cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Click For BPLA

Bamar People's Liberation Army - BPLA အတွက် Click ချန်နယ် ဖြစ်ပါတယ် ခင်ဗျား

إظهار المزيد
مشاركات الإعلانات
1 154
المشتركون
-324 ساعات
-117 أيام
+1330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ငါ့အလွမ်းတွေကို ငါချရေးလျှင် ကုန်မည်မထင်ပါ။ မကုန်တော့မည့်အတူ ချရေးလိုက်တော့မည်ဟု ဆုံးဖြတ်ကာ ဤစာကို ရေးခြင်းဖြစ်ပါသည်။ ကရင်ပြည်နယ်အတွင်းရှိ အမေဇုန်တောဟု ငါအမည်ပေးထားသော ဤကရင်မေဇုန်တွင် ငြိမ်းချမ်းရေးတေးသံများ လွှမ်းပါစေသား။ မြို့ပြရှိ လူ့အဖွဲ့အစည်းနှင့် မကိုက်ညီသော ဤသင်းကွဲငှက်များသည် အပေါင်းအသင်းအစုအဖွဲ့များနှင့် အမြန်ဆုံစည်းနိုင်စေသတည်း။ ပြာသိုရောင်သင်းသည့် ညလွင်ပြင်တွင် ငါဆုတောင်းရင်း ကျလာသော မျက်ရည်စက်များကို သုတ်လိုက်ပါသည်။ လွမ်းလိုက်တာ အိမ်ကလေးရယ် . . . . ။ 👉 လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ် 👇 https://ouo.io/0qlvnF
إظهار الكل...
9🔥 3👍 1😢 1
မည်းမှောင်တိတ်ဆိတ်နေသော ညကောင်းကင်တွင် လျှပ်စီးနတ်သမီးသည် ပြေးလွှားကခုန်နေ၏။ ဖက်ဖူးစိမ်းရောင် ငှက်ပျောပင်ကိုင်းဖျားတွင် ဘောက်ဖက်တကောင် နားနေသည်။ ညအမှောင်ကို ငါသဘောကျနေမိပြီ။ လေယာဉ်ပျံသံသည် လပြည့်ဝန်း၏ အကူအညီယူ၍ ငါတို့နေရပ်ကို ပြနိုင်သဖြင့် ငါသည် ညအမှောင်ကို သဘောကျ၏။ ဒါဟာ စာရေးဆရာမ ဟန်နာအန့်ပြောသည့် ဆိုးယုတ်မှု၏ သာမန်ဆန်မှုများလား။ ရဟန်းတပါး၏ ရင်ဝယ်ပိုက်ထားသည့် သပိတ်ထဲက ပြည့်လျှံနေသောဆွမ်းများလို ငါ့ရင်ထဲကအလွမ်းများသည် တားမနိုင်၊ ဆီးမရပါလား။ 👉 လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ် 👇 https://ouo.io/YP8QXI
إظهار الكل...
👍 3🔥 2
လွမ်းသည်။ လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည် . . . . လွမ်းသည်။ လွမ်းပါသည်။ တကယ်လွမ်းပါသည်လားကွယ်။ ဂစ်တာတလက်မှာ အလွမ်းရှိသလို လူတယောက်မှာလည်း အလွမ်းရှိပါသည်။ လွမ်းဆွတ်တမ်းခြင်းဆိုသည်မှာ အလွမ်းဟာ ဆွတ်ပျံ့မွှေးသင်း၍ နာမည်တခု၊ ဖြစ်ရပ်တခုကို တမ်းတမြည်ဆွဲလိုက်ပင် မဟုတ်လား။ ဗန်းမော်အထက်တန်းကျောင်းမှာ တက်ခဲ့လို့ သူ့ကိုယ်သူ ဗန်းမော်တင်အောင်ဟု နာမည်ပေးသည့် ပဲခူးကစာရေးဆရာ ဦးတင်အောင်ကို လွမ်းသည်။ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလုပ်၍ အဖမ်းခံရသည့် အောင်ပန်းက ဒဂုန်တာရာဆိုသူ ဦးဌေးမြိုင်ကို လွမ်းသည်။ ကိုအောင်ဆန်း၊ ကိုကြီးနု၊ ဒေါ်မမလေး၊ ဦးချစ်မောင်၊ ဒေါ်အမာနဲ့ဦးလှ၊ ဒေါ်ခင်မျိုးချစ်တို့ကို လွမ်းသည်။ အိုကွယ် . . . . ငါ့မှာလွမ်းစရာတွေ တသီတသန်းကြီးနဲ့ပါလား။ 👉 လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ် 👇 https://ouo.io/bNbjMJ
إظهار الكل...
4👍 2🔥 1
ထို့ထက်မှာမူ ချစ်ခင်သူနှင့် အတူတကွ မပေါင်းရပဲ လွမ်းတပူဆွေး သူနှင့်ဝေးသော် ပြည်ထဲရေးနဲ့ ဝမ်းရေးတို့ထက် လွမ်းရေးခက်၏။ (မဟာမင်းလှမင်းခေါင်ဦးရွှန်း) 👉 လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ် 👇 https://ouo.io/9TYn0Vc
إظهار الكل...
👍 1🔥 1
မိုးကာစိမ်းစိမ်းဖြင့် ချုပ်ထားသော ခုံပေါ်က ကျွဲစိမ်းဘူးခွံထဲတွင်ရှိသည့် ဆေးလိပ်တိုများက စိမ်းနေသည်။ သစ်ရွက်စိမ်းများသည် ဝိုးဝါးမှောင်ရီနေသောညတွင် စိမ်းနေသည်။ ကြောင်ပေါက်လေးများ၏ မျက်လုံးလေးများက စိမ်းနေသည်။ လူသားများသည် တယောက်ကိုတယောက် မျက်လုံးစိမ်းစိမ်းများဖြင့် ကြည့်နေကြသည်။ ကွယ်တို့ရယ် . . . . စိမ်းရင့်နေသော ကမ္ဘာကြီးတွင် ဘာကြောင့်များ စိမ်းသစ်တယောက် လွမ်းနေရသလဲ။ မြေညိုရောင်သန်းနေသော စာအုပ်စင်ပေါ်က စာအုပ်များသည် လွမ်းပါ၊လွမ်းပါဟု အော်နေသယောင်။ 👉 လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ် 👇 https://ouo.io/4N29fE
إظهار الكل...
👍 2🔥 2
ဓားလှီးစက်နှင့် အလှီးခံရသည့် ပေါင်မုန့်လို ဘဝပျက်သွားသည့် ဒုက္ခသည်ကလေးများကိုလွမ်းသည်။ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားလေဟူသော ဘုရင်မဆိုသူ မေရီအန်တွိုင်းနက်ကို လွမ်းသည်။ စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်ဆိုသည့် ဟိုပုဂ္ဂိုလ်ကြီးကိုလည်း လွမ်းသည်။ နာဂစ်ဖြစ်နေသည့် ဧရာဝတီကမ်းမြောင်ဒေသကို ဘုရားဆင်းတုတွေတော့ပါတယ်ဆိုသည့် ဦးသိန်းစိန်ကြီးကိုလည်း လွမ်းသည်။ ငါ့ရှေ့က အချစ်အကြောင်းပြောနေသည့် ညီမလေးကိုလည်း လွမ်းသည်။ အလွမ်းဟာ အချိန်နေရာတွေ ဝေးကွာဖို့ လိုပါသလား။ 👉 လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ် 👇 https://ouo.io/9Rk0KVV
إظهار الكل...
3🔥 2👍 1
နံနံပင်နှင့် ပဲသီးပြည့်နေသော မုန့်ဟင်းခါးပန်ကန်ကို လွမ်းသည်။ လရောင်ဖြာကျနေသော အိမ်ရှေ့ဝရန်တာကို လွမ်းသည်။ သေချာသည်ကတော့ သူ့ကိုလည်းလွမ်းသည်။ 👉 လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ် 👇 https://ouo.io/hfpxVj
إظهار الكل...
👍 2 1🔥 1
နှစ်ယောက်လက်ချင်းချိတ်ဆက် လျှောက်လှမ်းခဲ့သော လမ်းကလေးကို လွမ်းသည်။ ရင်ဘတ်က ဒေါင်းတံဆိပ် လှလှကလေးကိုလွမ်းသည်။ ရန်ကုန်မြို့တော်က မိန်းမလှကလေးတွေကို လွမ်းသည်။ ပြီးသွားပါပြီ။ တကယ်ပြီးသွားပါပြီ။ လွမ်းသည်။ 👉 လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ် 👇 https://ouo.io/eZFOwqN
إظهار الكل...
👍 2 2🔥 2
သက်ကယ်မြိတ်မှ တစက်စက်ကျနေသော မိုးရေစက်တွေမှာ နှောင်ကြိုးရှိပါသလား။ နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိဆိုသောစကားသည် နှောင်ကြိုးဟူသော သံယောဇဉ်တော့ ရှိသေးသည်ဟူသည့် အဓိပ္ပါယ်များလား။ ပြာကျနေသောလယ်ကွင်း၏ နံဘေးတွင် မြက်ပင်ငယ်လေးတပင် တဖြည်းဖြည်း ကြီးထွားလာပါသည်။ လွမ်းစရာကောင်းလိုက်တာ။ ဘာကြောင့်များ အလွမ်းဟာ ဆွေးမြည့်လောင်ကျွမ်းနေရတာလဲ။ အိုဘယ့် . . . . အိုဘယ့် . . . , ညသခင် . . . .။ အရှေ့မျက်နှာပြင်ဟာ တိတ်ဆိတ်။ ကောင်းကင်သည်မှောင်၏။ လသည်မိုက်၏။ ကောင်းကင်သည်မှောင်၍ လသည်မိုက်သောညတွင် ငါ့မှာအတိတ်ကို ပြန်တွေး၍ ငေးငိုင်ငူငေါနေရ၏။ လွမ်းစရာကောင်းလိုက်တာ။ အလွမ်းသည်မြန်နှုန်းမြင့် ရထားတစင်းလို . . . ။ တခုမှတခု ကူးဆက်နေသည့် လျှပ်စစ်ကြိုးလို။ 👉 လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ် 👇 https://ouo.io/gYQzr2
إظهار الكل...
3👍 2🔥 1
အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းနှင့် ကျောင်းသွားခဲ့သည့် နေ့တွေကိုလွမ်းသည်။ အဖေရယ်၊ အမေရယ်၊ ငါရယ်၊ ငါ့ညီ၊ညီမလေးတွေရယ် ခြင်ထောင်တခုထဲမှာ အတူအိပ်ခဲ့သည်ကိုလွမ်း၏။ မေမေကျိုကြွေးသော ငပိရည်ကို လွမ်း၏။ တုတ်ဖြင့်တဖြန်းဖြန်းရိုက်သည့် ဆရာမကိုလွမ်း၏။ ဗုဒ္ဓဘုန်းတော်ကြီးတွေရဲ့ ထိန်းချုပ်မှုနှင့် အာဏာရှင်စနစ်၏ ရက်စက်မှုကိုလွမ်းသည်။ သုံးရက်အတွင်း တခုခုလှုပ်ရှားတာနဲ့ ငါတို့ကို ကမ္ဘာကြီးက အထင်လွဲသွားလိမ့်မယ်ဟုဆိုသော False Hope တွေကို လွမ်းသည်။ သောင်းနှင့်သိန်းနှင့်ချီ၍ ဆန္ဒပြခဲ့ကြသည့် (၂၂၂၂၂) လူထုအုံကြွမှုကိုလွမ်းသည်။ အချိန်၏လှုူပ်ရှားမှု၌ စွန်းထင်းနေ‌သော သွေးစက်များကိုလွမ်းသည်။ 👉 လွမ်းစုလွမ်းဝေး လွမ်းရိပ်လွမ်းထင် by စိမ်းသစ် 👇 https://ouo.io/WoYkLr
إظهار الكل...
3👍 2🔥 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.