cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ရဲဝံ့စွန့်စား ပြည်ချစ်သား

တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ဒီ Channel ကနေ သင်တို့အား ကြိုဆိုပါတယ်။

إظهار المزيد
مشاركات الإعلانات
20 302
المشتركون
+4324 ساعات
+1837 أيام
+28530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
US က ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီမယ်လို ဖော်ပြထားတာ တွေ့ရပါတယ်။ - ထုတ်ပြန်ချက်မှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို USAID မှတစ်ဆင့် ပေးအပ်ဖို စီစဉ်နေတယ်လို ဆိုပါတယ်။ - လူသားချင်းစာနာမှုအကူအညီများအပါ သန့်ရှင်းသောရေ ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းတွေနဲ့ အခြားကယ်ဆယ်ရေးပစ္စည်းတွေ ပါဝင်မယ်လိုသိရပြီး အရေးပေါ် လိုအပ်တဲ့ဒေသတွေကို အမြန်ဆုံးပိုဆောင်ပေးဖို နစက အစိုးရကို တောင်းဆိုထားပါတယ်။ - ပြောချင်တာကတော့ အကူအညီပေးရမယ်ဆို ဟိုတောင်းဆို၊ ဒီတောင်းဆိုနဲ့ အီလေးဆွဲနေပြီး မြန်မာပြည် ဖျက်ဖိုဆို အကြမ်းဖက် NUG/ PDF တွေနဲ့ သူပုန်တွေကို လူသတ်လက်နက်တပ်ဆင်ပေးတာ မြန်မှ မြန်ပဲ။ - မြန်မာပြည်သူတွေကတော့ US အနေနဲ့ မုန်တိုင်းထောက်ပံ့ပစ္စည်းတွေ ပေးအပ်တာထက် အကြမ်းဖက် NUG/ PDF တွေိကို လက်နက်ခဲယမ်းတွေ မထောက်ပံ့ဖိုနဲ့ မြန်မာပြည်သူတွေအပေါ် NUG ရဲ့အကြမ်းဖက်မှုတွေ ရပ်ဆိုင်းစေဖို ပိုမိုမျှော်လင့်ကြတာ အမှန်ပဲ။ KT
إظهار الكل...
Repost from Ko Thet
Photo unavailableShow in Telegram
❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️ မိုခါ မလာခင်မှာ ၊ လာမယ်လို့ ကြားကြားချင်းအချိန်ကစလို့ ပြီးသွားပြီး ပျက်စီးသွားရတဲ့ မြင်ကွင်းတွေကို ကြည့်မိရတဲ့အချိန်အဆုံးထိ ကိုယ်တွေရင်ထဲက လာတဲ့ သစ္စာတရားက ရခိုင်ပြည် အထိအခိုက်နည်းပါစေဆိုတဲ့ စိတ်ပဲ ရှိခဲ့တယ်။ - မိုခါအပြီး.... ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် ပြည်မထဲက ရဲသင်တန်းကျောင်းတွေကအစ သုံးခဲ့တယ်။ မီးသတ်တပ်ဖွဲ့တွေနဲ့ ပြည်မထဲက ပရဟိတ သမားတွေပါမကျန် လေယာဉ်နဲ့ ပို့ခဲ့ကြတယ်ပေါ့။ ဘယ်လောက်တောင် ရူးမိုက်တဲ့အမိန့်တွေ ပေးခဲ့ကြသလဲဆိုရင်.... မိုခါလာမယ့် စစ်တွေမှာကို မုန်တိုင်းလာမှာ သိသိနဲ့ ကယ်ဆယ်ရေးလုပ်ဖို့ ကျန်းမာရေး ဆရာဝန်တွေ စုပုံထားတဲ့ အခြေအနေမျိုးအထိ အင်တိုင်အားတိုက် သုံးခဲ့တယ်။ မှတ်ချက်ကတော့ နာဂစ်လို အသေအပျောက် မများစေရဘူးဆိုတဲ့ စိတ်ဆန္ဒကြောင့်ပဲ။ - မိုခါအတွက် တပ်မတော်မှာရှိတဲ့ ကမ်းထိုးယာဉ်မှန်သမျှ သုံးခဲ့တယ်။ ဘိလပ်မြေတွေ၊ လမ်းမီးတိုင်တွေ၊ မရေတွက်နိုင်အောင်များပြားတဲ့ သွပ်ချပ်တွေဆိုတဲ့ ရုပ်ဝတ္ထုကအစ တပ်မတော်သားတွေရဲ့ လုပ်အားဒါနဆိုတဲ့ ခွန်အားတွေကအဆုံး အကုန်သုံးခဲ့ကြတယ်။ ခေါင်းစဉ်ကတော့ ရခိုင်ပြည်နယ် အမြန်ဆုံး ပြန်လည်ထူထောင်ရေး ဆိုတဲ့ မှတ်ချက်ပဲ။ - တပ်မတော်က အရာရှိ ဗိုလ်ကြီး တစ်ယောက် လွှတ်တော်မှာ ပြောခဲ့သလိုပဲ။ အကူအညီပေးဖို့ ကမ်းတဲ့လက်ကို AA လက်နက်ကိုင်တွေက ကောင်းကောင်းကြီး ကျေးစွပ်ခဲ့ကြတယ်။ ဆာဆာဝါ ကျေးဇူးရယ်၊ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်ကြောင့် ကျေးဇူးတော်ကြီးမားစွာနဲ့ AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကနေ ရုတ်သိမ်းပေးခဲ့တယ်။ အကျိုးကျေးဇူးအရတော့ ငြိမ်းချမ်းရေးဆိုတဲ့ သင်္ကေတ ပြယုဒ်တခုအောက်မှာ တပ်စခန်းပေါင်းများစွာ အတိုက်ခံရတော့တာပဲ။ ကိုယ့်စစ်သည်ပေါင်းများစွာ အသက်ပေးခဲ့ကြရတော့တာပဲ။ - အလံဖြူပြထားတဲ့ လှေ၊ ကလေးသူငယ်တွေပါ ရှိနေတဲ့အထား၊ လှေနစ်တဲ့အခါ ရေကူးတတ်လို့ ကမ်းပေါ်တက်လာတဲ့ အသက်တွေကိုတောင် ဓားနဲ့အလွယ်ပြေးခုတ်ခဲ့ကြတယ်။ ကြွေးကြော်သံက မလာနဲ့။ ဒါ ငါတို့ ရခိုင်ပြည်တဲ့။ တရားဝင်ရော၊ တရားမဝင်ရော ဘယ်မီဒီယာမှ မဖော်ပြခဲ့ကြတဲ့အခါ တိတ်တိတ်ပဲ ကိုယ်တွေ တောက်ခေါက်ခဲ့ကြရတယ်။ - စစ်ဘေးက ပြေးလို့ လွှတ်နိုင်ပါ‌သေးတယ်။ မုန်တိုင်းဘေးလာရင် မင်းတို့ ပြေးလို့ လွတ်ပါစေလို့ပဲ ဆုတောင်းပါတယ်။ (နရီမိုး) https://www.tiktok.com/@k0_th3t/photo/7416341343540202768?is_from_webapp=1&sender_device=pc&web_id=7402886078983980545
إظهار الكل...
👍 69 5🤣 5🔥 2
Repost from Ko Thet
အရင်က ပြည်သူတွေ ချွေးနဲစာတွေကနေပြီးတော့ သေနတ်ဖိုး ကျည်ဆန်ဖိုး အလှူခံ ဓါးပြ တိုက်နေတဲ့ ထောက်ပို့ ဆိုသူတွေကတော့ ရေဘေးတွေ့တာကို သူတို့ အလှူခံပွဲထင်ပြီး ရောယောင် အလှူခံနေပြန်ပါပြီ။ - အရင်ထဲက ကျည်ဆန်တွေ လက်ပစ်ဗုံးတွေ အလှူခံနေပြီးတော့ ခုရေဘေးကျမှ ရေဘေးအတွက် သီးသန့် အလှူခံပါတယ်ဆိုတာကြီးကတော့ ဘယ်လိုပြောရမလဲ နင်ဉာဏ်ကောင်းလွန်းတယ်ပေါ့နော်။ - ရေဘေးဆိုရင် ပြည်သူတွေက အလုံးအရင်းနဲ့ လှူကြမှာသိတော့ လက်နက်အလှူခံပါတယ်လို့ မပြောတော့ဘဲ ရေဘေး ခေါင်းစဉ်တပ်ပြီး ရောချတာပါပဲ။ - ပြည်သူတွေကိုယ်တိုင်ကလည်း ကျည်ဆန်ဖိုးဆို မလှူဘူးဆိုပြီးပြောထားဖူးတော့ ထောက်ပို့သူတောင်းစားတွေ ခွက်ခေါက်နေရရှာပြီ။ - ရေဘေးအလှူကသပ်သပ် လက်နက်အလှူကသပ်သပ်ဆိုတာ ဘယ်သူယုံလဲတော့မသိ တို့တော့ မယုံပါဘူး။ - စာရင်းမရှိအင်းမရှိ ရေဘေးဆိုလှူကြတာသိတော့ ရတဲ့ငွေတွေနဲ့ လက်နက်ကျည်ဆန်ဝယ်ပစ်လိုက်ရင် ဘယ်သူ သိမှာမို့လို့လဲ? ပြီးတော့ ဘယ်နားလေးတွေ သွားလှူနေမှန်းလည်း သိရတာမဟုတ် တော်တော် Transparency ရှိတဲ့ကောင်တွေဆိုတော့လေ။ - ဒီကြားထဲ ရေဘေးလည်းမသုံး ကျည်ဆန်ဖိုးလည်းမသုံး အမေရိကားမှာစတိုးဆိုင်ဖွင့် အိမ်ကောင်းကြီးတွေ ဝယ်ပလိုက်တဲ့ ပန်ဆယ်လိုကို အားကျပြီး အဲ့လို အပျောက်ဖျောင်လိုက်ရင်လည်း အခက်။ - ပြည်သူတွေအနေနဲ့ ရေဘေးအလှူခံဆိုတိုင်းလည်း စွတ်မလှူကြဘဲနဲ့ အဖွဲ့အစည်း အလှူခံပုဂ္ဂိုလ်တို့ကိုလည်း သေချာလေး လေ့လာပြီးမှ လှူကြဖို့ သတိပြုကြဖို့ အထူးသတိပေးချင်ပါတယ်ဗျာ။ Aung Shinn
إظهار الكل...
👍 35 4👏 1
Repost from Ko Thet
ရေဘေးသင့်ပြည်သူများအား ဆက်လက်ထောက်ပံ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် လွိုင်လင်လေးမြို့နယ်ရှိ ရေဘေးသင့်ဒေသခံပြည်သူများအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့။ KT
إظهار الكل...
👍 34 3
Repost from Ko Thet
ရေဘေးသင့်ဒေသခံပြည်သူများအား သွားရောက်အားပေးထောက်ပံ့ တောင်ငူ စက်တင်ဘာ ၁၉ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့ နှင့်အတူ ရေတာရှည်မြို့နယ်၊ ပိတောက်စမ်းကျေးရွာ၌ ရေပြန်လည်ကျဆင်းသွားသည့် အခြေခံပညာမူလတန်းလွန်ကျောင်း၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ၊ ဘိုးတော်ကုန်းဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၊ တောင်ငူမြို့၊ (၁၀)ရပ်ကွက်၊ အုတ်ကျွတ်(၁)မူလတန်းလွန်ကျောင်း နှင့် ရွှေဂူကြီးဘုရားတို့၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အခြားစားသုံးဖွယ်ရာများ စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးငယ်များအတွက် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရှိရသည်။
إظهار الكل...
👍 34 2
Photo unavailableShow in Telegram
သိပ်လေးစားဖိုကောင်းသော ကလောမြိုနယ် မြိုပေါ်မှာ အိမ်တွေ ရေကြီးနစ်မြုပ်ခဲ့ရပြီး ရေပြန်ကျချိန် မြိုထဲက အိမ်တွေ အဆောက်အဦတွေကို သန့်ရှင်းရေး လုပ်ပေးဖိုဆိုပြီး ကျေးရွာတွေကနေ ရွာသူ /ရွာသားတွေ တက်လာကာ မြိုသန့်ရှင်းရေး လုပ်အားကုသိုလ် လုပ်ကြတာပါ။ - ဒါ့ကြောင့်လည်း ကလောမြိုက မြန်မာပြည်မှာ အလှပဆုံးမြိုထဲမှာ စာရင်းဝင်တာ။
إظهار الكل...
45👍 30😁 1
လှူလည်းလှူရဲတယ်၊တိုက်လည်း တိုက်ရဲတဲ့ တပ်မတော် ===================== ၂၀၂၄ စက်တင်ဘာ ၁၉ ပဲခူတိုင်းဒေသကြီး၊တောင်ငူမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် ကြည်သိုက်မှ သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများနှင့် ထမင်းဘူးများပေးဝေခဲ့ကြောင်းသိရှိရ
إظهار الكل...
👍 37 7🤣 1
Photo unavailableShow in Telegram
တောင်သာ PDF ခေါင်းဆောင် သေဆုံး ရွာသားတစ်ဦးက တိကျစွာသတင်းပေးလို့ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကွန်မန်ဒိုအဖွဲ့ဖြင့် ရှင်းလင်းခံခဲ့ရတဲ့ တောင်သာမြို့နယ်၊ ခြုံကြီးရွာတိုက်ပွဲဖြစ်စဉ်တွင် PDF ၁၁ လောင်း၊ ၁၁ လက် သိမ်းဆည်းရရှိခဲ့ပြီး ပြန်ဆွဲသွားတဲ့ သေဆုံး/ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။ - ယခု ထပ်ရတဲ့သတင်းအရ ခြုံကြီးတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ တောင်သာ PDF ခေါင်းဆောင် ဇော်မျိုးတင် (ခေါ်) ဆရာကျောင်း ဆိုတဲ့ အကြမ်းဖက်သမားလည်း ထပ်မံသေဆုံးသွားကြောင်း သိရှိရပါတယ်။ တိုက်ပွဲသတင်းစုံ
إظهار الكل...
👍 40👏 18 1
ပြည်သူတွေကိုသတ်တယ်။ မြို့တွေလည်း ဖျက်တာသိကြတယ်။ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ လုပ်ရပ်ဟာ ဥပဒေကို ကျော်သလို ဖက်ဒရယ်ဆိုတဲ့ စည်းဘောင်ကိုပါ ကျော်လွန်တာလည်း သူတို့သိတယ်။ ဒါပေမယ့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နိုင်ငံတော်က ကြေညာချိန်မှာ လက်မှတ်ထိုးထုတ်ပြန်တဲ့ ပါတီ စာရင်းထဲမှာ တချို့ မပါခဲ့ကြဘူး။ နိုင်ငံရေးမှာ ခွ ထိုင်ချင် ထိုင်လို့ရချင်ရမယ်၊ လုပ်ရပ်သမိုင်းတွေကတော့ နောင်တချိန် ပြန်ပေါ်လာမယ့် ကိစ္စဖြစ်တယ်ဆိုတာ သတိပြုရမယ်။ ----- ရုတ်တရက်ပေါ်ပေါက်ခဲ့တဲ့ ရေဘေးဟာ ပြည်သူတွေ၊ အစိုးရနဲ့ တပ်မတော်အတွက် အခက်ဆိုပေမယ့် ပြည်သူ့မေတ္တာ သဲ့ယူချင်သူတွေအတွက်တော့ ကမ္ဘာကြီးက လိုလိုလားလား ပေးလာတဲ့ ဓာတ်စာလို့ ပြောလို့ရတယ်။ စမိုင်လ်းက ဘာကြောင့်ပဲ ချမ်းသာချမ်းသာ တကူးတက လှူဒါန်းထည့်ဝင်တဲ့ ငွေကြေးအပေါ်မှာတော့ ကိုယ်တွေ အသိအမှတ်ပြုရမယ်။ ----- ဒီနေရာမှာ ငါတို့က တခြားပါတီကြီးတွေလို ပိုက်ဆံ မရှိဘူးလို့ ‌အကြောင်းပြနိုင်ပေမယ့် မိတ်ဖက်ဆက်ဆံရေးနဲ့ ထောက်ခံသူပါတီဝင်တွေရဲ့ လုပ်အားကိုတော့ အသုံးမပြုဘဲ ပုန်းလျိုကွယ်လျိုး နေနိုင်ရက်ကြတာ တွေ့ရတယ်။ ရေဘေးကယ်ဆယ်ရေးနဲ့ပတ်သက်ရင် ခိုင်နှင်းဝေမှာလည်း အာဏာမရှိသလို အမေရိကန်ရောက် စမိုင်လ်းမှာလည်း အာဏာ မရှိဘူး။ ဒါပေမယ့် အဓိက လုပ်ချင်ကိုင်ချင်တဲ့ စိတ်ဆန္ဒ ပြင်းပြနေဖို့ပဲ လိုအပ်တယ်။ ----- ဒီနေရာမှာ အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်တဲ့ တပ်မတော်သားတွေကတော့ မြန်မာပြည်က ရေဘေးလည်း ပါနေမှာ ဖြစ်သလို မီးဘေးဆိုရင်လည်း တွေ့နေမြင်နေကြရဦးမှာပဲ။ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အပေါ် ချစ်ခြင်း၊ မုန်းခြင်းဟာ သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ ဆုံးဖြတ်ချက် ဖြစ်သလို ပြည်သူတွေရဲ့ အသက်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာကလည်း စစ်သားတစ်ယောက် ဆိုထားတဲ့ သစ္စာတရားပဲ ဖြစ်ပါတယ်။ အမိန့်တာဝန်အရလို့ပဲ ပြောပြော။ ဝတ္တရားအရလို့ပဲ ဆိုဆို စိတ်ပါလက်ပါလုပ်။ တာဝန်ကျေကျေလုပ်။ ပျော်ပျော်ရွှင်ရွှင် လုပ်။ တနေ့ ဒီမေတ္တာတရားတွေ သေချာပေါက် ရောင်ပြန်ဟပ်လိမ့်မယ်။ Crd. နရီမိုး
إظهار الكل...
👍 16 1
Photo unavailableShow in Telegram
ကွန်ဒုံးလိုကောင်တွေ ခံကြပေါ့
إظهار الكل...
👍 34👏 4🤣 3
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.