cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Review (Heartfilia)

Review ပဲ သီးသန့်တင်မယ့် Channel ပါ Anime Channel - @MeiHeartfilia Manga Channel - @Manga_Heartfilia Donghua Channel - @HeartfiliaDonghuaMM

إظهار المزيد
مشاركات الإعلانات
1 187
المشتركون
+324 ساعات
+307 أيام
+13530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

The Fragrant Flower Blooms with Dignity Hello everyone~ဒီနေ့မှာတော့ အားလုံးကို အိုင်က အတော်လေး သဘောကျစရာကောင်းတဲ့ manga လေးတစ်ပုဒ်ကို recommendပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ patisserie မေဂျာက ဒုတိယနှစ်ကျောင်းသားလေး Rintaro နဲ့ အနီးနားကမိန်းကလေးအထက်တန်းကျောင်းက ကောင်မလေး Kaoruko၂ယောက်အကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ digital romance ဖြစ်ပြီးတော့ school romance ဇာတ်လမ်းမျိုးဖြစ်တာ‌ကြောင့် စိတ်ဝင်စားစရာတွေ အတော်မြင်ရမှာပဲ ဖြစ်ပါတယ်။ ကပ်လျက်ရှိတဲ့ကျောင်း၂ကျောင်းကကျောင်းသားဇာတ်လမ်းလေးပေမဲ့မတူညီတဲ့ကမ္ဘာမှာတည်ရှိနေကြတဲ့သူတို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်..။ ဂုဏ်သတင်းတွေကို ကြွားလုံးထုတ်တဲ့ အဆိပ်အတောက်အသိုင်းအဝိုင်းတစ်ခုလိုနာမည်ကြီးတဲ့ Kikyo ကျောင်းနဲ့ သူတို့အပြိုင် Chidori အထက်တန်းကျောင်း ...။ အသက်၁၆နှစ်အရွယ်နဲ့မလိုက်အောင် မျက်နှာထားတည်တင်းနေတတ်တဲ့ Chidori က ကျောင်းသား Rintaro..အုပ်စုဖွဲ့ခပ်ဆိုးဆိုးကျောင်းသားအုပ်စုထဲကဖြစ်ပေမဲ့ လူတွေမသိကြတဲ့သူ့ရဲ့တစ်ဖက်ခြမ်းမှာ မိဘရဲ့လက်ငုတ်လက်ရင်း ပေါင်မုန့်ဆိုင်ကိုကူညီနေသူတစ်ဦးသာ။ ဒါပေမဲ့ သူ့ဆိုင်ကိုလာတဲ့ဖောက်သည်ကောင်မလေးတစ်ဦးက သူ့ကိုမြင်ပြီးထွက်ပြေးခဲ့ရာကနေအစချီခဲ့ရတဲ့ဇာတ်လမ်းတစ်ပုဒ်။ နောက်ရက်မှာပြန်တောင်းပန်ခဲ့ပေသော်ငြားလည်း ရှေ့လျှောက်ရန်သူတော်ကျောင်း၂ကျောင်းအကြား သူတို့၂ယောက်ဘာတွေဆက်ဖြစ်ကြမလဲ..? ခပ်ဆိုးဆိုးကောင်လေးနဲ့ ချစ်စရာကောင်းပြီးရိုးအေးတဲ့ကောင်မလေးကြားမှာရောဘယ်လိုအချစ်ဇာတ်လမ်းတွေရှိ လာနိုင်မလဲ..? school rom, drama သဘောကျတဲ့သူတွေအတွက် သေချာပေါက်ဖတ်ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် tryဖို့ recommendပေးပါရစေ..။
إظهار الكل...
8👍 1
Photo unavailableShow in Telegram
Boku no Kokoro no Yabai Yatsu (Manga) Boku no Kokoro no Yabai Yatsu ရဲ့ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကျောင်းသားဖြစ်တဲ့ Kyoutaro Ichikawa က သူ့စိတ်ထဲမှာ လူသတ်မှုတစ်ခုကို ကျူးလွန်ဖို့အတွက် စိတ်ကူးယဉ်နေတဲ့ကောင်လေးဖြစ်ပြီး သူသတ်ချင်တာက သူ့အတန်းထဲက Idol မလေး Anna Yamada ပါ တစ်နေ့တော့ စာကြည့်တိုက်ထဲမှာ ချိုချဉ်ခိုးစား‌နေတဲ့ Anna Yamada ကိုတွေ့ပြီးနောက်တဖြည်းဖြည်း သံယောဇဉ်တွယ်လာတဲ့အချိန်မှာတော့...
إظهار الكل...
6
Photo unavailableShow in Telegram
Try Begging Me ဒီတစ်ခါကတော့ ကြမ်းကြမ်းရမ်းရမ်း dark romance ဆိုမှ ကြိုက်တတ်တဲ့သူတွေအတွက် 'Try Begging Me' ဆိုတဲ့ Manhwa လေး လာပါပြီ။ Male lead က red flag ထက် ပိုပြင်းတဲ့ Black flag မလို့ အကြမ်းစား ကြိုက်တဲ့ reader လေးအတွက် လုံးဝကို အကြိုက်တွေ့စေ‌မှာနော်။ ဇာတ်လမ်းလေးအကျည်းကိုပြောရရင်တော့ ညှဉ်းပန်းနှိပ်စက်တဲ့နေရာမှာ Vampire of Campton လို့နာမည်တွင်တဲ့ ကပ္ပတိန် Leon Winston ဟာ သူ့ဆီမှာအစေခံအလုပ်လုပ်နေတဲ့ Female lead က သာမန်အစေခံတစ်ယောက်မဟုတ်ဘဲ စပိုင် ဆိုတာသိလိုက်ရတဲ့အခါမှာတော့... Male lead ဖြစ်တဲ့ Leon Winston တစ်ယောက် ဘယ်လိုတွေ နှိပ်စက်ပြီး အချစ်ပညာပြပေးသွားမလဲဆိုတာ စိတ်ဝင်တစားနဲ့ လိုက်ပါစီးမျောဖတ်ရှုပေးကြပါဦးနော်
إظهار الكل...
7😘 2
Hotaru no Yomeiri ~ Hello,guys~ ဒီနေ့မှာတော့ အတော်လေးလည်း စိတ်ဝင်စားစရာကောင်းပြီး စာဖတ်သူတော်တော်များများ rating 4 out of 5 ပေးထားတဲ့ mangaလေးတစ်ပုဒ်ကို ညွှန်းပေးချင်ပါတယ်။ ဇာတ်လမ်းလေးအကြောင်း မပြောခင်မှာ သူ့ရဲ့ခေါင်းစဥ်လေးကိုအဦးဆုံးမိတ်ဆက်ပါရစေ။ ဂျပန်လို Hotaru No Yumeiri တစ်နည်း အင်္ဂလိပ်လိုဘာသာပြန်ရင် Firefly wedding လို့အဓိပ္ပာယ်ရပါတယ်။ ဇာတ်လမ်းလေးကတော့ meiji era basedဖြစ်ပြီး ဂျပန်အမျိုးသမီးတွေနဲ့လက်ထပ်ထိမ်းမြားခြင်းအပေါ်အမြင်တွေကို အခြေပြုထားပြီးတော့ အဲဒီခေတ်ကာလရဲ့ အမျိုးသမီးတွေအပေါ်ထားတဲ့အတွေးအမြင်၊လူ‌နေမှုအဆင့်အတန်း စတာတွေကိုတွေ့မြင်ရမှာပါ။ မျိုးရိုးမြင့်လူကုံထံအသိုင်းဝိုင်းမှာ နတ်ဘုရားမ အလားလှပတယ်လို့ဂုဏ်ရှိန်ဝါနဲ့ မွေးဖွားလာခဲ့တဲ့ ဆာတိုကို..။ ဒါပေမဲ့လည်း မိခင်ဖြစ်သူကိုငယ်စဥ်တည်းကဆုံးရှူံးခဲ့ရပြီး ဖခင်ဖြစ်သူ, မိထွေး၊ ပြီးတော့ အဖေတူမအေကွဲညီမလေးနဲ့အတူနေရတာအပြင် မွေးရာပါအားနည်းတဲ့ နှလုံးကြောင့် လှောင်အိမ်ထဲ ပိတ်ထားတဲ့ငှက်လိုမျိုးနေထိုင်ရင်းနဲ့ ပျော်ရွှင်မှုဆိတ်သုဥ်းနေခဲ့ရပါတယ် ။ ဒါပေမဲ့လည်း တစ်ရက်မှာတော့ရုတ်တရက်သူပြန်ပေးအဆွဲခံလိုက်ရတဲ့နောက်ပိုင်းမှာ အရာအားလုံးက miracleတစ်ခုလိုစလာတာပါပဲ။ သူဘယ်တုန်းကမှ မမြင်ဖူး,မသိခဲ့ဖူးတဲ့ အမျိုးသားတစ်ဦး။ သူ့အသက်ကိုထိပါးခဲ့တဲ့လူက သူလက်ထပ်ရမဲ့သူအဖြစ်ပြောင်းသွားတဲ့အခါ..?ဘာများဆက်ဖြစ်လာပါမလဲ။ ရှေ့လျှောက် သူတို့၂ဦးကြားမှာရော ဘယ်လိုအခြေအနေတွေဆက်ကြုံရပြီး ဆာတိုကိုအနေနဲ့ရော သူ့ရဲ့ ရောဂါနဲ့‌ရှေ့ဆက်ဘယ်လိုထပ်ဖြစ်နိုင်မလဲ? ခံစားချက်ရသမျိုးစုံအပြင် ဖတ်ရင်းနဲ့ပါ ဇာတ်လမ်းကိုပိုသိလာချင်စိတ်တိုးလာစေတာကြောင့် သေချာပေါက် တစ်ခေါက်လောက်တော့ tryသင့်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ အားလုံးပဲ Have a great day ahead~!
إظهار الكل...
8❤‍🔥 2
Photo unavailableShow in Telegram
Dore ga Koi Ka ga Wakaranai ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်မလေး Soraike Mei ဟာ အထက်တန်းကျောင်းဆင်းပွဲအခမ်းအနားမှာ သူမရဲ့သူငယ်ချင်းဖြစ်သူကို တစ်ဖက်သတ်ချစ်နေတဲ့အကြောင်း ဝန်ခံခဲ့တယ်.. ဒါပေမဲ့ သူမရဲ့ ချစ်ရေးဆိုမှုဟာ အရှုံးနဲ့ရင်ဆိုင်လိုက်ရတယ်။ အဲ့တာကြောင့် “ကောလိပ်တက်နေတုန်း ကောင်မလေးသေချာပေါက်ရရမယ်” ဆိုပြီး စိတ်အားထက်သန်နေတာပေါ့။ ဒါပေမဲ့ အကြောင်းအရင်းတစ်ချို့ကြောင့် မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် သူမအနား ချဉ်းကပ်လာခဲ့တဲ့အခါမှာတော့ ?!
إظهار الكل...
10
Photo unavailableShow in Telegram
The Apothecary Diaries Review By Swan Htet Lin မြန်မာလိုဆို ဆေးဖော်ဆရာရဲ့ ဒိုင်ယာရီပေါ့။ ဒီလိုဆိုလို့ ဟာ ဆေးဖော်တာကြီးပဲ ထိုင်ကြည့်ရမှာပေါ့လို့ ထင်လိုက်ရင် မှားသွားပါလိမ့်မယ်။ ဂန္ဓာလရာဇ်ပြည်ကြီးရဲ့ တစ်ချိန်တစ်ခါတုန်းက နန်းတွင်းကိစ္စတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းပြောပြရမယ်ဆိုရင်တော့ မင်းသမီးက ဆေးစပ်သမားတစ်ယောက်ရဲ့ သမီး၊ တစ်နေ့ကျ ဆေးသွားပေးပြီးပြန်အလာ ပြန်ပေးဆွဲခံရပါလေရော။ အဲ့တာနဲ့ ရောင်းစားခံလိုက်ရပြီး နန်းတော်အနောက်ဆောင်မှာ ကျွန်ဖြစ်နေရလေရဲ့။ တစ်နေ့ကျ ဘုရင်ကြီးရဲ့ မိဖုရားတွေနဲ့ ကလေးငယ်တွေက ဖျားနာပြီး သေကုန်ကြတယ်။ မင်းသမီးကလည်း စပ်စပ်စုစုနဲ့ လက်တည့်စမ်းလိုက်တာ ရောဂါကြီး ပျောက်သွားလေရဲ့။ သူကတော့ သိုသိုသိပ်သိပ်ပဲ ဖြေရှင်းလိုက်ပေမယ့် တစ်စုံတစ်ယောက်ကတော့ ရိပ်မိသွားတယ်။ အဲ့လိုနဲ့ မင်းသမီးမှာ နန်းတော်ရဲ့ အင်အားလုပွဲတွေထဲ ဝင်ပါရပါတော့တယ်။
إظهار الكل...
8
Photo unavailableShow in Telegram
Koi yori Aoku Koi yori Aoku ဆိုတဲ့ Manga လေးရဲ့အကျည်းကတော့ Takamine ဆိုတဲ့ကျောင်းသူလေးဟာ သူမသဘောကျနှစ်သက်ပြီး ဖြစ်ချင်တဲ့အရာတစ်ခုကိုမရှာဖွေနိုင်သူဖြစ်ပြီး Sakura လို့ခေါ်တဲ့ကျောင်းသူက စာအုပ်များကိုနှစ်ခြိုက်စိတ်ဝင်စားသူဖြစ်ပါတယ်။ သူတို့နှစ်ဦးအမှတ်မထင်တွေ့ဆုံကြပြီးနောက် ကျောင်းဆင်းချိန်ရောက်တိုင်းအချိန်တူတူဖြုန်းဖြစ်ခဲ့ကြကာ နှစ်ဦးသားဆက်ဆံရေးကလည်းတိုးတက်လာကြတယ်။ အဲလိုနဲ့သူတို့နှစ်ဦးစလုံးရဲ့ဆက်ဆံရေးကသူငယ်ချင်းတွေလား ဒါမှမဟုတ် အမည်သတ်မှတ်လို့မရတဲ့ အမျိုးသမီးနှစ်ဦးကြားကမရေရာတဲ့ဆက်နွှယ်မှုများလား Yuri Fan တွေအနေနဲ့ဆို နှစ်သက်သဘောကျစေမယ့် Manga ကောင်းလေးပါပဲ
إظهار الكل...
25👾 1
Photo unavailableShow in Telegram
Kindergarten Wars Kindergarten Wars ရဲ့ Manga လေးအကျည်းကိုပြောရရင်တော့ ကမ္ဘာ့အဆင့်ရှိတဲ့သူဌေး၊ လူကြီးများရဲ့သား၊သမီးတွေအတွက်ပဲ သီးသန့်စောင့်ရှောက်ပေးနေတဲ့ ကမ္ဘာ့ "ဘေးအကင်းဆုံး" မူကြိုကျောင်းက မူကြိုဆရာမများထဲမှ တစ်ဦးဖြစ်သည့် Rita ဆိုကောင်မလေးဟာ ကောင်လေးလိုချင်လို့ ရှာပေမဲ့ အခုအချိန်အထိ လုံးဝကံကောင်းခြင်း မရှိ‌သေးတဲ့ကောင်မလေးတစ်ဦးပါ။ သို့ပေမဲ့ သူမဟာ ဒီကျောင်းမှာ ကလေးတွေကို ၁နှစ်စောင့်ရှောက်ရမယ့်တာ၀န်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ ပရိုလုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဟာ ကမ္ဘာ့ "ဘေးအကင်းဆုံး" မူကြိုကျောင်းက ကလေးကိုလုပ်ကြံဖို့အလုပ်အပ်ခံရာမှ Rita ဆိုတဲ့မူကြိုဆရာမနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မှာလဲ၊ Rita ဆိုတဲ့ကောင်မလေးရဲ့သရုပ်မှန်ကရော ဘာလဲ၊ သူမကရော ကလေးတွေကို လုပ်ကြံရေးသမားတွေရန်ကနေဘယ်လိုကာကွယ်သွားမှာလဲ၊ ကလေးတွေကိုကာကွယ်စောင့်ရှောက်ရင်းနဲ့ သူမရဲ့အချစ်စစ်နဲ့ရောရှာတွေ့မှာလားဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ဖတ်ရှုရမယ့် Manga ကောင်းလေးပဲဖြစ်ပါတယ်။ အချစ်၊ ဟာသ နဲ့ အက်ရှင်အမျိုးအစားကို နှစ်သက်သူဆိုရင်တော့ ဖတ်ကြည့်ဖို့ Recommend ပေးပါတယ်
إظهار الكل...
12👍 1
Photo unavailableShow in Telegram
Hamatora The Animation Hamatora ရဲ့ဇာတ်လမ်းအကျည်းလေးပြောရရင်တော့ ကမ္ဘာကြီးမှာ ရွေးချယ်ခံရတဲ့သူတွေဖြစ်ပြီးတော့ သဘာဝလွန်စွမ်းအားတွေနဲ့ မွေးဖွားခံလာရတဲ့လူတွေကို Minimum Holder လို့ခေါ်ပါတယ်။ Minimum Holder ဖြစ်တဲ့ Nice ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ စုံထောက်အေဂျင်စီတစ်ခုမှာ အလုပ်လုပ်‌နေပြီး မိတ်ဆွေ တော်တော်များများရှိပါတယ်။ သူ့လိုပဲ Minimum Holder တွေဖြစ်တဲ့ သူ့တွဲဖက် Murasaki ရယ်၊သူ့လက်ထောက် Hajime ရယ်နဲ့ တစ်ခြားသူ့မိတ်ဆွေ Minimum Holder ‌တွေရောပေါ့ Nice တို့ဟာ Minimum Holder တစ်သိုက်က ရှုပ်ထွေးတဲ့မှုခင်းတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊ရန်သူ‌တွေကို သူတို့ရဲ့မတူညီတဲ့အစွမ်းတွေနဲ့ ဘယ်လိုသမကြမလဲ၊ ရန်သူတွေထဲမှာလည်း သူတို့လို Minimum Holder တွေရှိနေတဲ့အခါ၊ တစ်ဖန် သူတို့လို Minimum Holder တွေကိုပဲ သတ်နေတဲ့ လူသတ်သမားကရော ဘာလဲဆိုတာကို သိချင်ရင်တော့ ကြည့်သာကြည့်လိုက်ပါတော့။
إظهار الكل...
7👍 1
Photo unavailableShow in Telegram
Phantom Seer မင်္ဂလာပါရှင့် ဒီနေ့တော့ Phantom seer ဆိုတဲ့ mystery manga လေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီ manga လေးကတော့ နာမည်ကြီး shaman မိသားစုကနေ ဆင်းသက်လာပြီး အတိတ်ကဇာတ်လမ်းတွေကြောင့် သာမန်လူတစ်ယောက်ဖြစ်ချင်တဲ့ Iroi katanagi က အန္တရာယ်တွေကို ကြိုတင် ခံစားနိုင်တဲ့ Riku Aibetsu ဆိုတဲ့ အတန်းဖော်ကောင်မလေးနဲ့ နှစ်ယောက်တူတူ phantom တွေကို ဖယ်ရှားရင်း လူတွေကို ဘယ်လိုကူညီကြမလဲဆိုတာ ဖတ်ရမယ့် ဇာတ်အိမ်ကောင်းကောင်းနဲ့ manga လေးပဲဖြစ်ပါတယ်ရှင့် တစ်ကယ်လို့ ကိုယ်က mystery ဖြစ်ပြီး manga ကောင်းကောင်းလေးဖတ်ချင်တယ်ဆိုရင်တော့ သေချာပေါက်ဖတ်ကြည့်သင့်ပါတယ်နော်
إظهار الكل...
8
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.