cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

RFA Burmese

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

إظهار المزيد
مشاركات الإعلانات
47 532
المشتركون
+7924 ساعات
+9997 أيام
+4 98530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

04:36
Video unavailableShow in Telegram
RFA ပေးစာ ပြန်စာ ~~~ ■ ဒီတစ်ပတ် RFA ပေးစာ ပြန်စာအစီအစဉ်မှာ .... ဧရာဝတီတိုင်းက ကျားဖောင်လုပ်ငန်းတွေ တားမြစ်ခံနေရတဲ့အကြောင်း၊ ပဲခူးတိုင်းက ပြည်သူတစ်ဦးပေးပို့လာတဲ့ရင်ဖွင့်စာ၊ ဧရာဝတီတိုင်းက လူငယ်တွေကို ပြည်သူ့စစ်မှုထမ်းဖို့ လူစုဆောင်းခံနေရတဲ့အကြောင်း ပေးပို့လာတဲ့စာကို မစန်းမော်အောင် ကောက်နုတ်တင်ပြထားပါတယ်။
إظهار الكل...
B0919SMA RFA Letter .mp4644.97 MB
06:36
Video unavailableShow in Telegram
မနက်ခင်းသတင်း (၂၀၂၄ စက်တင်ဘာ ၂၀ ရက်) ~~~ - ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း သေဆုံးသူ ၁၄၀ ကျော်ရှိ၊ - တောင်ငူမှာ ရေဘေးဒုက္ခသည် ရှစ်သောင်းကျော် အကူအညီ လိုအပ်နေ၊ - ရေဘေးသင့်မြန်မာပြည်သူတွေအတွက် ယူရို ၁ သန်းကျော် EU ကူညီ၊ - ရေဘေးဒုက္ခသည်တွေကို အရေးပေါ်ကူညီပေးဖို့ ရိုမန်ကက်သလစ်ဘာသာဝင်တွေ တောင်းဆို၊ - ပြည်ထောင်စုအားကောင်းရေးမူနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်လို့ တိုင်းရင်းသားအဖွဲ့ ကိုးဖွဲ့ ကြေညာ၊ - ဒေသတွင်းနယ်စပ်ဖြတ်ကျော်ပြသနာတွေကို ပူးပေါင်းဖြေရှင်းဖို့ ထိုင်းအစိုးရတောင်းဆို - ရိုဟင်ဂျာအရေး စင်္ကာပူနိုင်ငံက ပါဝင်ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း၊ - လူမှောင်ခိုဂိုဏ်းက အခကြေးငွေယူပြီး မလေးရှားကိုလူကုန်ကူး၊ ____________ #သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
إظهار الكل...
B0919 Morning Webcasts.mp4368.00 MB
👍 4 1
05:24
Video unavailableShow in Telegram
မြန်မာနိင်ငံဟာ သဘာဝဘေးဒဏ်ခံနိုင်ရည် နည်းနေကြောင်း ပညာရှင်ပြော ~~~ ■ ရာဂီမုန်တိုင်းကြောင့် ရေဘေးဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ လက်ရှိအချိန်ထိ လူပေါင်း သုံးရာကျော် သေဆုံးခဲ့ပြီး ဒါဟာ မုန်တိုင်းတိုက်ရိုက်ဝင်ခဲ့တဲ့ ဗီယက်နမ်ထက်တောင် သေဆုံးသူ ပိုများနိုင်တဲ့အခြေအနေပါ။ သဘာဝဘေးဒဏ် ခံရတာချင်းတူတူ မြန်မာကဘာလို့ ပိုပြီး ခံနေရတာလဲ။ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ၊ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ သုံးသပ်ချက်တွေကို မသီရိမင်းဇင်က စုစည်းတင်ပြထားပါတယ်။ RFA Burmese Website တွင် ဖတ်ရှုရန်…
إظهار الكل...
B0919TMZ LOGO.mp4410.71 MB
👍 4
01:16
Video unavailableShow in Telegram
“ဒီတစ်ပတ်မှာပြောချင်စရာ” လုပ်သက်ရင့် ရေဒီယိုသတင်းသမားတစ်ဦးရဲ့ အတွေ့အကြုံ ~~~ ■ RFA ရဲ့ “ဒီတစ်ပတ်မှာပြောချင်စရာ” Podcast အစီအစဉ်ကို အပတ်စဉ်စနေနေ့တိုင်း ထုတ်လွှင့်ပေးနေပါတယ်။ ဒီတစ်ပတ်မှာတော့ RFA သတင်းဌာနမှာ နှစ်ပေါင်း ၂၄ နှစ်ကြာ လုပ်ခဲ့တဲ့ သတင်းသမားတစ်ဦးရဲ့ အတွေ့အကြုံတွေကို ကြားရဖို့ရှိပါတယ်။ ____________ #ဒီတစ်ပတ်မှာပြောချင်စရာ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
إظهار الكل...
BPOD EP-66 TEASER.mp499.37 MB
👍 4 1
ပြည်ထောင်စုအားကောင်းရေးမူ နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်လို့ တိုင်းရင်းသားအဖွဲ့ ကိုးဖွဲ့ ကြေညာ ~~~ ■ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်နယ်အားကောင်းရေးမူမှ ပြည်ထောင်စုအားကောင်းရေး (Bottom up Federalism) မူနဲ့ သွားဖို့ သဘောတူညီချက် လေးချက် ချမှတ်နိုင်ခဲ့တယ်လို့ KNU၊ KNPP နဲ့ CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကိုးဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြည်နယ်အားကောင်းရေးကို အရင်တည်ဆောက်ပြီးမှ ပြည်ထောင်စုအားကောင်းရေးကို သွားမယ်ဆိုတာ အကြိမ်ကြိမ်ဆွေးနွေးပြီးမှ သဘောတူချမှတ်ခဲ့တာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က RFA ကို ပြောပါတယ်။ “တော်လှန်ရေးအလွန်ကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ်အားကောင်းရေးကနေမှ ပြည်ထောင်စုအားကောင်းရေးကို သွားမယ်၊ ပြည်နယ်တွေ၊ ပြည်ထောင်စုတွေ မရှိဘဲ ဖက်ဒရယ်ဆိုတာ ရှိလာတာ မဟုတ်ဘူး၊ အဲဒါကြောင့် ဖက်ဒရယ်တွေကသာ ဖက်ဒရယ်အားကောင်းခိုင်မာရေးကို အရင်တည်ဆောက်မယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုကလည်း အားကောင်းမယ်ဆိုတာ အကြိမ်ကြိမ်အခါခါ ဆွေးနွေးပြီးမှ ထုတ်ပြန်ခဲ့တာပေါ့” အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေဟာ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရဲ ပြည်သူလူထုဖြစ်ပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ အချုပ်အခြာအာဏာ၊ သွေးစည်းညီညွတ်မှု၊ လူထုနဲ့အနီးဆုံးအာဏာနဲ့ အချိုးကျမှု အခြေခံမူတွေတိုင်း လုပ်ပိုင်ခွင့်အာဏာကို ခွဲဝေတာကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီချက်နဲ့ လုပ်ငန်းစဉ်တွေကို အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းစေရေးအတွက် ဒီအဖွဲ့ ကိုးဖွဲ့က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုသဘောတူညီခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ ကရင်မျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ စစာအာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) နဲ့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) တို့ပါဝင်ပါတယ်။ ___ ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့သည့် ကရင်နီအမျိုးသားနေ့အခမ်းအနား မြင်ကွင်းတစ်ခု။ (Photo : KNIC) #ဖက်ဒရယ် #တိုင်းရင်းသား #rfaburmese #လွတ်လပ်တဲ့အာရှအသံ RFA Burmese Website တွင် ဖတ်ရှုရန်…
إظهار الكل...
ပြည်ထောင်စုအားကောင်းရေးမူနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်လို့ တိုင်းရင်းသားအဖွဲ့ ကိုးဖွဲ့ ကြေညာ

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းစေရေးအတွက် ဒီအဖွဲ့ ကိုးဖွဲ့က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

👍 11 3
ရေဘေးသင့်မြန်မာပြည်သူတွေအတွက် ယူရို ၁ သန်းကျော် EU ကူညီ ~~~ ■ မြန်မာနိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ရာဂီတိုက်ခတ်မှုကြောင့် ဖြစ်လာတဲ့ ရေကြီးရေလျှံမှုဒဏ် ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ဥရောပသမဂ္ဂ (အီးယူ) ကနေ လူသားချင်းစာနာမှု အရေးပေါ် အကူအညီ ယူရိုငွေ ၁.၂ သန်း ပေးအပ်သွားမယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ကြေညာလိုက်ပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်ခံစားရသူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ဒီရန်ပုံငွေတွေကို မြန်မာနိုင်ငံက ထိခိုက်အလွယ်ဆုံး လူ့အဖွဲ့အစည်းတွေအတွက် အကူအညီပေးဖို့ ပေးအပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အီးယူအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေကို ထိထိရောက်ရောက် ဖြန့်ဖြူးပေးအပ်နိုင်ဖို့ ဒေသတွင်းက မိတ်ဖက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ____ တောင်ငူမြို့နယ်က ရေဘေးသင့်သူတွေကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့က ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (RFA : Photo) #EU #အကူအညီ #ရေဘေး #လွတ်လပ်တဲ့အာရှအသံ #rfaburmese RFA Burmese Website တွင် ဖတ်ရှုရန်…
إظهار الكل...
ရေဘေးသင့်မြန်မာပြည်သူတွေအတွက် ယူရို ၁ သန်းကျော် EU ကူညီ

မြန်မာနိုင်ငံက ထိခိုက်အလွယ်ဆုံး လူ့အဖွဲ့အစည်းတွေအတွက် အကူအညီပေးဖို့ ပေးအပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

9👍 1
ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း သေဆုံးသူ ၁၄၀ ကျော်ရှိ ~~~ ■ ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ် ၁၀ မြို့နယ်မှာ ဖြစ်ပေါ်တဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုကြောင့် သေဆုံးသူ စာရင်းအရ ၁၄၀ အထက်ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး ဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ရရှိထားတဲ့ အချက်အလက်အရ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်ပေါင်း (၁၀) မြို့နယ် ကျေးရွာပေါင်း ၂၅၀ မှ ၃၀၀ ကြား ရေဘေးသင့်ခံရပြီး ရှစ်ဆယ်ရာခိုင်နှုန်းဟာ ရေကြီးရေလျှံတာကြုံရပြီး နှစ်ဆယ်ရာခိုင်နှုန်းကတော့ မြေပြိုကျမှု ကြုံတွေ့ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ မြို့နယ် ၁၀ မြို့နယ်ဖြစ်တဲ့ လွိုင်လင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ ဆီဆိုင်၊ ရပ်စောက်၊ တောင်ကြီး၊ မိုးဗြဲ၊ ဟိုပုံးနဲ့ မောက်မယ်မြို့နယ်တွေ ဖြစ်ပါတယ်။ “သေဆုံးသူ စာရင်းက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က စာရင်းဖြစ်တယ်။ အခုက ပိုလာတယ်လို့ ပြောလို့ရတယ်။ အခုက ကယ်ဆယ်ရေးတွေ လုပ်ရင်း သေဆုံးတဲ့ စာရင်းတွေ ထပ်တွေ့လာရတယ်။ ၁၄၀ အထက်တော့ ရှိတယ်။ ကယ်ဆယ်ရေး မလုပ်နိုင်တဲ့ ဒေသတွေကတော့ ပျောက်ဆုံးသူတွေ ထပ်ရှိသေးတယ်။ ဟိုပုံးမြို့နယ်ထဲက မဲနယ်တောင် တကြောဘက်နဲ့ ကလောဘက်မှာ ရှိနေသေးတယ်။ အဓိက တောင်ကျရေကြောင့် ပျောက်ဆုံး သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို မရနိုင်သေးဘူး” လို့ ပအိုဝ်းလူငယ်အစည်းအရုံး ဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။ ရေကြီးရေလျှံဖြစ်တဲ့အတွက်ကြောင့် မြေပြိုမှုတွေဖြစ်ပွားပြီး တောင်ကြီး-လွိုင်လင် ကားလမ်း‌ပျက်စီးသွားတဲ့အတွက် လွိုင်လင်၊ မောက်မယ်မြို့နယ်တွေလို နေရာမျိုး သွားရောက်ကူညီဖို့ အခက်အခဲ ဖြစ်တယ်လို့ ပြောပါတယ်။ “အဓိက သတင်းအချက်လက်တွေ လက်လှမ်းမမှီရင်လည်း အကူအညီ မရဘူး။ ခုချိန်ထိ ကူညီကယ်ဆယ်ရေး မရသေးတဲ့ နေရာလည်း ရှိသေးတယ်။ အကြောင်းရင်း ပြန်ကြည့်ရမယ်ဆိုရင် အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းဖျက်ခံထားရတဲ့အတွက် သတင်းအချက်လက် မရလို့ ချိတ်ဆက်တဲ့ လမ်းကြောင်း တော်တော်နဲ့ အခက်ခဲဖြစ်နေတယ်” ရေဘေးသင့်သူတွေ ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။ RFA ရဲ့ စက်တင်ဘာလ ၁၉ ရက် ညနေအထိ ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၀၃ ဦး အထိရှိလာပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကနေ စက်တင်ဘာ (၁၈) ရက် ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၆၈ ဦးရှိပြီး ပျောက်ဆုံးနေသူ ၈၈ ဦးရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ _____ လွိုင်လင်မြို့နယ် အိမ့်ချစ်ကျေးရွာတွင် ရေကြီးမြေပြိုမှုကြောင့်် ပျက်စီးသွားသည့် အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Photo : Citizen Photo) #PYO #ရေကြီးမြေပြိုမှု #သေဆုံး #လွတ်လပ်တဲ့အာရှအသံ #rfaburmese RFA Burmese Website တွင် ဖတ်ရှုရန်…
إظهار الكل...
ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း သေဆုံးသူ ၁၄၀ ကျော်ရှိ

မြို့နယ် ၁၀ မြို့နယ်ဖြစ်တဲ့ လွိုင်လင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ ဆီဆိုင်၊ ရပ်စောက်၊ တောင်ကြီး၊ မိုးဗြဲ၊ ဟိုပုံးနဲ့ မောက်မယ်မြို့နယ်တွေ ဖြစ်ပါတယ်။

👍 4 2
ရန်ကုန်မြစ်ရေတက်လို့ ရပ်ကွက်အချို့ ရေလျှံ ~~~ ■ ရန်ကုန်မြစ်ရေတက်လာလို့ မြစ်ချောင်းတွေနဲ့နီးတဲ့ ရန်ကုန်မြို့က လမ်းတွေနဲ့ ရပ်ကွက်တချို့မှာ ရေလျှံနေတာကို စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး ရန်ကုန်မြစ်ထဲမှာ ထူးကဲဒီရေတက်နိုင်တဲ့အတွက် သတိထားစောင့်ကြည့်ရမယ်လို့ အရပ်ဘက် မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က စက်တင်ဘာလ ၁၂ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။ “အခုတစ်ခေါက် စက်တင်ဘာ ၁၉ ရက်နေ့မှာ ထူးကဲဒီရေက ရေစစ်မျဉ်းအထက် ၂၃ ပေအထိ တက်မယ် ဆိုပြီးခန့်မှန်းထားတာ ရှိတယ်။ ၁၇ ရက်နေ့လောက်ကနေပြီးတော့ ၂၁ ရက်နေ့လောက်အထိ အောက်က ဒီရေထောက်တဲ့အချိန်၊ အနောက်တောင် မုတ်သုန်လေအားကောင်းလာတဲ့အချိန်၊ ကမ်းရိုးတန်းဒေသတွေနဲ့ ခုန ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေဘက်ကို မိုးများလာတဲ့အချိန်နဲ့ ဒီရေတက်ချိန်နဲ့ သွားဆုံလို့ရှိရင်လည်း ရေကြီးတာတွေ ဖြစ်သွားနိုင်တယ်" ___ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ မြစ်ရေတက်တာကြောင့် ရေကြီးရေလျှံနေသည့်အား တွေ့ရစဉ်။ (Photo : RFA) #ရေကြီးရေလျှံ #ရန်ကုန် #rfaburmese #လွတ်လပ်တဲ့အာရှအသံ
إظهار الكل...
🤔 4👍 2🙏 1
01:00
Video unavailableShow in Telegram
သဘာဝဘေးထက် စစ်ရေးကို စစ်ကောင်စီ ပိုအာရုံစိုက်နေ ~~~ #ရေဘေး #ဒုက္ခသည် #စစ်ရေး #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
إظهار الكل...
Social.mp491.10 MB
😢 20👍 3👏 1
03:29
Video unavailableShow in Telegram
နောင်ချိုနဲ့ သီပေါမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းနဲ့ပါ နေ့စဉ်တိုက်ခိုက်ခံနေရ ~~~ ■ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ သီပေါမြို့နယ်မှာ ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်နေသလို စစ်ကောင်စီတပ်ကလည်း မြို့ပေါ်တွေကိုပါ လေကြောင်းနဲ့ နေ့စဉ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း မထက်ထက်အိန္ဒြာအောင် တင်ပြထားပါတယ်။ --------------- RFA Burmese Website တွင် ဖတ်ရှုရန် ..... #နောင်ချို #သီပေါ #တိုက်ပွဲ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
إظهار الكل...
B0919HHEA (Naung Cho and Hsipaw Air Attack) For Web.mp4236.91 MB
😢 25👎 2 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.