cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Channel H

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️ @khanthtookyaw2001

إظهار المزيد
مشاركات الإعلانات
362 046
المشتركون
+1 35724 ساعات
+17 4297 أيام
+55 24330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Photo unavailableShow in Telegram
ရှယ်ကြမ်းတဲ့ ‌နင်ဂျာကား ============= G.I.Joeထဲက နင်ဂျာအမဲရောင် စကားပြောတဲ့ရုပ်ရှင်ထွက်လာပါပြီ ဒီရုပ်ရှင်က Snake Eyesနဲ့ သူရဲ့သွေးသောက်ညီအစ်ကို၊ ပြိုင်ဘက် Storm Shadow တို့ရဲ့ မူလအစကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားနှစ်ယောက်က Crazy Rich Asians ထဲက Henry Golding နဲ့ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ "Warriors" စီးရီးထဲက မင်းသား Andrew Koji ပါ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကို အမည်မသိလူတစ်စု သတ်ဖြတ်သွားတာကြောင့် ကလဲ့စားချေလိုစိတ်နဲ့ကြီးပြင်းလာ ခဲ့တဲ့ Snake Eyesတစ်ယောက် Arashikage မျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်လာမယ့် "တော်မီ"ကို မျိုးနွယ်စုသစ္စာဖောက် "ကန်တာ"နဲ့ လူမိုက်တစ်သိုက်လက်ထဲက ကယ်တင်ဖို့အရေးနဲ့ ကြုံလာရပါတယ် သူကယ်တင်ပေးခဲ့တဲ့"တော်မီ"ကနေတဆင့် Arashikage မျိုးနွယ်ရဲ့ သိုင်းပညာကျင့်စဉ်တွေကို လက်ဆင့်ကမ်းသင်ကြားရင်း အဖေကိုသတ်သွားတဲ့တရားခံကိုလက်စားပြန်ချေနိုင်မလား၊ Snake Eyesဆိုတဲ့နာမည်ကိုဘယ်လိုရလာမှာလဲ၊ သစ္စာဖောက် "ကန်တာ"ရဲ့အကြံအစည်ကရော ဘာဖြစ်မလဲ၊ JOEအဖွဲ့နဲ့ Cobraကရော ဒီဇာတ်ကားထဲမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လာမလဲ ... Movie Link 👇 https://t.me/khanthtookyaw3/1292
إظهار الكل...
👍 48 8🔥 2
Photo unavailableShow in Telegram
မိစ္ဆာကြီးလေးကောင်နဲ့ရင်ဆိုင်ရမယ့် မျက်မမြင်ကောင်လေး 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ The Wind Guardians တခါက ကမ္ဘာကြီးကို ရက်စက်ဖျက်စီးနေကြတဲ့ မိစ္ဆာကြီးလေးကောင်ကို ရှားလန်ဆိုတဲ့ စောင့်ရှောင့်သူတွေရဲ့ ချိတ်ပိတ်ခံရမှူကြောင့် မိစ္ဆာတွေရဲ့ဝိဉာဉ်တွေဟာ ကမ္ဘာကြီးရဲ့တစ်နေရာဆီ လွင့်စင်သွားကြပါတယ်၊ မိမိမှာ ရှားလန်အမှတ်အသားရှိတာကြောင့် ကိုယ့်ကိုယ်ကို ရှားလန်လို့ ထင်နေတဲ့မျက်မမြင်ကောင်လေးဟာ မတော်တဆ မှော်ဂျင်ကို မြိုချမိသွားပါတယ်၊ အဲ့ဒီဂျင်ကို လိုချင်နေတဲ့ ကောင်မလေး မိခင်ပျောက်လို့ လိုက်ရှာနေတဲ့ မျက်မြင်ကောင်လေးတို့ဟာ.. ဂျင်မြိုချမိပြီး ဘာတွေ ဆက်ဖြစ်မလဲ.. ရှားလန်ဆိုတဲ့ စောင့်ရှောင့်သူတွေက တကယ်ရော ရှိသေးတာလား မိစ္ဆာကောင်တွေကမ္ဘာကို ပြန်လည်တိူက်ခိုက်လာမလား အဲ့ဒီရန်ကိုရော မျက်မမြင်ကောင်လေး တားဆီးနိုင်ပါ့မလား ဆိုတာ...ပရိသတ်တို့ကိုယ်အခုပဲဒေါင်းလွတ်ဆွဲပြီး ကြည့်ကြည့်လိုက်ပါနော်... Movie Link 👇 https://t.me/khanthtookyaw28/2595
إظهار الكل...
👍 15 2🔥 2
Photo unavailableShow in Telegram
Gr.....ave Tor.....ture (2024) ဇာတ်ကားသစ် Horror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကား လေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur (Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန် ရရှိထားပါတယ်။ အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူ နှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့ ဘာသာဝင်တွေလည်း ရှိပါသေးတယ်။ အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေ အများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင် မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့ အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင် ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့ မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။ စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေး အပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့ အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့ လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့ ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီး အစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့ စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီး တကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့ အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့ မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့ Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။   Movie Link 👇 https://t.me/khanthtookyaw28/2594
إظهار الكل...
👍 16❤‍🔥 4 4
Photo unavailableShow in Telegram
2019 ခုနှစ်မှာ အောင်မြင်မှု တော်တော် ရခဲ့ပြီး 2017 ကတည်းက ပျောက်နေတဲ့ လက်ပွားမင်းသားခေါ် Hrithik Roshan ရဲ့ ရုံတင်ဇာတ်ကားကြီး အကြည်တက်ပြီမို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပြန်လည်ပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ပါ။ IMDb Rating - 8.5/10 Google Users - 96% Genere - Drama --------------------------------------------------- အညွှန်းမရေးခင် ကြိုပြောချင်ပါတယ်။ ‌အညွှန်းမဖတ်ဘဲ ကြည့်တာက ပိုပြီး သင့်တော်မယ်လို့ ထင်မိပါတယ်။ ‌တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။ Spoiler တော့မပါပါဘူးခင်ဗျ။ ‌ ‌ကဲ့  ပထမပိုင်းအတွက် အညွန်းလေး စပြီ။ ‌ ‌နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ကမ့်ဘရစ်ခ်ျ (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford)  စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌လူဆင်းရဲတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့.... ဒုတိယပိုင်း(နောက်ပိုင်း)အတွက် ထပ်ညွှန်းရရင်တော့... ကိုယ်ပိုင်ခံစားမှုလေး ထည့်ပါရစေ။ ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း၊ ပညာရွှေအိုး လူမခိုး လို့ပဲ ဆိုရိုးရှိခဲ့တာပါ။ ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။ ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ မျးလာတယ်။ ကျောင်းနေရင် ကျူရှင်မယူရတဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။ ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့တယ်။ အဲ့ဒီလို ကလေးတွေ ရှိကြတယ်။ ဒါတွေကို မြို့နယ်မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့..... Super 30 အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ -------------------------------------------- စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေး အံ့မခန်းပါ။ နောက်ခံတီးလုံးတွေလည်း သစ်တယ်။ မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေကို ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက လေးစားဖွယ်။ အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။ ဒီဇာတ်ကားဟာ ပညာရေး(Education) ကို အခြေခံထားပြီး ဘဝသရုပ်ဖော်တွေကို ရင်ဘတ်ထဲ ထည့်တော့မှာမို့ကိုယ်တိုင်သာ ခံစားကြည့်လိုက်ပါ. . . Movie Link 👇 https://t.me/khkkpppacwch201/2187
إظهار الكل...
👍 17 7👏 1
Photo unavailableShow in Telegram
Sita Ramam (2022) Action, Drama, Mystery IMDB 8.2/ 14k ဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့ အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ် အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှိခဲ့တဲ့အတွက် သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို ပြန်ပြီး မီးရှိခဲ့ပါတယ် အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန် မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ် ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ် ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ် အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့ ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်... ခက်တာက အဲဒီ "ရမ်" နဲ့ "ဆီတာ" ဟာ အိန္ဒိယလူမျိုးဖြစ်နေတာပါပဲ ဒါပေမယ့်လည်း ပိုက်ဆံလိုနေတဲ့ "အက်ဖရင်း" ဟာ သူ့အဘိုးခိုင်းထားတဲ့အလုပ်ကို သဘောတူလိုက်ပြီး သူ မဆက်ဆံချင်ဆုံး အိန္ဒိယလူမျိုးတွေနဲ့ ဆက်ဆံဖို ဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် (၂၀) က "ဆီတာ" ဆိုတဲ့ ကောင်မလေးကို သူဘယ်လိုလိုက်ရှာမလဲ "ဆီတာ" နဲ့ "ရမ်" တိုရဲ့ ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ.. အိန္ဒိယနဲ့ ပါကစ္စတန်တိုရဲ့ အာဃာတတွေကြားက ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို မေတ္တာသာစစ်ရင် အမုန်းတရားတွေပြေငြိမ်းနိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် Movie Link 👇 https://t.me/khkbollywoodchannel1/1180
إظهار الكل...
👍 12
💎 Mobile legend game Giveaway 📣🐱 မင်မင်တို့ရှိမှာမနက်ဖြန်ည အောက်က channel လေးမှာ 💎 လေးတေ မဲဖောကပေးသွားမှာဖြစ်ပါတယ်👍🥰 ဗျ အမြဲဖုန်း bill 📲 🟥 နဲ့ ✅ 💴 လေး တေမဲဖောက်ပေးနေတာမို့ အခုပဲ join လိုက်တော့နော် 🕺✔️💙 Channel 💯 https://t.me/zororodiashop ✅ ဒီ channel လေးကတော့ 💎 ပြန်ဝယ်ရောင်းလုပ်ချင်တဲ့သူတေတွက်👍  ဈေးအသက်သာဆုံးရောင်းချပေးနေတာမို့ 🥰 ဝယ်ရောင်းသမားတေ ဝင်ထားသင့်တယ် နော် 🥰 Reseller Gp 💯 https://t.me/zororeseller69 ✅ Sc 🇧🇷code များကိုလဲ 3️⃣🔤🔤ကနေ စပြီ ဈေးသက်သက်သာသာ 🥰နဲ့ ရောင်းချပေးနေတာမို့✨😆 ယုံကြည်စိတ်ချစွာ လာဝယ်ယူလို့ရပြီနော်အောက်က Gp လေးမှာ               ⬇️🌸 Sc Gp 💯 https://t.me/smilecoincode ✅ 😁 😺 ➡️@zororo69 👍
إظهار الكل...
ZØRÕ GAMING SHOP🪐

Owner - @zororo69 Dia များကိုယုံကြည်စိတ်ချစွာ လာဝယ်ယူလို့ရတယ်နော် smile coin code များကိုလဲ 300 ကနေစပြီးရောင်းချပေးနေပါတယ်

👍 8 2❤‍🔥 1
Photo unavailableShow in Telegram
5️⃣7️⃣🔣🔣4️⃣8️⃣ပေါက်သလို နေကုန်ပေါက်အောင် မနက်စောစောတင်ပေးမယ် channel ကို join ထားသူတိုင်းရမယ် 👋👉 https://t.me/MuSalVip77 👋👉 https://t.me/MuSalVip77 ဆက်သွယ်ရန် 👉 @mgchanthar18 👈 hi အသဲပေးသူတိုင်း ပေါက်ဂဏန်းရမယ်😍
إظهار الكل...
👍 10 5👌 1
Photo unavailableShow in Telegram
𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞(𝟐𝟎𝟏𝟗) ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon-Ho ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ဒီဒါရိုက်တာကို မသိရင်တောင် သူရိုက်ခဲ့တဲ့ Mother တို့ Memories of murder တို့ကို သိကြမှာပါ။အခုလည်း ဒီရုပ်ရှင်ဟာ 2019 Cannes ရုပ်ရှင်ပွဲတော်ရဲ့ The Palme d’Or ဆုကို ဆွတ်ခူးသွားပြီး ကမ္ဘာကျော်သွားခဲ့ပြန်ပါတယ်။ဒီကားကို ရုံမှာကြည့်ခဲ့တဲ့ သူတိုင်းလည်း ရင်သပ်ရှုမောနဲ့ အကြိုက်တွေ့ခဲ့ရတာချည်းပါပဲ။ အခုတင်ပေးထားတဲ့အထဲမှာတော့ ရုံမှာမပါလိုက်တဲ့ အခန်းတစ်ခု အပိုပါပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လိုညွှန်းရမှန်းကိုမသိပါဘူး။ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစု တစ်စုဟာ လူချမ်းသာမိသားစုတစ်ခုဆီက လှည့်စားအမြတ်ထုတ်နေရင်း မထင်မှတ်တာတွေ အများကြီးဖြစ်လာတာဆိုပါတော့။ဒီရုပ်ရှင်မှာ ချဲ့တွေးရင်တွေးနိုင်သလောက် သဘောတရားတွေ အများကြီးပြထားပါတယ်။ရိုက်ချက်တွေ ဒါရိုက်တာပြထားတာတွေကလည်း ခံစားရင်ခံစားနိုင်သလောက် သဘောကျစရာတွေ ပြည့်နေတာပါ။ဒီတော့ အရမ်းကောင်းတယ် ကြည့်ကိုကြည့်သင့်တယ်လို့ပဲ ညွှန်းချင်ပါတော့တယ်။ Movie Link 👇 https://t.me/khanthtookyaw13/2559
إظهار الكل...
👍 46 4🔥 1
Photo unavailableShow in Telegram
Life of Pi IMDB (7.9/10) ဇာတ်လမ်းကတော့ အိန္ဒိယမိသားစုတစ်စုဟာ ၎င်းတို့ပိုင်ဆိုင်တဲ့ တိရိစ္ဆာန်ရုံကြီးထဲမှ တိရိစ္ဆာန်များကို ကနေဒါနိုင်ငံမှာရောင်းချဖို့ ဂျပန်ကုန်တင်သင်္ဘောတစ်စီးနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်သန်းခဲ့ကြပါတယ် ကမ္ဘာ့အနက်ဆုံး မာရီယာနာသမုဒ္ဒရာချောက်နက်ကြီး အပေါ်မှာ သင်္ဘောနစ်မြုပ်ခဲ့ပြီး သားငယ်”ပိုင်”၊ခွေးအ တစ်ကောင်၊မြင်းကျားတစ်ကောင်၊မျောက်ဝံတစ် ကောင်နဲ့ ဘင်္ဂလားကျားကြီးတစ်ကောင်တို့သာလျှင်အသက်ကယ်လှေပေါ်ရောက်ရှိပြီး လွတ်မြောက်ခဲ့ကြပါတယ် ပိစိဖိတ်သမုဒ္ဒရာကြီးအလယ်မှာရက်အတော်ကြာ မျောပါနေခဲ့ပြီး နောက်ဆုံးမှာ ပိုင် နဲ့ ကျား နှစ်ဦးသာ ကျန်ခဲ့ပါတော့တယ် ပင်လယ်ပြင်မှာ သင်္ဘောနစ်မြုပ်တဲ့ဇာတ်လမ်းဟာ အထူးအဆန်းတော့မဟုတ်ပါဘူး..ဒီဇာတ်လမ်းမှာ ထူးခြားတာက-ဘုရားသခင်ရဲ့ကယ်တင်ခြင်းခံခဲ့ရတယ်လို့” ပိုင်”က ယုံကြည်နေတယ် ကျားကြီးသာပါမလာရင် သူအသက်ရှင်လွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့လည်းသူကယုံကြည်နေပါတယ်..ရုပ်ရှင်ပါးဝနေသော ပရိသတ်များက “ပေးချင်တဲ့ Message တွေအရမ်းကောင်းတယ်“သုံးသပ်ကြပေမယ့် “ဘာ message တွေလဲ” လို့ပြန်မေးလျှင်အဖြေမပေးနိုင်ကြတာ ပိုများပါတယ် Movie Link 👇 https://t.me/khkkpppacw18/835
إظهار الكل...
👍 18 3🤝 2
Repost from N/a
"ဒါမျိုးကြီးတွေကိုမှ 16000ပဲတဲ့ဟေ့" ကဲ... ဘော်ဒါတွေအားလုံး ရုပ်ရောနာမ်ရော ဖိုင်းစေဖို့ နှစ်ခါပြန်ကြည့် ရမဲ့ Urben Weave ရဲ့ Special Desgin နဲ့ အမိုက်စား Tee တွေ လာပြီဗျာ.. ရာသီဥတု နဲ့ အဆင်မပြေဖြစ်နေတဲ့ T shirt အသားတွေကြောင့် စိတ်ညစ်နေရလား? Creation အသစ်တွေနဲ့ ဝေးကွာနေသလို ခံစားနေရလား? ဒါဆိုရင်တော့ "အပေါ့ပါးဆုံးနဲ့ အသစ်လွင်ဆုံး" T Shirt တွေကို Urben Weave မှာ ဝင်ရှိးလိုက်တော့နော် Best Quality Thailand Made T Shirt ကို အသုံးပြုထားပြီး Quality အကောင်းဆုံး DTF Sticker ကို သုံးပေးထားတာမလို့ အရည်အသွေးပိုင်းကတော့ စိတ်ချထားလိုက်တော့😎 နောက်ပြီးတော့.. ကိုယ်တိုင်ဖန်တီးထားတဲ့ Creation တွေမှ T shirt ပေါ်တင်ပြီး ရှယ်ဖြုတ်မယ်ဆိုတဲ့ ဘော်ဒါတွေအတွက်လဲ Urben Weave မှ ဝန်ဆောင်မှူပေးနေပြီဆိုတော့.. ကဲ ရွာစားရေ..အဲလေ ဘော်ဒါတို့ရေ...အမြန်ဆုံး ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ် GiveAway ပေးဖို့အစီအစဥ်တေလည်းရှိတာမို့ Urban Weave Channel ကိုအမြန်ဆုံး Join ထားလိုက်တော့ဗျား... Size & Price M / L - 16000 XL / 2XL - 18000 မှာယူရန် 👉 @UrbanWeaveShop Telegram - https://t.me/urbanweave Facebook - https://www.facebook.com/urbanweave1
إظهار الكل...
👍 22 3
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.