cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ဒေါက်တာ ဆိတ်ဖွား

အရေးတော်ပုံ အောင်ရမည်

إظهار المزيد
مشاركات الإعلانات
55 833
المشتركون
+424 ساعات
+3427 أيام
+3 59430 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ကျူးကျော်စစ်ပါတို့ နယ်စပ်က EROs တွေက တရုတ်နဲ့ ပေါင်းတော့မယ် ဆိုတာတွေက သမိုင်းကြောင်းအမှန်ကို မသိတဲ့သူတွေ ပြောနေကြတာပါ။ နယ်စပ် EROs တွေက တရုတ်ကို မလွန်ဆန်နိုင်လို့သာ ပေါင်းနေရတာ၊ တရုတ်ကြီး လက်အောက်ကိုဝင်ပြီး တရုတ်စနစ်နဲ့ နေထိုင်ပူးပေါင်းမယ်ထင်နေရင် ရူးနေလို့ပဲ ပြောရမှာပဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနေတဲ့ EROs တွေရဲ့ လက်ရှိအနေအထားကနေ လက်နက်ဖျက်သိမ်းပြီး နယ်မြေတွေတရုတ်အောက်ဝင်မယ်၊ တရုတ်သိမ်းတာခံမယ် ထင်နေသေးရင် ဆေးခန်းသာ အမြန်ပြကြဖို့ အကြံပေးချင်ပါတယ်။ အာချောင်မိပြန်ပြီ
إظهار الكل...
Photo unavailableShow in Telegram
သူခိုးတွေကို ဘဏ္ဍာစိုး ခန့်မိသောအခါ
إظهار الكل...
🤬 25👍 1
တော်လှန်ရေးနဲ့ ညီညွတ်ရေး ဒီနေ့တော်လှန်ရေးမှာ အရေးတကြီးလိုအပ်နေတာက တော်လှန်‌ရေး အဖွဲ့တွေညီညွတ်ရေးပဲ ဖြစ်ပါတယ်။ တော်လှန်ရေး အဖွဲ့တွေ ညီညွတ်လေ စစ်တပ်ကကြောက်လေဆိုတာ ဟိုလူမျိုးနဲ့ သွေးခွဲ ဒီလူမျိုးနဲ့ သွေးခွဲ လုပ်နေတဲ့ စစ်ဘောမ လော်ဘီတွေရဲ့ လုပ်ရပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ညီညွတ်ရေးဆိုတာကလည်း အပြောလွယ်သလောက် အလုပ်ခက်နေကြတာတွေ့ပါတယ် ဘာလို့လဲဆို အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သဘောထားကြီးမှုဆိုတဲ့ အချက်တွေ တဘက်နဲ့ တဘက် လိုအပ်နေသေးလို့ လို့ပဲမြင်မိတယ်။ ဒီနေရာမှာ NUG အပါအဝင် EROs တွေရဲ့ လက်တွေ့ကျတဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေကို ဘယ်လောက်အတိုင်းအတာထိ ရှိလဲ သာမာန်လူတွေ မခန့်မှန်းနိုင်လောက်ဘူး ထင်ပါတယ် ဘာလို့လဲဆိုတော့ အထိုင်တွေ မတူကြတဲ့အတွက် စဉ်းစားပုံ အယူအဆတွေကလည်း ကွဲပြားကြတာမဟုတ်လား သို့ပေသိ ဒီအဖွဲ့တွေကြားမှာ တူညီတာတစ်ခုကတော့ အာဏာရှင်စနစ် အမြစ်ဖျက်ရေးဆိုတဲ့ အချက်ပါပဲ။ အဲ့ဒီတော့ အထိုင်မတူတဲ့အဖွဲ့တွေ ရည်မှန်းချက်ကိုယ်စီ လျှောက်နေချိန် ညီညွတ်ရေးရဖို့လည်း ဆောင်ရွက်နေကြမယ်လို့ ပြည်သူတယောက်အနေနဲ့ ယုံကြည်ပါတယ်။ မယုံလို့လည်း မရပါဘူး ဒီအထိုင်မတူတဲ့ အဖွဲ့တွေ မညီညွတ်လေ ခင်ဗျားတို့ ကျုပ်တို့ ပြည်သူတွေ မျှော်မှန်းချက်နဲ့ ဝေးလေဖြစ်ပြီး စစ်တပ်က ပြန်ကြီးစိုးလာပါလိမ့်မယ်။ ခက်တာက EROs ထောက်ခံသူတွေက သူတို့အဖွဲ့သာအမှန်ဆိုပြီး ကျန်တဲ့သူတွေကို အပစ်တင်လိုက်၊ NUG ထောက်ခံသူတွေက EROs တွေကို ထိုင်ဘလိမ်းလိုက်ဆိုရင် စစ်ခွေးအကြိုက် ကိုယ်တိုင်လုပ်မိနေပြီဆိုတာ သတိပြုဆင်ခြင်ဖို့ လိုပါတယ်။ ညီညွတ်ချင်း ဆိုတဲ့နေရာမှာ အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေ အချင်းချင်း အပြန်အလှန် လေးစားယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိရမှာဖြစ်တဲ့အပြင် အဖွဲ့အသီးသီးရဲ့ လက်အောက်ငယ်သားတွေ အားပေးဝန်းရံ ထောက်ခံသူတွေ အနေနဲ့လည်း အပြန်အလှန် လေးစားယုံကြည်မှု ရှိကြရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် တော်လှန်ရေးမှာ စစ်တပ်အကြောက်ဆုံး ညီညွတ်ရေးပေါ်လာမှာဖြစ်ပြီး အောင်ပွဲဆင်နိုင်မှာဖြစ်ပါတယ်။ အဲ့လိုမဟုတ်ပဲ NUG ထောက်ခံသူက EROs တွေ ဘလိမ်းလိုက်၊ EROs ထောက်ခံသူတွေက NUG ကို ဘလိမ်းလိုက်၊ EROs ထောက်ခံသူချင်း တဘက်နဲ့ တဘက် ဘလိမ်းလိုက် လုပ်နေသမျှကာလပတ်လုံး ရွှေပြည်တော် မျှော်တိုင်းဝေးနေအုံးမှာဖြစ်ကြောင်း အာချောင်ရေးသားတိုက်တွန်းလိုက်ရပါတယ်။
إظهار الكل...
👍 33 9
ဒေသတွင်း မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေဘေးသင့် မြန်မာပြည်သူတွေကို EU က ယူရို တစ်သန်းကျော်ကူညီ ဘားအံ၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ရာဂီတိုက်ခတ်မှုကြောင့် ဖြစ်လာတဲ့ ရေကြီးရေလျှံမှုဒဏ် ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ဥရောပသမဂ္ဂ (အီးယူ) ကနေ လူသားချင်းစာနာမှု အရေးပေါ် အကူအညီ ယူရိုငွေ ၁.၂ သန်း ပေးအပ်သွားမယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ကြေညာလိုက်ပါတယ်။ EU အနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေကို ထိထိရောက်ရောက် ဖြန့်ဖြူးပေးအပ်နိုင်ဖို့ ဒေသတွင်းက မိတ်ဖက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
إظهار الكل...
39👍 22😁 1
01:13
Video unavailableShow in Telegram
ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဆန္ဒပြခဲ့ကြောင်း သိရပါတယ် ရန်ကုန်ကွ💪
إظهار الكل...
4.43 MB
330👍 38👏 35😁 18🫡 5🥰 4
Photo unavailableShow in Telegram
ဘောမတွေကြားက မာလှပါတယ်ဆိုတဲ့ မဒေါင်းလှရွာ စစ်တပ်စခန်းအားလုံးကို PDF တွေသိမ်းပိုက်ရရှိ🥰
إظهار الكل...
395👍 100🫡 28🥰 7👏 5😁 3😎 2
Photo unavailableShow in Telegram
ဒေါက်တာ စိုးသူရဇော်၏ အမြင်🥰
إظهار الكل...
206👍 74👏 16🥰 1😁 1
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် တိုင်းရင်းသားအဖွဲ့ (၉)ဖွဲ့က လက်တွဲအကောင်အထည်ဖော်သွားမည်ဖြစ် ကြောင်း ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို ချဥ်းကပ်မှုဖြင့် တော်လှန်ရေးကာလမှ စ၍ ပြည်နယ်၊ လူမျိုးကောင်စီများ၊ တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းများမှ အတူတကွ တည်ဆောက်သွားမည်ဟု ထုတ်ပြန်သည်။ ပါဝင်သည့်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(MNSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MNFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB)တို့ ပါဝင်သည်။
إظهار الكل...
👍 217 47😁 6👏 2😎 2
ချစ်စရာကောင်းတဲ့ စိတ်ဓါတ် ညနေက CDM တယောက်အတွက် အကူအညီတောင်းလိုက်တာ လှူချင်တဲ့သူတွေ၊ ကုသပေးမယ့်သူတွေ၊ အများကြီးလာပြောကြတယ်။ အဲ့ဒါနဲ့ ကာယကံရှင်ကို ဘယ်လောက်လိုအပ်မလဲ မေးကြည့်တော့ (၃) သောင်းလောက်ရရင် လတ်တလော အဆင်ပြေပါပြီတဲ့ စားဖို့ သောက်ဖို့က ကြုံရာလုပ်နေပါတယ်တဲ့။ ကိုင်းဗျာ ဘယ်လောက်ကောင်းတဲ့ စိတ်ဓါတ်လဲ ကျွန်တော်တို့ CDM တွေက အခက်အခဲတွေ မကြုံဘူးအောင် ရှိနေချိန်တောင် တကယ်လိုအပ်တာက လွဲရင် ဘယ်သူ့ကိုမှ အပိုဒုက္ခတွေ မပေးချင်ကြပါဘူး မတတ်သာတဲ့ အချိန်ရောက်ရင်သာ အကူအညီတောင်းကြတာပါ။ ဒါကို ဆရာတော်တပါးက ဒကာရယ် သူက သုံးသောင်းဆိုပေမဲ့ လိုရမယ်ရ ဦးဇင်းလည်း ပေးလိုက်မယ်ဆိုပြီး ထပ်လာပြောတယ်။ အပေါ်က သုံးသောင်းလှူမယ့် အလှူရှင်ကတော့ အဆက်အသွယ်မရသေးပေမဲ့ လိုင်းပေါ်ရောက်ရင် ကျွန်တော် စာပို့ထားတာတွေမှာပါ။ အခုလို CDM နဲ့ ပြည်သူတွေရဲ့ ချစ်စရာ စိတ်လေးတွေ တွေ့တော့ ကြားထဲက အကျိုးဆောင်သူ စိတ်ချမ်းသာရသလို၊ ဝိုင်းဝန်းစိတ်ပူပေးကြသူ အပေါင်းကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင် မှတ်တမ်းတင်အပ်ပါသည်🥰
إظهار الكل...
372👍 83🥰 17😁 6
Please ရန်ကုန် ပါရမီဘက်မှာ CDM ဝန်ထမ်းတစ်ဦးရဲ့ ကလေးငယ် အပြင်းဖျားနေလို့ ငွေရေးကြေးရေးလည်း လတ်တလောခက်ခဲနေတဲ့အတွက် အခမဲ့ ဆေးကုသပေးနိုင်မည့် ရန်ကုန်က မိတ်ဆွေများရှိရင် ကူညီပါအုံး ကျွန်တော့်ဆီ အောက်က Bot ကနေ လိပ်စာလေးပေးပါ ကာယကံရှင်ကို လွှတ်ပေးပါ့မယ်။ ကျွန်တော်နဲ့က တခြားစီဖြစ်နေလို့ပါ။ @drseakphwar_bot
إظهار الكل...
183👍 71😁 7💯 6🥰 5👌 2
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.