cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

People's Spring

People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။ Facebook >> https://www.facebook.com/LuduNwayOo Youtube >> https://www.youtube.com/@peoplespring Website >> https://www.ludunwayoo.com/

إظهار المزيد
مشاركات الإعلانات
63 054
المشتركون
+4324 ساعات
+3957 أيام
+3 42030 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
👍 37 2🔥 1😭 1
အပူပိုင်းမုန်တိုင်းငယ် Soulik မြန်မာဘက် မရောက်မီအားပျော့ပျက်ပြယ်သွားနိုင် ▪︎မုန်တိုင်းငယ် အရှိန်​ကြောင့်​ဒေသအချို့ မိုးကြီးနိုင် -မိထက်/People's Spring တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းငယ် Soulik သည် မနက်ဖြန် စက်တင်ဘာလ ၂၀ရက်နေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ အရှေ့ပိုင်းတွင် အားပျော့ပျက်ပြယ်သွားနိုင်ပြီး ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန် ကြီးဌာန (MOHADM)က သတင်ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၉ရက်ညနေပိုင်း တိုင်းတာချက်များအရ မုန်တိုင်းငယ်သည် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို တစ်နာရီ မိုင် ၄၀ ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နေပြီး မနက်ဖြန် မနက် အစောပိုင်းအတွင်း လာအိုနိုင်ငံ၊ ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီး အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မိုးကြီးနိုင်​သောဒေသများမှာလည်း နည်းပါးသွားပြီး လတ်တလောခန့်မှန်းချက်များအရ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် နှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADMက သတိပေးထားသည်။ အပူပိုင်းမုန်တိုင်း Soulik ၏ အရှိန်ကြောင့်မိုး သည်းထန်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်၍ ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများကို သတိပြုနေထိုင်ကြရန် ကြိုတင်သတိပေးထားသည်။ မိုးလေဝသဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည့်အတွက်လည်း နေ့အလိုက်ခန့်မှန်း ချက်များကို အထူးသတိထားစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းထားသည်။ တောင်တရုတ်ပင်လယ်တွင် စက်တင်ဘာ ဒုတိယပါတ်တွင်ဖြစ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ယာဂီ၏ အကြွင်းအကျန်တိမ်စိုင်များကြောင့် စက်တင် ဘာလ ၁၀ရက်မှစ၍ ရှမ်းပြည်နယ်၊ကရင်နီပြည်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့၌ ဆိုးရွားသည့်ရေဘေးကြုံတွေ့ခဲ့သည်။ ​ရေ​ဘေး​ကြောင့် ပြည်သူ​ထောင်ချီ​သေဆုံး ​ပျောက်ဆုံးပြီး ၇ သိန်းဝန်းကျင်​ရေ​ဘေးသင့်ခဲ့​ကြောင်း NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်​သော KNU ၊ KNPP ၊ CNF တို့ကပူးတွဲထုတ်ပြန်ထား သည်။ ရေဘေးသင့်ပြည်သူများသည် ယာဂီမုန်တိုင်းသက်​ရောက်မှုဖြင့်​ရေ​ဘေးကြုံပြီး အ​ရေး​ပေါ်အကာအညီများပင် မလုံ​​လောက်​သေးချိန်တွင် မိုးထပ်ကြီးမည်ကိုစိုးရိမ်နေကြသည်။
إظهار الكل...
👍 33 2🔥 2
👍 15 4🔥 1
Photo unavailableShow in Telegram
16👎 1🔥 1
“ဒီနေ့ဘာဖြစ်ခဲ့လဲ” ဒီနေ့(စက်တင်ဘာ ၁၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။ ◾️ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအရေး EROs နှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ အဖွဲ့အစည်း ၉ခု ပူးတွဲကြေညာချက် ထုတ်ပြန် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအားကောင်းရေးအတွက် တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ(EROs)နဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများက အတူတကွ လက်တွဲအကောင်အထည်ဖော်သွားမယ်လို့ ဒီနေ့ပူးတွဲကြေညာပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB)စတဲ့ အဖွဲ့အစည်း ၉ခုက ပူးတွဲကြေညာခဲ့တာပါ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ်အားကောင်းရေးကို ရှေ့ရှုတဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်၍ မိမိတို့ ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီများ၊ တိုင်းရင်းသားခုခံ တော်လှန်ရေးအဖွဲ့အစည်းများက အတူတကွ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ◾️ဖားကန့်မှာ စစ်ကောင်စီစွန့်ခွာသွားတဲ့ စခန်းတစ်ခု KIA သိမ်းပိုက် ကချင်ပြည်နယ် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီနေ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။ ဖားကန့်မြို့ မှော်ရှန်စေတီကုန်းအား ဒီနေ့ မနက်ပိုင်းက KIAက ရှင်းလင်းသိမ်းပိုက်ခဲ့တာဖြစ်ပြီး တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန့်စွန့် ခွာသွားခဲ့တာလို့ ဆိုပါတယ်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဖားကန့်ရှိစခန်းအချို့နဲ့ ချီဖွေမြို့နယ် ပန်ဝါဒေသရှိ စခန်းအချို့ကိုလည်း KIAက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီနေ့ နေ့ခင်းမှာ ဖားကန့်မြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ◾️ကချင်သို့ ဦးတည်လာတဲ့ စစ်ရေယာဉ်အုပ်စု တစ်စင်းသာ ဗန်းမော်ရောက်လာဟုဆို ကချင်ပြည်နယ် ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်း၊ရိက္ခာပစ္စည်းများဖြည့်တင်းဖို့ ဧရာ၀တီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီ ရေယာဉ်အုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များက လမ်းတလျှောက် တိုက်ခိုက်ခဲ့ရာ ရေယာဉ်များပျက်စီးနစ်မြုပ်မှုများရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ စက်တင်ဘာ ၁၇ရက်မှာ ရွှေကူမှ ဗန်းမော်မြို့သို့ ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ဖလက်သံခွန်သင်္ဘော ၇စီးအနက် ၂စီးမှာ ဒုတိယ မြစ်ကျဉ်းအထက်နားမှာ လက်နက်ကြီး ထိမှန် နစ်မြုပ်ခဲ့ပြီး ၄စီးဟာ ဗန်းမော်မြို့နယ် မြလည်ရွာအနီး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီရဲ့ ရေယာဉ်များအနက် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနဲ့ ချောဆွဲလာတဲ့ စက်လှေတစ်စင်းသာ ဗန်းမော်မြို့သို့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ◾️ရန်-မန်း စစ်ဆင်ရေးအဖြစ် မန္တလေးနန်းတွင်းအား ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ရှိ မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်မယ့် ရန်-မန်း စစ်ဆင်ရေးအနေဖြင့် မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။ စက်တင်ဘာ ၁၇ရက် ညနေပိုင်းက ၁၀၇ မမရှော့တိုက်ဒုန်းနှစ်လုံးနဲ့ ညပိုင်းမှာ ‌ရှော့တိုက်ဒုန်း သုံးလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ရန်သူ့စခန်းအတွင်း ထိခိုက်ပေါက်ကွဲမှုများရှိခဲ့ပြီး လူနာတင်ကားအဝင်အထွက်များရှိခဲ့ကြောင်းကို မြေပြင်သတင်းများမှ ပြန်လည်သိရှိရတယ်လို့ ဆိုပါတယ်။ ◾️ရွှေကူမြို့နယ် စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်​ ဗုံးကြဲ၊ စစ်ရှောင်ပြည်သူထိခိုက်မှုရှိ ကချင်ပြည်နယ် ရွှေကူမြို့နယ် အမတ်ကြီးကုန်းရွာအုပ်စုအတွင်းရှိ ဇွပ်ရာစစ်​ရှောင်စခန်းကို စစ်ကောင်စီက ဒီနေ့ မနက်အ​စောပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ထိခိုက်မှုရှိခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွပ်ရာ စစ်ရှောင်စခန်းနေရာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၁၃နှစ်အရွယ် ယောကျ်ားလေးဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရှောင်နေရာ အပြင် စာသင်ကျောင်းလည်း လေကြောင်း တိုက်ခိုက်ခံရတယ်လို့ ကနဦးသိရပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲပါ။ ◾️မင်းတပ်မြို့ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်၊ နေအိမ်အချို့ပျက်စီး
إظهار الكل...
👍 15 3🔥 2
ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဒီနေ့ မနက်အစောပိုင်းမှာ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။ မင်းတပ်မြို့ပေါ် နေရာနှစ်ခုကို တိုက်လေယာဉ် နှစ်စီးဖြင့် ပေါင် ၅၀၀ဗုံးနဲ့ ဗုံးအသေးများ အသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်ကို နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၈ရက် ညနေပိုင်းမှာလည်း မင်းတပ်မြို့နယ် တိုက်နယ်(၁) တစ်နေရာကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာအတွင်း မင်းတပ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိသေးဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၇ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။ ◾️နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲ တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက ဒီနေ့ မနက်အစောပိုင်းမှာ လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်များပျက်စီးခဲ့တယ်လို့ မြို့ခံများက ပြောပါတယ်။ စစ်ကောင်စီဟာ နောင်ချိုမြို့ပေါ်ကို Y12လေယာဥ်ဖြင့် ပျံဝဲလာပြီးနောက် ဗုံးအနည်းဆုံး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁၃ရက်က တောင်းခမ်းတိုက်ပွဲမှ ရဲဘော်များ ရှေ့တန်းမှပြန်လာရာ ဒေသခံပြည်သူအချို့က ကြိုဆိုကြတယ်ဆိုတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်မှာ ပြန့်နှံ့လာပြီးနောက် စစ်ကောင်စီလော်ဘီများက နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်ဖို့ လှုံ့ဆော်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။ ◾️တနင်္သာရီ စစ်ကောင်စီတပ်ဒရုန်းဖြင့် ဗုံးကြဲ၍ အမျိုးသမီး သုံးဦးအပါအဝင် လေးဦးဒဏ်ရာရ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ရက်မှာ ကျွဲထိန်းကုန်းကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ဦး၊ အသက် (၂၁)နှစ်အရွယ် လူငယ်တစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ စက်တင်ဘာ ၁၂ရက်မှာလည်း စစ်ကောင်စီတပ်က ကွင်းသစ်ကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံး(၂)လုံး ထပ်မံကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ ဒေသတွင်း ကျေးရွာများအတွင်း ဝင်ရောက်လှုပ်ရှားလျက်ရှိတယ်လို့ ဆိုပါတယ်။ ◾️ခင်ဦးနယ် မဒေါင်းလှပျူရွာမှ စစ်အုပ်စု စခန်းစွန့်ထွက်ပြေး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပျူစောထီးအင်အားကောင်းရာ မဒေါင်းလှကျေးရွာမှ စစ်ကောင်စီတပ်နဲ့ ပျူများ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူစောထီးကျေးရွာမှာ ၃နှစ်ကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားများနဲ့ ပျူစောထီးများဟာ သြဂုတ်လကုန်ပိုင်းက တိုက်ပွဲပြင်းထန်ကာ ထိခိုက်မှုများပြီးနောက် စက်တင်ဘာ ၁၇ရက် ညနေပိုင်းက စစ်ကောင်စီ​ရဲ့ ဇီးကုန်းသကြားစက်သို့ ဆုတ်ခွာထွက်ခွာပြေးသွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ ရန်ကုန်မြို့လယ်တစ်နေရာမှာ တော်လှန်လူငယ်များက "ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ" ၊ "ကုန်စျေးနှုန်းများကျဆင်းရေး တို့အရေး"၊ "စစ်မှုထမ်းဥပဒေ အလိုမရှိ" စတဲ့ ကြွေးကြော်သံများဖြင့် တိုက်ပွဲဝင်အလံများ ၊ မီးတုတ်များကိုင်စွဲကာ ရန်ကုန်မြို့ ကားလမ်းမကြီးတစ်ခုပေါ် သပိတ်အင်အားစုများနဲ့ ပြည်သူများ ပူးပေါင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ "Our Ambassador Myanmars Voice" ၊ "ငါတို့ သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်" စတဲ့စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနဲ့ ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံပူးပေါင်းကာ အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကြောင်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။ ဆားလင်းကြီးမြို့နယ်မှာ သပိတ်တပ်ပေါင်းစုက ရွှေဝါရောင်တော်လှန်ရေး (၁၇)နှစ်ပြည့်အထိမ်းအမှတ်လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး (၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဆန္ဒပြပြည်သူတွေက "Our Ambassador Myanmars Voice၊ ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်" စာသားနဲ့အတူ သံအမတ်ကြီးရဲ့ ပိုစတာတွေကို ကိုင်ဆောင်ကာ အင်အားအများအပြားနဲ့ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
إظهار الكل...
👍 19 1🔥 1
Photo unavailableShow in Telegram
(ဗန်းစောက်ရွာ ရေစီးဖြင့် မြေပြိုကျမှုကြောင့် ပျက်စီးနေသည့်မြင်ကွင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
إظهار الكل...
😢 32🔥 2👍 1 1
ဟိုပုံးမြို့နယ် ဗန်းစောက်ရွာမြေပြိုမှု တစ်ပတ်ကျော်ကြာပျောက်ဆုံးနေသော မြေးအဖွားနှစ်ဦးရုပ်အလောင်း ယနေ့ရှာတွေ့ ရဲ​ခေါင်/People's Spring ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ဗန်းစောက်ကျေးရွာမြေပြိုမှုအတွင်း တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသော မြေးအဖွားနှစ်ဦး၏ ရုပ်အလောင်းအား ယနေ့ရှာဖွေတွေ့ရှိကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာ ၁၁ရက် ညပိုင်းတွင် ဗန်းစောက်ရွာသည် တောင်ကျရေကြောင့် မြေပြို၍ လူနေအိမ်များမြေပိမှုအတွင်း မြေအဖွားနှစ်ဦး ပျောက်ဆုံးသွားခြင်းဟု ဆိုသည်။ "မြေပိတဲ့ အိမ်တွေကို ပြန်ဖော်နေတာပေါ့။ဒါပေမယ့် ရပ်ရွာကလူတွေချည်းပဲဆိုတော့ တစ်နိုင်တစ်ပိုင်လောက်ပဲ လုပ်နိုင်တယ်။တာဝန်ရှိတဲ့သူတွေ ဆင်းမလာကြဘူးလေ။မြေအဖွားနှစ်ဦးကတော့ ဒီမနက် အစောပိုင်းရုပ်အလောင်းတွေ့တာ"ဟု ဗန်းစောက်ရွာနေသူတစ်ဦးက ယနေ့(စက်တင်ဘာ ၁၉ရက်)တွင် ပြောသည်။ ဗန်းစောက်ရွာတွင် နေအိမ် ၁၈၀ရှိသည့်အနက် ရေဘေးကြောင့် နေအိမ် ခုနစ်လုံး ရေထဲမျောပါခဲ့ပြီး ၄၆လုံးမှာ ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ လူ ငါးဦးသေဆုံးသည့်အနက် နှစ်ဦးမှာ ရေစီးဖြင့်မျှောပါသေဆုံးပြီး သုံးဦးမှာ မြေပိ၍ သုံးဦးသေဆုံးခဲ့ခြင်းဟု ဒေသခံများက ဆိုသည်။ ဟိုပုံးမြို့နယ်၌ ရေဘေးနှင့်မြေပြိုမှုကြောင့် အိမ်ခြေ ၁၀၀ကျော်ပျက်စီးပြီး လူ ၂၀ကျော်ပျောက်ဆုံးနေကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက အသိပေးသည်။ ထို့အပြင် ဟိုပုံးမြို့နယ်နှင့်ကပ်လျက်ရှိသော လွိုင်လင်မြို့နယ်တွင်လည်း စက်တင်ဘာ ၁၁ ရက်ကစ၍ ရေဘေးနှင့်မြေပြိုမှုကြောင့် သေဆုံးသူ ၂၀ကျော်ရှိကာ ကျေးရွာအလိုက်ရွှေ့ပြောင်းရမှုလည်း ရှိနေကြောင်း သိရသည်။ စစ်ကောင်စီ၏ ရေဘေးနှင့်မြေပြိုကျမှုကြောင့် သေဆုံးပျက်စီးမှု ထုတ်ပြန်ချက်တွင် အထက်ပါမြို့နယ်များ၏ သတင်းအချက်များမပါရှိပေ။
إظهار الكل...
👍 16😢 12 1🔥 1🙏 1
Photo unavailableShow in Telegram
👍 19😢 2 1🔥 1
-မေးမြန်းခန်း "စစ်ဘေးရော၊ရေဘေးရော ဘေးနှစ်မျိုးကြုံရတဲ့အတွက် ဒုက္ခတွေပိုရပါတယ်" ▪︎IEC အတွင်း​ရေးမှူး ဦးခွန်ဗညား​အောင်နဲ့​ မေးမြန်းခန်း ကရင်နီပြည်ရှိ ​ဒေသအများစုတွင် စစ်​ဘေး​ အပြင် စက်တင်ဘာလ ဒုတိယပါတ်မှစ၍ ​ရေ​ဘေးပါခံစား​နေရသည်။ ယခုရက်ပိုင်းအတွင်း မိုးဗြဲဆည်ရေဖွင့်ချလိုက်၍ မိုးဗြဲ၊လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် အိမ်ခြေ ရာနှင့်ချီရေနစ်မြှုပ်နေကြောင်း ဒေသခံများက ​​ပြောသည်။လူဦးရေ နှစ်သိန်းခွဲကျော်ရှိသော ကရင်နီစစ်ဘေးရှောင်များသည် ရေဘေးကြောင့်ပါ အခြေခံလူသုံးကုန်များ အရေးပေါ်လိုအပ်​နေကြောင်း ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ IEC က က ကြေညာသည်။ လက်ရှိ ကရင်နီရေဘေးတွင် မြေပြင်၌ ကူညီ​ပေးနေသည့် IEC အတွင်းရေးမှူး ဦးဗညားခွန်အောင် ကို လူထုနွေဦး (People's Spring)က စက်တင်ဘာ ၁၉ ရက်တွင် ဆက်သွယ်မေးမြန်းထားပါသည်။ ရဲ​ခေါင်/People's Spring မေး - ကရင်နီပြည်နယ်မှာ ရေဘေးနဲ့ မြေပြိုကျမှုတွေက ဘယ်နေ့ကစဖြစ်ခဲ့တာလဲ။​နောက်ဆုံး အခြေအနေကရော ဘယ်လိုရှိနေလဲဆိုတာရှင်းပြ​ပေးပါလား။ ဖြေ - အကြမ်းဖျင်းပြောရရင် ကရင်နီပြည်နယ်ထဲမှာ ဒီလ ၉ ရက် ၁၀ ရက်နေ့ကစပြီး ရေကြီးတာပေါ့။လက် ရှိမှာတော့ နေရာတော်တော်များများမှာရေကြီးနေတုန်းပဲ။တချို့နေရာတွေရေပြန်ကျတာရှိတယ်။ဖယ်ခုံမြို့နယ်ထဲက နေရာတော်တော်များများမှာ ရေကြီးနေတာရှိသလို၊ ဖရူဆိုမြို့နယ်ထဲမှာလည်း မြေပြိုတာတွေနဲ့ လမ်းတွေပျက်စီးတယ်။ပြီးတော့ ရွာအလိုက်ရွှေ့ ပြောင်းရတာရှိတယ်။ မေး -မကြာသေးခင်ရက်ပိုင်းက မိုးဗြဲဆည်ရေဖောက်ချတယ်လို့ သိရတယ်။အဲဒါနဲ့ပက်သက်လို့ ပြောပေးပါဦး။ ဖြေ- မိုးဗြဲဆည်ကရေလွှတ်ချနေတာကြောင့် ရေလုံးဝလွှမ်းသွားတာက လွိိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်အစပ် နန်းမယ်ခုံ၊ဘုရားဖြူ၊ဘုရားနီရွာတွေ အပါအဝင် လွိုင်ကော်လမ်းမကြီးတစ်လျှောက်လုံးဝကိုရေမြှုပ်သွားတယ်။လွိုင်ကော်မြို့ထဲပါ ရေဝင်ပြီးတော့အိမ်ရာနဲ့ချီရေမြှုပ်နေတယ်။လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေရေဝင်တာရှိတယ်။ပြီးတော့ ပွန်ချောင်းဘေးက ရှားတော မြို့နယ်ထဲက ရွာသုံးရွာလည်းရေ မြှုပ်နေတယ်။ ဒီဘက်အောက်ဆင်လိုက်ရင်း ဒီးမော့ဆို မြို့နယ် အရှေ့ဘက် က စစ်ဘေး​ရှောင်စခန်း ခြောက်ခု ရေမြှုပ်နေတယ်။အိမ်ပေါင်း ၃၀၀ လောက်ပျက် စီးဆုံးရှုံးထားတယ်။ဒီးမော့ဆို အနောက်ခြမ်းမှာ မြေပြိုလို အိမ်တစ်လုံးစ၊ နှစ်လုံးစ ပျက်စီးတာလည်းရှိတယ်။ မေး- ကရင်နီပြည်နယ်မှာ ရေဘေးနဲ့ မြေပြိုမှု ကြောင့် ပျက်စီးဆုံးရှုံးထားတဲ့ အဆောက်အဦးနဲ့ ရွှေ့ပြောင်း ရတဲ့ ပြည်သူ အရေအတွက် ကို IEC က ရရှိထားတဲ့ နောက်ဆုံး အချက်အလက်​တွေအရ ဘယ်​လောက်ရှိပါလဲ။ ဖြေ-ဖယ်ခုံမှာ လူဦးရေ ၂၆၀၀ လောက် ရွှေ့ ပြောင်းနေရတယ်။ရေထဲမျောသွားတဲ့အိမ် ၂၅ လုံးရှိတယ်။ဒီးမော့ဆိုမှာက လူဦးရေ ၄၄၀၀ ကျော်ရေဘေးသင့်တယ်။အိမ် ၂၆၅ လုံး ပျက်စီးသွားတယ်။လွိုင်ကော် မြို့မှာ ရေဘေးသင့်တဲ့သူ ၁၃,၀၀၀ လောက်ရှိတယ်။တခြား ရှားတော၊ဖားဆောင်း၊ဘောလခဲ နဲ့ ဖရူဆိုမြို့နယ် နဲ့ဆိုရင် စုစုပေါင်း ရေဘေးသင့်တဲ့သူ ၂၁,၇၃၉ က စားနပ် ရိက္ခာလိုအပ်နေတယ်။အိမ်ခြေ အလုံး ၃၂၀ ကျော်ကို အလုံးစုံပျက်စီးသွားတယ်။ မေး- မြေပြိုမှုနဲ့ ရေကြီးမှုမှာ သေဆုံးတဲ့သူတွေရှိတာ တွေ့ရတယ်။ဘယ်မြို့နယ်ထဲမှာ ဖြစ်ခဲ့တာလဲ။ ဖြေ-အသေအပျောက်ကတော့ စုစုပေါင်း ၂၈ ဦးအကြမ်းဖျင်းပေါ့။အဲဒီထဲက သေဆုံး၁၈ ဦးက တော့ ဆေးတပ်သားတွေ။ဒီးမော့ဆိုမြို့နယ်ထဲမှာဖြစ်သွားတာပေါ့။ ကျန်တာတော့ ပြည်သူတွေ ပါ။ဘောလခဲ၊ရှားတော၊လွိုင်ကော်၊ဖယ်ခုံမြို့နယ်ထဲကပါ။ မေး- စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်ရဲ့ လူဦးရေ သုံးသိန်းလောက်မှာ နှစ်သိန်းခွဲလောက်က စစ်ရှောင်နေရတာလို့ သိရတယ်။အခုလိုရေဘေးပါ ထပ်ကြုံနေရတဲ့အပေါ် ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဘာပြောချင်လည်း။ ဖြေ-အခု ရေဘေးကြောင့် ပျက်စီးသွားတဲ့နေရာအများစုက စစ်ရှောင်တွေနေတဲ့နေရာနဲ့ စစ်ရှောင်တွေရောနှောနေရတဲ့နေရာတွေဖြစ်တယ်။စစ်ဘေးရော၊ရေဘေးရော ဘေးနှစ်မျိုးကြုံရတဲ့အတွက် ဒုက္ခတွေပိုရပါတယ်။ပြီးတော့ ကိုယ့်အိမ်ကိုယ့်ယာမှာ မဟုတ်ဘဲ စစ်ဘေးကြောင့် တဲထိုးပြီး အရင်ကတည်းက ဒုက္ခရောက်နေရတဲ့သူတွေဖြစ်တယ်။ မေး- ကရင်နီရေဘေးနဲ့ ပတ်သက်လို့ အကူအညီပေးဖို့ IEC ရဲ့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်လို့ ပါဝင်မှုအခြေ အနေပြောပြပေးပါဦး။ မေး- ကျွန်တော်တို့ကိုတော့ လော လောဆယ် တစ် သီးပုဂ္ဂလ တွေလာလှူနေကြတာမျိုးရှိတယ်။အရပ် ဘက်အဖွဲ့အစည်းတွေရော NUG ရဲ့ တချို့ဌာနတွေ ချိတ်ဆက် လှူဒါန်းတာမျိုးလည်းရှိတယ်။ မေး- IEC ရဲ့ ရေဘေးအပေါ် တုံ့ပြန်ဆောင် ရွက်မှုတွေဘာတွေ လုပ်နေပါပြီလဲ။ ဖြေ- လက်ရှိမြေပြင်မှာတော့ IEC ရဲ့ သက်ဆိုင်ရာ မြို့နယ် အလိုက် လူကယ်ပြန်ဌာန တွေနဲ့ အရပ်ဘက် အဖွဲ့တွေက ဝိုင်းဝန်းစီမံပြီးတော့ ကူညီနိုင်ဖို့ လုပ်နေကြတယ်။တချို့ကိုတော့ အကူအညီ စနေပြီ။အိုးအိမ်ပျက်စီး သွားတဲ့ ပြည်သူတွေကိုတော့ လောလောတယ် ရာသီဥတု အခြေအနေအရ ချို့ယွင်းချက်ရှိသေးတဲ့အတွက် ကြောင့် ဆောက်ပေးနိုင်ခြင်းမရှိသေးဘူး။ တခြားနေရာရွှေ့​ပြောင်းတဲ့အပိုင်းမှာတော့ အမိုးအကာ တွေ ဖြန့်ဝေနိုင်ဖို့ မျှော်လင့်ထားတယ်။ကြိုးလည်း ကြိုးစားနေပါတယ်။အချို့ကိုတော့ စဆောက်နေပါပြီ။
إظهار الكل...
👍 23 1🔥 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.