cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ᴷⁿᵒʷˡᵉᵈᵍᵉ ᴾᵃʳᵃᵈⁱˢᵉ🪐

Knowledge posts & Tips 📃 Songs / Motivations channel 🌷 Since. 23.11.2022 မင်းတို့အတွက်mobile library လိုရှိနေမယ် Science , Knowledge ,Psychology tricks တွေလဲတင်မယ်"

Show more
Advertising posts
2 266
Subscribers
+424 hours
+487 days
+25830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

📌ဖုန်းက အင်တာနက် ကို Computer မှာ ချိတ်ဆက် အသုံးပြုနည်း⚡️ 🌱🌟ဖုန်းမှာ internet ဖွင့်ထားပါ။ 🌱🌟 USB ကြိုးဖြင့် Phone နဲ့ computer ကို ချိတ်ဆက်ပါ။ 🌱🌟ဖုန်း settings ထဲဝင်ပြီး connection (🔤🔤) အလားတူ network Connection စသည့်ကို နှိပ်ပါ။ 🌱🌟 Mobile Hotspot and Tethering ကို နှိပ်ပါ။ 🌱🌟USB Tethering ခလုပ်ကို On ပေးလိုက်ပါ။ 🌟 Computer Knowledge 🍡 🤝🤝🤝🤝⚡️ ❤️🔠🔠🔠🔠🔠🌟🔤🔤⬇️ #𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧 #Knowledge
Show all...
For G 12 Students ✨🍀 https://t.me/educationalforG12 #𝘾𝙧𝙚𝙙𝙞𝙩
Show all...
𝗘𝗗𝗨

Grade 12 တွေအတွက်ကို အထူးအားထားပေးပါသည် ။ ။ လုပ်ရင်လွယ်တယ် ။ ဖြစ်အောင်လုပ်ရင် အောင်မြင်မယ် ။

4🐳 2🥰 1
အနောက်တိုင်းယဉ်ကျေးမှုမှာ အမျိုးသားက အမျိုးသမီးကို လက်ထပ်ခွင့်တောင်းတဲ့အခါ အမျိုးသမိီးရှေ့ မြေမှာ ဒူးတဖက်ထောက်ထိုင်ပြီး လက်ထပ်လက်စွပ်နဲ့အတူ လက်ထပ်ခွင့်တောင်းတယ်။ အလယ်ခေတ်ကာလက မင်းမျိုးမင်းနွယ်တွေကို လေးစားသမှုပြတဲ့အနေနဲ့ သူတို့ရှေ့မှာ ဓါးဦးကို မြေမှာထောင်စိုက် ဒူးတဖက် မြေမှာထောက်ထိုင် ဦးညွှတ်ပြီး အခစားဝင်ကြတယ်။ bended knee လုပ်တာဟာ သစ္စာရှိတယ် ရိုသေတယ် ဆိုတဲ့အဓိပ္ပါယ် သက်ရောက်တယ်။ ယခင်က စစ်ပွဲမှာ စစ်ရှုံးတဲ့သူတွေလည်း စစ်နိုင်သူရှေ့မှာ ခုလိုပဲ ဒူးတဖက် မြေမှာထောက်ပြီး လက်မြှောက်ကြောင်း အရှုံးပေးကြောင်း ပြသခဲ့တယ်။ အဲဒါကိုအတုယူပြီး လက်ထပ်ခွင့်တောင်းတဲ့အခါ အမျိုးသမီးရှေ့ ဒူးတဖက် မြေမှာထောက်ပြီး သစ္စာရှိကြောင်း ပြသတာပါ။ သူ့ဘဝတခုလုံး အမျိုးသမီးထံ လက်မြှောက်ပုံအပ်တယ်ပေါ့။ 😪😪😪 Respect. Honor. Surrender ပေါ့။ MHA11092024 crd to original uploader 👇👇 https://www.facebook.com/100083937567156/posts/pfbid02QZkitvV1RKjBGcHt3zQds3XWWTKNJLNGtZ3prpLMC1424R8HbbdNaExNiYxHNqyEl/?mibextid=xOYQyo
Show all...
Log in or sign up to view

See posts, photos and more on Facebook.

15🥰 4❤‍🔥 1🍓 1
မြန်မာလိုလေး သေချာသိအောင် လေ့လာနိုင်ဖို့ ဒီ channel တွေကိုအမြဲကြည့်နေပေးပါနော် မြန်မာလိုအဓိပ္ပာယ်သေချာသိသွားရင် English လိုသင်ပေးတဲ့ channel တွေ ဆက်တင်ပေးပါမယ် အဆင်ပြေကြပါစေရှင့်❤️ အကျိုးရှိရင် တခြားသူတွေကိုလည်း Channel linkလေး shareပေးနိုင်ပါတယ်နော်🤭
Show all...
18👍 2
Computer Science နဲ့ပက်သက်ပြီး မင်မင်လေ့လာဖြစ်တဲ့ YouTube channel တွေသိချင်ကြလား?👀 Programming and Graphic design အတွက် အဓိကပါနော် :)Anonymous voting
  • Of course, I wanna know.
  • No, I don't interest in C.S
0 votes
8🍓 1
Today is national wife day ✨❤️ Marriage ဖြစ်ပြီးသားသူတွေရှိရင် မေ့နေမှာစိုးလို့အသိလာပေးတာပါနော်😉 ကိုယ့်ရဲ့အနာဂတ်ဇနီးလောင်းလေး ရှိတဲ့သူတွေကိုအသိပေးတာပါနော် National girlfriend day က august မှာပြီးသွားပါပြီနော်🤭 လက်ထက်ဖို့ရည်ရွယ်ထားတဲ့သူတွေလည်း အချင်းချင်းနားလည်မှုအပြည့်နဲ့ ရွှေလက်မြဲသွားနိုင်ကြပါစေရှင့်🫶 #Owner
Show all...
26🍓 2
လူညံ့နဲလူတော်ကို ဘယ်အရာက သိသိသာသာ ခွဲခြားပေးသလဲဆိုတော့ အခက်အခဲ အကျပ်အတည်းတွေပါ။ လူညံ့တွေက သူတို့ဘဝ အဆင်မပြေတော့တာနဲ့ အခြားသူတွေကိုအပြစ်တင်ခြင်း၊ စိတ်ညစ်နေခြင်း၊ အလုပ်မလုပ်တော့ခြင်းသာမက စိတ်ထင်ရာ လျှောက်လုပ်နေပြီး အရင်လို ပြန်ကောင်းလာဖို့ တည်ငြိမ်လာဖို့ကိုပဲ ဆုတောင်းနေကြပါတယ်။ လူတော်တွေကတော့ ထိုကဲ့သို့မဟုတ်ပါဘူး။ ဒီအလို အခက်အခဲတွေ အကျပ်အတည်းတွေကို အခွင့်အလမ်းတစ်ခုအဖြစ်မြင်ပြီး ဒီအခြေအနေတွေထဲကနေ ဘယ်အရာတွေကို ကိုယ့်အတွက် ဆွဲယူရမလဲလို့ စဥ်းစားကြတာပါ။ စိတ်ပျက်နေခြင်း၊ စိတ်ဓာတ်ကျနေခြင်းတွေ မရှိပါဘူး။ ဒီအကြောင်းအရာတွေကြောင့် အကျပ်အတည်းတွေက လူညံ့နဲ့လူတော်ကို ကွဲပြားစေတာပါပဲ။ #Owner #crd_to_owner_with_respect #Knowledge #Notes #personal_growth #𝘾𝙧𝙚𝙙𝙞𝙩 #NoteTaking
Show all...
13❤‍🔥 3🍓 1
Reaction မပေးကြဘူးနော်😞 စိတ်ဓာတ်လေးတွေသိလိုက်ရပါပြီ #Owner
Show all...
25😐 6🕊 3💋 2😁 1🍓 1
အယုံအကြည်ရှိရှိမရှိရှိ တကယ်အသုံးလိုနေတဲ့သူတွေအတွက် Forward ပေးတာပါ‌ရှင့် ကပ်ကြီး3ပါးမှာ မြန်မာနိုင်ငံကအလူးအလဲ ခံနေရတာကြောင့် ကိုယ့်ကိုးကွယ်ရာဘာသာကိုယုံကြည်စွာ ၀တ်ပြုနိုင်ကြပါစေ အခက်အခဲတွေအမြန်ဆုံး ကျော်လွှားနိုင်ကြပါစေနော်❤️✨ Sweet dreams 😴
Show all...
22❤‍🔥 5🥰 2🍓 1
ကပ်ကြီးသုံးပါးမှ လွတ်မြောက်ဖို့ ပဌာန်းစည်းချကြပါစို့https://www.sarphat.com/articles/20222 ကျွန်မတို့ မြန်မာနိုင်ငံတွင်.... ၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။ ၂။ သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။ ၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။ ဟူသော ကပ်ကြီးသုံးပါးဟာ တစ်ပါးပြီးတစ်ပါး ကပ်ဆိုက်၍ လာခဲ့ရပါပြီ။ ထိုဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်နိုင်ဖို့ရာ ကျွန်မတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါးကို မမေ့မလျော့ ယခင်ထက်ပိုမို ကိုးကွယ်ဆည်းကပ်ကြရန် လိုအပ်လာခဲ့ပါပြီ။ ကျွန်မ တရာတစ်ပုဒ်နားကြားဖူး၏။ ထိုတရားတော်ထဲတွင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးလွတ်မြောက်နိုင်သော "ပဌာန်းစည်းချနည်း" အကြောင်းကို ကျွန်မပြန်လည် မျှဝေပေးချင်ပါသည်။ ကျွန်မတို့မှာ ပဌာန်းဆိုသည် (၂၄)ပစ္စည်း ရှိသည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပြီးဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့သည် ✓ (၂၄) ပစ္စည်းကို မည်ကဲ့သို့ စည်းချရမလဲ။ ✓ ပဌာန်းစည်းချထားလျှင် မည်သည့်အန္တရာယ်များကို ကာကွယ်ပေးနိုင်မည်နည်း။ ✓ ပဌာန်းစည်းချထားခြင်း၏ အကျိုးကျေးဇူးများကို မြန်မာပြည်သူများအတွက် အကျိုးရှိစေဖို့ ကျွန်မကိုယ်တိုင် စည်းချနေသော ပုံစံနှင့်တကွ ရေးသားသွားပါမည်။
ပဌာန်းစည်းချနည်း
ကျွန်မတို့တွင် "အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်၊ အနောက်မြောက်" ဟူ၍ အရပ်(၈)မျက်နှာ ရှိသည့်အလျောက် ပထမဦးစွာ အရှေ့မြောက်အရပ်မှ စတင်၍ ပစ္စည်း(၃)စီ ရွတ်ဆိုပူဇော်ပေးရပါမည်။ အရှေ့မြောက်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်- (၁) ဟေတုပစ္စယော (၂) အာရမ္မဏပစ္စယော (၃) အဓိပတိပစ္စယော အရှေ့အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်- (၄) အနန္တရပစ္စယော (၅) သမနန္တရပစ္စယော (၆) သဟဇာတပစ္စယော ‌အရှေ့တောင်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်- (၇) အညမညပစ္စယော (၈) နိဿယပစ္စယော (၉) ဥပနိဿယပစ္စယော တောင်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်- (၁၀) ပုရေဇာတပစ္စယော (၁၁) ပစ္ဆာဇာတပစ္စယော (၁၂) အာသေဝနပစ္စယော အနောက်တောင်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်- (၁၃) ကမ္မပစ္စယော (၁၄) ဝိပါကပစ္စယော (၁၅) အာဟာရပစ္စယော အနောက်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်- (၁၆) ဣန္ဒြိယပစ္စယော (၁၇) ဈာနပစ္စယော (၁၈) မဂ္ဂပစ္စယော အနောက်မြောက်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်- (၁၉) သမ္ပယုတ္တပစ္စယော (၂၀) ဝိပ္ပယုတ္တပစ္စယော (၂၁) အတ္ထိပစ္စယော မြောက်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်- (၂၂) နတ္ထိပစ္စယော (၂၃) ဝိဂတပစ္စယော (၂၄) အဝိဂတပစ္စယော ထိုကဲ့သို့ တစ်အိမ်လျှင် တစ်ယောက်နှုန်းသည် တစ်မေ့လျှင် အနည်းဆုံး တစ်ကြိမ် ပုံမှန်၊ အချိန်မှန် ရွတ်ဖတ်ပူဇော်ပါက ယခုလက်ရှိဖြစ်ပျက်နေသော ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ပါလိမ့်မည်။ ထိုမျှမက တစ်အိမ်လျှင် တစ်ယောက်ထဲ မဟုတ်ဘဲ တစ်မိသားစုလုံး (ဝါ) အိမ်သူ/သားများအားလုံးသည် တစ်နေ့လျှင် (၃)ကြိမ်နှင့်အထက် ရွတ်ဖတ်ပူဇော်နိုင်ပါက ပိုမို၍ ထိရောက်ကာ ဘေးအန္တရာယ်အပေါင်းမှ ကွေကွင်းခွင့် ရရှိကြပါလိမ့်မည်။ ကျွန်မ ရွတ်ဖတ်ပူဇော်သည့်အခါ ကျွန်မသည် မြန်မာနိုင်ငံမှ ပြည်သူ/သားများအတွက်ပင် မဟုတ်ဘဲ "တစ်လောကလုံးတွင် မှီတင်းနေထိုင်ကြပါသော သက်ရှိသတ္တဝါများ အားလုံးအတွက်" ရည်ရွယ်ကာ ရွတ်ဖတ်ပူဖော်ပါသည်။ ထို့ကြောင့် ကျွန်မ၏ စာဖတ်သူလေးများသည် ယခု ကျွန်မရေးသားခဲ့သော "ကပ်ကြီးသုံးပါးမှ လွတ်မြောက်ဖို့ ပဌာန်းစည်းချကြပါစို့" အမည်ရှိ ဆောင်းပါးလေးအား ဖတ်ရှုလေ့လာပြီး လိုက်နာကျင့်သုံးကာ "ကပ်ကြီးသုံးပါးအပြင် အခြားအခြားသော ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ပါစေ" ဟု ကျွန်မ စာရေးသူ = "မြ (စံကားဝါမြေ)"မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။
မေတ္တာရပ်ခံချက် - ယနေ့ဆောင်းပါးလေးသည် ဘာသာရေးဆောင်းပါးဖြစ်သောကြောင့် "မြ"အစား "ကျွန်မ"ဟူသော နာမ်စားကို အသုံးပြုထားခြင်း ဖြစ်ပါသည်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်..... ✍️ မြ (စံကားဝါမြေ) #SarPhat #Mya_Kyaukpadaung 14.9.2024(Saturday)
Show all...
ကပ်ကြီးသုံးပါးမှ လွတ်မြောက်ဖို့ ပဌာန်းစည်းချကြပါစို့ - မြ (စံကားဝါမြေ)

ကျွန်မတို့ မြန်မာနိုင်ငံတွင်.... ၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။ ၂။ သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။ ၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။ ဟူသော ကပ်ကြီးသုံးပါးဟာ တစ်ပါးပြီးတစ်ပါး ကပ်ဆိုက်၍ လာခဲ့ရပါပြီ။ ထိုဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်နိုင်ဖို့ရာ ကျွန်မတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါးကို မမေ့မလျော့ ယခင်ထက်ပိုမို ကိုးကွယ်ဆည်းကပ်ကြရန် လိုအပ်လာခဲ့ပါပြီ။ ကျွန်မ တရာတစ်ပုဒ်နားကြားဖူး၏။ ထိုတရားတော်ထဲတွင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးလွတ်မြောက်နိုင်သော "ပဌာန်းစည်းချနည်း" အကြောင်းကို ကျွန်မပြန်လည် မျှဝေပေးချင်ပါသည်။ ကျွန်မတို့မှာ ပဌာန်းဆိုသည် (၂၄)ပစ္စည်း ရှိသည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပြီးဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့သည် ✓ (၂၄) ပစ္စည်းကို မည်ကဲ့သို့ စည်းချရမလဲ။ ✓ ပဌာန်းစည်းချထားလျှင် မည်သည့်အန္တရာယ်များကို ကာကွယ်ပေးနိုင်မည်နည်း။ ✓ ပဌာန်းစည်းချထားခြင်း၏ အကျိုးကျေးဇူးများကို မြန်မာပြည်သူများအတွက် အကျိုးရှိစေဖို့ ကျွန်မကိုယ်တိုင် စည်းချနေသော ပုံစံနှင့်တကွ ရေး

17❤‍🔥 4😍 2🍓 1😭 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.