cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

Well, you should talk abt more than 8 letters

တင်ချင်ရာတင်မယ်

Show more
Advertising posts
13 706
Subscribers
+824 hours
+407 days
+29930 days

Data loading in progress...

Subscriber growth rate

Data loading in progress...

တကယ်တော့လည်း ကိုယ်က သူ့ဘ၀မှာ အရေးတယူ တသသ ဖြစ်နေမယ့် အမျိုးသမီးမျိုးမှ မဟုတ်တာ။ တစ်ခါတစ်လေ သတိရလို့ တိုး၀င်လာခြင်းမျိုး တစ်ခါတစ်ရံ တခြားနေရာဆီ ပြေးခိုသွားမှာစိုးလို့ ဆွဲယူထားခြင်းမျိုး ဘာမှန်းမသိတဲ့ ဆက်ဆံရေးမှာ လုံးလည်ချာလည်ပိတ်မိနေရင်း သူ့ပုံစံအမှန်တွေကို တဖြေးဖြေး သိလာတဲ့အခါ စွန့်လွှတ်ဖို့လည်း မတတ်နိုင် ခွင့်လွှတ်ဖို့လည်း မလုပ်နိုင်လို့ နားလည်ပါတယ်ဆိုတဲ့ အနေအထားမျိုးမှာ ကိုယ်ရှိနေရတယ်။ မျက်ရည်ကျရင် မျက်ရည်နဲ့ အသနားခံတယ်လို့ မြင်မှာ ကြောက်တယ်။ ကိုယ်တို့အတွက် အမှတ်တရဆိုတာ ကိုယ်ဖန်တီးယူထားတဲ့ အရာတွေဖြစ်ပြီး သူမေ့လွယ်ပျောက်လွယ် အချိန်တချို့ ဖြစ်ပါလိမ့်မယ်။ နားလည်ပါတယ်။ အရာရာကို ကိုယ်နားလည်ပါတယ်။ ဒီလိုပဲပေါ့ အချစ်ရယ် အရာရာကို နားလည်ရင်း တစ်စုံတစ်ရာကို ပျောက်ရှခဲ့ရတယ်။ အဲ့တာဟာ .......။ -နိုရှီ
Show all...
❤ 66💔 34
လူတွေကြားထဲ နေထိုင်ရတာ ဘာအဓိပ္ပါယ်မှဖွင့်ဆိုလို့မရဘူး အထီးကျန်စွာ ပျောက်ကွယ်သွားတဲ့ မြူမှုန်ကလေးဟာ ငါ့ရဲ့ အဘိဓမ္မာဖြစ်တယ် စကားလုံးတော်တော်များများဟာ စောက်ပို‌တွေဖြစ်ကြတယ် ငါကတော့ စောက်ပိုတွေ ဆိုတဲ့စကားလုံးသုံးလုံးကိုပဲ လိုအပ်တယ်။ - ဆစ်ခ်
Show all...
❤ 79💔 15
ဝမ်းနည်းရမှာက တယောက်က တယောက်ကို မစောင့်ရှောက်နိုင်တော့မှာ မျိုးပဲ။ - မြတ်ဝေ
Show all...
❤ 129💔 49
** အလွမ်းလေးဆယ် ** အိပ်မက်ကနေ ယောင်ရမ်းအော်မိတာတွေပါ ။ထိန်းချုပ်ထားဖို့ မတတ်လိုက်နိုင်ဘူး ။ စွဲလမ်းစိတ်နဲ့ ထွက်လာတဲ့အသံတွေဆိုတော့ ရှေ့နောက်ညီချင်မှလည်း ညီမှာပေါ့ ။ ဒါကို မင်းနားလည်မယ်ဆို … ။ ငါ့စိတ်ထဲမှာ ရာနှုန်းပြည့် ရှိတယ် ။ (တစ်နည်း) ငါ တပ်မက်တယ် ။ အချစ် ၊ မင်း ပြီးတော့ ချစ်သောကဗျာ ။ တစ်နေ့တာဖြတ်သန်းမှုမှာ သတိရခြင်းဟာ ငါ့ဆီမှာ နာရီလက်တံတွေလို ပုံမှန်အလုပ်လုပ်တယ် ။ မင်းနဲ့အဝေးဆိုတဲ့နေရာထဲ တိတ်ဆိတ်မှုကို ငါ့ကိုယ်မှာ အလှဆင်ထားတယ် ။ အထီးကျန်ခြင်းက လောကဓံဆို ဒါကို ငါခုခံနိုင်ဖို့အတွက် မင်းဆီကဖုန်းခေါ်သံတွေ လိုအပ်ပါတယ် ။ မင်းအသံကို မကြားရတဲ့နေ့ဟာ ငါ့အတွက် ပြဿဒါး ပဲ ။ ဖြစ်နိုင်ရင်တော့ " ဥုံဖွ " လို့ ဆိုပြီး မင်းရှေ့ရောက်လာချင်တာပေါ့ ။ ဝေးကွာခြင်းဟာ ဒုက္ခသစ္စာပဲလေ ။ လွမ်းရတဲ့အကြောင်း message ပို့တာတောင် ဆက်သွယ်မှုလိုင်းတွေ မချွတ်ချော်စေဖို့ ငါ့မှာ ဆုတောင်းရသေးတယ် ။ ငါ့မျက်ဝန်းမှာ ရစ်သိုင်းနေတာ အလွမ်းတွေလို့ တွေ့တဲ့သူတိုင်းက ပြောသွားတယ် သိလား ။ မင်းမပါတဲ့ အိမ်အပြန်ညနေခင်းတွေဟာ ပျင်းရိငြီးငွေ့ဖွယ် ။ ပြီးတော့ တုန်လှုပ်ချောက်ချားဖွယ် ။ နှစ်ယောက်စာစိတ်ကူးနဲ့ တစ်ယောက်တည်းစီးနင်းလိုက်ပါနေရတာ စိတ္တဇဆန်လိုက်တာ ။ ဝတ္ထုမဟုတ်တော့လည်း ဒီအပိုင်းတွေ ကျော်ဖတ်လို့ မရပြန်ဘူး ။ ဒီရက်တွေပေါ့ ။ ငါ့အနား မင်းမရှိတဲ့ရက်တွေလေ ။ ဘယ်သူ့ကိုမဆို အဝါရောင်စတစ်ကာလေးနဲ့ ပြုံးပြဖို့တောင် ငါ့အတွက် ခက်ခဲနေတယ် ။ ထာဝရကို ရောက်ဖို့ ဘယ်လောက်ကြာအောင် ငါလျှောက်ရဦးမှာလဲ ။ ငါ့နှလုံးသားရဲ့ သံလိုက်အိမ်မြှောင်ကတော့ မင်းတစ်ယောက်ဆီမှာပဲ ညွှန်ပြနေတယ် ။ ဆုတောင်းတွေပြည့်တဲ့တစ်နေ့တော့… ။ " မချစ်ဘူး သွား " လို့ ပြောပြီး မင်းပုခုံးတွေပေါ် မှီနွဲ့ရယ်ဦးမယ် ။ - ပိုပိုဖီးနစ်
Show all...
❤ 62💔 15
ငါဟာ ချစ်စရာအမူအရာတွေ၊ ကောင်းမွန်တဲ့ လုပ်ရပ်တွေလုပ်ရင်း ရှင်သန်နေတဲ့ လူကောင်းတစ်ယောက် တော့ မဟုတ်ဘူးရယ်။ ငါပျော်သလိုနေရင်း...ငါမပျော်လည်း ပျော်ပစ်လိုက်တာပဲ။ လူတိုင်းက အကောင်းဆုံးဖြစ်ချင်မှ ဖြစ်မယ်။ ငါလည်း ကောင်းချင်မှ ကောင်းမယ်။ အရမ်းကို ချိုအီနေပြီဆိုရင် တစ်ခုခုတော့ မှားနေပြီ။ ဒီတော့ လူကောင်းဖြစ်ရေး နည်းလမ်းတွေ၊ ပျော်ရွှင်ခြင်းအကြောင်းအရာတွေကို ငါနားမလည်နိုင်ဘူး။ တကယ့်ပျော်ရွှင်ခြင်းက ရှိမှမရှိဘဲ။ ပျော်ပစ်လိုက်တာပဲ ရှိတယ်။ - အယ်လီယာ
Show all...
❤ 125💔 21
စကားတွေအများကြီးပြောနေရင် မေးခွန်းတွေအများကြီးမေးနေရင် တစ်ခုခုကို အထပ်ထပ်အခါခါပြောနေရင် မင်းမပေးချင်တာတွေ ငါတောင်းနေရင် ချစ်ခြင်းမေတ္တာလို့သာ သတ်မှတ်လိုက်ပါ။ ဘဝကို မူးမှ အသံထွက်ရန်တွေ့ရဲတဲ့သူ မဟုတ်လား။ - အလ်နီ
Show all...
❤ 118💔 25
ကျွန်တော်သိတယ်။ ကျွန်တော်မသိချင်ဟန်ဆောင်ထားတာ။ မသိချင်လိူ့။ ကျွန်တော့်ကိုတန်ဖိုးထားစရာမလိုပါဘူး။ ကျွန်တော်ပေးသလောက်ပြန်ပေးရင်ရပြီ။ ခက်လို့လား။ လူတွေကအတော်ရယ်ရတယ်။ - အလ်နီလွန်း
Show all...
❤ 143💔 42
"အဲ့ဒီအမျိုးသမီးကိုပဲ နင်သိပ်ချစ်တဲ့ အကြောင်းတွေ" မြိနေတဲ့ ဓားတွေကို မြင်တော့ ကိုယ့်ကိုယ်ကိုယ် သိပ်လွမ်း... ကိုယ့်လက်ဖျံတွေကို ... လွမ်း ခဲလွယ်တဲ့ သဘောရှိတဲ့ ကိုယ့် အိုသွေးကို .. လွမ်း အညှိုးလည်းရှိတယ်၊ ထိုးချင်စိတ်လည်း အပြည့်ပဲ... ငါ့လက်ထဲ ဓားမပါတဲ့အခါ စိတ်ကို စိတ်နဲ့ ထိုးခွဲ။ နာသလား မေးရင် ... သိပ်နာတယ် ချစ်ရဲသေးလား မေးရင်လည်း ... ချစ်ရဲတယ် ပေးလာတဲ့ အဆိပ်သီးကလေးတွေက *မှတ်မိစရာ အရသာ ... ချောကလက် နားသိပ်ခါးတာပဲ... ထပ်ပြောဦးမယ် ကြားရတာ သိပ်ခါးတာပဲ။ မနာတတ်လောက်ဘူးထင်လို့ ခဏခဏ အထိုးကြိတ်ခံရတယ် ... ငါလည်းနာတတ်တဲ့အကြောင်း ပြန်ပြတဲ့အခါကျ ငါကပဲ ဗီလိန်ဖြစ်ရတယ်။ *ငါဟာ ဗီလိန် ဒီအချိန်ထိပဲ မှန်ပုံးထဲက ယမင်းရုပ်လို ကျိုးလွယ်ပျက်လွယ်တွေကို ပြင်ခဲ့တယ်။ ထိလွယ် ရှလွယ်တွေကို စွန့်ခဲ့တယ်။ အခု ငါ့ဆီမှာ လွယ်လွယ်ရနိုင်တာ... ချစ်လွယ်၊ မုန်းလွယ်၊ မေ့လွယ် ပစ်ချခဲ့သူရော ကွဲကြေရသူ‌ရောက ငါပဲ။ ချည်ခဲ့တာ ငါမဟုတ်ပေမယ့် ပြေရသူကတော့ ငါပဲ။ ဒီ စောက်ဇာတ်လမ်းမှာ အရာရာက... ငါပဲ။ နင့်ရဲ့ အဲ့ဒီစောက်ကောင်မ မဟုတ်တာကလွဲ... - ပြာ
Show all...
💔 78❤ 37
00:53
Video unavailableShow in Telegram
ကျွန်တော့်ချစ်ပုံချစ်နည်းက အငေးပဲ ခဗျားနေနေကျအတိုင်းနေ ကျွန်တော် ဒီနားမှာပဲရှိမယ်။ ချစ်တယ် -အလ်နီလွန်း Crush // Yan Naing, Moe htet
Show all...
4.24 MB
❤ 84
အခုဘယ်သူ့ကိုမှမယုံဘူးဆိုတဲ့လူဟာ.. တခါတုန်းကဘယ်သူ့ကိုမဆိုယုံစားခဲ့တဲ့လူပဲ... - ဂျိုကာ
Show all...
❤ 144💔 29
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.