cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Myanmar Update News 🇲🇲

Myanmar Update News

إظهار المزيد
مشاركات الإعلانات
39 605
المشتركون
-3324 ساعات
-1287 أيام
-46630 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံမည့်အစီအစဉ်များ အသိပေးကြေညာခြင်း
إظهار الكل...
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်းနှင့်တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ စက်တင်ဘာ ၁၉
إظهار الكل...
49:44
Video unavailableShow in Telegram
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄) လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ် ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်) ဖုန်း - 09-444681478 (Viber) - 09-958962052
إظهار الكل...
480p.mp4285.54 MB
19.9.2024 - K Comedy
إظهار الكل...
NP.aac45.52 MB
စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် ပြည်တွင်းသတင်းများ -------------------------- ၁။ ရေဘေးတွင် ပြိုကျ ပျက်စီးသွားသော နေအိမ်များကို ပျက်စီးမှုအလိုက် ထောက်ပံ့ပေးရန် နစက အစိုးရ တွက်ချက်နေ ၂။ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်မည်မဟုတ်သလို NUG နှင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းမည်မဟုတ်ကြောင်း MNDAA ထုတ်ပြန် ၃။ မြန်မာ့ရေဘေး EU က ယူရို ၁ ဒဿမ ၂ သန်း ထောက်ပံ့မည် ၄။ တောင်တရုတ်ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (SOULIK)” အဖြစ်သို့ ရောက်ရှိ ၅။ ဘားအံမြို့နယ်တွင် ကောက်ကွက် (၈၅၅) ကွက်၊ စာရင်းစစ်၊ စာရင်းကောက် (၃၉၀) ဦးဖြင့် သန်းခေါင်စာရင်း ကောက်မည် ၆။ အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသတစ်လျှောက်ကို ခြံစည်းရိုးခတ်မည်ဆိုလျှင် ရူပီးသိန်းပေါင်း ၃၁၀၀၀ ကျော်ကုန်ကျဖွယ်ရှိနေ ၇။ အရှိန်မထိန်းနိုင်သည့် ကုန်တင်ကားက သုံးဘီးဆိုင်ကယ်နောက်ပိုင်းကိုဝင်တိုက် ၃ ဦးဒဏ်ရာရ ၈။ စက်တင်ဘာလ ၁၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၁၃,၀၄၄ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 - ၃၀၅၀ ကျပ်၊ Octane 95 - ၃၁၉၅ ကျပ်၊ Diesel - ၂၆၁၀ ကျပ်၊ Premium Diesel - ၃၂၇၅ ကျပ် နိုင်ငံတကာသတင်းများ ------------------------ ၁။ စစ်အေးခေတ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲဖို့အသင့်ရှိနေကြောင်း ရုရှား ထုတ်ပြန် ၂။ လက်ဘနွန်မှာ ကြိုးမဲ့ဆက်သွယ်ရေးစက်တွေ ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်လို့ လူ ၂၀ သေပြီး ၄၅၀ ကျော်ဒဏ်ရာရ ၃။ ယီမင်နိုင်ငံအနီးမှာ အမေရိကန်ဒေါ်လာသန်း (၃ဝ) တန်ဖိုးရှိ MQ-9 ဒရုန်းတစ်စင်းပျက်ကျခဲ့တယ်လို့ အမေရိကန် စစ်တပ်အတည်ပြု ၄။ ယူကရိန်း နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သွားရင် နောက်ထပ် ပဋိပက္ခသစ်တွေ ထပ်မံဖြစ်ပွားလာမှာကို ဆလိုဗက်ကီးယား စိုးရိမ်နေ ၅။ ဟစ်ဘိုလာနဲ့ ရင်ဆိုင်ဖို့အတွက် နောက်ထပ်စစ်မျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးပြော ၆။ မလေးရှားနိုင်ငံ၊ ပီနန်မြို့ရောက် တရုတ်ကမ္ဘာလှည့်ခရီးသွားနှစ်ဦး စီးလာသော ကားပေါ်သို့ သစ်ပင်ပိကျရာမှ နှစ်ဦးစလုံးသေဆုံး အားကစားသတင်းများ ------------------------ ၁။ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေ ၂။ ရေဘေးပြန်လည်ထူထောင်ရေးကူညီရန် ရုပ်ရှင်၊ ဂီတ နယ်ပယ်မှ အနုပညာရှင်များပါဝင်မည့် ဖူဆယ်ဘောလုံးပွဲ ယခုလ(၂၄)ရက်တွင် စတင်ကျင်းပမည် ၃။ ၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်တွင် မသန်စွမ်းအားကစားအပါအဝင် အားကစားနည်း(၂၄)နည်းပါဝင် ၄။ မြန်မာလက်ဝှေ့ကျော်စိုးလင်းဉီးနဲ့ သန့်ဇင်တိုပါဝင်တဲ့ ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲကို လာမယ့်စက်တင်ဘာလ(၂၇) ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်သွားဖိုရှိနေ ၅။ အက်ဆက်စ်အသင်းကို အင်္ဂလန်နဲ့ ဝေလ်းခရစ်ကတ်ဘုတ်အဖွဲက ဒဏ်ငွေပေါင် ၁ သိန်း ပေးဆောင်ဖိုပြစ်ဒဏ်ချမှတ်ခဲ့ အနုပညာသတင်းများ ------------------------ ၁။ OMO 1 Year Anniversary ပြည့်နဲ့ မွေးနေ့အမှတ်တရပွဲမှာ ရေဘေးအတွက် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ နန်းဆုရတီစိုး ၂။ ခိုင်နှင်းဝေကို ကြည့်ရတာ မေတ္တာဓာတ်တွေ အရမ်းပြည့်ဝနေတယ်လို ခံစားရတယ်ဆိုတဲ့ ဆောင်းယွန်းစံ ၃။ မွေးနေ့ဆိုတာထက် ဘာသာရေးနဲ့ပြန်ပြီးကြည့်ရင် သေဖိုတစ်ရက်နီးတာ ပျော်ဖိုတော့သိပ်ကောင်းမနေဘူးဆိုတဲ့ ကျော်ထက်အောင် #mmdbn 20.Sept.2024;Fri
إظهار الكل...
စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း သတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု ) ■ နိုင်ငံတဝန်း ရေဘေးသင့်သူ ခြောက်သိန်းသုံးသောင်းကျော်ရှိပြီး ရာနှင့်ချီသေဆုံးကာ အများအပြားပျောက်ဆုံးနေပြီး ရန်ပုံငွေ အား နည်းသဖြင့် ကူညီမှုများပေးရာတွင်နှောင့်နှေးနေဟု UN ဆို ■ မုဒုံမြို့နယ် ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေအမျိုးသားတစ်ဦး ၎င်း၏လယ်စောင့်တဲအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရ ပြီး သေဆုံး ■ ရုရှားစစ်တပ်ကို ကမ္ဘာ့ဒုတိယအကြီးဆုံးစစ်တပ်ဖြစ်အောင် ပူတင်ညွှန်ကြား ■ မယ်ဆိုင်ရေကြီးမှုသည် မယ်ဆိုင်နတ်သမီးရုပ်တုကြောင့်ဟု နယ်ခံများကပြောသဖြင့် ယင်းရုပ်တုကို ပြတိုက်သို့ ရွှေ့ပြောင်း ■ ရီးယဲလ်အဝတ်လဲခန်းအတွင်း တင်းမာမှုမရှိကြောင်း ဘယ်လင်ဂမ် ပြောကြား 20.Sept.2024;Fri
إظهار الكل...
Repost from Eleven Media Group
09:25
Video unavailableShow in Telegram
20.9 Mornig Package.mp458.10 MB
စက်တင်ဘာ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး ■ မိုးဇလဌာနက အထူးမိုးလေဝသ သတင်းများဆက်တိုက်ထုတ်ပြန်နေကာ အပူပိုင်းမုန်တိုင်း 'ဆိုးလစ်ခ် SOULIK '၏ လေပွေလှိုင်းကြောင့် စက်တင်ဘာ ၂၀ မှ ၂၅ ရက်အတွင်း ကချင်နှင့် စစ်ကိုင်းမှလွဲပြီး တနိုင်ငံလုံး မိုးရွာမည် ■ တောင်ငူခရိုင် ဝက်ဖြူကုန်းကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်းတွင် အစာအဆိပ်သင့်မှုဖြစ်ပွားပြီး အလှူရှင်များအနေဖြင့် အစားအစာများကို ကျန်းမာရေးနှင့်ညီညွတ်ကာ သန့်ရှင်းမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် ■ လူခြောက်သိန်းကျော် ဒုက္ခရောက်ခဲ့သည့် မြန်မာ့ရေဘေးအတွက် EU က ယူရို ၁ ဒသမ ၂ သန်း ထောက်ပံ့မည် ■ ပျဉ်းမနားမြို့ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား နစကဥက္ကဋ္ဌ သွားရောက်တွေ့ဆုံခဲ့ပြီး ဆုံးရှုံးမှုများအတွက် စိတ်မကောင်းကြောင်းနှင့် မူလအခြေအနေအတိုင်းဖြစ်ရန် အတတ်နိုင်ဆုံးကူညီမည်ဟု ပြောကြား ■ NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များ ချဲ့ထွင်ခြင်း၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA ထုတ်ပြန် ■ နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခြောက်သိန်းသုံးသောင်းကျော်ရှိပြီး ရာနှင့်ချီသေဆုံးကာ အများအပြားပျောက်ဆုံးနေဟု UNOCHA Myanmar ထုတ်ပြန် ■ ရန်ပုံငွေအားနည်းသဖြင့် ရေကြီးမှုများအတွက် အကူအညီများပေးရာတွင် နှောင့်နှေးနေဟု UN ဆို ■ ရေကြီးရေလျှံမှုများကြောင့် သေဆုံးခဲ့သူ တစ်ဦးလျှင် ကျပ်ရှစ်သိန်းနှုန်းဖြင့် ကျန်ရစ်သူမိသားစုအား ထောက်ပံ့ပေးအပ်မည် ■ နယ်စပ်ဖြတ်ကျော် ရေထွက်ပစ္စည်းတင်သွင်းမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံက မြန်မာနှင့် မလေးရှားနိုင်ငံကို စည်းကမ်းချက်အသစ်ထုတ်ပြန် 20.Sept.2024;Fri
إظهار الكل...
👍 5
Photo unavailableShow in Telegram
Photo unavailableShow in Telegram
သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။ အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။ ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။ ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။ 🙏🙏🙏🙏🙏 20.Sept.2024;Fri https://t.me/updatenews2023
إظهار الكل...
🙏 7👍 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.