cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

RFA Burmese

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

Show more
Advertising posts
47 570
Subscribers
+7924 hours
+9997 days
+4 98530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

01:00
Video unavailableShow in Telegram
တောင်ငူရေဘေးဒုက္ခသည်တချို့ အကူအညီမရ ~~~ ■ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ရေနစ်မြုပ်နေတဲ့ ကျေးရွာတချို့က ဒေသခံတွေ ဒီနေ့အထိ အကူအညီမရသေးဘဲ ခက်ခဲနေပါတယ်။ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ရွာတွေနဲ့ ရေစီးသန်ပြီးသွားရေးလာရေး ခက်ခဲတဲ့နေရာတွေကို ကူညီကယ်ဆယ်ရေးတွေ ရောက်မလာသေးတာကြောင့် ရေသန့်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။ _________
Show all...
Social.mp493.30 MB
😢 20🙏 4
04:16
Video unavailableShow in Telegram
ရေဘေးသင့် တောင်ငူမြို့နယ်မှာ ဒီနေ့အထိ အကူအညီမရသေးတဲ့ ရွာတွေရှိနေ ~~~ ■ တောင်ငူမြို့နယ်ထဲမှာ ရွာပေါင်းလေးဆယ်နီးပါး ရေနစ်မြုပ်နေပြီး လူဦးရေရှစ်သောင်းကျော် ရေဘေးဒုက္ခ ကြုံနေရသလို တစ်ပတ်ကျော်လာတဲ့ ဒီနေ့အထိ အကူအညီမရသေးတဲ့ရွာတွေ ရှိနေတယ်လို့ တောင်ငူမြို့ခံ ပရဟိတအဖွဲ့တွေနဲ့ ရေဘေးဒုက္ခသည်တွေက ပြောပါတယ်။ ဒီအကြောင်း မသဇင်လှိုင် ပြောပြပေးပါမယ်။ ____________ RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
B0920TZH (Social & Web).mp4325.97 MB
👍 10😢 9🙏 1
သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအနီးက ရေဘေးဒုက္ခသည်တွေကို တရုတ်ကူညီ ~~~ ■ ရာဂီ မုန်တိုင်းအရှိန်ကြောင့် မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတဲ့နေရာအနီးက ရေဘေးသင့်တဲ့ ကျေးရွာသုံးရွာကို စက်တင်ဘာ ၁၆ နေ့က စားနပ်ရိက္ခာ လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စက်တင်ဘာလ ၁၉ ရက် မနေ့ညက ထုတ်ပြန်ပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်းရဲ့ ဇော်ဂျီမြစ်ကို ဖြတ်သန်းတဲ့နေရာအနီးက ဉာဏ်ဂွေ (Nyan Gwae) ၊ ကံသစ် (Gan Thit)နဲ့ ပတ်သား (Pat Thar) ရွာတွေဟာ ဆိုးဆိုးဝါးဝါး ရေဘေးသင့်ပြီး အိမ်ခြေမဲ့တွေ ဖြစ်သွားတာကြောင့် အဲဒီသုံးရွာကို လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်မြို့နယ်တွေမှာ ထောက်ပံ့ခဲ့တာလဲဆိုတာ တရုတ်သံရုံးက ဖော်ပြထားတာ မရှိပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ ကျပ်ငွေသိန်း ၁၅၀ ဖိုး တန်ဖိုးရှိတဲ့ ဆန် ၆၅ အိတ်၊ စားအုန်းဆီ ၂၅၅ ဗူး၊ ခေါက်ဆွဲခြောက် ၂၅၅ ဖာတို့ကို ကူညီလှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရုတ်သံရုံးရဲ့လှူဒါန်းမှုကို ဦးဆောင်တဲ့ မန္တလေး လည်ပတ်ရေးစင်တာက ဝန်ထမ်းတွေကလည်း စက်တင်ဘာ ၁၇ နေ့အထိ အလှူငွေကျပ် ၃၂ သိန်းကျော် ရရှိခဲ့တာကြောင့် ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေကိုဝယ်ပြီး လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုဖြတ်ပြီး ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ တည်ဆောက်ထားတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဟာ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။ ____ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည့်နေရာအနီးရှိ ရေဘေးသင့်သည့် ကျေးရွာအချို့ကို စာနပ်ရိက္ခာများ လှူဒါန်ခဲ့သည်ကို မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားစဥ်။ (Chinese Embassy in Myanmar Photo) #ရေဘေးသင့် #တရုတ် #ကူညီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအနီးက ရေဘေးဒုက္ခသည်တွေကို တရုတ်ကူညီ

ရာဂီ မုန်တိုင်းအရှိန်ကြောင့် မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတဲ့နေရာအနီးက ရေဘေးသင့်တဲ့ ကျေးရွာသုံးရွာကို စားနပ်ရိက္ခာ လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

👍 16 1
00:59
Video unavailableShow in Telegram
ရေဘေးကူဖို့ ထွန်းထွန်းမင်းရဲ့ ချန်ပီယံရွှေခါးပတ် ကျပ်သိန်းငါးရာနဲ့ လေလံအောင် ~~~ #ရေဘေး #ချန်ပီယံ #ရွှေခါးပတ် #ထွန်းထွန်းမင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Show all...
Flood Help Tun Tun Min Social.mp4113.03 MB
28👍 8
03:00
Video unavailableShow in Telegram
သိမ်းပိုက်ခံနယ်တွေအတွက် စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ် မအောင်မြင်နိုင် ~~~ ■ နယ်မြေတွေပြန်ရဖို့ လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခဲ့ပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် လူပေါင်း ခြောက်ဆယ်နီးပါး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ လေတပ်ရှိတယ်ဆိုတဲ့ အားသာချက်တစ်ခုတည်းနဲ့ စွန့်လွှတ်လိုက်ရတဲ့ နယ်မြေတွေ ပြန်ရဖို့မဖြစ်နိုင်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ဒီအကြောင်း မစန်းမော်အောင် ပြောပြပေးပါမယ်။ ____________ RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
B0920SMA For Web.mp4203.07 MB
👏 18👍 3
မိသားစုထံလွှဲငွေ ဖိအားပေးပို့ခိုင်းတဲ့ အေဂျင်စီတွေကို အရေးယူမယ်လို့ NUG ပြော ~~~ ■ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖိအားပေးအကျပ်ကိုင်ပြီး စစ်ကောင်စီရဲ့ ညွန့်ကြားချက်အတိုင်း မိသားစုထံ လွှဲငွေပို့ခိုင်းနေတဲ့ အေဂျင်စီတွေနဲ့ ပုဂ္ဂလိက အကျိုးဆောင်တွေကို အရေးယူသွားမယ်လို့ NUG က စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။ စစ်ကောင်စီက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို နည်းလမ်းမျိုးစုံနဲ့ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေး ချိုးဖောက်နေတာကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း ထိရောက်စွာ အရေးယူဖို့ NUG က တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံခြားငွေ ဖြည့်ဆည်းရေးအတွက် ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဝင်ငွေထဲက အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ငွေအဖြစ် လစဥ် ဒါမှမဟုတ် သုံးလတစ်ကြိမ် သူတို့ သတ်မှတ်ထားတဲ့ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကနေ ပြည်တွင်းကိုပေးဖို့ သြဂုတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။ ပြည်ပရောက် မြန်မာလုပ်သားတွေကို လစာဝင်ငွေ လွှဲပို့တဲ့အထောက်အထား မပြနိုင်ရင် စစ်ကောင်စီက နိုင်ငံကူးလက်မှတ် သက်တမ်တိုးမပေးဘူးလို့ ကြေညာထားသလို လက်တွေ့လည်း လုပ်ဆောင်နေပြီး ဒါဟာ ဥပဒေနဲ့မကိုက်ညီဘဲ အခြေခံနိုင်ငံသား အခွင့်အရေးကိုလည်း ချိုးဖောက်တာလို့ NUG က ပြောပါတယ်။ ၁၉၉၉ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေရဲ့ “အေဂျင်စီများနှင့် အလုပ်သမားများ၏တာဝန်များ” မှာ ဒီအချက်တွေကို ထည့်သွင်းထားတာ မရှိဘူးလို့ ထောက်ပြပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကိုလည်း သူတို့စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေက မိသားစုထံ ပေးပို့တဲ့လွှဲငွေကို စာရွက်စာတမ်း အထောက်အထားနဲ့အတူ အလုပ်သမား ဝန်ကြီးဌာနကို လစဥ်ပေးပို့ဖို့ ပြောထားပါတယ်။ အထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၁၃၅ ခုကိုလည်း စေလွှတ်ရေးလုပ်ငန်းစဥ်တွေကို စစ်ကောင်စီက ပိတ်ပင်အရေးယူထားတယ်လို့ NUG က ကြေညာချက် ထုတ်ပြန်ပြောထားပါတယ်။ NUG ဘက်ကတော့ စစ်ကောင်စီရဲ့ ညွန်ကြားချက်ကို လိုက်နာတဲ့ အေဂျင်စီတွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ ပြောလိုက်ပြီး ဘယ်လိုပုံစံ လုပ်ဆောင်မယ်ဆိုတာကိုတော့ ထည့်သွင်းပြောထားတာ မရှိပါဘူး။ ____ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။ (RFA Photo) #မြန်မာ #ရွှေ့ပြောင်းအလုပ်သမား #အေဂျင်စီ #NUG #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
မိသားစုထံလွှဲငွေ ဖိအားပေးပို့ခိုင်းတဲ့ အေဂျင်စီတွေကို အရေးယူမယ်လို့ NUG ပြော

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖိအားပေးအကျပ်ကိုင်ပြီး စစ်ကောင်စီရဲ့ ညွန့်ကြားချက်အတိုင်း မိသားစုထံ လွှဲငွေပို့ခိုင်းနေတဲ့ အေဂျင်စီတွေနဲ့ ပုဂ္ဂလိက အကျိုးဆောင်တွေကို အရေးယူသွားမယ်လို့ NUG က ပြောလိုက်ပါတယ်။

👍 12🤔 2
သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ချင်းကလေး ခုနစ်ဆယ်ကျော်သေဆုံး ~~~ ■ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း တိုင်းနဲ့ ပြည်နယ် သုံးခုမှာ နေထိုင်တဲ့ ချင်းကလေး ၇၃ ဦးဟာ စစ်ကောင်စီတပ်ကြောင့် အသက်သေဆုံးရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က RFA ကို ပြောပါတယ်။ သေဆုံးတဲ့ကလေး အများစုဟာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းကဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးသွားတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က RFA ကို ပြောပါတယ်။ "အဓိက စစ်ကောင်စီ လက်နက်ကြီးကြောင့်၊ လေကြောင်းပစ်ခတ်မှုကြောင့် စစ်လက်နက် အကြွင်းအကျန် ပစ္စည်း မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတာတွေပြုစုထားတာ၊ မင်းတပ်မြို့ မှာ သေဆုံးတာများတယ်၊ ဒီထဲမှာလည်း ၂၀၂၄ နှစ်စပိုင်းက ပလက်ဝမှာ လေကြောင်းကြောင့် ကလေးငယ်သေဆုံးတာတွေလည်း ပါဝင်တယ်" စစ်ကောင်စီတပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို နိုင်ငံတကာတရားရုံးတွေမှာ တရားဆွဲနိုင်ဖို့ CHRO အနေနဲ့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်က ဒေသခံတွေဟာ တိုက်ပွဲကြောင့် ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲဝန်းကျင်ရှိတယ်လို့ CHRO က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ကလေး ၆၂၄ ဦး သေဆုံးတယ်လို့ ဖော်ပြပါတယ်။ _________ မင်းတပ်မြို့နယ်၊ တိုက်နယ် (၁၃) ရှိ အောက်ချိုင်ကျေးရွာအား စစ်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ဗုံးကြဲခဲ့သည်ကို တွေ့ရစဉ်။ (မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း ဓာတ်ပုံ) #မင်းတပ်မြို့နယ် #လေကြောင်းတိုက်ခိုက်မှု #လွတ်လပ်တဲ့အာရှအသံ #rfaburmese RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ချင်းကလေး ခုနစ်ဆယ်ကျော်သေဆုံး

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း တိုင်းနဲ့ ပြည်နယ် သုံးခုမှာ နေထိုင်တဲ့ ချင်းကလေး ၇၃ ဦးဟာ စစ်ကောင်စီတပ်ကြောင့် အသက်သေဆုံးခဲ့ရပါတယ်။

😢 20👍 3
စစ်ကောင်စီက သဘာဝဘေးကို အသုံးချပြီး အကျိုးစီးပွားရှာနိုင်ကြောင်း NUG ဝန်ကြီးချုပ်ပြော ~~~ ■ စစ်တပ်အလိုကျရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို နာဂစ်ကြောင့် တစ်နိုင်ငံလုံး ထိခိုက်ဝမ်းနည်းနေချိန်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တာဖြစ်လို့ စစ်ကောင်စီဟာ အခုအချိန်မှာလည်း သဘာဝဘေးကို အကြောင်းပြပြီး သူတို့ အကျိုးစီးပွားဖြစ်အောင် လုပ်လာနိုင်တယ်လို့ NUG က ပြောလိုက်ပါတယ်။ "စစ်ရှုံးနေတဲ့ စစ်အုပ်စုဟာ ဒီလို သဘာဝဘေးအန္တရာယ်ကို သူတို့ အကျိုးစီးပွားများအတွက် မဖြစ်မနေ အသုံးချပါလိမ့်မယ်" လို့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြောလာတာပါ။ ရာဂီမုန်တိုင်းဘေးကို အကြောင်းပြုပြီး နိုင်ငံတကာတရားဝင်မှုကို မဖြစ်မနေ ကြိုးပမ်းလာနိုင်သလို ရေဘေးကြောင့် ဒုက္ခခံစားနေရတဲ့ ပြည်သူတွေ စိတ်ပျက်အားလျော့ပြီး တော်လှန်ရေးမှာ မပါဝင်ချင်အောင် ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။ NUG ရဲ့ စာရင်းတွေအရ ရာဂီမုန်တိုင်းကြောင်း အိုးအိမ်ပျက်စီးမှု သိန်းဂဏန်းနီးပါး၊ ရေဘေးရှောင်စွန့်ခွာရသူ သုံးသိန်းခန့်နဲ့ အသက်ဆုံးရှုံးရသူ ရာနှင့်ချီ ရှိနေပြီလို့ သူက ပြောပါတယ်။ NUG ဘက်က ပြည်သူ့ထည့်ဝင်ငွေတွေနဲ့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့နေရာတွေသာမက စိုးမိုးနယ်မြေမဟုတ်တဲ့ ဒေသတွေမှာပါ တတ်နိုင်သမျှ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ပြောထားပါတယ်။ ရေဘေးကြုံနေရချိန်မှာတောင် စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်းက နောင်ချို၊ လားရှိုးနဲ့ ကရင်ပြည်နယ်က မြဝတီမြို့နယ်တွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စာသင်ကျောင်း၊ ဓမ္မာရုံနဲ့ လူနေရပ်ကွက်တွေကစလို့ UN ရုံးပါမချန် ဗုံးကြဲနေတယ်လို့ NUG ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။ --------------- နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP) RFA Burmese Website တွင် ဖတ်ရှုရန် ..... #NUG #စစ်ကောင်စီ #ရေဘေး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Show all...
စစ်ကောင်စီက သဘာဝဘေးကို အသုံးချပြီး အကျိုးစီးပွားရှာနိုင်ကြောင်း NUG ဝန်ကြီးချုပ်ပြော

စစ်တပ်အလိုကျရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို နာဂစ်ကြောင့် တစ်နိုင်ငံလုံး ထိခိုက်ဝမ်းနည်းနေချိန်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တာဖြစ်လို့ စစ်ကောင်စီဟာ အခုအချိန်မှာလည်း သဘာဝဘေးကို အကြောင်းပြပြီး သူတို့ အကျိုးစီးပွားဖြစ်အောင် လုပ်လာနိုင်တယ်လို့ NUG က ပြောလိုက်ပါတယ်။

👍 30
စစ်ကိုင်းတိုင်း မြို့နယ်သုံးခုက စစ်ကောင်စီတပ်စခန်းတွေ PDF တိုက်ခိုက် ~~~ ■ စစ်ကိုင်းတိုင်း ဘုတလင်၊ ဒီပဲယင်းနဲ့ ခင်ဦးမြို့နယ်တွေထဲက စစ်ကောင်စီတပ် ကင်းစခန်းနဲ့ ပျူစောထီးရွာတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဘုတလင်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ကူတော်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။ "ဘုတလင်မြို့နယ်က ကူတော်စခန်းကို ဝင်သိမ်းနေတာ အခုပဲ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးခုနှစ်လုံးကြဲသွားတယ်။ ဘုတလင်မြို့က အင်အားတစ်ရာခန့်က တပ်ကူလာနေတယ်” အဲဒီမြို့နယ်တစ်ခုလုံးမှာ ဘုတလင်မြို့ပေါ်က တပ်စခန်းပြီးရင် ကူတော်စခန်းဟာ အဓိက စခန်းတစ်ခုနေဖြစ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းရော၊ မြေပြင်မှာပါ စစ်ကြောင်းထိုးလာတယ်လို့ သူကပြောပါတယ်။ အလားတူ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ် အထိုင်စခန်းတွေကိုလည်း ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဗိုလ်ကျားကြီးက RFA ကို ပြောပါတယ်။ "ဒီပဲယင်းက စစ်ကောင်စီရဲ့ ကင်းစခန်းတွေ အလစ်အငိုက်ဝင်တိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ရှိနေတယ်။ အဲဒီမှာ စစ်တပ်က အင်အားတစ်ရာလောက်နဲ့ ဒီပဲယင်းကို ပြန်ထိုင်ထားတာ။ သူတို့ရဲ့ အထိုင်ရှေ့ကင်းစခန်းတွေကို ဝင်ပြီးပစ်ခတ်တာမျိုးတွေ ရှိတယ်” ခင်ဦးမြို့နယ်က မဒေါင်းလှရွာကိုလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စီနင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၁၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ ဆုတ်ခွာသွားပြီးလို့ ဒေသခံတွေက ပြောပါတယ်။ သြဂုတ်လ ၁၈ ရက်ကစခဲ့တဲ့ မဒေါင်းလှရွာ တိုက်ပွဲအတွင်း ပျူစောထီး နှစ်ဆယ်ခန့် သေဆုံးသွားသလို ကာကွယ်ရေးအဖွဲ့ဘက်ကလည်း သုံးဦး သေဆုံးပြီး စက်တင်ဘာ ၁၁ ရက်နေ့မှာ မဒေါင်းကြီးရွာက ဒေသခံ သုံးဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး၊ လေယာဥ်နဲ့ ဗုံးကြဲမှုကြောင့် ဒေသခံ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရပြီး ရွာပေါင်း ၁၃ ရွာက နေအိမ် ငါးရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။ _________ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ဓာတ်ပုံ) #စစ်ကိုင်းတိုင်း #PDF #လွတ်လပ်တဲ့အာရှအသံ #rfaburmese RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
စစ်ကိုင်းတိုင်း မြို့နယ်သုံးခုက စစ်ကောင်စီတပ်စခန်းတွေ PDF တိုက်ခိုက်

ဘုတလင်၊ ဒီပဲယင်းနဲ့ ခင်ဦးမြို့နယ်တွေထဲက စစ်ကောင်စီတပ် ကင်းစခန်းနဲ့ ပျူစောထီးရွာတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် တိုက်ခိုက်နေပါတယ်။

👍 26
မြန်မာ့အရေး မျက်ကွယ်ပြုမရကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးဟောင်းပြော ~~~ ■ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ထိုင်းနိုင်ငံအနေနဲ့ မျက်ကွယ်ပြုလို့ မရနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း Sihasak Phuangketkeow ရေသားထားတာကို ဘန်ကောက်ပိုစ့်မှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ခြားရေး ဒုဝန်ကြီး Sihasak Phuangketkeow ဟာ ဝန်ကြီးချုပ် စရက်ထာ ထဝီဆင် (Srettha Thavisin) အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ စက်တင်ဘာ ၂၀ ရက်ဒီနေ့ ဘန်ကောက်ပိုစ့်မှာဖော်ပြတဲ့ “We must not lose sight of Myanmar ခေါင်းစဥ်နဲ့ အတွေးအမြင်ဆောင်းပါးမှာ ဒုဝန်ကြီးဟောင်း Sihasak Phuangketkeow က ရေးသားထားတာပါ။ အဲဒီဆောင်းပါးမှာ မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုပြီးဆိုးရွားလာရင် ထိုင်းနိုင်ငံကို အများဆုံး သက်ရောက်မှု ရှိလာမယ်လို့ သုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ နယ်စပ်ချင်း ထိစပ်နေတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ ဒီအကျိုးဆက်တွေကို ခံစားထားရပြီး ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ စစ်တပ်အာဏာမသိမ်းခင်ကတည်းက ထိုင်းနိုင်ငံမှာ မြန်မာစစ်ဘေးဒုက္ခသည် ကိုးသောင်းကျော် ခိုလှုံနေခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေရင် ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေ ပိုပြီးလက်ခံရဖို့ ရှိနေတယ်လို့ ဖော်ပြပါတယ်။ ထိုင်းမှာ ကာလရှည် နေထိုင်သူတွေလည်း ရှိလာမှာဖြစ်တာကြောင့် အာဏာပိုင်တွေအနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးသာမက ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ လူမှုဖူလုံရေးနဲ့ ပညာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေအတွက် ရေရှည်မဟာဗျူဟာတစ်ခုကို ချမှတ်ရဖို့ရှိလာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ပိုပြီးပါဝင်ဆောင်ရွက်သင့်ပြီး ထိုင်းစစ်တပ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို အသုံးချနိုင်တယ်လို့ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့နဲ့ အဆုံးသတ်ရေး အဓိက အခန်းကဏ္ဍက ပါဝင်ဖို့ အသင့်ရှိနေကြောင်းလည်း စစ်ကောင်စီကို တိုက်ရိုက်အသိပေးနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ့အရေးမှာ အာဆီယံရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာကြောင့် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေး ထောက်ခံအားပေးရမှာလည်း ထိုင်းနိုင်ငံက ပိုပြီးပါဝင်ဆောင်ရွက်သင့်တယ်လို့ ဖော်ပြထားပါတယ်။ ____ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း Sihasak Phuangketkeow ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဥ်။ (Pattaya Mail Photo) #မြန်မာ့အရေး #စစ်ဘေးဒုက္ခသည် #ထိုင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese RFA Burmese Website တွင် ဖတ်ရှုရန်…
Show all...
မြန်မာ့အရေး မျက်ကွယ်ပြုမရကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးဟောင်းပြော

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ထိုင်းနိုင်ငံအနေနဲ့ မျက်ကွယ်ပြုလို့ မရနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း Sihasak Phuangketkeow ရေသားထားတာကို ဘန်ကောက်ပိုစ့်မှာ ဖော်ပြပါတယ်။

👍 25👌 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.