cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Zeus Movie Star

မိတ်ဆွေတို့ရဲ့ စီးပွားရေး လုပ်ငန်း ကြော်ငြာ ထည့်သွင်းရန် ဆက်သွယ်လိုပါက Telegram Owner 👇👇  @Zeusowner1 ကို ဆက်သွယ်လိုက်ပါ။

إظهار المزيد
مشاركات الإعلانات
17 278
المشتركون
-624 ساعات
-467 أيام
-23030 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
💥 Hello Guys ❗️ Movie လေးတွေကြည့်ရင်း အပန်းဖြေချင်တဲ့ Member လေးတွေအတွက် မိမိတို့ ကြည့်ချင်တဲ့ ဇာတ်ကားလေးတွေတောင်းဆိုနိုင်ရန် ✍️ ဇာတ်ကားတောင်း Gpလေး လုပ်ပေးထားပါတယ်ခင်ဗျာ🎚️🤑 ဇာတ်ကားတောင်းရန် 🔽🔽🔽 🖥 https://t.me/ZeusMovieworld123
إظهار الكل...
Photo unavailableShow in Telegram
Knock at the Cabin  (2023) ====================== Horror, Mystery, Thriller IMDB: 6.4/10 M. Night Shyamalan ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။ Horror, Mystery, Thriller အမျိုးအစားဖြစ်တဲ့အတွက် ပဟေဠိဆန်ဆန်ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးကျမှပဲ အဖြူအမည်း သဲကွဲမယ့် ရုပ်ရှင်မျိုးပါ။ The Sixth Sense လို ရုပ်ရှင်မျိုးကို ရိုက်ခဲ့တဲ့ဒါရိုက်တာပီပီ သို့လော သို့လောလေးတွေနဲ့ ရိုက်ပြတဲ့နေရာမှာတော့ တော်ပါတယ်။ မင်းသား ဒေးဗစ် ဘာတစ်စတာကလည်း GotG ဇာတ်ရုပ်လို ဟာသမဟုတ်ဘဲ တကယ်ကို အလေးအနက်နဲ့ သရုပ်ဆောင်သွားတာပါ။ဇာတ်လမ်းအကျဉ်းအဲရစ်နဲ့ အန်ဒရူးဆိုတဲ့ လိင်တူစုံတွဲဟာ ဝန်လင်ဆိုတဲ့ကလေးမလေးကို မွေးစားထားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါတယ်။ တစ်နေ့မှာတော့ အားလပ်ရပ်ခရီးအဖြစ် ရှုခင်းလှပြီး လူသူမရှိတဲ့ သစ်လုံးအိမ်လေးတစ်ခုကို ပျော်ပွဲစားထွက်ခဲ့ကြပါတယ်။ အဲဒီအိမ်လေးကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် လူလေးယောက်ရောက်ရှိလာခဲ့ပါတယ်။ လူလေးယောက်ဟာ အလွန်ထူးဆန်းတဲ့အကြောင်းနဲ့ရောက်လာပြီး ထူးဆန်းတဲ့လက်နက်ကိုယ်စီနဲ့ အဲရစ်တို့ကို ဖမ်းထားပြီး မယုံနိုင်စရာ တောင်းဆိုမှုတွေလုပ်လာတဲ့အခါ… 📲 Join Channel 🎞️ ဇာတ်ကားကြည့်ရှု့ရန်နှိပ်ပါ
إظهار الكل...
Photo unavailableShow in Telegram
World War Z 2013 ‧ Horror/Action ‧ 1h 56m World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်… ၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။ မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်.. ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက် 📲 Join Channel 🎞️ ဇာတ်ကားကြည့်ရှု့ရန်နှိပ်ပါ
إظهار الكل...
Photo unavailableShow in Telegram
ကချေသည်ရွာမှ ကျိန်စာများ (2024) မစ်လာရဲ့အမေက အကောင်းကြီးကနေ ရုတ်တရက်ဆိုသလို အိပ်ရာထဲလဲသွားပြီးဆေးခန်းပြတော့လည်း ဆရာဝန်တွေလည်း အဖြေမရှာနိုင်တာဖြစ်လို့ နတ်ဆရာတစ်ယောက်နဲ့ခေါ်ပြတော့တာပေါ့။ဒီနတ်ဆရာက မစ်လာ့အမေဆီမှာ ဂျာဗားကျွန်းအရှေ့စွန်းက ပစ္စည်းတစ်ခုရှိနေကြောင်းဒီပစ္စည်းက ဒီကျွန်းပေါ်ကပိုင်ရှင်ဆီပြန်အပ်မှပဲ အမေဖြစ်သူက ပြန်လည်ကောင်းမွန်လာမယ်ဆိုပြီး ပြောသွားတော့မစ်လာလည်း အစ်ကိုဝမ်းကွဲနဲ့  သူငယ်ချင်းတစ်ယောက်နဲ့အတူ လမ်းပြရှာပြီး ကချေသည်ရွာကို ခရီးထွက်လာပါတော့တယ်။ဒါပေမဲ့ သူတို့မသိလိုက်တာက ဒီကချေသည်ရွာလေးဟာ ကျိန်စာသင့်နေတဲ့ရွာလေးဖြစ်ပြီးတော့မစ်လာပြန်လာပေးဖို့ ယူလာခဲ့တဲ့လက်ကောက်က ကျွန်းပေါ်ကနတ်ဆိုးရဲ့လက်ကောက်ဖြစ်နေချိန်မှာတော့ကျိန်စာကရော ဘာလဲ။ဝေးလံခေါင်ဖျားက လူသူမသိတဲ့ရွာငယ်လေးကနတ်ဆိုးရဲ့လက်ကောက်ကရော မစ်လာအမေဆီဘယ်လိုရောက်နေတာလဲ။ 📲 Join Channel 🎞️ ဇာတ်ကားကြည့်ရှု့ရန်နှိပ်ပါ
إظهار الكل...
Photo unavailableShow in Telegram
Amelia’s Children (2023) ဒီရုပ်ရှင်လေးကတော့ ပေါ်တူဂီ horror မူဗီလေးဖြစ်ပြီး ဇာတ်လမ်းတစ်လျှောက်လုံး တစိမ့်စိမ့် စီးမျှောကြည့်ရှု သွားရမယ့်ကား‌လေးပါပဲ။ ဇာတ်လမ်းလေးက အက်ဒ်ဝေါ့ဟာ ငယ်စဥ်ဘဝကတည်းက ကွဲကွာသွားခဲ့တဲ့ မိသားစုနဲ့ပြန်ဆုံစည်းရာကနေစပါတယ်။ မိဘမဲ့ဂေဟာမှာပဲ နေထိုင်ခဲ့ရတဲ့ အက်ဒ်ဝေါ့ဟာ မိသားစုတစ်ခုကို အမြဲလိုချင်နေခဲ့ပြီး အခုအခါ အစ်ကိုဖြစ်သူ၊အမေရင်းဖြစ်သူနဲ့ အဆက်အသွယ်ပြန်ရတော့ သူတို့ရှိရာ ပေါ်တူဂီနယ်က အိမ်ကြီးကိုထွက်လာခဲ့ပါတယ်...။ သို့ပေမဲ့ အဲ့ဒီဒေသမှာက ဒီအိမ်ကြီးကို လူတွေက ရှောင်ကြ ရှားကြပါတယ်..။ ဘာလို့ဆို ဒီအိမ်ကြီးက စုန်းမအိမ်ကြီးလို့ လူပြောများလို့ပါပဲ။ ဒီအကြောင်းကို မသိတဲ့ အက်ဒ်ဝေါ့နဲ့သူ့ကောင်မလေးဟာ ဒီအိမ်ထဲကို ဝင်သွားပြီးနောက်မှာတော့.... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ဖို့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ 📲 Join Channel 🎞️ ဇာတ်ကားကြည့်ရှု့ရန်နှိပ်ပါ
إظهار الكل...
Repost from N/a
00:02
Video unavailableShow in Telegram
🤩🤩🤩🤩 🤩🤩🤩🤩🤩 🇲🇲🇹🇭မြန်မာ၊ထိုင်း ကစားနိုင်ပီး ပရိုမိုးရှင်းကောင်းကောင်းနဲ့ 🎰စလော့ဂိမ်း, 🎰🎰 Barcarat , ရှမ်းကိုးမှီး အစုံ 🍀 ထီထိုး၀ါသနာရှင်များအတွက် နိင်ငံအသီးသီးမှထီများထိုးနိုင်ပါပြီရှင့် 😀 မိတ်ဆွေမိတ်ဆက်ပေးရင်း ဘောနပ်😀😀😀😀 💯 ငွေသွင်း/ထုတ်စိတ်ပူစရာမလိုပဲ ကိုယ်တိုင်ငွေထုတ်သွင်းအော်တိုစနစ််နဲ့ တိုက်ရိုက်၀ိဘ်ဆိုဒ်ဖြစ်ပါတယ်ရှင့် 🤩🤩🤩🤩 ဂိမ်းအကောင့် 📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️ 💌Tele          - https://t.me/lionmmoffical 💌line           - https://lin.ee/kHPTyCZ 💌Viber        - 09698090444 💌Website   - https://Lionburma.com/mk 📱 Telegram Channel link https://t.me/Lionburmagamecenter ➡️ နေ့စဉ် ငွေစျေးနှုန်းလင့် https://t.me/moneyexchangecenter
إظهار الكل...
1.42 MB
Photo unavailableShow in Telegram
လှပတဲ့ တစ္ဆေမလေးကိုချစ်မိသွားတဲ့လူသား😳😳 Chinese ghost story ➪➪➪➪➪➪➪➪➪➪➪➪➪➪ လင်ချိုင်စံဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရပ်ဝေးကနေနယ်တခုကိုလာပြီးတော့ အကြွေးတောင်းတဲ့သူပါ…လမ်းခရီးသွားလာရတာ ကြမ်းတမ်းပြီး သူခိုးဓါးပြများလည်းပေါများတဲ့အချိန်မို့လို့..သူ့အရင် လာတဲ့သူတွေအသတ်ခံရတာပေါ့..လမ်းမှာမိုးတွေရွာပြီးအရမ်းစိုရွဲသွားလို့ အကြွေးစာရင်းတွေပါ ပျက်စီးသွားခဲ့တယ်..အဲ့တော့ အကြွေးကလည်းတောင်းမရ..လူတွေကလည်း စာရင်းထဲမှာနာမည်မရှိရင်ပိုက်ဆံ မပေးနိုင်ဘူးဆိုပြီး ပြောတော့သူ့မှာနေစရာ စားစရာလုံးဝမရှိတဲ့ဘဝထိရောက်သွားပါတယ်..ညဘက် တည်းဖို့ နေရာလိုက်ရှာတော့ချောက်ချ ချင်တဲ့သူတစ်ယောက်ကသစ်ခွ ဘုရားကျောင်းမှာ တည်းပါလို့ ပြောလိုက်ပါတော့တယ်..တကယ်တော့ သစ်ခွ ဘုရားကျောင်းဟာ..သရဲတစ္ဆေတွေကြီးစိုးရာ နေရာ..ဖြစ်ပါတယ်..ဒါကိုမသိတဲ့ လင်ချိုင်စံတစ်ယောက် အူကြောင်ကြောင်နဲ့ရောက်သွားတဲ့အခါဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး 📲 Join Channel 🎞️ ဇာတ်ကားကြည့်ရှု့ရန်နှိပ်ပါ
إظهار الكل...
မင်းသားကြီး ဂျက်ဘလက်ခ်ဆိုတာနဲ့ ကွန်ဖူးပန်ဒါကိုပြေးမြင်ကြမယ်ထင်ပါတယ် နောက်ပြီး သူရိုက်ထားတဲ့တခြားဟာသကားတွေကလည်း နာမည်ကြီးပါပဲSchool of Rock တို့ Jumaji တို့ Goosebump တို့ စသဖြင့် အများကြီး ရှိပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် မင်းသား ဂျက်ဘလက်ခ်ကတကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်းဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါနောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲနောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်းကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ်ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက်မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် Dio ရဲ့လမ်းညွန်မှုနဲ့ အိမ်ကနေထွက်ပြေးပြီး ဟောလိဝုဒ်ကို ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမှာ လမ်းဘေးဖျော်ဖြေသူ KG ကို တွေ့ပြီး လက်သံကိုသဘောကျသွားတဲ့အတွက် ထူးချွန်တဲ့ Rocker ကြီးဖြစ်ဖို့တပည့်ပြေးခံပါတော့တယ် အဲဒီမှာ KG ရဲ့ သင်ခန်းစာတွေနဲ့အတူ Rocker ဖြစ်ဖို့ ကြိုးပမ်းရတော့တာပေါ့။တစ်ဖက်မှာလည်း အောင်မြင်တဲ့ Rocker တွေကို လေ့လာကြည့်မိတော့အသုံးပြုတဲ့ Guitar Pick က အတူတူပဲဆိုတာကို သိပြီးဒီ နတ်ဆိုး Guitar Pick ကိုလည်း ရအောင်လိုက်ရှာပြီးသူတို့ သီချင်းတွေ ဂန္ဒဝင်ဆန်ဖို့ လုပ်ကြတဲ့အခါ အောင်မြင်သွားမလားဘာတွေဆက်ဖြစ်မလဲ KG ရဲ့ သရုပ်မှန်ကရော ဘာလဲစသဖြင့် Musical ဆန်ဆန် ဟာသတွေနဲ့ Rock သီချင်းကောင်းကောင်းတွေနားဆင်ရင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းက Rock Musical ဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့သက်ဆိုင်တဲ့စာသားတွေကိုတော့ ဘာသာပြန်ဆိုပေးထားပြီးသိပ်မဆိုင်တဲ့စာသားတွေကိုတော့ ဒီတိုင်းပဲ ထားပေးခဲ့ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ ဇာတ်ကားက R Ratedဖြစ်တဲ့အတွက် မဟားဒရားဆဲဆိုတာတွေအပြင်ရိုင်းရိုင်းစိုင်းစိုင်းတွေလည်း ပါဝင်လို့ကလေးသူငယ်တွေကိုတော့ မပြဖို့အကြံပြုလိုက်ရပါတယ်ခင်ဗျ။ 📲 Join Channel 🎞️ ဇာတ်ကားကြည့်ရှု့ရန်နှိပ်ပါ
إظهار الكل...
Photo unavailableShow in Telegram
Hovering Blade 2024 သမီးလေးတစ်ယောက်ကို အဖေတစ်ယောက်အနေနဲ့ ပန်းလေးတစ်ပွင့်လိုယုယရင်း တစ်ယောက်ထဲပြုစုပျိုးထောင်လာခဲ့ပါတယ်။ သိပ်မပြည့်စုံပေမယ့် သားအဖနှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပါတယ်။ မိုးသည်းတဲ့တစ်ညမှာတော့ သမီးလေးဟာအိမ်ပြန်မလာတော့ပါဘူး။ မြီးကောင်ပေါက်အရွယ် အပျိုဖော်ဝင်ကာစသမီးလေးပြန်ရောက်မလာတဲ့အတွက် အရူးမီးဝိုင်းသလိုလိုက်ရှာခဲ့တယ်။ ကံမကောင်းချင်တော့ နောက်(၂)ရက်အကြာမှာ မြစ်ကမ်းဘေးမှာပေါ်လာတဲ့အလောင်းဟာ သမီးလေးဖြစ်နေပါတယ်။ တရားခံဟာ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ဆေးသမားကောင်လေး(၂)ယောက်ဖြစ်နေတာကိုမထင်မှတ်ပဲ သိလိုက်ရပြီး သမီးလေးကိုနှိပ်စက်ပြီး အဓမ္မကျင့်တဲ့ဗီဒီယိုကိုမြင်လိုက်ရတဲ့အချိန်မှ ာ အသိစိတ်လွတ်သွားပြီး တရားခံကောင်လေးတစ်ယောက်ကိုသတ်မိလိုက်ပါတယ်။ ဒီလိုနဲ့ အသဲနှလုံးတွေမွမွကြေပြီး ရင်ကွဲနေတဲ့ အဖေတစ်ယောက်ရဲ့ ကလဲ့စားဟာစတင်ခဲ့ပါတယ်။ အဖေဖြစ်သူက တရားခံနောက်တစ်ယောက်ကိုလိုက်ရှာနေချိန်မှာ ရဲတွေကလဲ တရားခံကောင်လေးကိုရော သေသွားသူကောင်မလေးရဲ့အဖေကို ဆက်ပြီးမမှားအောင်တားဖို့ ရှာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ 📲 Join Channel 🎞️ ဇာတ်ကားကြည့်ရှု့ရန်နှိပ်ပါ
إظهار الكل...
Photo unavailableShow in Telegram
Blood Vessel (2019) ------------------------ #Fantasy #Horror IMDb - 5.4/10 ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ ပရက်စကော့တို့အဖွဲ့က ပင်လယ်ထဲမှာ အစာရေဆာပြတ်လတ်ပြီး ဖောင်တစ်ခုနဲ့ ပင်လယ်ထဲမှာမြောလာတာနဲ့ စထားပါတယ်၊ ဒီလိုနဲ့ နာဇီသင်္ဘောတစ်စီးကိုတွေ့ပြီး အသတ်ခံရတာက ငတ်သေတာထက်တော့ သာပါသေးတယ်လို့ခံယူပြီး အဲဒီသင်္ဘောပေါ်ကို တက်သွားကြပါတော့တယ်။ သင်္ဘောပေါ်မှာ လူတစ်ယောက်မှမတွေ့တော့ ထူးဆန်းတယ်ဆိုပြီး သင်္ဘောအနှံ့ လိုက်ကြည့်ကြတဲ့အချိန်မှာ မိုင်ယာလို့ခေါ်တဲ့ကလေးမလေးနဲ့တွေ့ခဲ့ကြပါတယ်။ ဘယ်သူမှမရှိတဲ့ သင်္ဘောပေါ်မှာ ကလေးမလေးတစ်ယောက်တည်း ဘာလို့ရှိနေရတာလဲ၊ သင်္ဘောပေါ်မှာ ဘာတွေဖြစ်သွားခဲ့တာလဲ၊ ပရက်စကော့တို့ကရော ဘာတွေကြုံရမလဲဆိုတာကိုတော့ 2019 ခုနှစ်ကထွက်ရှိထားပြီး IMDb rating 5.4 ရရှိထားတဲ့ Blood Vessel ကားလေးမှာ ဆက်ပြီးကြည့်ရှုကြည့်ကြရအောင်နော်… ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Bennie ဖြစ်ပါတယ် ) 📲 Join Channel 🎞️ ဇာတ်ကားကြည့်ရှု့ရန်နှိပ်ပါ
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.