cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Bankai Anime MM

ကျနော်တို့ Bankai Anime MM ကAnimeကားကောင်းများကိုတင်ဆက်ပေးသွားမှာပါအဲ့တာကြောင့်ကိုယ်သူငယ်ချင်းတွေထဲမှာAnime Fanလေးတွေရှိရင်ကျနော်တို့chကို Shareထားလိုက်ပါ😍😘အောက်ကch japan songတွေကျနော်ကြည့်ဖူးတဲ့Anime songတွေကိုတင်တာပါ BankaisongsMM t.me/BankaisongsMM

إظهار المزيد
مشاركات الإعلانات
4 708
المشتركون
لا توجد بيانات24 ساعات
+47 أيام
+1930 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Repost from Bago Scout Network
တောင်ငူ၊ ဒိုးတန်းကျေးရွာ (ရေဘေး အကူညီလိုအပ်နေ) #16Sep ဘယ်ကယ်ဆယ်အဖွဲ့မှ မရောက်လာနိုင်သေးတဲ့ ဒိုတန်းရွာ မှာ ဒီည ရေထက်တိုးမှာကို စိုးရိမ်နေရပါတယ်။ အိမ်ခြေပေါင်း သုံးရာနီးပါးရှိပါတယ်။ ၄ ရက်ရှိပါပြီ ။ အခုထိလည်း ရေက တိုးနေဆဲပါ။ အမြန်ဆုံးလာကယ်ပေးနိုင်ပါစေလို့ မျှော်လင့်လျက်ပါ။ လှေကြီးမှ အဆင်ပြေမှာပါ။ 👉👉👉ပဲခူးတိုင်း၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နှင့် ဖြူးမြို့နယ် အဆက်က ဒိုးတန်းရွာ (အုတ်ဖြတ်တံတား အောက်နားက) စစ်တောင်းမြစ်ဘေးကရွာလေးပါ လို့ သိရပါတယ်။ ဆက်သွယ်ပေးရန်🙏 09775694701 09257400681 ဒီနေ့3နာရီ ထိ အခြေအနေ ဖြစ်ပါတယ်။ #ရေဘေး #BNOC
إظهار الكل...
Repost from Bago Scout Network
❗️ရေဘေးအကူအညီ အထူးလိုအပ်နေ ❗️ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်(စစ်တောင်းမြစ်အရှေ့ဘက်ကမ်း) ခုံကြီးရွာ ၁၇ ရက် စက်တင်ဘာလ ၂၀၂၄ 😔ဒီချိန်မှာဒုက္ခရောက်တာချင်းတူတူပါပဲ တို့အစ္စလာမ်ရွာလေးကိုကျတော့ ချန်ခဲ့ကြတယ် တကယ်စိတ်မကောင်းဘူး...😔 လူမျိုးဘာသာမခွဲ​ခြားဘဲ ဆက်ဆံကြရင် တကယ်ကောင်းမယ် သူတို့လဲ လူတွေပါပဲ ခံစားတက်တဲ့နှလုံးသားရှိကြပါတယ်... မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်ပီးပြောချင်းမဟုတ်ပါရှင်... ရေက ထပ်မတက်တော့ပေမဲ့ ပြန်မကျသေးပါဘူး။ အဲ့ဘက်က ဖုန်းလိုင်းအင်တာနက်လိုင်းလဲ မကောင်းပါဘူး... ဖြူးမြို့ကနေ ၁၆မိုင်လောက် သွားရပါတယ်။ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ခုံကြီးရွာလေးပါ တစ်ရွာလုံးအစ္စလာမ်တွေပါပဲ။ အိမ်ခြေ၁၅၀လောက်ရှိပါတယ်။ ရေသန့်/အစားအသောက်များလိုအပ်နေပါတယ်ရှင် ။ ကယ်ဆယ်ရေးတွေ အလှူရှင်တွေလည်း မလာကြသေးပါဘူးရှင်... တက်နိုင်သလောက်လေးလှူပေးကြပါအုံးရှင်... 09420091455 09967892303 ပြန်လည်မျှဝေပေးလိုက်ပါတယ်။ #BRST
إظهار الكل...
Repost from MMWeather
၁၄-၉-၂၀၂၄ မြန်မာစံနော်ချိန် ၁၁:၅၅ မှာရရှိတဲ့ ရေဒါဂြိုလ်တုရဲ့ တွက်ချက်မှုများအရ ၁-ချင်းပြည်နယ် ၂-ရခိုင်ပြည်နယ် မြောက်ပိုင်း ၃-မကွေးတိုင်းအနောက်ပိုင်း ၄-စစ်ကိုင်းတိုင်းအနောက်ပိုင်း ၅-ပဲခူးရိုးမ တောင်ညို/ပေါက်ခေါင်း တွေမှာ နေရာကွက်ပြီး မိုးကြီးပါမယ်၊ သတိထားရမှာက ပုံတောင်/ပုံညာတောင်နဲ့ချင်းတောင်ဖက်ကနေ မြစ်ဖျားခံ ရေဝေကြောက ဆည်တွေရဲ့ ရေအဝင်နဲ့ အထွက်တွေကိုဖြစ်ပါတယ်၊ ၁၀ ရက်နေ့ထဲက မိုးရေချိန်မြင့် မိုးရွာမှုဧရိယာကြီးတွေဖြစ်တာကြောင့် ဆည်တာ/တမံမှာ ရရှိမိုးရေချိန်တခုထဲကို အတည် မယူပဲ catchment basin ထဲမှာ (၆ လက်မ x ရေဖမ်းဧရိယာရဲ့ ၄၅% ) ရှိနိူင်မည့် ဧကပေကို တွက်ထုတ်ပြီး ရေဝင်လာမှာရယ် ရေလျော့ထားလို့ ရနိူင်တာကို ချိန်ဆရန်လိုပါတယ်၊ မကွေးတိုင်းဆည်မြောင်းဌာနက အလုပ်ရိုသေပြီး တာဝန်ကျေကြတော့ discharge ကို synchro လုပ်ပေးနိူင်မှာပါ ၊ တစ်လက်စထဲ ရေးရရင် အကြမ်းအားဖြင့် ၁.၅ သန်း ဧကပေခန့် ရှိတဲ့ရေတွေ ( ၁ပေထု မိုင် ၅၀ ပါတ်လည်) ခန့် ဟာ ဆင်သေချောင်းကနေတဆင့် စစ်တောင်းကို အဆင်းမှာ အရှိန်ရော အားရော ထုရော အပါနဲ့ တိုးဆင်းတာကိုခံရပါတယ် ၊ တောင်ငူကို ကျော်သွားပြီးနောက် ရေထုဟာ မြစ်ဝှမ်းကျယ်ထဲကိုရောက်ပြီး မြေပြန့်လွင်ပြင်ထဲကို ဖြာပြီး စီးဆင်းမှာဖြစ်လို့ စီးဆင်းမှာဖြစ်လို့ အရှိန်အရမ်းမများ(တပ်ကုန်း/နေပြည်တော်/တောင်ငူ လောက်) တော့ပေမယ့် စစ်တောင်း မြစ်ရဲ့ ရေဆင်းနှုံးစံအရ အထူးအန္တရာယ်ရှိအနေအထားမှာတော့ ဆက်ရှိနေပါသေးတယ် ၊ ပုံမှန်ရေတက်ကို ကာထားတဲ့ ပန်းတာတွေ ၊ ပင်မတာတွေနဲ့ ရေထွက်နေရာမှာရှိသူတွေ အနေနဲ့ မဖြစ်မနေ မြေမြင့်ကို ပြောင်းရွေ့ထားရမှာဖြစ်ပါတယ် ၊ ဖြူး-ညောင်လေးပင်-ဒိုက်ဦး-ရွှေကျင်-ဝေါမြို့နယ်များရဲ့ ရေလွှမ်းကွင်းတွေ ၊ ရေကြီးရင် ရေထိနေရာတွေအတွက် ခန့်မှန်း ပုံမှန်ရေကြီးစဉ်ကထက် ၂ ပေနှင့် ၅ ပေကြား နေရာပေါ်မုတည်ပြီး ရေတက်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒီရေ ပြန်ထရက် ၁၈-၁၉၊ ခေါင်ရေ ၂၀-၂၁ တွေမှာ စစ်တောင်းမြစ်ဝနဲ့ ဒီရေရောက်ဒေသ #ဒိုက်ဦးဟာ ရေလွှမ်းဒဏ်များများစားစား ကြုံတွေ့နိူင်ပါတယ်၊ မြို့တိုင်းရဲ့ ရေအရင်းအမြစ်၊ ဆည်မြောင်း၊ ထွေအုပ်တွေမှာ ၂၀၁၄ ကစလို့ အရေးပေါ်အတွက် ပြင်ဆင်ထားတဲ့ စာစောင်တွေ ၊ planတွေ ရှိပါတယ် ၊ အဲ့ အချက်တွေကို နှစ်စဉ် update လုပ်ထားကြပါတယ် ၊ စီမံချက် အဆင့်စာစောင်ကနေ လက်တွေ့ကျင့်သုံးအဖြစ် ဒေသတွင်း အရေးပေါ်ကူညီနေသူတွေထံ ဖြန့်ဝေထားသင့်ပါတယ် ၊ ပုံ (၂) ကတော့ (၆-၂၀၂၄) က ထုတ်ထားတဲ့ ရေကြီးနိူင်တဲ့နေရာတွေပါ ၊ အဲ့နေရာတွေကတော့ သည် ၁/၂ ရက်အတွင်း ရေကြီးပါမယ် ၊ ပုံမှန်ရေကြီးတာထက်ပိုပါမယ် ၊ ရန်ကုန်/ဧရာဝတီတိုင်းကတော့ ချင်းတွင်း၊ဧရာဝတီမြစ်အနေအထားတွေအရ စောင့်ကြည့် အဆင့်ပဲ ရှိပါတယ် ၊ ဘားအံအပါ ကရင်ပြည်နယ်ကတော့ #ရေထုအရှိန်မြင့်စွာနဲ့ အထူး အန္တရာယ်ရှိ ရေအား တစ်စက္ကန့် ကုဗမီတာ ၁၈၀၀၀ (၁၅.၆ ) ဧကပေ သို့မဟုတ် ဂါလံ ၅ သန်းနှုံးနဲ့ ဆင်းရေပါတယ် ၊ ပုံမှန်ထက် တစ်စက္ကန့်တိုင်း ၄၅ % ခန့်ပိုတဲ့ ရေတွေဖြစ်ပါတယ် ၊ သတိထားပြီး မေးမြန်းထားသင့်ပါတယ်၊ )
إظهار الكل...
4
ရေဘေးသင့်ဒေသက MPT Sim Card  ကိုင်ဆောင်သူများ MPT အချင်းချင်း ဖုန်းပြောမိနစ် (၇၀၀) နဲ့ SMS အစောင် (၇၀၀) ကို ၇ ရက် အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။ *4040#ကိုခေါ်လိုက်နော်ရတယ်နော်။ လူသိများအောင်း Share နဲ့ ကူညီကြပါ။
إظهار الكل...
Repost from Anime Universe MM
Photo unavailableShow in Telegram
WTF က လုပ်တဲ့ ရေဘေးအတွက် donation project မှာ ပါဝင်ပေးကြပါဦး။ Link ⬇️ https://www.facebook.com/share/p/fCE1Gr9juoUCfZYL/?mibextid=xfxF2i
إظهار الكل...
1
အောက်ဘက်ကလူတွေအထူးဂရုစိုက်ပြင်ဆင်ထားကြပါဗျ😢😢🤧🤧 #Hainkokonaing
إظهار الكل...
ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး ကရေတွေ အားလုံး 🚨 ဧရာဝတီ 🚨ကို စုပါမယ်။ ပေါင်းလောင်း၊ဆင်သေ၊ငလိုက် စစ်တောင်း၊နေပြည်တော် တပ်ကုန်း က ရေတွေအားလုံး 🚨ပဲခူး🚨ကို ရောက်ပါမယ်။ ရှမ်းပြည် က ရေတွေအားလုံး 🚨မော်လမြိုင်🚨ကို ဆင်းပါမယ်။ အောက်ပြည်အောက်ရွာက မိတ်ဆွေများ {ပြင်ဆင်ချိန် ၂ ရက်ခန့်} ရပါမယ်။ လုပ်စရာရှိတာ အခုလုပ်ကြပါ... ကူကယ်ရာ မရနိုင်တဲ့ အခြေအနေမို့ ဝရိယ စိုက်ကြပါ... အားလုံးဘေးကင်းကြပါစေ... အားလုံး သတိရှိကြပါ... 🚨မြန်မာပြည် အထက်ပိုင်း နဲ့ အလယ်ပိုင်း က ရေတွေအားလုံး နောက်(၃)ရက် ကနေ (၅)ရက်အတွင်း မြန်မာပြည်အောက်ပိုင်းကို ရောက်လာမှာပါ🚨 မိုးရွာလို့ ရေဝင်ဖူးတဲ့နေရာတွေ အိမ်တွေ၊ခြံတွေ ပစ္စည်းကြိုရွေ့ထားပါ။ အပျက်အစီးကို ကြိုတွေးပြီး ပြင်ဆင်ထားကြပါ။ ရေကြီးနေတုန်း မိုးထပ်မရွာဖို့ ဆုတောင်းပါ။ မိုးထပ်ရွာရင် ရေဆင်းဖို့ အချိန်ပေးရတဲ့အခါ ဒုက္ခတွေ ပိုကြာပါလိမ့်မယ်။ နောက်(၃)ရက် ကနေ (၅)ရက်အတွင်း 🚨ရန်ကုန်/ဧရာဝတီ သတိရှိပါ🚨 #crd_to_owner_with_respect
إظهار الكل...
2
Repost from V Tech Guide
လူတိုင်းသိရှိနိုင်ဖို့ များများရှယ်ပေးကြပါ အခုလို ရေကြီး၊ ရေတက်လာချိန်မှာ ပြည်သူတွေ လွဲမှားစွာ လုပ်မိနေကြတဲ့အရာတစ်ခု သတိပေးပြောပြပါရစေ။ အဲ့ဒါက အိမ်ထုတ်တန်းတွေ အပေါ်မှာ ရေတက်လာတဲ့အခါ တက်နေကြတာပါပဲ။ တက်နေလို့ မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့်တက်နေမယ်ဆိုရင် ရေအရမ်းတက်လာချိန်မှာ ထွတ်ပေါက်မရှိဘဲ ပိတ်မိနိင်တဲ့အတွက် အသက်တွေ ဆုံးရှုံးရနိင်ပါတယ်။ ( ဒီလိုအဖြစ်မျိုး အတော်များများကြုံကြရပါတယ်။ ဇာတ်ကားတွေမှာလည်း ဒီလိုအခြေနေမျိုးကြုံကြရပြီး လာကယ်သူကြောင့် အသက်ချမ်းသာရာရကြပါတယ်။ တကယ့်လက်တွေ့မှာတော့ ဘယ်သူမှ လာကယ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အရေးပေါ်အနေနဲ့ အိမ်ခေါင်မိုးကို အနည်းငယ်ဖွင့်ထားသင့်ပါတယ်။ ) ဒါကြောင့်ရေတက်လာချိန် အိမ်အပေါ်ဆုံးထပ်ကို တက်နေကြမယ့်သူတွေ ဒီလိုစိတ်ကူးရှိသူတွေ ဒီအချက်ကလေးတွေကို သတိထားစေချင်ပါတယ်လို့ပြောပါရစေ။ ဘာတွေလုပ်သင့်လဲ - အိမ်ခေါင်မိုးကို အရေးပေါ်ထွတ်ပေါက်အနေနဲ့ ဖွင့်ထားရပါမယ် (သွပ် ၂ ချပ် ၃ ချက်လောက် လှန်ထားသင့်ပါတယ်) - အ၀တ်အစားကို ချွတ်ရ၀တ်ရလွယ်တာမျိုး ၀တ်စားထားဖို့လိုပါတယ် (ရေကူးရချိန်မှာ အ၀တ်တွေက လူကို ပိုလေးစေလို့ ပေါ့ပါးချွတ်ရလွယ်တဲ့ အ၀တ်အစားတွေ ၀တ်ထားသင့်ပါတယ်( ဂျင်းဘောင်းဘီတွေကိုရှောင်ပါ) - အရေးကြီးစာရွက်စာတမ်းတွေ၊ဖုန်း၊ပါဝါဘန့် စတာတွေကို ရေလုံအောင် ထုတ်ပိုးပြီး ပေါ့"ပါး"ပုံစံနဲ့ ကိုယ်နဲ့မကွာအောင် ဆောင်ထားဖို့လိုပါမယ် - ကိုယ့်အိမ်ပတ်၀န်းကျင်ရဲ့ရေအတက်အကျကို အချိန်ပြည့်စောင့်ကြည့်ဖို့ လိုပါမယ်(မြစ်ချောင်း၊ အင်းအိုင်နီးရင် ပိုပြီးသတိထားစောင့်ကြည့်ဖို့လိုပါမယ်) - အကောင်းဆုံးကတော့ အိမ်ခြံထဲ (သို့) လမ်းမပေါ် ရေတိုးလာတာနဲ့ ခေါင်းမမာဘဲ ကုန်းမြင့် (သို့) ရေလွတ်ရာကိုကြိုတင်ရှောင်ရှားကြဖို့ပါပဲ ။ ( လူတိုင်းသိရှိနိုင်ဖို့ များများရှယ်ပေးကြပါ )
إظهار الكل...
Photo unavailableShow in Telegram
အခုမင်မင်တို့ဆီမှာရေကြီးနေလို့ ဘာမှတင်ဖြစ်မှာမဟုတ်ပါဘူးဗျ ပြီးတော့ လိုင်းတွေလဲမကောင်းတော့ ဘာမှလုပ်မရဘူးဗျာ
إظهار الكل...
9🙏 8
Link စုလို့ပြီးပါပြီ #Hainkokonaing
إظهار الكل...
1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.