cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

MDY Revolution

မင်္ဂလာပါ။ ကျွန်တော်တို့ MDY Revolution မှကြိုဆိုပါတယ်ဗျ။ မန္တလေးမြို့ပေါ် ‌စကစလှုပ်ရှားမှု သတင်းများနှင့်အတူ အခြားထူးခြားသတင်းများကို ကျွန်တော်တို့ထံယုံကြည်စွာနဲ့ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျာ❤️

إظهار المزيد
مشاركات الإعلانات
18 815
المشتركون
-1824 ساعات
+817 أيام
+90330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
MDY Revolution ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု Admin အကောင့်များဖြစ်သော @A01RedMR @A02FWhiteMR @A03YELLOWMR @A04OrangeMR @A05FPurpleMR တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည် MDY Revolution Admin Team
إظهار الكل...
9👍 4🏆 1
ရောင်နီတွေနဲ့ တို့အတူပြန်မယ်ဗျာ
إظهار الكل...
လင်းလင်း_ရောင်နီ_Lynn_Lynn_Authentic_Live_Concert_Ver_256k.mp39.32 MB
60❤‍🔥 6👍 5🏆 2🔥 1
Daily Highlight (2) September 19 - ကန့်ဘလူနယ် မလယ်ပျူရွာကို PDF အဖွဲ့ပေါင်းစု ဝင်တိုက်သုံးရက်ဆက် တိုက်ပွဲပြင်းထန်ပြီး စစ်အုပ်စုအသေအပျောက်များနေ၊ လေကြောင်းမှ အပြင်းအထန်ဗုံးကြဲနေ - ရွှေကူမှ ဗန်းမော်သို့ဆန်တက်လာသော စစ်သင်္ဘောအုပ်စုကို KIA+PDF ကြားဖြတ်တိုက်ခိုက် နှစ်စီး နစ်မြုပ် လေးစီးမီးလောင်ပျက်စီး စစ်သင်္ဘောတစ်စီးနှင့် ချောဆွဲလာသော စက်လှေတစ်စီးသာ ဗန်းမော်သို့ရောက်ရှိလာ၊ စစ်သားအချို့ ရေထဲခုန်ချထွက်ပြေး စစ်သားများ သေဆုံးမှုရှိသလို အရှင်ဖမ်းစီးရမိသူများလဲ ရှိ၊ အဆိုပါစစ်သင်္ဘောအုပ်စုမှာ မြတောင်အနီးတွင်လဲ နှစ်စီးနစ်မြုပ်ခဲ့ပြီး စုစုပေါင်း ၈စီး နစ်မြုပ်ပျက်စီးခဲ့ခြင်းဖြစ်သည်။ - ရန်-မန်း စစ်ဆင်ရေးအဖြစ် နန်းတွင်းလပခကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Operation Flame အဖွဲ့ ထုတ်ပြန် စကစ ထိခိုက်မှု ရှိနိုင် - ခင်ဦးနယ် မဒေါင်းလှပျူရွာကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက် စစ်ခွေး ၁၃ ကောင် ပျူခွေး ၁၈ ကောင်သေပြီး တော်လှန်ရေးအဖွဲ့များဘက်မှ ၅ဦး ကျဆုံး၊ ကန့်ဘလူနယ်ဘက် ထွက်ပြေးသွားသော စကစအဖွဲ့များနှင့် ဒေသကာကွယ်ရေးအဖွဲ့များ ထိပ်တိုက်တွေ့၊ စစ်ကူစစ်ကြောင်းဖြင့် ကျေးရွာများကို မီးပတ်ရှို့ ပြည်သူ ၃ဦးကို ဖမ်းဆီးသတ်ဖြတ်။ - KNU၊ KNPP၊ CNF၊ KSCC၊ PNFC၊ NMSP(AD)၊ MSFC၊ TPCC၊ WLB အဖွဲ့ကိုးဖွဲ့ပေါင်း၍ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက်လက်တွဲအကောင်အထည်ဖော်သွားမည်ဟု ထုတ်ပြန် - ချောင်းဦးနယ် ကံဇီးပျူရွာကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်၊ စကစသေဆုံးမှုများနိုင်ပြီး စစ်သား ရဲ နှင့် ပျူစောထီး ၃၀ ခန့် အရှင်ဖမ်းစီးရမိ -ရေဘေး နိုင်ငံတဝှမ်း ရေဘေးအန္တရာယ် စတင်ကြုံတွေ့ရသော.စက်တင်ဘာ ၉ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း စကစ က လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၁ ကြိမ် တိုက်ခိုက်ခဲ့၊ အရပ်သားပြည်သူ ၆၄ ဦးသေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရ၊ မြို့နယ်ပေါင်း ၁၂ မြို့နယ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ် - လွိုင်လင်မြို့နယ်တွင် မိုးသည်းထန်စွာရွာပြီး ကျေးရွာငါးရွာ ရေဘေးသင့် အိမ်ခြေ ၅၀ ကျော် မျောပါပျက်စီး လူ၂၀ဦး သေဆုံးပြီး အရေးပေါ်အကူအညီများ လိုအပ်နေ -ရခိုင်ပြည်နယ်တွင်ရေကြီးမှု့နေရာတစ်ချို့တွင်ဖြစ်ပွားလျက်ရှိပြီး မင်းပြားတွင်နေအိမ်၂၆၀ကျော် ရေစီးနှင့်မျောပါ - တောင်ငူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများ အစာအဆိပ်သင့်မှုဖြစ်ပွား လူ ၄၀ ခန့် ဆေးရုံတင်ထားရ - နိုင်ငံအဝှမ်း စကစ၏လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - မြင်းမူနယ် ၂ ကြိမ် - ဝက်လက်နယ် ၂ ကြိမ် - စစ်ကိုင်းနယ် ၃ ကြိမ် - ကြာအင်းဆိပ်ကြီးနယ် ၁ ကြိမ် - ဟားခါးနယ် ၁ ကြိမ် - ဖားကန့်နယ် ၃ ကြိမ် - ဗန်းမော်နယ် ၁ ကြိမ် - မင်းတပ်နယ် ၁ ကြိမ် - ပင်လယ်ဘူး ၁ ကြိမ် - နောင်ချို ၁ ကြိမ် (Source:TNLA) - သီပေါ ၁ ကြိမ် (Source:TNLA) #MDYRevolutionTeam Crd to original uploader with respect
إظهار الكل...
👍 50 11
Daily Highlight (1) September 19 စစ်ရေး -တရုတ်ဖိအားပေးကြားဝင်မှု့နှင့်အတူ MNDAA သည် တောင်ကြီးနှင့်မန္တလေးမြို့အားထိုးစစ်မဆင်ဟုဆိုသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့်မူကိုကိုင်ဆွဲထားမည်ဟုဆို(MNDAAနှငိ့ TNLAသည် သိမ်းပိုက်ထားသောမြို့များအားအခြေခံအုပ်ချုပ်ရေးစနစ်များလည်ပတ်ရာတွင် CDMဝန်ထမ်းတစ်ချို့အားခန့်အပ်ထားသည်ဟုလည်းသိရှိရ) -ရက်သတ္တပတ်အတွင်းနောင်ချိုမြို့အား စကစမှ လေကြောင်းမှအကြိမ်ကြိမ်ဗုံးကြဲ -MDY-PDFမှမိုးကုတ်မြို့နယ်ရှိကျေးရွားများအား ဆန်အိတ်အပိုင်း(၅၀၀)နှင့် ငွေသားသိန်း၁၅၀အား မတည်လှူဒါန်း -မွန်ပြည်နယ် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ လွှတ်ရှမ်းစကစ စခန်းအား KNUနှင့်တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းသိမ်းပိုက် အနန်းကွင်း/ထင်းရှူး/အနင်းရဲစခန်းများနှင့် သံဖြူဇရပ်မြို့ဝင်ဂိတ်များကိုတိုက်ခိုက်နေ -ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ ဇွပ်ရာစစ်ရှောင်စခန်းအားစကစမှ လေကြောင်းဖြင့်ဗုံးကြဲ -ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု KNU/KNPP/CNF/KSCC/CNFအပါအဝင်အဖွဲ့၉ဖွဲ့ကြေငြာ - တနင်္သာရီမြို့နယ်တွင် စကစ ဒရုန်းဖြင့်ဗုံးကြဲသဖြင့် ပြည်သူလေးဦး ထိခိုက်၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသဖြင့် ပြည်သူများ ထွက်ပြေးနေရ၊ ရိက္ခာလမ်းကြောင်းများကိုပါ ပိတ်ဆို့ထား။ - ရွှေကူမြို့နယ် ဇွပ်ရာစစ်ရှောင်စခန်းကို စကစဗုံးကြဲတိုက်ခိုက်၊ ပြည်သူထိခိုက်မှုရှိ - မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန်ပြင်ဆင်နေစဥ် ရဲဘော်၂ဦး ဖမ်းဆီးခံရကြောင်း Dark Shadow အဖွဲ့ အသိပေး - သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တောင်ညိုစစ်ကြောင်းမှ လေးကြိမ်ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅ယောက်သေ - နောင်ချိုမြို့၊ သီပေါမြို့၊ ဖားကန့် ဆိုင်းတောင် နှင့် ဗန်းမော်မြို့နယ် မြလယ်ကျေးရွာတို့ကို စကစ လေကြောင်းတိုက်ခိုက် အဆောက်အအုံများ ထိခိုက်ပျက်စီး - ပုသိမ်တွင် ဌာနတွင်းစစ်ဆေးမှုခံနေရသော ရဲတပ်ကြပ်က စစ်ဆေးနေသော ရဲအရာရှိ၃ဦးကို ဓားဖြင့်ထိုး တစ်ဦးသေ ၂ဦး ဒဏ်ရာရ - စကစမှ အမည်ပျက်စာရင်းသွင်းထားသော CDM ဝန်ထမ်းများနှင့် နာမည်တူနေသူများ Passport ထုတ်မပေး ဝန်ခံချက် ထောက်ခံစာများအပြင် လာဘ်ငွေ သိန်းသုံးဆယ်ကျော်ပါ ပေးနေရ။ - ဟစ္စဘိုလာများ၏ ပေဂျာများကို အစ္စရေး၏ ဖောက်ခွဲတိုက်ခိုက်မှုပြီး ၂၄ နာရီအတွင်း ဆက်သွယ်ရေးစကားပြောစက် ဝေါ်ကီတော်ကီများ တပြိုင်တည်း ထပ်မံပေါက်ကွဲ သုံးဆယ်ခန့်သေပြီး ၅၀၀ ဝန်ကျင် ထိခိုက်ဒဏ်ရာရ - တောင်တရုတ်ပင်လယ်အတွင်းရှိ ဆိုလစ်မုန်တိုင်းအရှိန်ကြောင့် ၂၀ ရက်နေ့မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြား မိုးရွာပြီး ဒေသအချို့ နေရာကွက် မိုးကြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးဇလ ထုတ်ပြန် - အင်းလေးဒေသ ရွာပေါင်း ၁၇၀ ခန့်မှ ဒေသခံ နှစ်သောင်းကျော် ဆန်နှင့်ရေ အကူအညီများ အရေးပေါ်လိုအပ်နေ - မင်းတပ်မြို့နယ်အတွင်း သစ်တောထွက်ပစ္စည်းများ ရောင်းဝယ်ခြင်းမပြုလုပ်ရန် ပအဖအဖွဲ့ ပိတ်ပင် - နတ်မောက်နယ်တွင် လှည့်လည်ခိုးဆိုးလုနှိုက်မီးရှို့နေသော စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု အရာရှိအပါအဝင် ၁၀ ကောင်သေ - ပြင်ဦးလွင်တိုက်ခိုက်ခံရပါက စစ်တက္ကသိုလ်နှစ်ခု ရွှေ့ပြောင်းရန် အဆင်သင့်ပြင်ဆင်ထားကာ တိုက်ပွဲများဖြစ်ပွားပါကလည်း သင်တန်းသားများမှ အင်အားထုတ်နှုတ်၍ ကာကွယ်ရမည်ဖြစ်ပြီး လတ်တလောတွင်လဲ မီးအမှောင်ချပြီး လုံခြုံရေးအထူးတင်းကြပ်ထား - ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနှင့်ဂွမြို့နယ်များတွင် စကစလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသုံးဦးသေဆုံး ဆယ်ဦးထက်မနည်း ဒဏ်ရာရ၊ ကျောက်ဖြူမြို့နယ်တွင်လဲ စကစထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး သေဆုံး #MDYRevolutionTeam Crd to original uploader with respect
إظهار الكل...
👍 35 7
Photo unavailableShow in Telegram
👍 15 3
မန္တလေးမြို့🚨🚨🚨 Breaking News ‼️ ယနေ့နေ့ခင်းအချိန်က လမ်း၈၀၊၁၈×၁၉လမ်းကြားတွင် စစ်ခွေများတာသည်ကို "ဘယ်ခွေးမှလူမထင်နားထင်ဘဝင်လေဟပ်ကာ" ရပ်မပေးသည့်ကန်ကောက်ကြီးရပ်ကွက်ဒလန်တစ်ဦး ပစ်သတ်ခံလိုက်ရကြောင်းသိရ အလောင်းကို၎င်းအိမ်တွင်ပြင်ထားကာ မနက်ဖြန် သင်္ဂြိုလ်လျှင် စခများ လခရယူပေးမည်ဖြစ်ကြောင်းနှင့်(၃စိ)စခဗိုလ်တစ်ကောင်လည်း ည၇ နာရီလောက်ထိ ရောက်နေကြောင်း ယခုဖြစ်စဉ်အတွက် ‌နစ်နာကြေးလျော်ပေးမည်ဖြစ်ကြောင်းပြောသွားသည်ဟု သတင်းရရှိပါသည်။ Source -MR Informer #MDYRevo
إظهار الكل...
👍 63👏 32 6😍 5🔥 2
မန္တလေးမြို့🚨🚨 Stepember-19 ညပိုင်း စစ်ဆေးသတင်းများ -7:20PM ၂၆လမ်း×၇၈လမ်း စခ များ စစ်နေ Source -MR Informer #MDYRevo
إظهار الكل...
👍 35🔥 3 2
မန္တလေးမြို့🚨🚨 ‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ September 19 နေ့ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။ -12:30PM ၃၄လမ်း ၇၃×၇၄ကြား ကား၊အိုးဝေပါ စစ်နေ -12:30PM ၃၅လမ်း ၆၉မှ၇၁ထိ ဖမ်းနေ -12:30PM ၁၂လမ်း ၈၆×၈၇ကြား ခွေးများ လမ်းချဲ့နေသည်ကို လာစစ်နေ Source -MR Informer #MDYRevo https://t.me/MDYRevolution1
إظهار الكل...
👍 71 12🔥 2
သတင်းထုတ်ပြန်ချက် ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၁၉)ရက် ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရသော မိုးကုတ်မြို့နယ်ရှိ ကျေးရွာများအား ဆန်အိတ်အပိုင်း(၅၀၀)နှင့် ငွေသား ကျပ်သိန်း(၁၅၀)မတည် လှူဒါန်းခဲ့သည်။ ၂။ မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ ၊ ဖြူရောင်ကျေးရွာ ၊ ကျောက်တလုံးကျေးရွာ နှင့် လွယ်မွန်းကျေးရွာတို့မှ ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)အိတ်နှင့် ငွေသား(၅၀၀၀၀)ကျပ်နှုန်း ပေးအပ်လှူဒါန်းခဲ့သည်။ ၃။ ဆန်အိတ်များကို အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများထံ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကိုယ်စား သွားရောက်လှူဒါန်းပေးပါသော မိုးကုတ်မြို့အခြေစိုက် ပရဟိတအသင်းအဖွဲ့များအား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။ စစ်ဦးစီးအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) #MDY_PDF #Donation #Mogok
إظهار الكل...
138👍 32🥰 12😍 1
မန္တလေးမြို့🚨🚨🚨 Breaking News ‼️ September 17ရက် ည 10:30 နှင့် 11:00ကြားအချိန်တွင် မန္တလေးတိုင်း တံတားဦးမြို့နယ် တံတားဦးလေဆိပ်သို့ ပြလက်နက်ကြီး ကျရောက်ကာ ပြင်းထန်စွာပေါက်ကွဲခဲ့ကြောင်း သိရပါသည်။ တစ်လုံးမှာ သိုလှောင်ရုံထဲသို့ကျရောက်ပေါက်ကွဲကာ ကျန်တစ်လုံးမှာ လယ်ကွင်းထဲသို့ကျရောက်ခဲ့ကြောင်းသိရပါသည်။ လူအထိအခိုက်မရှိခဲ့ကြောင်း သတင်းရရှိပါတယ်ခင်ဗျာ။ Source -MR Informer #MDYRevo
إظهار الكل...
👍 109 27🏆 7
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.