOURCE  &  CREDIT #  MAJOR သော် /    ဗိုလ်စံ /  ကိုခိုင်ဇော်
إظهار الكل...
👍 188 11🙏 4😁 1
00:31
Video unavailableShow in Telegram
လက်ဘနွန်တွင် စာတိုပို့စက် Pager ပေါက်ကွဲမှုကြောင့် သေဆုံးသူများ၏ စျာပနအခမ်းအနားများတွင် အိုင်ကွန် icom ဝေါ်ကီတော်ကီ ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့။ * ထိုင်ဝမ်ထုတ်နှင့် ဂျပန်ထုတ်စက်များဖြစ်ဟုဆို။
إظهار الكل...
2.67 MB
👍 47😱 18👏 1😁 1
👍 16 3👏 1😁 1
. ☯️ ( နောက်ထပ် ဘာတွေပေါက်ကွဲဦးမလဲ ) လက်ဘနွန်မှာ Pager တွေတပြိင်နက်ထဲပေါက်ကွဲပြီး လူပေါင်း (၃၀၀၀) ကျော်ဒါဏ်ရာရ၊ သေဆုံးသူ ဒ်ဇင်လောက်ရှိသွားခဲ့တဲ့ ဂယက်က အတော်ကြီးသွားတယ်၊ Pager ကနေသတိပေးစာပေါ်လာပြီး ထုတ်ကြည့်လိုက်ချိန်မှာ ပေါက်ကွဲကြတာဖြစ်ပါတယ်၊ လောလောဆယ် ယူဆထားတာကတော့ Pager တွေကို ဂျပန်ကနေလက်ဘနွန်ကိုတိုက်ရိုက်တင်ပို့ပြီး၊ ထိုင်ဝမ်လုပ် Pager တွေကိုတော့ ဟန်ဂေရီကတဆင့် လက်ဘနွန်ဆီတင်သွင်းလာကြတယ်လို့ဆိုတယ်၊ Pager တွေကိုဟဇ်ဘိုလာတွေအသုံးများတဲ့အတွက် ဟဇ်ဘိုလာတွေအင်အားပြုန်းတီးအောင် အစ္စရေးရဲ့ နာမယ်ကြီးမော့ဆက်က ဉာဏ်ကစားလိုက်တာပဲဖြစ်ပါတယ်၊ ဆရာဝန်ရဲ့မှတ်ချက်အရ မျက်လုံး၊ မျက်နှာ၊ လက်တွေ ဆိုးဆိုးဝါးဝါး ပျက်စီးထိခိုက်သွားကြတယ်လို့ မှတ်ချက်ပေးတဲ့အတွက် မော့ဆက်ရဲ့ ရည်ရွယ်ချက် ကောင်းစွာအောင်မြင်သွားတယ်လို့ ပြောရပါလိမ့်မယ်၊ ဒီဖြစ်ရပ်မျိုးဟာ Horror ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့တဲ့အတွက် နောက်ထပ် ဝေါ်ကီတော်ကီ၊ လက်ကိုင်ဖုန်း စတဲ့ အသုံးအဆောင်တွေမှာ ထဲ့သွင်း တိုက်ခိုက်လာမှာကို စိုးရိမ်လာကြပါတယ်၊ အစ္စရေးထောက်လှမ်းရေး Mossad အနေနဲ့ ဘယ်ဘယ်နေရာ၊ ဘယ်အချိန်မှာ ဖေါက်ခွဲမဲ့ ဘက်ထရီကို လှို့ဝှက်တပ်ပေးလိုက်သလဲဆိုတာ နောက်ပိုင်းသိလာရလိမ့်မယ်လို့ ယူဆရပါတယ်၊ ထိုင်ဝမ်ကုပ္ပဏီကတော့ သူတို့ထုတ်တဲ့ ပေဂျာကို အခုလို လွဲမှားအသုံးပြုခံလိုက်ရတဲ့အတွက် အစ္စရေးဆီက $ 1 billion တောင်းဆိုခဲ့တာတွေ့ရတယ်၊ BaMg ☯️ .
إظهار الكل...
👍 68 2👏 2😁 1
Photo unavailableShow in Telegram
. ☯️ လက်ဘနွန်မှာ Pager တွေပေါက်ကွဲလို့ လူပေါင်း (၃၀၀၀) ကျော်ဒါဏ်ရာ ရပြီးမှာ ဝေါ်ကီတော်ကီတွေ ထပေါက်ကွဲပြန်လို့ လူ (၁၀၀) လောက်ထပ်ထိပြန်ပြီ၊ မော့ဆက်တို့ လက်ဆိပ်အတော်ထက်ထက်ပဲ ဟဇ် တွေလျှပ်စစ်ပစ္စည်းကိုင်ရဲကြပါတော့မလား ❗ဆိုက်ကို ဝင်သွားကြလောက်ပြီ၊ ကုန်ကျငွေနည်းနည်းနဲ့ ဟဇ် (၃၀၀၀) လောက်ကို မစွမ်းမသန်အဖြစ်ရောက်သွားစေတဲ့ တကယ့်ဗျူဟာမြောက်တဲ့ ဗျူဟာပါပဲ၊ BaMg ☯️ .
إظهار الكل...
👍 71 9👏 1😁 1
အနိမ့်ဆုံး လားရှိုးလောက်တော့ တပ်မတော်ဘက်က ပြန်ယူရမှာပဲ။ နည်းနည်း ထပ်ပြီး ညစ်ပတ်ချင်ရင်တော့ ရှမ်းမြောက်က ကုန်သွယ်ရေးလမ်းကို အရေးမပါတဲ့ ပုံစံပြောင်းလိုက် ပေါ့။ လက်ရှိ ချင်းရွှေဟော်နဲ့ မူဆယ် အရေးပါနေတယ်ဆိုတာက တရုတ်-မြန်မာ နှစ်နိုင်ငံ စလုံးအတွက် ဒီ (၂)နေရာက အများဆုံးကုန်သွယ်ရေးလုပ်နေလို့ သိန္နီတို့၊ ကွတ်ခိုင်တို့က အရေးပါနေတာမဟုတ်ဘူးလား။ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီးလမ်းကို တချက်စဉ်း စားကြည့်ပေါ့။ ---- နောက်တချက်က ခုလိုပဲ တရုတ်ကို နယ်စပ်ဂိတ်တွေ တရားဝင် ပိတ်ခိုင်းထားလိုက်ရင် ကိုးကန့်ဖြစ်ဖြစ်၊ KIA ဖြစ်ဖြစ်၊ TNLA ဖြစ်ဖြစ် အကုန်ခွေးဖြစ်မယ့် အပေါက်ပဲ။ နယ်စပ်လမ်းကြောင်းကို ရှမ်းအရှေ့ ရွေးမယ်ဆိုရင်လည်း ပြတ်ပြတ်သားသား ရွေးပေါ့။ (ကိုယ်ခံအားကောင်းဖို့တော့ လိုမယ်ထင်တာပဲ) အကြပ်ကိုင်တာမျိုးမဟုတ်ဘဲ ရှမ်းမြောက်ကို နှစ်အပိုင်းအခြားလောက် လစ်လျူရှုကြည့် လိုက်ပေါ့။ လားရှိုးအထိ MNDAA သိမ်းတယ်ဆိုတာကလည်း နောက်ကွယ်က Guide Line တွေ ပါနိုင်ပါသေးတယ်။ ကြံပဲ စိုက်လို့ရတဲ့ လောက်ကိုင်ဒေသမှာ ကာစီနိုတွေ၊ လောင်း ကစားတွေ ၊ တရားမဝင် လုပ်ငန်းတွေမှ မရှိရင် စည်ကားနေစရာ အကြောင်းမှ မရှိဘဲ။ တရုတ်ဘက်ကလည်း ဝင်ထွက်ခွင့်ပိတ်မယ်၊ နယ်စပ်ကုန်သွယ်ရေးလည်း မရှိဘူးဆိုရင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ဆိုတာ -င်ကုန်း အော်နေလို့ပဲ ရမယ်။ ------ လက်ရှိ မြင်တွေ့သမျှတော့ ….ကိုးကန့်ရော၊ ပလောင်ရော၊ ကချင် KIA ရော လူပါးဝ လွန်းနေတာပါပဲ။  ပြည်နယ်အဆင့်တိုးတောင်းခွင့်ဆိုတာက… ဒေသခံတွေကိုယ်တိုင် လိုလို လားလား ရှိရင်တမျိုးပေါ့။ ယဉ်ကျေးမှုနဲ့သမိုင်းကြောင်းအရ… ဘာမှမဟုတ်တဲ့ ပလောင်က နောင်ချိုနဲ့ကျောက်မဲမှာ အိမ်ထောင်စုဇယားတွေကို တအာင်းစာနဲ့ပြောင်းဖို့ လုပ်နေတယ် ဆိုတာကျတော့ တော်တော်-င်ယားလွန်းနေတဲ့ လုပ်ရပ်လို့ ပြောလို့ရတယ်။ နောက်ပြီး ပလောင်လူဦးရေ နေထိုင်တဲ့သူများလာလို့ ဆိုရင်တောင် ယုတ္တိရှိသေးတယ်။ ခုဟာက လက်ဖက်ပဲ ထွက်လို့ မိုးကုတ်ကို မျက်စောင်းထိုး တာမျိုး၊ KIA အများစုက လိုင်ဇာမှာ အခြေတည်ပြီး မြစ်ကြီးနားကျော်တဲ့ ဖားကန့်မှာ စီးပွားရေးအရ KIA က အခြေချ နေတာမျိုးက အကျိုးစီးပွားကြောင့်ဆိုတာ အရှင်းကြီး တွေ့နိုင်တာပဲ။ ----- တခါတလေ ပြည်သူတွေ မပြောနဲ့ ကိုယ်တွေတောင်နားမလည်တဲ့ကိစ္စတွေ ရှိတယ်။ ဥပမာ မိုင်းဂျားယန် ဆိုပါစို့။ KIA ဦးစီးတဲ့ တက္ကသိုလ်အဆင့်တွေ မိုင်းဂျာယန်းမှာ ပေါ်ပေါ်ထင်ထင် ရှိနေတာပဲ။ ဗမာတွေသာ စစ်ကြောင့် စစ်ရှောင်ဘဝတွေ ဖြစ်နေကြရတာ။ KIA ဦးစီးတဲ့နေ ရာမှာ ဘယ်ကချင်ကလေးတွေမှ စစ်ရှောင်နေကြရတာမရှိဘူး။ လက်ရှိ စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ ကောလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ထီးချိုင့်တွေမှာ KIA ဦးစီးပြီး တိုက်ခံနေရတာ သိသိနဲ့ ရန်သူ့ဌာနချုပ်တွေက အခန့်သား ရှိနေတဲ့ အနေအထားမျိုးကို တခါတလေ နားလည်မပေးနိုင်ဘူး။ အဲ့လောက်လည်း ကိုယ်တွေမှာ သည်းခံစိတ်မရှိဘူး။ ရင်ကြားစေ့ရေး ဆိုတာ တစ်ဖက်တည်းကပဲ ရင်ကြားစေ့ချင်နေလို့မရဘူး။ (နရီမိုး)
إظهار الكل...
👍 118 10🤣 6
“MNDAA ရဲ့ ထုတ်ပြန်ချက် အတိမ်အနက်” =============== မြန်မာ့နိုင်ငံရေးမှာ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် တရုတ်ရဲ့ စွက်ဖက်မှုက အတိုင်းအတာ တစ်ခုအထိ ရှိနေမှာပဲ။ ဒါကို တရုတ်ဝင်မပါရဘူး။ မပါသင့်ဘူးလို့ သွားပြောလို့ကို မရတာ။ အကျိုးစီးပွားနဲ့ ပတ်သက်လာရင်ပြောတာပါ။ အချုပ်အခြာနဲ့ ကိုယ်ရဲ့ဖြစ်တည်မှုအပေါ်မှာ တော့ တရုတ်ဘက်က ဘာမှ ဝင်စွက်ဖက်လို့တော့ မရဘူးပေါ့။ အဓိက အိမ်နီးနားချင်း ဆိုတဲ့ အနေအထားကို ကိုယ်တွေရွေးချယ်ခွင့်မှ မရှိဘဲ။ ပိုဆိုးတာက တရုတ်ရဲ့ အင်အားကြီးမှုကို ကိုယ်တွေနိုင်ငံ သောက်ဆင့်နဲ့ ဘာသွားယှဉ်နိုင်မလဲ။ ဒါက ပကတိ အရှိတရားပဲ။ ---- မနေ့က ထုတ်ပြန်တဲ့ MNDAA ရဲ့ ရပ်တည်ချက်ဟာ တရုတ်မူဝါဒက အစိတ်အပိုင်းပဲ။ အထူးသဖြင့် တရုတ်နဲ့ နစကကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ မပူးပေါင်းဘူးဆိုတဲ့ စာသားက တရုတ်လိုလားချက်ပဲ။ ဒါကို လန်ချန်းဆွေးနွေးပွဲမှာကတည်းက ကမ္ဘာ့နိုင်ငံတွေ အားလုံးအပေါ်မှာ တရုတ်ဘက်က ပြင်းထန်တဲ့ ရာဇသံပေးပြီးသားပဲ။ မြန်မာ့အရေးမှာ ဘယ်နိုင်ငံကြီးတွေကမှ ဝင်ပါတာကို တရုတ်အလိုမရှိဘူး။ ဒါ့ကြောင့်လည်း MNDAA ရဲ့ ထုတ်ပြန်ချက်ဟာ တရုတ်စိုးရိမ်နေတဲ့ နောက်ကွယ်က လက်မဲကို တခါတည်းရှင်းထားတာ ဖြစ်တယ်လို့ ယူဆမယ်ဆို ယူဆနိုင်တယ်။ ----- ဒဲ့ပြောရရင် NUG က အမေရိက ပေးစားကမ်းစာနဲ့ တော်လှန်ရေးလုပ်လို့ အနောက် ယိမ်းတယ်။ MNDAA က သူတို့နဲ့ ပတ်သက်ခြင်းမရှိဘဲ တရုတ်ကြားဝင် စေ့စပ်မှုကို မျှော်လင့် တယ်။ ဒီအနေအထားပဲ။ တနည်းအားဖြင့် NUG ကို မင်းတို့လုပ်နေတာက အစိုးရ ပြန်ဖြစ်ရေး၊ EAOအတွက်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဆိုတဲ့ မျှော်မှန်းချက်နဲ့ ပြဿားတလမ်း၊ သံတလမ်း ခြားထားလိုက်သလို တွေ့ရတာပဲ။ ----- အပေါ်က ဆိုခဲ့တဲ့အတိုင်း မြန်မာ့အရေးမှာ တရုတ်ဝင်ပါရတယ်ဆိုတာ သူတို့ အကျိုးစီးပွားကလည်း ရာခိုင်နှုန်းအတိုင်းအတာ တစ်ခုအထိ ရှိနေတယ်။ ပြည်တွင်းမှာရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေခဏထားလိုက်ဦး။ ဥပမာ  တရုတ်နိုင်ငံ Baihai မြို့ကနေ ပါကစ္စတန်ရဲ့ Carachi ဆိပ်ကမ်းကိုရောက်ဖို့ ကီလိုမီတာပေါင်း ၈၉၆၈ လောက်အထိ တရုတ်ခြေဆန့် ရပေမယ့် ယူနန်နဲ့မြန်မာကိုဖြတ်ပြီး သွားရင်တော့ ခရီးသိပ်တိုနေတာတွေ့ရမယ်။ ဒါ့ကြောင့် ကျောက်ဖြူရေနက်စီမံကိန်းဟာ မြန်မာမှာ ဘယ်အစိုးရတက်တက် တရုတ်မဖြစ်မနေ ဆက်လုပ်သွားမဲ့ စီမံကိန်းပဲ။ ----- MNDAA ရဲ့ကြေညာချက်နဲ့ဆက်စပ်ပြီး ကိုယ်တွေတပ်မတော်နဲ့အစိုးရဘက်ကလည်း ပြည်သူတွေကို တိကျတဲ့ မူဝါဒမျိုး ချပြသင့်တယ်။ တုံ့ပြန်သင့်တယ်ပေါ့။ အထူးသဖြင့် MNDAA စခဲ့တဲ့ဇာတ်လမ်းကြောင့် ရှမ်းမြောက်ရဲ့မြို့တော်ဖြစ်တဲ့ လားရှိုးမြို့က အကြမ်းဖက် တွေကြောင့် လားရှိုးနေပြည်သူပေါင်း သောင်းချီကလည်း စစ်ရှောင်အနေ အထားပုံစံမျိုးနဲ့ ခုချိန်ထိ ဖြစ်သလို တခြားဒေသတွေမှာရပ်တည်နေကြရလို့ပဲ။ ပြီးတော့ စစ်ရေးဘက်က ကြည့်ရင်MNDAA ရဲ့ တပ်မဟာ (၆၁၁)ဆိုတာ အလကားပေါ်ပေါက်ထားတာ မဟုတ်ဘူး ဆိုတဲ့ အကြောင်းပြချက်ကိုလည်း သတိမူသင့်တယ်။ မဟုတ်ရင်… MNDAAကြေညာ ထားသလိုပဲ တောင်ကြီးနဲ့ မန္တလေးကို မတိုက်ဘူးလို့ဆိုပေမယ့် လားရှိုးဟာ သူတို့ပိုင်တယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ သက်ဆိုင်ရာက အချိန်မီ မဖြေရှင်း၊ မတုံ့ပြန် ရင် ဒီယူဆချက်က နောက်ထွက်လာမယ့် ကောလာဟလ တစ်ပုဒ်သေချာပေါက် ဖြစ်လာလိမ့်မယ်။ (နရီမိုး)
إظهار الكل...
👍 86 4🤣 3
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.