cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

PSLF/TNLA News

This is PSLF/TNLA News Official Channel.

إظهار المزيد
مشاركات الإعلانات
33 748
المشتركون
-2324 ساعات
+9167 أيام
+1 37830 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

😢 58🤣 16🤬 9👏 3😡 1
သီပေါမြို့နှင့် နောင်ချို့မြို့တို့တွင် စစ်ကောင်စီက လက်နက်ကြီးနှင့်လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ် နေအိမ်များပျက်စီး သီပေါ ၊စက်တင်ဘာလ ၁၉ ရက် တအာင်းပြည်သတင်း တအာင်ပြည်၊ တပ်မဟာ (၂)နယ်မြေ သီပေါမြို့နယ်နှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စီတပ်ဘက်က ပြည်သူလူထုများအားဦးတည်ကာ လေကြောင်းကတဆင့် နေ့စဥ်လာရောက်ဗုံးကြဲနေပြီး လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေပါသည်။ ယနေ့ စက်တင်ဘာလ ၁၉ ရက်​နေ့ နေ့လည်(၁၂း၃၀)အချိန်မှ (၀၁း၅၀)အချိန်ထိ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ကာ လူအများအပြားသေကြေပျက်စီးစေနိုင်သည့် ပေါင်း (၅၀၀)​ဗုံးအပါအဝင်ဗုံး(၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၎င်းတို့တပ်စခန်းမှတဆင့် လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့နယ် ကွန်ကျုံးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူလူထုများ၏နေအိမ်များ ထိမှန်ပျက်စီးစေခဲ့သည်။ အလားတူ နောင်ချိုမြို့နယ်တွင် ယနေ့စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်(၃း၀၀)ဝန်းကျင်အချိန် စစ်ကောင်စီတပ်က Y-Y12 လေယာဥ်ဖြင့် ဗုံးအလုံး (၆၀)ကျော် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ ဘူတာရုံ၊ ဓမ္မာရုံအနောက်ဘက်၊ ငှက်ပျော်ခြံနှင့် မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
إظهار الكل...
😢 38🤬 18🤣 18 3👏 3😡 1
😢 101🤣 16👏 8😡 7
သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာ သီပေါ၊ စက်တင်ဘာလ၊ ၁၈ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး မီးလောင်ပျက်စီးသွားခဲ့သည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်၊ ညနေ(၅း၃၀)အချိန်တွင် စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများတည်ရှိရာ သီပေါမြို့အတွင်းသို့ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အုတ်ကျင်းရပ်ကွက်၊ ဘုရားကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းကျောင်းဝန်းအတွင်းနေထိုင်သည့် ဒေါ်ငယ် အသက်(၆၀)နှစ်၏ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကားတစ်စီး နှင့် ကားပေါ် တင်ဆောင်ထားသည့် ကုန်ပစ္စည်းများလည်း  မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။ အလားတူ စစ်ကောင်စီတပ်က Y-12လေယာဥ်ဖြင့် ထပ်မံ လာရောက်ဗုံးကြဲမှုကြောင့် ပန်တိမ်တောင်(မြောက်)ရပ်ကွက်ရှိ ဝက်ဝံစျေးအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး စျေးရောင်းနေသည့် အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ် (၁)ဦး၏ လည်ပင်းတွင် ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်။ ထို့အပြင် ည (၇း၀၀)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဗုံး(၂)လုံးနှင့် ည(၇:၃၀)ခွဲအချိန်တွင် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၆၀)နီးပါး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အများစုသည် မြို့တွင်းရှိ လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
إظهار الكل...
😢 39🤬 23🤣 17🌚 2😡 2 1
112👏 14🤣 13😁 9💩 4🫡 2
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၄)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ တအာင်းပြည်၊ စက်တင်ဘာ(၁၆)ရက် တအာင်းပြည်စစ်ရေးသတင်း တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်း၊ တောင်ခမ်းရွာအနီးတ၀ိုက်၊ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနှင့် မကျီးရေရွာအနီးတ၀ိုက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ယနေ့ နံနက် (၂း၃၀) နာရီအချိန်တွင် စစ်ကောင်စီ အမြောက်တပ် (၃၅၄)တပ်စခန်း၌လည်းကောင်း၊ တောင်ခမ်းရွာအနီးတ၀ိုက်တွင် နေ့လည် (၁၁း၀၀)နာရီအချိန်၌လည်းကောင်း၊ ညနေ (၃း၄၀)နာရီအချိန်တွင် မကျီးရေရွာအနီးတ၀ိုက်၌လည်းကောင်း၊ စစ်ကောင်စီ (၉၀၂)တပ်စခန်းနေရာတွင် ညနေ (၃း၄၅)နာရီအချိန်၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့ သီပေါမြို့ စစ်ကောင်စီ ခလရ (၂၃)တပ်စခန်းနေရာတွင် Y-12 ဖြင့် (၁၃)ကြိမ် ဗုံး(၈၀)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီ ခမရ (၂၃)တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y-12 ဖြင့် (၁)ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကြဲချခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်သည် ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
إظهار الكل...
👏 65😁 15 11💩 3❤‍🔥 2🫡 1
🤬 73👏 16😢 15😁 7 4🖕 2😡 2
ယနေ့ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်၊ ​ဒေသခံတစ်ဦးသေဆုံး သီပေါ၊ စက်တင်ဘာလ (၁၆)ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ်တွင်  စစ်ကောင်စီတပ်မှ Y-12လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်နေပါသည်။ စစ်ကောင်စီတပ်သည် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်(၉း၀၀)မှ (၁၀း၀၀)နာရီအထိ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ပြီး သီပေါမြို့ အနောက်ရပ် ရပ်ကွက်နှင့် စင်မာလာပြည်သူ့ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ ရပ်ကွက်အတွင်း ဗုံးများကျရောက်ပေါက်ကွဲမှုကြောင့် ထိုရပ်ကွက်ရှိ လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသခံတစ်ဦး ဗုံးစမှန်သေဆုံးခဲ့ရပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ ယမန်နေ့ စက်တင်ဘာလ(၁၅)ရက် ည(၉:၁၆)အချိန်တွင် စစ်ကောင်စီ တပ်စွဲထားသည့် တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သီပေါမြို့ ဇတ်စုရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့သည်။ စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ဦးတာ်ကာ လေကြောင်းဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိသည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
إظهار الكل...
🤬 75🤣 20👏 9 6😡 3😁 2🔥 1
😡 115👏 23🤣 18🤬 13😢 5🥰 4😁 4🙏 3🖕 3🔥 1🤯 1
နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲ နောင်ချို၊ စက်တင်ဘာ (၁၅)ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ PSLF/TNLA ထိန်းချုပ်ထားသည့် နောက်ချိုမြို့ တောင်ရပ်ကွက်နှင့် ရွှေမုဠောဘုရားတွင်  စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲ တိုက်ခိုက်ခတ်ခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်နေ့ ပြည်သူလူထုများအိပ်မောကျနေချိန် ည(၁၂း၀၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဖျက်အားပြင်းလက်နက်ကြီးဖြစ်သည့် ပေါင် (၅၀၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၅)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။ ထို့အပြင် ယမန်နေ့တွင်လည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့သည်။ စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
إظهار الكل...
😡 76🤣 48🤬 21 11👏 9🖕 3👌 1😭 1🤗 1🤪 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.