cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Channel QY - Official

إظهار المزيد
مشاركات الإعلانات
15 622
المشتركون
+324 ساعات
+4707 أيام
+4 85630 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Kung Fu Panda 1 to 4 ပြန်ကြည့်ချင်သူတွေအတွက် Kung Fu Panda 1 (2008) https://t.me/twoxlentertainment/1443 Kung Fu Panda 2 (2011) https://t.me/twoxlentertainment/1445 Kung Fu Panda 3 https://t.me/twoxlentertainment/1447 Kung Fu Panda 4 (2024) https://t.me/twoxlentertainment/1449
إظهار الكل...
Photo unavailableShow in Telegram
Weathering With You (2019) သဘာဝ ၏ ရင်သွေးငယ်“နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ။ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်” ~Morishima Hodaka ဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း။ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ်ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကိုဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါ။အဲ့ဒီ ၁၆ နှစ်သားကောင်လေးလိုမိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား၊ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင် Movie Link https://t.me/japananimeworld1/42
إظهار الكل...
👍 1
Photo unavailableShow in Telegram
Override (2021) ရီယာဆိုတဲ့မိန်းမငယ်တစ်ယောက်ဟာ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ဆင်ခြေဖုံးဒေသမှာ ခင်ပွန်းသည်နဲ့အတူနေထိုင်တယ်။ မနက်လင်းတဲ့အခါအိပ်ယာကထ မနက်စာပြင်မယ် ခင်ပွန်းကိုနှိုးမယ်၊တစ်နေ့တာအစီအစဉ်တွေအကြောင်း ဖလှယ်ကြမယ်။ ခင်ပွန်းသည်က နှုးနှပ်ဖို့ကြိုးစားရင် ညအထိစောင့်ဖို့ပြောမယ်။အိမ်အလုပ်တွေလုပ်၊ တစ်ခါတစ်လေလဲ ယောဂကျင့်၊ ညကျရင်အချိန်မှန်လာတတ်တဲ့ဇာတ်လမ်းတွဲကြည့် ပုံမှန်နေ့စဉ်ဘဝပေါ့။သူ့ခင်ပွန်းသည်နာမည်က ဂျက်ခ်တဲ့။ ဒီအထိဘာမှမထူးဆန်းဘူး၊ နောက်တစ်နေ့မနက် သူပြန်နိုးလာတယ်။ သူ့ခင်ပွန်းကိုနှိုးမယ် မနက်စာပြင်မယ်။ဒါပေမယ့် သူ့ခင်ပွန်းဆိုတဲ့သူက နောက်တစ်ယောက်ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် နာမည်ကတော့ ဂျက်ခ်ပဲ။ သူကတော့မသိဘူး ပုံမှန်စကားတွေပြောတယ် ပုံမှန်လည်ပတ်မှုအတိုင်း တစ်နေ့တာကို ဆက်သွားတယ်။ သူ့ဘဝဟာ ဒီလို Loop တစ်ခုထဲမှာ ထပ်တလဲလဲလည်ပတ်နေရတယ်ဆိုတာ ရီယာ ဘယ်တော့ရိပ်မိလာမလဲ၊ သူက ဘယ်သူလဲ။သူ့ခင်ပွန်းသည်ဆိုသူတွေကရော၊အရေးကြီးဆုံးကတော့ ဒီအဖြစ်အပျက်တွေအားလုံးကို ကြိုးကိုင်နေသူတွေက ဘယ်သူဖြစ်နေမလဲ Movie Link https://t.me/twoxlentertainment/1325
إظهار الكل...
Photo unavailableShow in Telegram
Curbing Violence (2024) ကိုယ့်ရဲ့အစ်မလိုချစ်ခင်ရတဲ့သူငယ်ချင်းတစ်ယောက်ဟာမထင်မှတ်ပဲကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို့သိလိုက်ရတဲ့အခါ အရွယ်အိုအဖေကြီးနဲ့ သားတစ်ယောက်အတွက်ကြိုးစားရှင်သန်နေတဲ့သူငယ်ချင်းဟာဒီလိုသတ်သေသွားဖို့လုံးဝမဖြစ်နိုင်ဘူးဆိုပြီး ချိုးယိကျောင်းဟာလက်မခံနိုင်ဖြစ်နေခဲ့တယ်။မှုခင်းရဲမေတစ်ယောက်ဖြစ်တဲ့ ချိုးယိကျောင်းဟာအသေးစိတ်လိုက်စုံစမ်းတဲ့အခါ သူငယ်ချင်းဖြစ်သူဟာဘိုးတော်ဆရာကြီး တစ်ယောက်ရဲ့ဟောချက်ကြောင့်အဓိပ္ပါယ်မဲ့မတရားသေသွားရကြောင်းသိလိုက်ရတယ်။ တရားခံက အင်အားကြီးတဲ့သူဌေးတစ်ယောက်ဖြစ်တဲ့အတွက်အတားအဆီးအပိတ်အပင်တွေကြားကနေပြီးတော့ရအောင်သက်သေယူပြီး ဥပဒေနဲ့စီရင်လိုက်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ခပ်ကြမ်းကြမ်း Female Leadဇာတ်လမ်းမျိုးတွေကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ် Movie Link https://t.me/twoxlentertainment/1323
إظهار الكل...
Kung Fu Panda 1 to 4 ပြန်ကြည့်ချင်သူတွေအတွက် Kung Fu Panda 1 (2008) https://t.me/twoxlentertainment/1443 Kung Fu Panda 2 (2011) https://t.me/twoxlentertainment/1445 Kung Fu Panda 3 https://t.me/twoxlentertainment/1447 Kung Fu Panda 4 (2024) https://t.me/twoxlentertainment/1449
إظهار الكل...
Repost from N/a
00:11
Video unavailableShow in Telegram
🔠🔠🔠🔠🔠🔠🔠🔠🔠 မှာ 🃏♠️ တိုက်ရိုက်လွင့်တဲ့ ကာစီနိုခန်းပေါင်း များစွာ စိတ်ကြိုက်ရွေးချယ်ကစားကြမယ် ♣️♥️ မြန်မာနိုင်ငံရဲ့ နံပါတ် (၁) အွန်လိုင်းဘောလုံးနဲ့ ကာစီနိုဝဘ်ဆိုက် 🖐️ စလော့ 🐬 ငါးပစ် 🫳 ဖဲ🫱 ဂိမ်းအစုံကစားနိုင် 🫴 ဘောပွဲလိဂ်စုံလောင်းနိုင် 🔤 (မြန်မာကြေးလဲရ) 🫸 Esport အပြင် အားကစားပွဲစုံလောင်းနိင် 🎉 🇹🇭 ထိုင်း / 🇲🇲 မြန်မာ အကုန်ကစားနိုင် 😍👍 🤩 ဘောနပ်များစွာရှိ 🤑 50 % မန်ဘာသစ်ဘောနပ် 💸💸 5,000 သွင်း 2,500 အပိုရ 💰💰 10,000 သွင်း 5,000 အပိုရ 👍 ငွေကြေးအားမခံမှုအပြည့်ရှိပြီး စိတ်ချ ယုံကြည်ရဆုံး တိုက်ရိုက်ဝဘ်ဆိုဒ်ကြီး ⛔️ #VIPCLUBMM ဆိုတာ 🔡🔡🔡🔡🔡 လုံးဝမပေးထားပါဘူးရှင့် 🔤🔤 မှန်ကန်တဲ့နေရာမှာသာ ဆက်သွယ်ကစားကြပါရှင့်👇👇 🌐 website - www.vipclubmm.com 📱 Line - https://msng.link/o?vipclubmm=ln 📱 Telegram - @VIPCLUBMM https://t.me/VIPCLUBMM 📱 Page - VIP Club MM https://www.facebook.com/vipclubmm
إظهار الكل...
2.mp420.41 MB
Photo unavailableShow in Telegram
The Jack In The Box: Rises (2024) ဒီတတိယမြောက်ကားမှာတော့ 2022တုန်းက ထွက်ရှိခဲ့တဲ့ Awakening ကားထဲမှာနတ်ဆိုးနဲ့အပေးအယူလုပ်ခဲ့တာကြောင့် ရောဂါကနေပြန်ကောင်းသွားတဲ့အဘွားကြီးဟာ သူ့ကို ကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကို နတ်ဆိုးသေတ္တာဝှက်ထားတဲ့‌နေရာအကြောင်း ပြောပြခဲ့ပါတယ်။အဲနေရာကတော့ အခြားမဟုတ်ဘဲ 2022 Awakening ကားထဲက Rosewoodအိမ်ကြီးပါ။ Rosewood အိမ်ကြီးဟာ အခုဆို စည်းကမ်းတင်းကြပ်တဲ့ဘော်ဒါဆောင်တစ်ခုဖြစ်နေပါပြီ။   နတ်ဆိုးသေတ္တာကို အပိုင်လိုချင်တဲ့ ဟာဗေးဟာ ရေဗင်ဆိုတဲ့ကောင်မလေးကိုအကြပ်ကိုင်ကာ အဲဒီဘော်ဒါဆောင်က Jack-in-the-box ကို ကျောင်းသူအယောင်ဆောင်ပြီးသွားယူခိုင်းရာကနေ ဇာတ်လမ်းစတင်ထားပါတယ်။ဒီတစ်ခေါက်မှာရော ဘယ်သူက သေတ္တာကိုဖွင့်လိုက်တာလဲ၊ ဘယ်သူတွေအသတ်ခံရဦးမလဲ၊ နတ်ဆိုးကိုရော နှိမ်နင်းနိုင်မှာလားဆိုတာကတော့ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
إظهار الكل...
👍 2
Photo unavailableShow in Telegram
The Jack In The Box: Awakening (2022) ဒီကားဟာ အကောင်းစားကားကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်ကောင်းတဲ့ Horror ကားတစ်ကားဆိုလည်း မမှားပါဘူး။ ပြောရရင် ဒီကားက အရသာက ခင်ဗျားတို့ ကျွန်တော်တို့ ငယ်ဘဝကို လွှမ်းမိုးခဲ့ဖူးတဲ့ Supernatural အစောပိုင်းအရသာလိုပဲ။ Supernatural ဟာ နောက်ပိုင်းမှသာ ဘုရားသခင်တွေ တမန်တော်တွေ အပြိုင်စကြဝဠာတွေနဲ့ တစ်မျိုးတစ်ဖုံပြောင်းလဲလာခဲ့ပေမဲ့ စစချင်းအပိုင်းတွေကတော့ အရမ်းအကြမ်းပတမ်းကြီးမဟုတ်နေရင်တောင် Dark ဆန်ဆန်ပြပြီး Horror Thriller အရသာ အပေါ့စားကို ကောင်းကောင်းပေးသွားခဲ့ဖူးတယ်။ ဒီကနေပဲ ကျွန်တော်တို့တွေ စကြိုက်ခဲ့ကြတာမလား။ ဒီရုပ်ရှင်ဟာလည်း Supernatural အစပိုင်းရဲ့အရသာကို ပြန်သတိရချင်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ကယ်တင်ရှင်တော့မပါဘူးပေါ့။ ဒါပေမဲ့ နတ်ဆိုးတွေ နတ်ဆိုးကို သွားကစားတဲ့လူတွေနဲ့ သဘာဝလွန်ဟော်ရာကားပါပဲ။
إظهار الكل...
Photo unavailableShow in Telegram
The Jack In The Box (2019) ၁၈၀၀ပြည့်နှစ်နှောင်းလောက်မှာ Jack in the Box လို့ခေါ်တဲ့ အဖုံးဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့အရုပ်လေးက သေတ္တာပေါ်ကို ကန်ထွက်လာတဲ့အရုပ်သေတ္တာလေးတွေ ပေါ်လာခဲ့တယ် စုန်းအတတ်ကျင့်တဲ့လူတွေကို သေဒဏ်ပေးတဲ့ခေတ်တုန်းက ‌စုန်းအတတ်ပညာသည်တွေဟာ ဒီလိုလှပပြီးဖွင့်ချင်စရာသိပ်ကောင်းတဲ့ သေတ္တာလေးတွေထဲမှာ နတ်ဆိုးတွေကို ထည့်ခဲ့ကြတယ်။ ချိုမြိန်တဲ့လက်စားချေခြင်းပေါ့။ ဒီသေတ္တာတွေဟာ ဖျက်ဆီးလို့လည်းမရဘူး။ သေတ္တာထဲမှာတော့ ကြောက်စရာကောင်းတဲ့ လူပြက်အရုပ်နဲ့တူတဲ့ မကောင်းဆိုးရွားကို ထည့်ထားကြတယ်။တစ်ယောက်ယောက်ကများ အဲဒီသေတ္တာကို ဖွင့်မိပြီဆိုရင် သေတ္တာထဲက မကောင်းဆိုးရွားဟာ လူ၆ယောက်ပြည့်အောင် သတ်ပြီးမှ သေတ္တာထဲပြန်ဝင်တယ်။အသက်တစ်သက်အတွက် သူက သေတ္တာထဲ ၃နှစ်အသက်ရှင်နိုင်တယ်။ တစ်ခါထွက်လာလို့စားပြီးရင် ၁၈နှစ်တိတိသေတ္တာထဲရှင်သန်နိုင်တယ်။လူဆိုတဲ့ သိချင်စိတ်များတဲ့ သတ္တဝါတွေက အမြဲဖွင့်နေကြတော့ ဒီလူပြက်ဟာ ရာစုအဆက်ဆက် ရှင်သန်နိုင်ခဲ့တယ်။ သေတ္တာကိုဖွင့်တဲ့လူတွေကတော့ ဆုတောင်းပြည့်ကြတယ်ဆိုတယ်။ ဒါပေမဲ့လည်း ကြမ္မာငင်ကြတာပါပဲ။ဒီလိုနဲ့ ဒီသေတ္တာတွေဟာ သမိုင်းထဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရာက မြို့လေးတစ်မြို့က ပြတိုက်မှာပေါ်လာခဲ့တယ်
إظهار الكل...
Photo unavailableShow in Telegram
RRR (2022) ၁၉၂၀ခုနှစ်အိန္ဒိယကိုဗြိတိသျှတွေအုပ်စိုးတဲ့အချိန်တုန်းကဘုရင်ခံစကေ့ာနဲ့သူ့ရဲ့ဇနီးဖြစ်သူဟာတောထဲကိုအမဲလိုက်ထွက်ရင်းနဲ့ ကလေးမလေးတစ်ယောက်သီချင်းဆိုတာကိုသဘောကျပြီးသူ့မိဘတွေဆီကနေအတင်းအကျပ်ခေါ်ဆောင်သွားပါတယ်။အဲ့ဒီမှာဘင်းတစ်ယောက်သူတို့မျိုးနွယ်စုကကလေးမလေးကိုပြန်ခေါ်ဖို့အတွက်ဒေလီကိုတက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဗြိတိသျှတွေဟာသူတို့ကို ချေမှုန်းဖို့အတွက် ဒေလီကိုလူတစ်ယောက်တက်လာတယ်ဆိုတဲ့သတင်းကြားတဲ့အခါ ပိုက်စိပ်တိုက်ရှာဖွေပါတော့တယ် ဒီနေရာမှာဘင်းကိုလိုက်ရှာဖို့အတွက်တာဝန်ပေးခံရတဲ့သူကတော့အိန္ဒိယလူမျိုးရဲတပ်ဖွဲ့ဝင်ရာဂျူးပဲဖြစ်ပါတယ်။ရာဂျူးနဲ့ဘင်းတို့ရဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရပြီးဘယ်သူကအရှုံးပေးမလဲစိတ်ဝင်တစားကြည့်ရပါမယ် Movie Link https://t.me/twoxlentertainment/1305
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.