cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

သတင်းမှန် ဖိုးစီ

ပြည်သူနဲ့တသားတည်း ရပ်တည်နေတဲ့ ပြည်သူ့ဘက်တော်သား 4C

إظهار المزيد
مشاركات الإعلانات
117 866
المشتركون
+5524 ساعات
+6637 أيام
+6 21330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
🔺နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိ🔺 လက်ရှိမှာ အများစုက MNDAA ရဲ့ ထုတ်ပြန်ချက်ကို အာရုံစိုက် ဝေဖန်နေကြချိန်မှာ ကျနော်ကတော့ KNU + ၈ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပိုစိတ်၀င်စားတယ်။ တစ်ကယ်တော့ မြန်မာနိုင်ငံ မြေပုံထဲက ပြည်နယ်နှင့်တိုင်းတွေဟာ နေထိုင်ရာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဖွဲ့စည်းခဲ့တာလား (သို့) အာဏာရှင် တစ်ဦးတစ်ယောက်ရဲ့ဆန္ဒနဲ့ ဖွဲ့စည်းထားတာလား ဆိုတာ ကျနော်တို့ ပြန်စဉ်းစားဖို့လိုတယ်။ ထုတ်ပြန်ချက်ထဲက အပိုဒ် (၂) ၊ အပိုဒ်ခွဲ (ဂ) မှာ- အချုပ်အခြာအာဏာ (Sovereignty)၊ သွေးစည်းညီညွှတ်မှု (Solidarity)၊ လူထုနှင့် အနီးကပ်ဆုံး အာဏာ (Subsidiarity) နှင့် အချိုးကျမှု (Proportionality) အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းကို ဆောင်ရွက်မည် ဆိုပြီး ဖော်ပြထားတယ်။ ဒီနေရာမှာ လူထုနှင့် အနီးကပ်ဆုံး အာဏာ ဆိုတဲ့စကားက အရမ်းတာသွားတယ်။ အာဏာရှင်တွေ အဆက်ဆက်ရဲ့ ဖိနှိပ်မှုကို တော်လှန်ဖို့ သက်ဆိုင်ရာ တိုင်းရင်းသားအလိုက် ERO တွေ ပေါ်ပေါက်လာချိန်မှာ ကိုယ်စားပြုမှုအရ လှုပ်ရှားနယ်မြေ ထပ်နေတာတွေ၊ ပွတ်တိုက်မှုတွေ ရှိထားခဲ့ကြတယ်။ ဒီအတွက် ကြိုတင်သဘောတူညီမှု အဖြေရှာနိုင်ခဲ့ပြီလို့ ယူဆပါတယ်။ Ok အဲတော့ 3BHA ဘက်ကို သွားရအောင်။ အစတည်းက AA ဟာ Confederate ထက်မနိမ့်တဲ့ နိုင်ငံ‌ရေး အခင်းအကျင်းမျိုး တောင်းဆိုထားတယ်။ ရလည်းရကာနီးနေပါပြီ။ MNDAA ကတော့ ရသွားပြီလို့ ပြောလို့ရတဲ့ အနေအထားပေါ့။ TNLA လည်း ရကာနီးနေပါပြီ။ ဒီတော့ လက်ရှိအနေအထားမှာ သက်ဆိုင်ရာ အဖွဲ့က ရထားတဲ့ နယ်မြေတွေရဲ့ လုံခြုံရေးကို ကတိက၀တ်တွေနဲ့ ထိန်းသိမ်းပြီး De facto အာဏာတည်ဆောက်တာ ထုံးစံပါပဲ။ ကတိက၀တ်အတွက် ပြည်တွင်းက မဟာမိတ် အင်အားထက် တရုတ်ကို မီခိုလိုက်တာကတော့ ပြောစရာ ဖြစ်သွားတာပေါ့လေ။ ဒါပေမယ့် ကျနော် ရှေ့မှာတုန်းက ပြောခဲ့သလိုပဲ ကတိက၀တ် ဆိုတာ ကျိုးပေါက်လွယ်တယ်။ အဆုံးထိ သွားဖို့လိုတယ် ဆိုတာ ERO တွေအားလုံး သိကြပါတယ်။ ERO တွေ အနေနဲ့ သက်ဆိုင်ရာ နယ်မြေတွေကို ရရှိပြီးချိန်မှာ ပြည်မကို ဆက်လက် ထိုးစစ်ဆင်ဖို့တာ၀န်က PDF တွေရဲ့ ပုခုံးပေါ် ရောက်လာမယ်ဆိုတာလည်း လူတိုင်းသိပြီးသား ကိစ္စပဲမလား။ KNU+ ရဲ့ ထုတ်ပြန်ချက်၊ MNDAA ရဲ့ ထုတ်ပြန်ချက်တွေက သေချာတွေးကြည့်ရင် အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိမှာ MNDAA သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စစ်ရှုံးကောင်တွေ ပြန်ယူနိုင်ဖို့ မရှိတော့တာ သေချာသွားပြီလေ။ အဲဒါအပြင် တရုတ်ရဲ့ ဖိအားက တရုတ်နယ်စပ်နဲ့ စစ်ရှုံးကောင်တွေ အပေါ်လောက်ပဲ လက်ရှိမှာ သက်ရောက်နိုင်တဲ့ အနေအထားလည်း မြင်ရတယ်။ ဒီနေရာမှာ 3 BHA မှာပါတဲ့ ကျန်နှစ်ဖွဲ့ကို ကြည့်ဖို့လိုတာပေါ့။ နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိပါဘူး။ ရှေ့ဆင့်နောက်ဆင့် ထွက်လာတဲ့ ထုတ်ပြန်ချက်တွေရဲ့ နောက်ကွယ်မှာ ဘာတွေ ဆွေးနွေးနေကြလဲ ကျနော်တို့မှ မသိနိုင်တာ။ ဆွေးနွေးမှုတွေ အများအပြား ပြုလုပ်နေတယ် ဆိုတာကတော့ KNU+ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါထားပါတယ်။ ဆိုတော့ လက်ရှိ အနေအထားက ERO တွေရဲ့ ပံ့ပိုးမှုနဲ့အတူ ပြည်မထဲမှာ PDF တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမြင်လာရဖို့ရှိတဲ့ အခင်းအကျင်းလို့ပဲ ယုံကြည်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းမြင်တာက အဆိုးမြင်တာထက် ထိခိုက်မှုနည်းတယ်မလား။ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့။ ပုံကတော့ မနေ့က သတင်းထဲမှာပါတဲ့ ရွှေဘိုခရိုင် စစ်‌ဒေသရဲ့ကွပ်ကဲမှုအောက်က PDF တွေပုံပါ။ ဘယ်လိုလဲ ယူနီဖောင်းတွေ လက်နက်တွေက အရင်တုန်းက အတိုင်းပဲလား?? ✍️ မင်းသူဝေး #4C_TruthNews
إظهار الكل...
"တောင်ဝင်ဒေါင်းက ရေဘေးသင့် ပြည်သူတွေကို အလှူငွေနဲ့ ရိက္ခာပစ္စည်းများ လှူဒါန်း" တောင်ဝင်ဒေါင်း တပ်ရင်းဆရာဝန် ဒေါက်တာချင်း ဦးဆောင်ပြီး ပြည်တွင်းပြည်ပ အလှူရှင်များမှ ပေးပို့ လှူဒါန်းထားတဲ့ အလှူငွေနဲ့ ရိက္ခာပစ္စည်းတွေကို တပ်ရင်းစစ်ကြောင်း စိုးမိုးနယ်မြေ အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ပြန်လည်မျှဝေ‌ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါတယ်။ #4C_TruthNews
إظهار الكل...
63👍 14🥰 1
🔺ရန်ကုန်က သူရဲကောင်းလေးများ🔺 ရန်ကုန်မြို့ရှိ ကားလမ်းမကြီး တစ်ခုပေါ်မှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်ကာ လူထုသပိတ် ပြုလုပ်ခဲ့ပြီး ပြောက်ကျားသပိတ် စတင်တာနဲ့ တပြိုင်နက် လမ်းဘေးဝဲယာရှိ ပြည်သူတွေကပါ ပူးပေါင်း ဝန်းရံခဲ့ကြကြောင်း သိရပါတယ်။ ရန်ကုန်လို နေရာမျိုးမှာ လူဆိုးလူမိုက်တွေ အပါအဝင် ရပ်ကွက် အုပ်ကြီးတွေနဲ့ပေါင်းပြီး စစ်ရှုံးကောင်စီက အုပ်ချုပ်ရေး ယန္တရားကို နည်းမျိုးစုံနဲ့ ခိုင်မာအောင် လုပ်ဆောင်နေချိန် ဖြစ်တာမို့ အခုလို ပြောက်ကျားသပိတ် ပြုလုပ်တာဟာ အလွန်တရာမှ အန္တရာယ်များလှပါတယ်။ ဒါပေမယ့်လည်း မြို့ပြက ပြည်သူတွေရဲ့ကိုယ်စား အသံထွက်ပေးနေတာဖြစ်လို့ ပါဝင်ခဲ့ကြတဲ့ သူရဲကောင်းလေးတွေကို လေးစားစွာနဲ့ အသိအမှတ်ပြုပါတယ်။ မြို့ပြနေ ပြည်သူတွေ အနေနဲ့လဲ မိမိတို့ ပတ်ဝန်းကျင်မှာ ပြောက်ကျားသပိတ်တွေ ပြုလုပ်လာခဲ့ရင် အခြေအနေပေးသလို ဝန်းရံပေးလို့ ရပေမယ့် သူရဲကောင်းလေးတွေရဲ့ လုံခြုံရေးအတွက် ဓာတ်ပုံ/ရုပ်သံ မှတ်တမ်းယူတာမျိုးတွေ မပြုလုပ်ကြဖို့နဲ့ ပွဲပြီးချိန်မှာလဲ ရပ်ကွက်အတွင်း ဘာမှ မဖြစ်ခဲ့သလို ဟန်မပျက် နေကြဖို့ အကြုံပြုပါတယ်။ တို့ပြည်သူတွေ ညီရဲ့လာဟေ့!!! #4C_TruthNews
إظهار الكل...
110👍 44🤣 5🥰 4
Photo unavailableShow in Telegram
"MNDAA ထုတ်ပြန်ချက်" MNDAA မှ ၎င်းတို့အဖွဲ့သည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် စစ်ရေးအရသော်၎င်း၊ နိုင်ငံရေး အရသော်၎င်း ပူးပေါင်းဆောင်ရွက်လိမ့်မည် မဟုတ်ကြောင်းနှင့် မန္တလေးနှင့် တောင်ကြီးမြို့များအားလည်း သိမ်းယူမည် မဟုတ်ဟု ‌ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ ထိုမျှအထိ မလိုအပ်ပဲ ထည့်သွင်း ပြောဆိုလာပြီ ဆိုကတည်းက နောက်ကွယ်မှ လက်မဲကြီးသည် ဘယ်သူဘယ်ဝါ ဖြစ်သည်ဆိုသည်က ထွေထွေထူးထူး ပြောစရာ မလိုတော့ပေ။ လတ်တလော အထူးတလည် ပျော်ရွှင်ပြီး ကခုန်မြူးထူးကြမည့် လူများသည် မင်းအောင်လှိုင် တပ်များဖြစ်သည်။ ထိုသို့ လာမတိုက်ရန် တရုတ်အား ဖိအားပေးဖို့ အမျိုးမျိုး နားချခဲ့ကြရပြီးနောက် ယခုလို "ငါတို့ကို လာမတိုက်တော့ဘူး" ဟူသော အတွေးဖြင့် ဝမ်းသာအားရ ဖြစ်သွားကြသည်ကပင် ကမ္ဘာအဆင့် ၃၁ ရှိသည်ဆိုသော မင်းအောင်လှိုင် တပ်များအတွက် သနားစရာပင် ကောင်းလောက်အောင် အခြေအနေ ဆိုးဝါးနေရရှာပြီ ဖြစ်သည်။ နောက်တကြောင်းက MNDAA သည် တောင်ကြီး၊ မန္တလေးကို သိမ်းယူနိုင်ခဲ့လျင်ပင် ပြည်သူများက ခေတ္တခဏ ပျော်ရွှင်သွားကြမည် ဖြစ်‌သော်လည်း ရေရှည်တွင် တရုတ်စကားပြောသော ကိုးကန့် တိုင်းရင်းသားများ၏ အုပ်ချုပ်သွားမှုကို မည်သို့မျှ လက်ခံကြတော့မည် မဟုတ်၊ ထို့အပြင် MNDAA အနေဖြင့် ထိုသို့သော မြို့ကြီးများကို အုပ်ချုပ်ဖို့လည်း အတွေ့အကြုံ မရှိဟု ထည့်သွင်းစဉ်းစားကြမည်သာ ဖြစ်သည်။ တရုတ်ထံမှ ၎င်းတို့အား မြန်မာစစ်တပ်မှ မတိုက်စေရဟု အာမခံချက် ရထားဟန်ရှိသည် ဆိုသည်ကို တရုတ်နှင့် တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများအား ၎င်းတို့ကိုယ်စား နိုင်ငံရေး တွေ့ဆုံဆွေးနွေးသော လမ်းစဉ်ဖြင့် ဖြေရှင်းသွားမည်ဟု ကြေညာချက်တွင် ပါရှိလာသည့် အချက်က သက်သေခံနေပေသည်။ မြန်မာပြည်သူ တရပ်လုံးက တရုတ်မှ ငြိမ်းချမ်းရေး အကြောင်းပြကာ မိမိတို့၏ စစ်ဖိနပ်အောက်မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ရုန်းကန် တွန်းထိုးနေမှုကြီးအား ဝင်ရောက်စွက်ဖက်နေသည်ကို မုန်းတီး ရွံရှာနေကြချိန်တွင် MNDAA သည် တရုတ်ဖက်သို့ ကူးပြောင်းသွားပြီဟု တရားဝင် အသိပေးလိုက်ခြင်း ဖြစ်၍ ၎င်းတို့၏ ရပ်တည်ချက်သည် ပြန်လည်ပြင်ဆင်၍ မရအောင်ပင် ထိခိုက်သွားခဲ့ရပြီ ဖြစ်သည်။ သို့သော် သိထားသင့်သည်က လားရှိုးကဲ့သို့ မြို့ကြီးအား ၎င်းတို့ စစ်ရှူံး၍ လက်လွှတ်ပေးလိုက်ရသည် ဆိုသည်က စစ်တပ်၏ သမိုင်းတွင် အမည်းစက်ကြီး စွန်းထင်းကျန်ခဲ့မည် ဖြစ်သည့်အပြင် သူ့ကိုယ်သူ ကောင်းသည်ဟုထင်ထားသည့် မင်းအောင်လှိုင်၏ သမိုင်းကြောင်း legacy သည် မည်သို့မျှ မကောင်းနိုင်တော့၊ သမ္မတ ဖြစ်လာလျင်ပင် လေးစားသမှု ရှိကြတော့မည် မဟုတ်၊ တရုတ်ကောင်းမှုဖြင့် သမ္မတ ဖြစ်လာရသူဟုသာ ယူဆခံရတော့မည်။ ထိုအဖြစ်ကို မင်းအောင်လှိုင်ဖက်က မည်သို့မျှ အဖြစ်ခံမည် မဟုတ်၊ အခြေအနေ ပေးသည်နှင့် အင်အားစုပြီး ပြန်တိုက်မည်သာ ဖြစ်သည်။ ယခုပင်လျှင် ရန်နိုင်မင်းဟု အမည်ပေးကာ တာစူနေပြီ ဖြစ်သည်။ ထိုအခါတွင် ပြည်သူများကလည်း မှောက်ချီတလှည့် လှန်ချီတလှည့် လုပ်နေသည်ဆိုကာ MNDAA အား ယခင်ကလို စိတ်ပါလက်ပါ ထောက်ခံကြ‌တော့မည် မဟုတ်တော့။ ထိုအချက်များကို ထည့်သွင်းစဉ်းစားမည် ဆိုက MNDAA သည် မင်းအောင်လှိုင်နှင့် တရားဝင် အပစ်ရပ်စဲရေး သဘောတူညီချက် မရပါပဲ ထိုကဲ့သို့ အရှိန်ရနေသော ထိုးစစ်ကြီးကို ရပ်တန့်ပြီး ခံစစ်အသွင် ကူးပြောင်းသွားရသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်ရသည်။ နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ ထိုကြေညာချက်ကြောင့် NUG နှင့် ဆက်ဆံရေး တမျိုးတဖုံ ဖြစ်သွားနိုင်သည်ကလွဲ၍ လက်ရှိ ရှမ်းမြောက် စစ်ဆင်ရေးအပေါ် မည်သို့မျှ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ဟု သုံးသပ်ကြသည်။ လက်ရှိ ၎င်းတို့၏ ကြေညာချက်ကြောင့် ပြည်သူလူထုအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ယခင်က ရရှိထားသော ထောက်ခံမှု အရှိန်အဟုန် ကျဆင်းသွားခဲ့သည်သာ အဖတ်တင်သွားခဲ့သည်။ အချို့သော တိုင်းရင်းသား အဖွဲ့များသည် ၎င်းတို့ အလိုရှိသော ကိုယ်ပိုင် အုပ်ချုပ်ရေးကို တရုတ်က ပေးနိုင်မည်မဟုတ်၊ ပြည်မက အာဏာရှင် တော်လှန်ရေးနှင့် ဆက်စပ်လှုပ်ရှား သွားနိုင်မှသာ အာမခံနိုင်မည်ဟူသော မှန်ကန်သော အသိအမြင်မျိုး ရှိနေကြသည်။ ပြည်သူများကလည်း မိမိတို့အရေး မိမိတို့သာ ဖန်တီးရတော့မည် ဆိုသည့် ကိုယ့်အားကိုယ်ကိုးရမည် ဟူသော အသိစိတ်များ ခိုင်မာသည်ထက် ခိုင်မာလာ၍ တော်လှန်ရေးအတွက် အပေါင်းလက္ခဏာများသာ ဖြစ်လာခဲ့ရသည်။ ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!! ✍️ Hla Soewai #4C_TruthNews
إظهار الكل...
👍 121 7🤣 6👏 4😱 1
❗RCSS နဲ့ စစ်ရှုံးကောင်စီတပ်တို့ တိုက်ပွဲစပြီလား❗ ■ မိုင်းပျဉ်းမြို့နယ်ရှိ RCSS တပ်စခန်းကို စစ်ရှုံးကောင်စီတပ်က တိုက်ခိုက် ရှန်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် အတွင်းရှိ RCSS/SSA တပ်စခန်းကို စစ်ရှုံးကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက အတည်ပြု ပြောဆိုပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ် (၁၁) နာရီကျော်ခန့် အချိန်က ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ယင်းခမ်း (ဝၢၼ်ႈယၢင်းၶမ်း) ကျေးရွာအုပ်စု အတွင်းရှိ RCSS တပ်စခန်းကို စစ်ရှုံးကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က အင်အား (၁၀၀) ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ရှုံးကောင်စီတပ်ထံမှ သေနတ် (၃) လက် သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက် စစ်သားတချို့ သေဆုံးမှု ရှိနိုင်ကြောင်း၊ နယ်မြေရှင်းလင်းရေး မလုပ်ဆောင်ရသေးတာကြောင့် အသေးစိတ် အခြေအနေကို မသိနိုင်သေးကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ဆိုပါတယ်။ ဩဂုတ်လ တတိယပတ် အတွင်းက စစ်ရှုံးကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) မှ 7 EAO Alliance အဖွဲ့ဝင်တွေကို နေပြည်တော်မှာ ဖိတ်ခေါ်တွေ့ဆုံခဲ့ရာ ကျန်အဖွဲ့ဝင် (၆) ဖွဲ့ တက်ရောက်ခဲ့ပေမယ့်- 7 EAO Alliance အဖွဲ့ခေါင်းဆောင် တာဝန်ယူထားတဲ့ RCSS တစ်ဖွဲ့တည်းသာ မတက်ရောက်ခဲ့တာကြောင့် စစ်ရှုံးကောင်စီတပ်က လာရောက် တိုက်ခိုက်ခဲ့တာဖြစ်နိုင်ကြောင်း ရှမ်းပြည် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။ #4C_TruthNews
إظهار الكل...
👏 73👍 34 2😁 1
"ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာရှိ စစ်ရှုံးကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်" ■ အကြမ်းဖက် စစ်သား ၃၁ ဦး သေဆုံးခဲ့ပြီး စစ်သားအားလုံး စခန်းစွန့်ခွာကာ ခွေးပြေးဝက်ပြေး ထွက်ပြေး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာမှာ တပ်စွဲထားတဲ့ စစ်ရှုံးကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃၁ ဦး သေဆုံးခဲ့ပြီး စစ်သားအားလုံး စခန်းစွန့်ခွာကာ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကြကြောင်း သိရပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ ခင်ဦးမြို့နဲ့ ၇ မိုင်ခန့် အကွာရှိ ၃ နှစ်ကျော် တပ်စွဲထားတဲ့ မဒေါင်းလှရွာမှ အကြမ်းဖက် စစ်ရှုံးကောင်စီ တပ်သားတွေကို ရွှေဘိုခရိုင် စစ်ဒေသ ကွပ်ကဲမှူဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မြို့နယ် ပကဖတွေက ပူးပေါင်း တိုက်ခိုက်ခဲ့ကြကြောင်း၊ အဆိုပါ တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်တပ်မှ အရာရှိတွေ အပါအဝင် ၁၃ ဦး၊ ပျူစောထီး ၁၈ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ မုံရွာ နမခမှ ဒုန်းတပ်ဖွဲ့ကို Mi-17 ရဟတ်ယာဥ်ဖြင့် စစ်ကူ ပို့ဆောင်ခဲ့ကြောင်း၊ စက်တက်ဘာလ ၁ ရက်နေ့တွင် ကန့်ဘလူ ဇီးကုန်း သကြားစက်မှ ဝါသဝ လက်အောက်ခံ ပျူစောထီးတွေနဲ့ မုံရွာ နမခမှ ဒုန်းအဖွဲ့များ ပူးပေါင်းကာ အင်အား ၁၇၀ ဝန်းကျင်ဖြင့် မဒေါင်းလှ ပျူစောထီးရွာကို စစ်ကူစစ်ကြောင်းထိုးပြီး အလောင်းကောက်ရန် ဝင်ရောက်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ စစ်ကူဝင်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ငကြိုင်း၊ အင်ကြင်းပင်၊ တဲကြီး၊ ဖန်းခါးကုန်း၊ စောကြီး၊ ပေါက်တော၊ ဆီဆုံလေး၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ ဆီပုတ္တရာ၊ မဒေါင်းကြီး စတဲ့ ကျေးရွာ ၁၃ ရွာမှ နေအိမ်ခြေ ၅၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်ပိုင် ဇီးကုန်း သကြားစက်ကို မဒေါင်းလှ ကျေးရွာမှ ကျန်ရစ်ခဲ့တဲ့ ပျူစောထီးတွေနဲ့ မိသားစုဝင်တွေကို တစ်ပါတည်း ခေါ်ဆောင်ပြီး ခင်ဦးမြို့နယ်အတွင်းမှ ထွက်ပြေးသွားကြောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် မနက်ပိုင်းတွင် ကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် ပြည်သူတွေထံမှ မတရား ခိုးယူထားတဲ့ နွားအုပ်၊ သိုးအုပ်များ အပါအဝင် ပစ္စည်းတချို့ကို ပြန်လည် ရရှိခဲ့ပြီး အကြမ်းဖက် စစ်ရှုံးကောင်စီ တပ်သားတွေ အထိုင်ချထားတဲ့ နေရာများကို ရှင်းလင်းရေး လုပ်ဆောင်စဉ် တော်လှန်ရေး ရဲဘော် ၂ ဦး မြေမြုပ်မိုင်း ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ #4C_TruthNews
إظهار الكل...
👍 232👏 37 30🥰 3🏆 3
00:30
Video unavailableShow in Telegram
"ဖျာပုံတွင် မဘသ ဘုန်းကြီးနဲ့ လူ ၂ ဦးက ကိုရင်တစ်ပါးက်ို ရိုက်နှက်နှိပ်စက်သဖြင့် သေဆုံး" ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ မဘသ ဘုန်းကြီးနဲ့ လူ ၂ ဦးက ကိုရင်တစ်ပါးကို ရိုက်နှက် နှ်ိပ်စက်ခဲ့တာကြောင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဒေါ်ညိမ်းကျေးရွာ၊ သရက်တော ကျောင်းတိုက်နေ ဘွဲ့အမည် ဦးဥက္ကဌ နဲ့ လူ ၂ ဦးက အသက် ၁၆ နှစ်ရှိ ကိုရင်တစ်ပါးကို ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခဲ့ပြီး ဆေးကုသခွင့် မပေးပဲ ဘုန်းကြီးကျောင်းအတွင်း ထားရှိခဲ့ရာ တစ်ပတ်ခန့်အကြာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ သေဆုံးခဲ့ကြောင်း၊ အဆိုပါ ကိုရင် သေဆုံးပြီးနောက် သရက်တော ကျောင်းတိုက်ရှိ မဘသဘုန်းကြီး ဦးဥက္ကဌနဲ့ လူနှစ်ဦးကို ဒေါ်ညိမ်းရဲစခန်းမှ စစ်ရှုံးကောင်စီ လက်ပါးစေ ရဲတွေက လာရောက်ဖမ်းဆီးသွားကြောင်း၊ အသတ်ခံရတဲ့ ကိုရင်ရဲ့ မိသားစုဝင်တွေကို အမှုပိတ်သိမ်း ကျေအေးပေးဖို့ မဘသ ဘုန်းကြီးအုပ်စုက ဖိအားပေး ခြိမ်းခြောက်နေကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။ #4C_TruthNews
إظهار الكل...
5.65 MB
🤬 421😢 79👍 62😱 15 6👎 4💋 2
Photo unavailableShow in Telegram
🔺ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးမူဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည်ဟု KNU ၊ KNPP ၊ CNF ၊ KSCC ၊ CNF အပါအဝင် အဖွဲ့ ၉ ဖွဲ့ ကြေညာ🔺 ပြည်နယ် အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းမူဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မည်ဖြစ်ကြောင်း KNU ၊ KNPP ၊ CNF ၊ KSCC ၊ CNF အပါအဝင် အဖွဲ့ ၉ ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့ ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများနဲ့ ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီများမှ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုတွေကို အကြိမ်ကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ညှိနှိုင်းမှုများမှတဆင့် ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) နဲ့ စပ်လျဉ်းပြီး တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီများ စုစုပေါင်း (၉) ဖွဲ့မှ သဘောတူညီချက်များနဲ့ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) ကို အောက်ပါ အခြေခံမူများနဲ့အညီ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ (က) အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ဖက်ဒရယ် ယူနစ်များနှင့် ၎င်း ပြည်နယ်/ဖက်ဒရယ် ယူနစ်များ အတွင်းရှိ ပြည်သူလူထုများဖြစ်သည်။ (ခ) ပြည်နယ်/ဖက်ဒရယ် ယူနစ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည်။ (ဂ) အချုပ်အခြာအာဏာ (Sovereignty)၊ သွေးစည်းညီညွှတ်မှု (Solidarity)၊ လူထုနှင့် အနီးကပ်ဆုံး အာဏာ (Subsidiarity) နှင့် အချိုးကျမှု (Proportionality) အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းကို ဆောင်ရွက်မည်။ ဒါ့အပြင် ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးကို တော်လှန်ရေး အင်အားစုများအကြား ဆက်လက်ညှိနှိုင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါ သဘောတူညီချက်နှင့် လုပ်ငန်းစဉ်များကို မိမိတို့ တိုင်းရင်းသား ခုခံတော် လှန်ရေး အဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီများမှ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွ လက်တွဲ အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ #4C_TruthNews
إظهار الكل...
👍 399 67👏 12🤩 5😁 4🏆 1
Photo unavailableShow in Telegram
"လူရာမဝင် လူတောမတိုးတဲ့ စစ်ရှုံးကောင်စီ" စစ်ရှုံးကောင်တွေရဲ့ ဘဝက နိုင်ငံတကာမှာ ဘယ်လောက်တောင် လူရာမဝင် ဖြစ်နေရှာလဲ ဆိုရင်- စင်္ကာပူ သတင်းစာကနေ မြန်မာနိုင်ငံ ရေဘေးအကြောင်း ဓာတ်ပုံလေး တစ်ပုံနဲ့ ဖော်ပြတာကိုတောင် ကြံဖန်ပြီး ဂုဏ်ဆာနေရတဲ့ဘဝ.. အဲ့လောက်လဲ သိမ်ငယ်မနေကြပါနက်ကွာ.. နိုင်ငံတကာက မင်းတို့တွေကို ခွေးဝဲစား အဆင့်လောက်ပဲ သတ်မှတ်ထားကြတာ ကလေးကအစ သိနေကြတာဂို.. အ..ဟစ်..ဟစ်.. 🤣 #4C_TruthNews
إظهار الكل...
🤣 390👍 96💯 8😁 7 5👎 4💋 1
00:35
Video unavailableShow in Telegram
"သခင်အားရ ကျွန်ပါးဝနေတဲ့ ဟန်ငြိမ်းဦးနဲ့ သူ့တပည့် စစ်ခွေးများ" ကိုယ်တိုင်ကျတော့ ခွေးတပ်ထဲမှာ ခွေးလို ပုန်းအောင်းနေပြီး ဆိုရှယ်မီဒီယာတွေမှာ ကွန့်မန့်တစ်ကြောင်း ဝင်ရေးမိတဲ့ ကွမ်းယာသည်လောက်ကိုပဲ သတ္တိတွေပြပြီး ဖမ်းခိုင်းရဲတဲ့ ဟန်ငြိမ်းဦးနဲ့ မိန်းမရှာ စစ်ခွေးတသိုက်ကို မပုတုက By name တပ်ပြီး ဒဲ့ဆော်ထားတာပါ။ ချချ.. ဒါမျိုးကတော့ ပုတုလေးကို ကွီး 4C က အားပေးပြီးသားပဲ.. အမှန်က ပုတုလေး ဝတ်တဲ့ ထမိန်နဲ့ ငစနူကောင်တွေရဲ့ ခေါင်းကို အုပ်ပြီးတော့ ပြောရမှာ.. ဘန်းညွန့် ဆိုတဲ့ ငစနူ စောက်ခြောက် အဖွဲ့ကိုလဲ ထမိန်အုပ်ပြီး ပြောပေးအူး မပုတုရေ.. အ..ဟစ်..ဟစ်.. 🤣 #4C_TruthNews
إظهار الكل...
9.24 MB
🤣 437👍 153 19👏 9😁 9💯 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.