cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Shwe Phee Myay News Agency

News Company

إظهار المزيد
مشاركات الإعلانات
42 459
المشتركون
-424 ساعات
+2477 أيام
+1 73430 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

🟢 တိုက်ပွဲပြင်းထန်နေတဲ့ သီပေါမှာ စစ်ကောင်စီက တစ်ရက်အတွင်း ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်တိုက်ခိုက်၊ နေအိမ် ၄ လုံးထက်မနည်း ပျက်စီး မိုင်းရူပ၊ စက်တင်ဘာ ၁၉ ရက်၊ သီပေါ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်-TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် သီပေါမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး နေအိမ် ၄ လုံးထက်မနည်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ စက်တင်ဘာလ ၁၉ ရက် မနက်အစောပိုင်းကစပြီး နေ့လည် ၂ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ လူထုတွေနေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ပေါင် (၅၀၀) ဗုံး ၂ လုံးအပါအဝင် ဗုံးဆယ်နဲ့ချီ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် တုံစင့်ရပ်ကွက်က နေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။ "စစ်ကောင်စီက လက်နက်တွေ သိပ်မရှိတော့ဘူး။ လေယာဥ်ပဲ အားကိုးနေရတာ။ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးလာကြဲတာ။ တော်သေးလို့ အဲမှာရှိတဲ့သူတွေ ရှောင်သွားလို့ အိမ်တွေပဲ ပျက်တာ" ဒါ့အပြင် ဒီနေ့ မနက်ပိုင်းမှာ ၁၀ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်အသုံးပြုပြီး လက်နက်ခဲယမ်းတွေ လာရောက်ပို့ဆောင်ပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက် ည ၅ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အုတ်ကျင်းရပ်ကွက်က အသက် (၆၀) နှစ်အရွယ် မငယ်ဆိုသူရဲ့ ဘယ်ဘက်လက်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဟိုက်ဂျက်ခွေးဘလူး ကားတစ်စီးနဲ့ ကားပေါ် တင်ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ သီပေါမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို TNLA က ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁ ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် သြဂုတ် ၁၈ ရက်ကနေ စက်တင်ဘာ ၁၃ ရက်အထိ တိုက်ပွဲပြန်ငြိမ်သက်နေရာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ကမှာ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်မှာ ပြန်လည်စတင်ခဲ့တဲ့ သီပေါမြို့ တိုက်ပွဲ ၅ ရက်အတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ဦး ထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ သီပေါမြို့ကို TNLA က ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ-၂၃၊ ခြေမြန်တပ်ရင်း ခမရ-၅၀၃၊ ၅၀၄ တို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ သီပေါမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး တိုက်ပွဲကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ သီပေါတိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
إظهار الكل...
Shwe Phee Myay News Agency

Share your videos with friends, family, and the world

🤬 29👍 16 5😢 5😁 2👏 1
😢 8👍 1👏 1😁 1
🟢 ၁၅ မိနစ်ဝန်းကျင်သာရှိတဲ့ လမ်းခရီးကို စစ်ကောင်စီက သွားလာခွင့် ပိတ်ထားတာကြောင့် ၁၀၅ မိုင်ကနေ မူဆယ်မြို့ကို သွားဖို့ ၅ နာရီနီးပါး ကြာတဲ့လမ်းကို အသုံးပြုနေရတာကြောင့် ဒေသခံတွေ အခက်တွေ့ လွေးထွေး၊ စက်တင်ဘာ ၁၉ ရက်၊ မူဆယ် ၁၀၅ မိုင်ကနေ မူဆယ်မြို့ကို သွားဖို့ ၁၅ မိနစ် ဝန်းကျင်သာ ပုံမှန်သွားလာရတဲ့ လမ်းကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက စစ်ကောင်စီတပ်က သွားလာခွင့် ပိတ်ထားတာကြောင့် ၁၀၅ မိုင် ဒေသခံတွေက ၅ နာရီ နီးပါးကြာတဲ့ လမ်းကို အသုံးပြုနေရလို့ သွားလာရေး ခက်ခဲစေတယ်လို့ ၁၀၅ မိုင် ဒေသခံတစ်ဦးက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမလိုင်းကတည်းက မူဆယ်မြို့နဲ့ ၇ မိုင် ဝန်းကျင်သာ ဝေးတဲ့ ၁၀၅ မိုင်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ချိန်ကတည်းက ၁၀၅ မိုင်နဲ့ မူဆယ်မြို့ကြား နမ့်ခွန်ရွာကစပြီး စစ်ကောင်စီတပ်က သွားလာခွင့် ပိတ်ထားခဲ့တာ ဒီနှစ် စက်တင်ဘာလအထိဆိုရင် ၁၀ လ ဝန်းကျင် ကြာခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ ၁၀၅ မိုင်မှ နေထိုင်သူ အမျိုးသမီးက “ပုံမှန်ဆိုရင် မူဆယ် အသွားအလာက ခဏလေးပဲ။ အခုဟာက နေ့တစ်ပိုင်းလောက်ကို ကုန်တယ်။ ဆီဈေးလည်း တက်နေတော့ ကားခတွေကလည်း ဈေးကြီးတယ်။ ကျန်းမာရေးကိစ္စဆိုရင်လည်း ပြသာနာဖြစ်တယ်။ အဝေးကြီးဆိုတော့လေ။ မတတ်နိုင်ဘူးလေ တခြားလမ်းမှ မရှိတာကို” လို့ ပြောပါတယ်။ ၁၀၅ မိုင်ရှိ ဒေသခံတွေဟာ ၁၀ လ နီးပါးကြာတဲ့အထိ မူဆယ်သွားဖို့ကို နမ့်ဖတ်ကာ၊ နမ့်ခမ်းလမ်းကိုသာ အသုံးပြုနေရပြီး ကားခ ၅ သောင်းနဲ့ ၇ သောင်းကြားအထိ ပေးပြီး ခရီးသွားနေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် ပိတ်ထားခဲ့တဲ့ အဲဒီလမ်းကို ဒေသခံတွေ ခရီးသွားတာ အဆင်ပြေအောင် ပြန်ဖွင့်ပေးစေချင်ကြောင်းကိုလည်း ၁၀၅ မိုင်မှာ‌ နေထိုင်တဲ့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “သူတို့က လမ်းဖျက်ထားတာလည်း မဟုတ်ဘူး။ ပေးမဖြတ်ချင်တာ သက်သက်သာဖြစ်တယ်။ အဓိက သူတို့ မူဆယ်မြို့ထဲကို ဒီဘက်အဖွဲ့က ဝင်လာမှာကို ကြောက်တာရယ်။ တမင်တကာ လူထုတွေကို စားသောက်ရေး ဖြတ်တောက်ချင်တာရယ်လို့ပဲ ပြောချင်တယ်။ အဲလမ်းကို မြန်မြန် ဖွင့်ပေးရင် ကောင်းမယ်” မူဆယ်-၁၀၅ မိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကနေ ဒီနှစ် စက်တင်ဘာလအထိ ဖုန်းလိုင်းတချို့ ဖြတ်တောက် ခံထားရသလို လျှပ်စစ်မီးလည်း ပုံမှန်မရသေးဘူးလို့ သိရပါတယ်။ ၁၀၅ မိုင်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာလည်း ညီနောင် ၃ ဖွဲ့ကပဲ ၁၀၅ မိုင်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - SPM ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
إظهار الكل...
Shwe Phee Myay News Agency

Share your videos with friends, family, and the world

👍 27😢 7 1🕊 1
Photo unavailableShow in Telegram
👍 6
🟢 ဖယ်ခုံကို စစ်ကောင်စီ စစ်ကြောင်းထိုးလို့ လမ်းတစ်လျှောက်က ပင်လောင်းဒေသခံတွေ တိမ်းရှောင်နေရ အင်းငယ်၊ စက်တင်ဘာ ၁၉ ရက်၊ ဖယ်ခုံ ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေက အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပင်လောင်းဒေသခံတွေက ပြောပါတယ်။ ဖယ်ခုံမြို့နယ်တွင်းကို မနေ့ည စက်တင်ဘာလ ၁၈ ရက် ည ၈ နာရီဝန်းကျင်ခန့်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပင်လောင်းမြို့နယ်၊ ပင်လောင်း - ဖယ်ခုံလမ်းတစ်လျှောက်မှာရှိတဲ့ နောင်ဝိုး၊ တောင်မဲသင်း၊ ဘန်းမောက်စတဲ့ ကျေးရွာ ၃ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ အသက် ၅၀ အရွယ် တောင်မဲသင်းရွာခံ တစ်ဦးက “အခုတော့ တိုက်ပွဲ မဖြစ်သေးဘူး။ သူတို့ စစ်ကြောင်းထိုးရင် တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် လက်နက်ကြီး အရင်လာတယ်။ အသံငြိမ်မှ လူက လိုက်တက်လာတာ။ အခုတော့ ရွာထဲမှာ ဘယ်သူမှ မကျန်တော့ဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ကျေးရွာတွေဟာ တော်လှန်ရေး အင်အားစုတွေဘက်က တပ်စွဲထားတာ မရှိသလို တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘဲ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖို့ လုပ်ဆောင်နေတာလို့ ၎င်းက ဆက်ပြောပါတယ်။ ဒီနေ့ စက်တင်ဘာလ ၁၉ ရက် မနက်ပိုင်းကလည်း ဘန်းမောက်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ PNA ပူးပေါင်းတပ်တွေက လက်နက်ကြီး ၃ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လူသေဆုံးတာနဲ့ နေအိမ်ပျက်စီးမှု ရှိမရှိကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အထက်ပါ ကျေးရွာတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြိမ်ကြိမ် စစ်ဘေးရှောင်ခဲ့ရတဲ့ ကျေးရွာတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကမှ နောက်ဆုံးအကြိမ် တိမ်းရှောင်ထားတာကြောင့် ငွေကြေးအခက်အခဲရှိတယ်လို့ နောင်ဝိုးရွာခံ တစ်ဦးက ပြောပါတယ်။ “နီးနီးနားနားပဲ ရှောင်ကြတယ်။ တောထဲပြေးပေါ့။ နည်းနည်းငြိမ်ရင် ပြန်လာနေကြပေါ့။ ဝေးဝေးပြေးလည်း လမ်းတွေက ရေမြုပ်၊ ပိုက်ဆံကလည်း မရှိကြတော့ဘူးလေ” ဒီနေ့ ညနေပိုင်းအထိ ဖယ်ခုံမြို့နယ်ရဲ့ ဧရိယာအတွင်းကို စစ်ကောင်စီတပ်နဲ့ PNA ပူးပေါင်းတပ်တွေ ဝင်ရောက်သွားပြီဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုမရှိသေးသလို တိုက်ပွဲအခြေနေလည်း ငြိမ်သက်နေသေးတယ်လို့ စစ်ရေးသတင်း အရင်းအမြစ်တွေက ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘန်းမောက်ကျေးရွာက စစ်ဘေးရှောင် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ မြန်မာတစ်နိုင်ငံလုံးနီးပါးမှာ စစ်ဘေးနဲ့ ရေဘေး ၂ မျိုးထဲက တစ်မျိုးမျိုးနဲ့ ကြုံတွေ့နေရပြီး ကရင်နီပြည်နဲ့ ရှမ်းတောင်အစပ်က ဒေသတွေမှာတော့ ၂ မျိုးလုံး ကြုံတွေ့နေရတဲ့အပြင် ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေထက် အကူအညီမရှိသလောက် နည်းပါးနေတယ်လို့ စစ်ဘေးရှောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဓာတ်ပုံ - Local (ပုံဟောင်း) ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
إظهار الكل...
Shwe Phee Myay News Agency

Share your videos with friends, family, and the world

😢 17🤬 5👍 4
👍 6😢 2
🟢 မြန်မာနိုင်ငံထဲကို အပူပိုင်းမုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက်လာပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလပြော https://t.me/spmnewsagency2019 ရွှေဖီမြေ၊ စက်တင်ဘာ ၁၉ ရက် တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်လာနိုင်တာကြောင့် မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာက မနေ့ စက်တင်ဘာလ ၁၈ ရက် ညမှာ ဖော်ပြထားပါတယ်။ လာမယ့် စက်တင်ဘာလ ၂၀ ရက် ညနေမှာ မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်နဲ့ လေပွေလှိုင်းတွေဟာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသကို စတင်ဖြတ်ကျော် ဝင်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်(ကရင်နီ)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုထားပါတယ်။ အလားတူ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်မှာ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံဖြစ်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ကို မိုးလေဝသပညာရှင် ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဒေသတချို့မှာ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်ပြီး မိုးသည်းထန်စွာ ရွာတာနဲ့အတူ လျှပ်တစ်ပျက်ရေကြီးတာနဲ့ မြေပြိုတာတွေလည်း ဖြစ်လာနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက် ညပိုင်းကစပြီး တိုင်ဖုန်းရာဂီမုန်တိုင်းရဲ့ အကြွင်းအကျန်တိမ်တိုက်တွေကြောင့် ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းမှာ မိုးကြီးပြီး ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဓာတ်ပုံ - Tin Soe Aung ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
إظهار الكل...
Shwe Phee Myay News Agency

News Company

👍 20 1
Photo unavailableShow in Telegram
😢 7
🟢 ဟိုပန်မြို့က ဖျော်ဖြေရေး၊ ဟိုတယ်နဲ့ အနှိပ်ခန်း စတဲ့ နေရာတွေမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအားလုံး ရောဂါပိုး ရှိမရှိ လာရောက်စစ်ဆေးဖို့ ဌာနဆိုင်ရာက တိုက်တွန်း၊ မလိုက်နာပါက ကျန်းမာရေး စီမံခန့်ခွဲမှု စည်းမျဥ်းအတိုင်း အရေးယူသွားမယ်လို့ ဆို GLM, စက်တင်ဘာ ၁၉ ရက်၊ ဟိုပန် "ဝ" ဒေသ၊ ဟိုပန်မြို့အတွင်း ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ အသီးသီးသော ဝန်ထမ်းတွေအနေနဲ့ ကျန်းမာရေးဌာနက ကျန်းမာရေးလက်မှတ်အပြင် ခွင့်ပြုချက်လက်မှတ်တွေကို ထုတ်ဝေပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ ဆေးစစ်ချက်တွေကို သတ်မှတ်ထားတဲ့ နေရာမှာ လာရောက် စစ်ဆေးကြဖို့ ကျန်းမာရေးဌာနက စက်တင်ဘာလ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။ ဖျော်ဖြေရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ အသေးစား စားသောက်ဆိုင်လုပ်ငန်း၊ အနှိပ်ခန်း၊ ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ တတ်တူးဆိုင် စတဲ့ဆိုင်တွေဟာ အဓိကထားပြီး စစ်ဆေးသွားမယ့် လုပ်ငန်းအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဟိုပန်မြို့နေ ဒေသခံတစ်ဦးက " အစက ဒီလုပ်ငန်းတွေ ပေါလာတော့ မြို့ပေါ်နေ လူထုတွေအတွက်ရော သားရှင်တွေအတွက်ကော တကယ်စိုးရိမ်နေခဲ့တာ။ ဟိုပန်က အစိုးအရ အပြောင်းအလဲကြားမှာ ကျန်းမာရေး အပိုင်းက နည်းနည်းပေါ့လာတာ မြင်ရတယ်။ အခုလို စစ်ဆေးချက်တွေ ကန့်သတ်ချက်တွေ ထုတ်တော့ စိတ်သန့်ရပါတယ်။ ဒါတွေက ဖြစ်သင့်တယ် လုပ်ကို လုပ်ရမှာလေ"လို့ ပြောပါတယ်။ စက်တင်ဘာလ ၁၉ ရက်ကနေ ၂၂ ရက်တွေမှာ ဟိုပန်ခရိုင်၊ ကျန်းမာရေးဌာန ကောင်းကော်လမ်း၊ ဟိုပန်ခရိုင် ယာဥ်ထိန်းရဲ တပ်ဖွဲ့ရုံးဘေး၊ ယခင်မိခင်နဲ့ ကလေး ကျန်းမာရေးရုံးဘေးမှာ လက်မှတ်ထုတ်ယူရမှာဖြစ်ပြီး ရုံးကုန်းရပ်ကွက်မှာ မနက် ၇ နာရီကနေ ၁၀ နာရီခွဲထိကို သွေးဖောက် စစ်ဆေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်မှတ်တွေကိုတောာ့ နေ့လယ် ၁ နာရီခွဲကနေ ညနေ ၄ ခွဲအထိ ထုတ်ယူနိုင်ပြီး ကိုယ့်ရဲ့ နိုင်ငံသားစီစစ်ရေးကတ်ပြားကိုလည်း တစ်ပါးတည်း ယူဆောင်လာကြဖို့နဲ့ ဆေးမစစ်မီအချိန်အထိ အစားအစာမစားကြဖို့ကို သတိပေးထားပါတယ်။ ကုန်ကျစရိတ်အနေနဲ့က ကျန်းမာရေး ခွင့်ပြုချက်တစ်ခုကို ယွမ် ၂၄၀ နဲ့ ကျန်းမာရေး လက်မှတ်ကတော့ တစ်ဦးကို ယွမ် ၁၄၀ (လိုင်စင်ဓာတ်ပုံ ရိုက်ကူးခ အပါအဝင်) စီ ကျသင့်သွားမှာဖြစ်ကြောင်း ပါဝင်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း လက်မှတ်တွေကို လျှောက်ထားရမှာဖြစ်ပြီး ခွင့်ပြုချက်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေတာ တွေ့ရှိပါက "ဝ" ပြည်နယ်၊ ကျန်းမာရေး စီမံခန့်ခွဲမှု စည်းမျဥ်းအတိုင်း အရေးယူသွားမဲ့အပြင် ကျန်းမာရေး လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက် သူတွေကို ဒဏ်ငွေ ယွမ် ၁ ထောင်၊ ကျန်းမားရေးခွင့်ပြုချက် လက်မှတ်မရှိဘဲ မိမိသဘောအရ ဖွင့်လှစ်သူကို ဒဏ်ငွေ ယွမ် ၂ ထောင်စီ အသီးသီးချမှတ်သွားမှာဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေအားလုံး တကိုယ်ရေသန့်ရှင်းမှုနဲ့ အများပြည်သူကျန်းမာရေး ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ဆိုင်အတွင်းက အထူးသန့်ရှင်းရေးနဲ့ ပိုးသတ်တာတွေကို မကြာခဏပြုလုပ်ကြဖို့ သတိပေးထားပါတယ်။ ဖော်ပြထားတဲ့ အချက်တွေကို မလိုက်နာဘဲ ချိုးဖောက်ရင် လုပ်ငန်းရပ်ဆိုင်းမှာ ဖြစ်သလို နောက်ထပ် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ခွင့်တွေလည်း ပယ်ဖျက်ခြင်းခံရမှာဖြစ်ကြောင်း ဆိုထားပါတယ်။ ဟိုပန်မြို့မှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဝန်ဆောင်မှုလုပ်ငန်းတွေအပြင် လောင်းကစားရုံတွေလည်း ပေါများလာခဲ့တာကြောင့် လူထုတွေကြား ဂယက်ရိုက်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းထဲမှာ အဲဒီလုပ်ငန်းတွေ ယာယီရပ်တန့်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြန်လည်ပတ်နေပြီး "ဝ" တပ် - UWSA ထိန်းချုပ်ပြီး နောက်မှာတော့ အခုလို ကျန်းမာရေးနဲ့ ပက်သက်တဲ့ ဆေးစစ်ချက်တွေကို ကန့်သတ်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
إظهار الكل...
Shwe Phee Myay News Agency

Share your videos with friends, family, and the world

👍 29 3🕊 1
👍 6
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.