cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

EETS - Essential English for Teachers and Students

Show more
Advertising posts
29 963
Subscribers
+1224 hours
+277 days
+33930 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Grade 12 English (သင်ရိုးသစ်) ရဲ့ Unit 6 Artificial Intelligence အတွက် Question No. 5 Comprehension Exercises တွေ စီစဉ်ပြုစုပေးထားပါတယ်။ လေ့လာဖြေဆိုပြီး အဖြေတွေနဲ့ တိုက်ဆိုင်ကြည့်ပါဦး။
Show all...
80👍 28
Grade 12 English (သင်ရိုးသစ်) ရဲ့ Unit 5 Colours အတွက် Question No. 5 Comprehension Exercises တွေ စီစဉ်ပြုစုပေးထားပါတယ်။ လေ့လာဖြေဆိုပြီး အဖြေတွေနဲ့ တိုက်ဆိုင်ကြည့်ပါဦး။
Show all...
82👍 26
Grade 12 English (သင်ရိုးသစ်) ရဲ့ Unit 4 EMOTIONAL WELL-BEING အတွက် Question No. 5 လေ့ကျင့်စရာ Comprehension Exercises တွေ စီစဉ်ပေးထားပါတယ်။ လေ့လာဖြေဆိုကြည့်ပါဦး။
Show all...
83👍 35🍾 6🥰 1
Grade 12 English ရဲ့ Unit 4 Emotional Well-being အကြောင်းမှာ Dr Hal Baumchen အကြံပြုချက်ထားတဲ့ နည်းလမ်း ၁၀ ချက်အကြောင်းပါပါတယ်။ Textbook ထဲမှာပါတဲ့အချက်တွေက တိုတိုတုတ်တုတ်ဖြစ်နေလို့ နားလည်ရခက်နေရင် Dr Hal Baumchen ကိုယ်တိုင်ရေးထားတဲ့ အကြောင်းအရာ အချက်အလက် အပြည့်အစုံကို ဖတ်ကြည့်လိုက်ပါဦး။
Show all...
87👍 30🔥 2
Grade 12 English (သင်ရိုးသစ်) ရဲ့ Unit 3 Diet and Nutrition အတွက် Question No. 5 လေ့ကျင့်စရာ Comprehension Exercises တွေ စီစဉ်ပေးထားပါတယ်။ လေ့လာဖြေဆိုကြည့်ပါဦး။
Show all...
71👍 16
Grade 12 English (သင်ရိုးသစ်) ရဲ့ Unit 2 Key to Happiness အတွက် Question No. 5 လေ့ကျင့်စရာ Comprehension Exercises တွေ စီစဉ်ပေးထားပါတယ်။ လေ့လာဖြေဆိုကြည့်ပါဦး။
Show all...
91👍 16🍾 1
Grade 11 English (သင်ရိုးသစ်) ရဲ့ Unit 2: Online Shopping: Pros and Cons ရဲ့ Grammar သင်ခန်းစာမှာ must နဲ့ have to အကြောင်း အကျဉ်းရှင်းပြထားပြီး လေ့ကျင့်ခန်းတွေ ပေးထားတာ ရှိပါတယ်။ Grade 8 English (သင်ရိုးသစ်) ရဲ့ Unit 6, Lesson 3 မှာတော့ must, mustn't, have/ has to, don't/ doesn't have to အကြောင်းကို လေ့လာရပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။ ဒါတွေက ပြဋ္ဌာန်းစာအုပ်ထဲမှာ အကျဉ်းသဘောပဲ ဖြစ်ပြီး နားလည်ဖို့ခက်နေရင် ခု အသေးစိတ် ဥပမာတွေ စုံစုံလင်လင်နဲ့ ရှင်းပြထားတာ လေ့လာနိုင်ပါတယ်။ ခု have to ကို သုံးစွဲပုံရှင်းပြထားပါတယ်။ video နဲ့ ရှင်းပြထားတာ ဒီမှာကြည့်ပါ။ https://youtu.be/Xu7ql9RzG7o?si=bkJHaaeOmsXwQDVY
Show all...
73👍 17
Grade 12 English သင်ရိုးသစ် အင်္ဂလိပ်စာအတွက် လေ့ကျင့်ရအဆင်ပြေအောင် မေးခွန်းနဲ့ အဖြေလေးတွေ စီစဉ်ပေးထားပါတယ်။ အခု ပထမဆုံးအနေနဲ့ Unit 1 Good Manners အတွက် Comprehension exercises တွေကို လေ့လာဖြေဆိုကြည့်ပါဦး။
Show all...
135👍 19🥰 4
Not only … but also Not only … but also ကို correlative conjunction လို့ ခေါ်ပါတယ်။ correlative conjunction ဆိုတာက both … and, not only … but also, either … or, neither … nor တို့လို အတွဲလိုက်စကားစပ်တွေကို ဆိုလိုပါတယ်။ အတွဲလိုက်၊ အစုံလိုက်ရှိလို့ သူတို့ကို paired conjunction လို့လည်း ခေါ်ပါသေးတယ်။ ဒီစကားစပ်တွေက ဟန်ချက်ညီတဲ့ clauses, phrases ဒါမှမဟုတ် words တွေကို ချိတ်ဆက်ပေးပါတယ်။ Not only … but also က မြန်မာလိုဆိုရင် “သာမက … လည်းပဲ” လို့ အဓိပ္ပာယ်ရပါတယ်။ အခန့်သုံး အင်္ဂလိပ်စာ (formal English) မှာသုံးကြပါတယ်။ ဥပမာလေးတွေကို ကြည့်ရအောင်။  The war caused not only destruction and death but also generations of hatred between the two communities. စစ်ပွဲက လူ့အသိုင်းအဝိုင်းနှစ်ခုကြားမှာ ပျက်စီးမှုနဲ့သေကြေမှုကိုသာမက မျိုးဆက်နဲ့ချီတဲ့ အမုန်းတွေကို လည်း ဖြစ်စေတယ်။  The car not only is economical but also feels good to drive. ဒီကားက အကုန်အကျသက်သာရုံသာမက မောင်းလို့ကောင်းတယ်လို့လည်း ခံစားရတယ်။ တစ်ခါတစ်လေမှာ also ကို ချန်ထားနိုင်ပါတယ်။ အလေးအနက်ထားချင်တဲ့အခါ not only ကို clause ရဲ့ ရှေ့မှာ သုံးနိုင်တယ်။ အဲဒီလိုမျိုး သုံးတဲ့အခါ subject နဲ့ verb ကို ပြောင်းပြန်ထားပေးရတယ်။ ပုံမှန်ဝါကျဆိုရင် Subject + Verb ပုံစံမဟုတ်လား။ ဒီတော့ ပြောင်းပြန်ထားပေးရတယ်ဆိုတာ Verb + Subject ပုံစံ ရေးရတာကို ပြောတာပါ။ Verb + Subject ရေးတဲ့အခါ အကူကြိယာ (auxiliary verb) သို့မဟုတ် Verb to be ရှိရင်လွယ်တယ်။ အဲဒီ auxiliary verb သို့မဟုတ် Verb to be ကို Subject ရဲ့ ရှေ့မှာ ရေးရုံပဲ။ ဥပမာ -  Not only was it raining all day at the wedding but also the band was late. မင်္ဂလာပွဲမှာ တစ်နေ့လုံး မိုးရွာရုံသာမက တီးဝိုင်းကလည်းပဲ နောက်ကျတယ်။  Not only will they paint the outside of the house but also the inside. သူတို့က အိမ်အပြင်ကိုသာမက အတွင်းဘက်ကိုလည်းပဲ ဆေးသုတ်လိမ့်မယ်။ auxiliary verb သို့မဟုတ် verb to be မရှိရင် do, does, did ကို သုံးရတယ်။ ဒီတော့ do/does/did + Subject + Verb (infinitive) ပုံစံပေါ့။ infinitive ဆိုတာ verb တစ်ခုရဲ့ အခြေခံပုံစံနော်။ Verb မှာ s, es, ed, ing စတာတွေ ဘာမှ မထည့်ရတဲ့ ပုံစံကို ပြောတာ။ ဒါဆို အလေးအနက်ထားချင်တဲ့အတွက် not only + verb + subject နဲ့ ရေးမယ်ဆိုပါစို့။ ခုလို ရေးနိုင်ပါတယ်။  Not only did she forget my birthday, but she also didn’t even apologise for forgetting it. သူက ငါ့ရဲ့မွေးနေ့ပွဲကို မေ့ခဲ့ရုံသာမကဘူး မေ့သွားတဲ့အတွက် တောင်းပန်တာတောင် မလုပ်ဘူး။
Show all...
136👍 27🍾 2
Go to the archive of posts
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.