cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

​တမာမြေ

إظهار المزيد
مشاركات الإعلانات
5 307
المشتركون
لا توجد بيانات24 ساعات
-37 أيام
+7930 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Repost from Naung Taw Lay
ဒဂုံတောင် ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အပစ်ခံရ ၂၀.၉.၂၀၂၄ရက်နေ့ ၀၉ ၁၅အချိန်တွင် ဒဂုံတောင်မြို့နယ် ၁၀၇ရပ်ကွက်၊ ငုဝါမြိုင်လမ်း ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွေင် ဦးကြည်ထွန်း (အုပ်ချုပ်ရေးမှူး)၊ ဦးဆွေမြင့်အောင် (ရာအိမ်မှူး) တို့ကို နီပိန်း အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ #MyanmarNationalPost
إظهار الكل...
Repost from Ye' Ba Nyein
Photo unavailableShow in Telegram
နစကအစိုးရမှတစ်ဆင့် မြန်မာနိုင်ငံ၏ ရေဘေးဒဏ်ခံစားနေရသော လူပေါင်း ၅ သိန်းအတွက် ဆန်၊ ဘီစကစ်များနှင့် အဟာရပြည့်ဝသော ဖြည့်စွက်စာများအပါအဝင် အရေးပေါ်အစားအစာများ တစ်လစာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(World Food Programme -WFP)က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။
إظهار الكل...
Repost from N/a
ကိုယ့်တီးကွက်မှာပဲ သူ က ပါစေ ============================ MNDAA ရဲ့ ဒုတိယအကြိမ် ထုတ်ပြန်စာကို ဖတ်ပြီး မြန်မာ့တပ်မတော်ကြီး ဖီးလ်တက်နေမှာကိုတော့ စိုးရိမ်မိပါတယ် ။ ဘာတဲ့ မန္တလေး နဲ့ တောင်ကြီးကို မသိမ်းပိုက်ပါဘူး ။ NUG / PDF တွေ နဲ့ စစ်ရေး နိုင်ငံရေး လက်မတွဲတော့ပါဘူး ပြည်ထောင်စုကနေ မခွဲပါဘူး တဲ့ ။ ဘာတဲ့ လာသေးတယ် ခုခံပိုင်ခွင့်ကိုတော့ စွဲကိုင်ထားပါတယ် တဲ့ 😂😂😂 သဘောကတော့ လားရှိုး လောကျကျိုငျ လာမတိုက်နဲ့ပေါ့ ဗျာ ။ သူတို့ အပိုင်ဖြစ်သွားပြီပေါ့ ။ ဒီစာက PDF အတွက်တော့ အမွှေးအတောင် အညှပ်ခံလိုက်ရတဲ့ ဠင်းတအိုကြီးလို ဖြစ်သွားစေတာကတော့ အမှန်ပဲ ဗျ ။ NUG က မောင်ဆောင်းခ နဲ့ ပေါင်းပြီး အညာပဒက်တွေကို MNDAA ဆီကို လက်နက် ငွေကြေး နဲ့ ရောင်းစားထားတယ်ဆိုတဲ့ သတင်းတွေကို အတည်ပြုပေးလိုက်တဲ့ စာဖြစ်ပါတယ် ။ စတေးခံ PDF တွေ ရဲ့ ချီးဦးဏှောက်တွေနဲ့ လုပ်ခဲ့သမျှ ငိုချင်းချ အမျှဝေဖို့ပဲ ရှိတော့တာပေါ့လေ ။ MNDAA ရဲ့ နောက်တကွက်ကတော့ နစက အတွက် ငိုချင်းချဖို့ ရွှေ့နေတဲ့ အကွက်ဆိုတာ သိဖို့ကောင်းပါတယ် ။ သူတို့အရမ်းနားလည်ပါတယ် မလုပ်နဲ့နဲ့ဗျ ။ နစက အနေနဲ့ သူပုန်ဆိုရင် သာမန်ပြည်သူထက် ပိုချစ်ပြခဲ့တဲ့ သာဓကတွေ အများကြီးရှိခဲ့တော့ ရာနှုံးပြည့် မယုံကြည်နိုင်ဘူးခင်ဗျ ။ တိုက်ပွဲတခုမှာ ဘယ်လိုအနေအထားရောက်ရင် ငြိမ်းချမ်းရေးစကားပြောလေ့ရှိသလဲ လေ့လာကြည့်ပါ ။ မိမိလိုချင်တာ ရပြီးလျှင် ရှေ့ဆက်တိုးရန် အားအင်ကုန်နေပါက တချက် ။ မိမိအရေးနိမ့်နေလျှင် တချက် ။ ဒါတွေကြောင့် တောင်းဆိုတတ်ပါတယ် ။ ယခု MNDAA တောင်းဆိုနေတာ ၂ ချက်လုံးကြောင့်လို့ တွက်ဆလို့ ရနေပါတယ် ။ ဒါကို ဖီးလ်တက်ပြီး သဘောတူမယ်ဆိုရင်တော့ မြန်မာ့တပ်မတော်လောက် ညံ့ဖျင်းမိုက်မဲတဲ့ တပ်မတော် ရှိမှာ မဟုတ်တော့ပါဘူး ။ သမိုင်းတလျှောက် ရှက်စရာအကောင်းဆုံး အမဲစက်ကြီးကို ဖျောက်ဖျက်ဖို့ကတော့ စစ်ကို ပြတ်ပြတ်သားသား အနိုင်ရအောင် ပြန်တိုက်ဖို့မှ တပါး အခြားမရှိပါဘူး ။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာသည် တပ်ချုပ်ကြီး နဲ့ ဒုတိယတပ်ချုပ်ကြီးတို့ရဲ့ ပြတ်သားတဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်အပေါ် တည်ရှိနေပါတယ် ။ ဒီကနေ့ ဖြစ်ပျက်နေရတဲ့ အခြေအနေ အဆိုးအကောင်းဟာ လိပ်ခဲတင်းတင်း နဲ့ မှေးနေရမယ့် ကာလမဟုတ်တော့ပါဘူး ။ မှေးကြည့် စောင့်ကြည့်ရင်း တိုင်းပြည်လည်း ပျက်လုခမန်းဖြစ်နေပါပြီ ။ အိပ်မက်ဆိုးကနေ လန့်နိုးမှ ဖြစ်တော့မှာပါ ။ သူ့တီးကွက်မှာ ဝင်မကပါနဲ့ ။ ကိုယ့်တီးကွက်မှာ သူက ပါစေ ။ ဒီကနေ့အချိန်ဟာ MNDAA နဲ့ PDF ကော TNLA ရော အကုန်လုံးကို လေကြောင်း ကြည်းကြောင်း ထိုးစစ်ဆင်ချေမှုံးဖို့ အချိန်ကောင်း ဖြစ်နေပါပြီ ။ လေယာဥ်တခါသုံးရင် အုပ်စုဖွဲ့သုံးဖို့ ကောင်းပါပြီ ။ လေယာဥ်လေး ၁ စင်း ၂ စင်းနဲ့ တလုံးစ နှစ်လုံးစ နဲ့ ကြဲရမယ့် ကာလ ကုန်ပါပြီ ။ လားရှိုးမသိမ်းနိုင်သေးတဲ့ ကာလများမှာ အပစ်ရပ်ပါ့မယ် အကြိမ်ကြိမ်စာထုတ်ပြီး တောက်လျှောက်တိုက်ခိုက်နေတဲ့ MNDAA ရဲ့ ကောက်ကျစ်တဲ့ မာယာကို မေ့မပစ်ကြပါနဲ့ ။ ဘာစာမှ စောက်ဂရုစိုက်မနေပါနဲ့ ။ လုပ်စရာရှိတာကို ဆယ်ဆတိုး လုပ်ကြပါလို့ တောင်းဆိုချင်ပါတယ် ။ ကိုရွှေမျိုးဝင်း
إظهار الكل...
Repost from View of Sue
Photo unavailableShow in Telegram
ဗုံးရှင်းလင်းရာတွင် မသေသေးပဲ ကျန်နေသော TNLA များကို တွေ့ရစဉ်
إظهار الكل...
👏 4
Repost from Ye' Ba Nyein
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးတော့မည် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအမံဖြင့်တစ်နိုင်ငံလုံးရှိ ကျောင်းသူများကို လာမည့်အောက်တိုဘာလအတွင်းမှစတင်ကာ သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး စတင်ထိုးနှံပေးမည်ဖြစ်ကြောင်းကျိုက်ထိုမြိုနယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် ထိုးနှံနိုင်သည့် ကျောင်းသူများစာရင်းကို စတင်ကောက်ယူနေကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ (၁)ရက်မှ ၂၀၁၅ ခုနှစ် ဩဂုတ် (၃၁)ရက်အတွင်း မွေးဖွားသူအမျိုးသမီးများအားလုံးပါဝင်ကြောင်း သိရသည်။ ယခုနှစ်အတွင်း ကျိုက်ထိုမြိုနယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးရမည့် ကျောင်းနေအရွယ် အမျိုးသမီးစုစုပေါင်း(၁၃၉၄)ဦးရှိကြောင်း ကနဦး သိရသည်။ ပုံစာ- ၂၀၂၃ ခုနှစ်အတွင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခဲ့သည့် ပုံရိပ်
إظهار الكل...
Photo unavailableShow in Telegram
အရင်တုန်းက အငတ်ဘေးသင့်ခဲ့တဲ့ အီသီယိုးပီးယားကို အရမ်းသနားခဲ့ဖူးတယ် ရေဘေးကြောင့် ဆရာလေးတို့ကျောင်း အကုန်ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။ ကလေးတွေ မျောသွားမှာ စိုးရိမ် နေတာနဲ့ပဲ ပစ္စည်းတွေတောင် ဘာမှ မယူနိုင်ခဲ့ပါဘူး။ ရေတွေကျသွားတော့ ရွှံနှစ်တွေပဲ ကျန်ခဲ့ပါတယ်။ဆရာလေးတွေတော့ ပင်ပင်ပန်းပန်း လုပ်နေရတာပေါ့။ဆရာလေးတွေလည်း နေ့ဆွမ်းတစ်နပ်ပဲ စားရတာ (၅) ရက် ရှိပါပြီ " ဆရာလေးတွေကိုလည်း ကူညီနိုင်ကြပါစေ🙏🙏🙏
إظهار الكل...
Repost from Ko Thet
Photo unavailableShow in Telegram
❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️ မိုခါ မလာခင်မှာ ၊ လာမယ်လို့ ကြားကြားချင်းအချိန်ကစလို့ ပြီးသွားပြီး ပျက်စီးသွားရတဲ့ မြင်ကွင်းတွေကို ကြည့်မိရတဲ့အချိန်အဆုံးထိ ကိုယ်တွေရင်ထဲက လာတဲ့ သစ္စာတရားက ရခိုင်ပြည် အထိအခိုက်နည်းပါစေဆိုတဲ့ စိတ်ပဲ ရှိခဲ့တယ်။ - မိုခါအပြီး.... ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် ပြည်မထဲက ရဲသင်တန်းကျောင်းတွေကအစ သုံးခဲ့တယ်။ မီးသတ်တပ်ဖွဲ့တွေနဲ့ ပြည်မထဲက ပရဟိတ သမားတွေပါမကျန် လေယာဉ်နဲ့ ပို့ခဲ့ကြတယ်ပေါ့။ ဘယ်လောက်တောင် ရူးမိုက်တဲ့အမိန့်တွေ ပေးခဲ့ကြသလဲဆိုရင်.... မိုခါလာမယ့် စစ်တွေမှာကို မုန်တိုင်းလာမှာ သိသိနဲ့ ကယ်ဆယ်ရေးလုပ်ဖို့ ကျန်းမာရေး ဆရာဝန်တွေ စုပုံထားတဲ့ အခြေအနေမျိုးအထိ အင်တိုင်အားတိုက် သုံးခဲ့တယ်။ မှတ်ချက်ကတော့ နာဂစ်လို အသေအပျောက် မများစေရဘူးဆိုတဲ့ စိတ်ဆန္ဒကြောင့်ပဲ။ - မိုခါအတွက် တပ်မတော်မှာရှိတဲ့ ကမ်းထိုးယာဉ်မှန်သမျှ သုံးခဲ့တယ်။ ဘိလပ်မြေတွေ၊ လမ်းမီးတိုင်တွေ၊ မရေတွက်နိုင်အောင်များပြားတဲ့ သွပ်ချပ်တွေဆိုတဲ့ ရုပ်ဝတ္ထုကအစ တပ်မတော်သားတွေရဲ့ လုပ်အားဒါနဆိုတဲ့ ခွန်အားတွေကအဆုံး အကုန်သုံးခဲ့ကြတယ်။ ခေါင်းစဉ်ကတော့ ရခိုင်ပြည်နယ် အမြန်ဆုံး ပြန်လည်ထူထောင်ရေး ဆိုတဲ့ မှတ်ချက်ပဲ။ - တပ်မတော်က အရာရှိ ဗိုလ်ကြီး တစ်ယောက် လွှတ်တော်မှာ ပြောခဲ့သလိုပဲ။ အကူအညီပေးဖို့ ကမ်းတဲ့လက်ကို AA လက်နက်ကိုင်တွေက ကောင်းကောင်းကြီး ကျေးစွပ်ခဲ့ကြတယ်။ ဆာဆာဝါ ကျေးဇူးရယ်၊ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်ကြောင့် ကျေးဇူးတော်ကြီးမားစွာနဲ့ AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကနေ ရုတ်သိမ်းပေးခဲ့တယ်။ အကျိုးကျေးဇူးအရတော့ ငြိမ်းချမ်းရေးဆိုတဲ့ သင်္ကေတ ပြယုဒ်တခုအောက်မှာ တပ်စခန်းပေါင်းများစွာ အတိုက်ခံရတော့တာပဲ။ ကိုယ့်စစ်သည်ပေါင်းများစွာ အသက်ပေးခဲ့ကြရတော့တာပဲ။ - အလံဖြူပြထားတဲ့ လှေ၊ ကလေးသူငယ်တွေပါ ရှိနေတဲ့အထား၊ လှေနစ်တဲ့အခါ ရေကူးတတ်လို့ ကမ်းပေါ်တက်လာတဲ့ အသက်တွေကိုတောင် ဓားနဲ့အလွယ်ပြေးခုတ်ခဲ့ကြတယ်။ ကြွေးကြော်သံက မလာနဲ့။ ဒါ ငါတို့ ရခိုင်ပြည်တဲ့။ တရားဝင်ရော၊ တရားမဝင်ရော ဘယ်မီဒီယာမှ မဖော်ပြခဲ့ကြတဲ့အခါ တိတ်တိတ်ပဲ ကိုယ်တွေ တောက်ခေါက်ခဲ့ကြရတယ်။ - စစ်ဘေးက ပြေးလို့ လွှတ်နိုင်ပါ‌သေးတယ်။ မုန်တိုင်းဘေးလာရင် မင်းတို့ ပြေးလို့ လွတ်ပါစေလို့ပဲ ဆုတောင်းပါတယ်။ (နရီမိုး) https://www.tiktok.com/@k0_th3t/photo/7416341343540202768?is_from_webapp=1&sender_device=pc&web_id=7402886078983980545
إظهار الكل...
👍 1
“ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးကြောင့်လေးပါပေါ့လေး” ====== ၁။တစ်ခါတစ်လေ စိတ်ပါလက်ပါ ပြတ်သားပါ၊ ပြင်းပြင်းထန်ထန်လုပ်သင့်တာ လုပ်ပါ ဆိုပြီး တိုက်တွန်းပြောဆိုချက်တွေက အမုန်းတရားစိတ်သက်သက်ကြောင့် ပြောခဲ့တာမျိုး မဟုတ်ဘူး။ ဒီတိုင်းပြည်က ဒီလိုမှ မာမာချာချာ မသွားရင် အချိန်မရွေးပြိုကွဲသွားနိုင်တယ် ဆိုတဲ့ ပုံစံမျိုးကို ဒီနှစ်ပိုင်းအချိုးအကွေ့မှာတင် ရှင်းရှင်းလင်းလင်း မြင်တွေ့လာရလို့ပဲ။ ---- ၂။ အထူးသဖြင့် မြန်မာ့အရေးဟာ ဘယ်မော်ဒယ် စံနှုန်းတွေကို နမူနာယူပြီး လေ့လာ၊လေ့လာ။ အဓိက ဆုံးဖြတ်ကိုင်တွယ်သွားရမှာက လက်ရှိလက်နက်ကိုင် ထားကြပါတယ်ဆိုတဲ့ အစုအဖွဲ့ ခေါင်းဆောင်တွေကိုယ်တိုင်ပဲ။ ခက်တာက KIA က ကချင်လူမျိုးစုအားလုံးအပေါ် ကို မလွှမ်းခြုံဘူး။ CNF က ချင်းလူထုအားလုံးအပေါ် အာဏာမသက်ရောက်ဘူး။ ရှမ်းနှစ်ဖွဲ့ ကြားမှာ ဘယ်ပြည်သူက ဘယ်သူ့ဖက် ပါရမလဲဆိုတာ ကွဲကွဲပြားပြားမရှိဘူး။ လက်နက်ကိုင်ထားကြတာရယ်၊ လူမျိုးချင်းတူတာ ရယ်ကြောင့်သာ ထောက်ခံနေကြတာ က ခပ်များများနေလိမ့်မယ်။ ဒါပေမယ့် မပြေးသော် လည်း ကံရှိရာဆိုသလို သပွတ်အူလို ရှုပ်နေတဲ့ မြန်မာ့နိုင်ငံရေးမှာ ပထဝီနိုင်ငံရေးကပါ ဝင်ရှုပ်ပြန်လေတော့ ရှင်းလေ၊ ရှုပ်လေ ဆိုတဲ့ အခင်းအကျင်းမျိုးနဲ့ပဲ ဒုံရင်းက ဒုံရင်း ဖြစ်သွားလေ့ရှိကြတယ်။ ---- ၃။ ခုလည်း တရုတ်ဩဇာမကျော်နိုင်တဲ့ MNDAA က တရုတ်အာဘော်အတိုင်း ပြည်ထောင်စုက ခွဲမထွက်ပါဘူးလို့ ကြေညာထားပေမယ့် အမေရိကန်ယိမ်းတဲ့ KNU အဖွဲ့က ပြည်ထောင်စု အားကောင်းရေးအတွက် ပြည်နယ်အားကောင်းရေးဆိုတဲ့ မူကို ချပြလာခဲ့ပြီ။ အဓိက စကားလုံးဖြစ်တဲ့ Bottoom up Federal ဆိုတာ Holding Together နဲ့ ပြောင်းပြန်ပါပဲ။ သီးခြားပြည်နယ်တွေမှာ ကိုယ်ပိုင်လက်နက်ကိုင်တွေ စုဖွဲ့ပြီး ပြည်ထောင်စု ဖွဲ့မယ်လို့ ဆိုလို လိုက်တာမျိုးပါ။ ဒဲ့ပြောရရင် ကွန်ဖက်ထရိတ်ပါပဲ။ ----- ၄။ ကိုယ်တွေလက်ထက်မှာ မြန်မာနိုင်ငံရေးက စိတ်ဝင်စားစရာကောင်းလာတဲ့ အနေအထား အရွေ့တစ်ခုကို မြင်နေရတာကတော့ တိုင်းပြည် ကံကြမ္မာပါပဲ။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ အရေးမှာ ဒီမိုကရေစီရေးဟာ အဓိက မကျဘူးဆိုတဲ့ပုံစံနဲ့ NUG ကို ဗြောင်ကျကျလက်တွဲ ဖြုတ်သွားတဲ့ MNDAA ရဲ့ လုပ်ရပ်ရယ်၊ တိုင်းပြည်တည် ဆောက်ရေးထက် ကွန်ဖက်ထရိတ်ကို ဦးတည်တဲ့ အာဂျင်တာမျိုး ချပြသွားတဲ့ လက်နက်ကိုင်အစုအဖွဲ့(၉)ခုရဲ့ အစီအမံတွေ ထဲမှာ ဘယ်လိုများကိုင်တွယ် ထိန်းကျောင်းသွားမလဲဆိုတာကိုတော့ စိတ်ဝင်စားမိပါရဲ့လေ။ တစ်ခါတလေ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်လေးသွားရတဲ့ အဖြစ်လိုပါပဲ။ ဒီတိုင်းပြည်ရဲ့ ပြည်တွင်းစစ် ဟာ ဖက်ဒရယ်သွားမှ ဖြစ်မယ်လို့ ယူဆကာကြမှ ကွန်ဖက်ထရိတ်ဆိုပြီး အသံထွက် ကြပြန်လေသတဲ့။ တစ်ချို့သူတွေဟာ ဇစ်ဖြုတ်ပြတဲ့ သူတွေနဲ့မှ တန်တာဆိုတော့ ယုံပေးရတော့မှာပဲ။ (နရီမိုး)
إظهار الكل...
👍 3
Repost from Min Chit Oo
Photo unavailableShow in Telegram
အားယူအိုစခေ👌
إظهار الكل...
👏 1
Photo unavailableShow in Telegram
ကုန်ဈေးနှုန်းအဆမတန် ဘာကြောင့်မြင့်တက်နေသလဲ?...အဖြေကရှင်းရှင်းလေးပါ...NUGနဲ့ PDF တွေစပေါ်လာပြီး အကြမ်းဖက်တွေလုပ်ရုံမက ကုန်စည်စီးဆင်းမှုတွေပိတ်အောင် လမ်းတွေပိတ်..တံတားတွေချိုး...ဂိတ်ဖွင့်ဆက်ကြေးအဆမတန် ကောက်...ကုန်ထုတ်လုပ်မှုမှာအဓိကျတဲ့ လျှပ်စစ်မီးတိုင်တွေမိုင်းခွဲ ချိုးဖျက်မှုတွေရဲ့ နောက်ဆက်တွဲ ရလဒ်က ယနေ့ပြည်သူတွေအပါ အားလုံးခံစားနေရတဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုဆိုတာ အားလုံးသိရှိကြမှာဖြစ်ပါတယ်.... NUG က အမတ်ပြုတ် NLD တွေက မစားရတဲ့အမဲ သဲနဲ့ပက်ပြီး လူငယ်တွေကိုမြှောက်ပင့် လက်နက်ကိုင်ခိုင်းခဲ့တာက အဓိက အခြေခံအကြောင်းရင်းဆိုတာ သူတို့ရဲ့လုပ်ရပ်တွေကိုကြည့်ရင် အဖြေက ရှင်းရှင်းလင်းလင်းသိသာမြင်လွန်းပါတယ်....အရှက်မရှိ ခုမှ ပြည်ဖျက်မီဒီယာတွေနဲ့ပေါင်း ပြီး ကုန်ဈေးနှုန်းကြီးလို့အော်ပြနေကြတာဟာ လုပ်စားသက်သက် အသံကောင်းဟစ်နေကြတာပါ...အသိဉာဏ်ရှိတဲ့သူတိုင်း စဉ်းစားတွေးခေါ်နိုင်ကြပါစေ....
إظهار الكل...
👍 2
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.