cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

BURMAPEDIA,Ltd

ဗမာပီးဒီးယားဆောင်ပုဒ် သုံးချက် . ဗဟုသုတလျင်မြန်စွာတိုးပွားလာရေးနှင့် ရရှိစေရေးသည် တို့အရေး။ . ပတ်ဝန်းကျင်အမြင်ကျယ်စေရေးနှင့် အတွေးအခေါ်မြင့်မားလာစေရေးသည် တို့အရေး။ . လူမှုဘဝနှင့် လက်တွေ့ဘဝသင်ခန်းစာများရရှိစေရေးသည် တို့အရေး။

إظهار المزيد
مشاركات الإعلانات
1 687
المشتركون
+224 ساعات
+17 أيام
-2130 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ဘာထပ်တင်ပေးရမလဲကိုယ့်လူတို့တင်ပေးမယ်" ရီအက်ပေးကြလို့အားရှိနေပြီ။ #zanne
إظهار الكل...
🍓 2😍 1
စတော်ဘယ်ရီ Rec ပေးနေတာဘယ်သူလဲ #zanne
إظهار الكل...
🍓 3🤗 1
ဒီလိုနည်းလမ်းတွေ လုပ်ဆောင်ကြည့်ပေမယ့် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ကြည့်ဖို့ ပြောပါရစေ။ မျက်ရိုးကိုက်တာနဲ့အတူ ခေါင်းကိုက်တာကို ခံစားရမယ်ဆိုရင် သက်သာစေဖို့ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ တကယ်လို့ သေချာ ဂရုမစိုက်ဘူး ဆိုရင် ရေရှည်မှာ အာရုံစိုက်ဖို့ ခက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက်ဖို့ အကြံပြုပါရစေခင်ဗျ။ #zanne
إظهار الكل...
🍓 2❤‍🔥 1
ဘယ်လိုသက်သာအောင် လုပ်မလဲ။ မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာက ပုံမှန်အားဖြင့် အနားယူလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် မျက်လုံးတွေကို အနားမပေးတမ်း အသုံးပြုမယ်ဆိုရင်တော့ ပြန်ဖြစ်နိုင်ပါတယ်။ တကယ်လို့ မသက်သာဘူးဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ ပါရာစီတမောအပါအဝင် အကိုက်အခဲပျောက်ဆေးတွေ သောက်ပါ။ မျက်လုံးကို မှိတ်ပြီး အနားယူပါ။ ဖုန်း၊ ကွန်ပျူတာ စခရင်မ်ကို မကြည့်ဘဲ နေပါ။ ကိုယ်နေဟန်ထား မှန်မှန်နဲ့ ကွန်ပျူတာကို အသုံးပြုပေးပါ။ မျက်လုံးပေါ်ကို ရေအေးဝတ်တင်ပါ။ ဒါမှမဟုတ် ကြွက်သားတွေ ပြေလျော့စေဖို့ လက်ဖဝါးနှစ်ဖက်ကို အပူတိုက်ပြီး မျက်လုံးမှာ ကပ်ထားပါ။ မျက်ရိုး၊ နားထင်နဲ့ ဇက်ကြောတလျှောက်ကို ခပ်ဖြည်းဖြည်း နှိပ်ပါ။ ဒါမှမဟုတ် အကြောလျှော့ပါ။ #zanne
إظهار الكل...
🍓 2❤‍🔥 1
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာကို ခံစားရတဲ့အခါ မျက်လုံးတွေ နာကျင်တာ၊ ညောင်းတာ၊ မျက်စိတွေ ပူတာ၊ မျက်လုံးတွေ ယားတာ မျက်ရည်တွေ ကျတာ၊ မျက်သားခြောက်တာ အမြင်အာရုံတွေ ဝါးတာ ဒါမှမဟုတ် နှစ်ထပ်တွေ မြင်တာ ခေါင်းကိုက်တာ ဇက်ကြောနာတာ၊ ပခုံးနဲ့ ခါးနာကျင်တာ အလင်းဒဏ် မခံနိုင်တာ အာရုံစိုက်ဖို့ ခက်တာ မျက်လုံးတွေ ဆက်ဖွင့်မထားနိုင်လောက်အောင် ပင်ပန်းတာကို ခံစားရနိုင်ပါတယ်။ #zanne
إظهار الكل...
🍓 2❤‍🔥 1
လက်ပ်တော့ကို တစ်ချိန်လုံး အသုံးပြုရလို့ပဲဖြစ်ဖြစ်၊ တစ်ချိန်လုံး ဖုန်းသုံးလို့ဖြစ်ဖြစ်၊ ဂိမ်း တစ်ချိန်လုံး ဆော့လို့ဖြစ်ဖြစ် မျက်ရိုးကိုက်လာပါတယ်။ မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်းက အမျိုးအစားတွေ တော်တော်များများ ရှိပါတယ်။ ဒီလို ခေါင်းကိုက်မှုထဲမှာ မျက်ရိုးကိုက်တာကလည်း ခေါင်းကိုက်ခြင်း တစ်မျိုးပါပဲ။ စာတွေ အကြာကြီး ဖတ်ပြီးချိန် ဒါမှမဟုတ် ကွန်ပျူတာ စခရင်မ်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးတဲ့နောက်မှာ မျက်ရိုးနဲ့အတူ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီလို မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာကို ခံစားရတဲ့အခါ မျက်ရိုးကိုက်တာနဲ့အတူ အမြင်အာရုံတွေ ဝေဝါးတာ၊ မျက်သားခြောက်တာ၊ ဇက်ကြောနာတာ၊ ပခုံးတောင့်တင်းတာ၊ မျက်လုံးနောက်ဘက်နားက ကိုက်သလို ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ မျက်ရိုးကိုက်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာက မျက်လုံးတွေကို အချိန်ကြာမြင့်စွာ မနားမနေ အသုံးပြုပြီးချိန်မှာ ခံစားရနိုင်ပါတယ်။ ခရီးတာဝေးဝေးကို ကားတောက်လျောက် မောင်းပြီးချိန်နဲ့ ကွန်ပျူတာ အပါအဝင် ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အချိန်အကြာကြီး စိုက်ကြည့်ပြီးချိန်မှာ ခံစားရနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောကြရင် မျက်လုံးကို အားစိုက်ပြီး လုပ်ရတဲ့ ဘယ်အလုပ်တွေကြောင့်မဆဆို ဖြစ်တတ်ပါတယ်။ မျက်ရိုးကိုက်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ဒါပေမယ့် အရမ်းပြင်းထန်တယ်တော့ မဟုတ်ပါဘူး။ မျက်လုံးကို ပြည့်ပြည့်ဝဝ အနားယူပြီးချိန်မှာ မျက်လုံးက နေလို့ထိုင်လို့ ကောင်းသွားပြီး မျက်ရိုးကိုက်တာကနေစတဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်မှာပါ။ #zanne
إظهار الكل...
🍓 2❤‍🔥 1
မျက်လုံးကို ရေခဲကပ်ပေးတာက ဘယ်လို ကောင်းကျိုးတွေရနိုင်မလဲ! ad icon advertisement မျက်လုံးကို ရေခဲကပ်ပေးတာက မျက်လုံး ရောင်ရမ်းတာ၊ နာကျင်တာ နဲ့ မျက်လုံးခြောက်သွေ့တာတွေကို သက်သာစေနိုင်ပါတယ်။ မျက်စိနာကျင်တာကို သက်သာစေဖို့လည်း ရေခဲဝတ် ကပ်ပေးလို့ ရပါတယ်။ မျက်လုံးကို ရေခဲဝတ်နဲ့ ကပ်ပေးတာက မျက်လုံးတဝိုက်က သွေးကြောလေးတွေကို ကျန်းမာစေပြီး မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အချို့သော မျက်လုံးပြဿနာတွေအတွက်တော့ ရေခဲဝတ် ကပ်ပေးတာထက် ရေနွေးအိတ်ကပ်တာက ပိုသက်သာစေပါတယ်။ -ကျန်သွားတာကိုယ့်လူတို့ရေဆောတီး #zanne
إظهار الكل...
🍓 3❤‍🔥 1 1
အမှာစကား မျက်လုံးတွေ ညောင်းတာ၊ ပင်ပန်းတာ၊ မျက်စိခြောက်တာ၊ မျက်စိရောင်တာတွေကို သက်သာစေဖို့ ရေခဲဝတ် ကပ်ပေးလို့ ရတယ်ဆိုပေမယ့် ရေခဲကပ်တာက အားလုံးကို သက်သာစေတယ်တော့ မဟုတ်ပါဘူး။ အချို့သော အခြေအနေတွေက သေချာလေး ကုသမှု ခံယူဖို့ လိုမှာပါ။ #zanne
إظهار الكل...
🍓 2❤‍🔥 1 1
မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာ အချို့သူတွေမှာ အခြားသူတွေထက် ပိုပြီး မျက်ကွင်းညိုတာမျိုးတွေ ရှိသလို မျက်အိတ်ဖောင်းတာမျိုးလည်း ရှိပါတယ်။ ဒီလို မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေက အသက်အရွယ်ရလာချိန်မှာ ပိုဖြစ်တတ်ပြီး အခုလို အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်ကွင်းညိုရတာက အရေပြားပြဿနာ အသက်အရွယ် ရလာတာ ဆေးလိပ်သောက်တာ မျက်လုံးကို ပွတ်တာ hayfever ခြေကုန်လက်ပမ်းကျနေတာ ရေဓာတ်ခမ်းခြောက်တာတွေကြောင့်ပါ။ ad icon advertisement ဒီအခြေအနေကို သက်သာစေဖို့အတွက် မျက်လုံးတဝိုက်ကို ရေခဲဝတ် ကပ်ပေးလို့ ရပါတယ်။ ရေခံကပ်တာက မျက်ကွင်းညိုတာကိုရော မျက်အိတ်ဖောင်းတာကိုပါ အတိုင်းအတာ တစ်ခုအထိ သက်သာစေနိုင်ပါတယ်။ #zanne
إظهار الكل...
🍓 2❤‍🔥 1 1
မျက်စိရောင်တာ မျက်စိရောင်တာက ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်သလို ပိုးဝင်ကူးစက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အခြေအနေတွေကို ခံစားရတဲ့အခါ မျက်လုံးတွေ နီရဲပြီး မျက်စိရောင်တာကို ခံစားရနိုင်ပါတယ်။ မျက်စိရောင်တဲ့အခါ မျက်လုံးခြောက်တာ မျက်စိက ဝါးတားတား ဖြစ်တာ မျက်စိယားယံတာ မျက်ရည်ထွက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကို သက်သာစေဖို့အတွက် မျက်လုံးကို ရေခဲဝတ်ကပ်ပေးလို့ ရပါတယ်။ ဒါပေမယ့် ရေခဲထည့်ပြီး ကပ်မယ့် တဘက်စကတော့ သန့်စင်နေဖို့ လိုပါမယ်။ မျက်စိရောင်တဲ့အခါ မျက်လုံးက အရမ်းနာပြီး ပုံမှန်ထက် မျက်ဝတ်တွေ ပိုထွက်တာ၊ အလင်းဒဏ်ကို မခံနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ #zanne
إظهار الكل...
🍓 2❤‍🔥 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.