cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

သင်ရိုးဝင်စာအုပ်များနှင့်ဆရာလမ်းညွှန်စာအုပ်များ

အတန်းလိုက်စာအုပ်များနှင့်ဆရာကိုင်များစုစည်းတင်ပြထားပါသည်

Show more
Advertising posts
7 820
Subscribers
+1224 hours
+1307 days
+79030 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Repost from N/a
အိကီဂိုင် စည်းမျည်း (၁၀) ချက် (၁) တက်တက်ကြွကြွနေပါ။ အငြိမ်းစားမယူပါနဲ့။ ကိုယ်လုပ်ရပျော်တဲ့ အရာတွေကို စွန့်လွှတ်လိုက်တာနဲ့ သူတို့တွေရဲ့ ဘဝရည်ရွယ်ချက်တွေဟာလည်း ပျောက်ဆုံးသွားတော့တာပဲ။ ဒါကြောင့် ကိုယ့်ရဲ့ရာထူး၊ တာဝန်တွေကို စွန့်လွှတ်လိုက်ရင်တောင် ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ဆက်လုပ်ဖို့၊ တိုးတက်မှုတွေရှိအောင်လုပ်ဖို့၊ တခြားသူတွေအတွက် အလှတရားတွေဖန်တီးပေးဖို့၊ မိမိကိုယ်ကို အသုံးဝင်အောင်နေဖို့၊ ကူညီပေးဖို့၊ ကိုယ့်ပတ်ဝန်း ကျင်ကို လှပအောင် ဖန်တီးဖို့ ကြိုးစားပါ။ (၂) ဖြည်းဖြည်းသက်သာလုပ်ပါ။ ဘဝကို အလျှင်စလိုနေထိုင်ခြင်းဟာ ဘဝရဲ့ အရည်အ သွေးနဲ့ပြောင်းပြန်အချိုးကျတယ်။ “ဖြေးဖြေးသွားရင် ခရီးပိုရောက်တယ်” ဆိုတဲ့ ရှေးခေတ်စကားပုံလိုပေါ့ ။ အလျှင်လိုတာတွေကို ကျောခိုင်းလိုက်တာနဲ့ ဘဝနဲ့ အချိန်တွေဟာ ကိုယ့် ဘဝအတွက် အဓိပ္ပါယ်တစ်မျိုးပြောင်းသွားလိမ့်တယ်။ (၃) အစာအိမ်မှာ ပြည့်မနေပါစေနဲ့။ သက်ရှည်ကျန်းမာဖို့ဆိုရင် စားသောက်ခြင်းနဲ့ ပတ်သက်လာရင် နည်းလေ ပိုကောင်းလေလို့ ဆိုရမှာပါပဲ။ ၈၀ ရာခိုင်နှုန်း စည်မျှည်းအရ ပိုကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေချင်ရင် ဗိုက်တင်းအောင် စားမယ့်အစား တကယ်လိုအပ်တာထက် နည်းနည်းလျော့စားသင့်ပါတယ်။ (၄) မိတ်ဆွေကောင်းတွေ ထားရှိပါ။ မိတ်ဆွေတွေဆိုတာ အကောင်းဆုံးဆေးဝါးတွေပါပဲ။ ကိုယ့်ရဲ့ စိုးရိမ်စိတ်တွေကို ယုံယုံကြည်ကြည် ဖွင့်ပြောလို့ရတဲ့ မိတ်ဆွေမျိုး၊ ကိုယ့်ရဲ့အတွေ့အကြုံတွေကို မျှဝေပြောပြနိုင်တာမျိုး၊ အကြံဉာဏ်တွေ ရယူနိုင်တာ၊ ပျော်ပျော်ရွှင်ရွှင်နေနိုင်တာ၊ စိတ်ကူးယဉ်ကြတာ တနည်းအားဖြင့် ဘဝကို အတူတူ ပျော်ရွှင်စွာဖြတ်သန်းမယ့် မိတ်ဆွေမျိုးပေါ့။ (၅) နောက်မွေးနေ့တစ်ပွဲ ကျင်းပနိုင်အောင် ကျန်းမာရေးကို ဂရုစိုက်ပါ။ ရေဆိုတာ လှုပ်ရှားနေတတ်တဲ့ သဘာဝရှိတယ်။ ရပ်တန့်မနေပဲ ဒီလိုလှုပ်ရှား စီးဆင်းနေမှလည်း သူ့ရဲ့ကြည်လင်မှုကို ထိန်းသိမ်းနိုင်မှာပေါ့။ ဘဝတလျှောက် ရွှေ့လျား လှုပ်ရှားနေတဲ့ လူ့ဘဝဟာလည်း အချိန်အကြာကြီး ဆက်လက်ရှင်သန်နိုင်ဖို့ နေ့စဉ် ထိမ်းသိမ်းမှုလေးတော့ လိုအပ်တာပေါ့။ ဒိ့အပြင် ကိုယ်လက်လှုပ်ရှားမှုဟာ လူကို ပျော်ရွှင်အောင်ပြုလုပ်ပေးတဲ့ ဟိုမုန်းတွေကိုလည်း ထုတ်လွှတ်ပေးနိုင်ပါသေးတယ်။ (၆) ပြုံးပါ။ စိတ်လက်ပျော်ရွှင်ခြင်းဆိုတာ အနားယူရုံ သက်သက်မဟုတ်ပါဘူး။ မိတ်ဆွေဖွဲ့ရာမှာလည်း ပိုလွယ်ကူစေပါတယ်။ လောကရဲ့ အားနည်းချက် ချွတ်ယွင်းချက်တွေကိုလည်း သတိပြုဖို့လိုသလို ကိုယ်တို့ဟာ ဒီလို အလား အလာတွေ ပြည့်နှပ်နေတဲ့ ကမ္ဘာကြီးမှာ ရောက်နေတဲ့ အားသာချက်ကိုလည်း မမေ့ဖို့လိုပါတယ်။ (၇) သဘာဝတရားနဲ့ ပြန်ဆက်စပ်ပါ။ ဒီနေ့ခေတ်မှာ လူတော်တော်များများဟာ မြို့ကြီးပြကြီးတွေမှာ နေကြပေမယ့် လူဆိုတာ သဘာဝတရားကြီးအတွက် မွေးဖွားလာခဲ့တယ်ဆိုတာ မမေ့သင့်ပါ။ ဒါကြောင့် မိမိကိုယ်ကို အားအင်သစ်တွေလောင်းဖို့ သဘာဝတရားနဲ့ မကြာမကြာ ထိတွေ့ပေးပါ။ (၈) ကျေးဇူးတင်ပါ။ ကိုယ့်ကို အသက်ရှုခွင့်ပေး၊ အစားအသောက်တွေပေးတဲ့ ကိုယ့်ဘိုးဘေးဘီဘင်တွေ နဲ့ သဘာဝတရားတွေကို ကျေးဇူးတင်ပါ။ ကိုယ့်ဘဝကို သာယာလှပစေတဲ့ ကိုယ့်ရဲ့ မိသားစု၊ မိတ်ဆွေနဲ့ တခြားအရာတွေကိုလည်း ကျေးဇူးတင်ပါ။ ဒီလို ကျေးဇူးတင်တတ်တဲ့ အကျင့်ကို နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် ကိုယ့်ဘဝကို တစ်နေ့ထက်တစ်နေ့ ပိုကျေနပ်စွာ နေနိုင်လာလိမ့်မယ်။ (၉) လက်ရှိ ပစ္စုပ္ပန်တွင်သာ နေထိုင်ပါ။ အတိတ်ကို နောင်တရနေတာ၊ အနာဂတ်ကို ကြောက်နေတာတွေကို ရပ်လိုက်ပါ။ ကိုယ်ပိုင်ဆိုင်တာဟာ ဒီနေ့ပါပဲ။ ဒီနေ့ကို အကောင်းဆုံး အသုံးချပါ။ နေ့စဉ်ဘဝကို အလှပဆုံးဖန်တီးပါ။ (၁၀) အိကီဂိုင် အတိုင်းနေထိုင်ပါ။ ကိုယ့်ရင်ထဲမှာ ကိုယ့်ဘဝနောက်ဆုံးအချိန်ထိ မိမိကိုယ်ကို အကောင်းဆုံးဖန်တီးသွားနိုင်မယ့် အရည်အသွေး၊ ဘဝကို အဓိပ္ပါယ်ပြည့်ဝစေတဲ့ စိတ်အားထက်သန်မှုတစ်ခု ရှိနေပါတယ်။ ကိုယ့်ရဲ့ အိကီဂိုင် ဘာလဲမသိရင် အဲဒီအရာကို ရှာဖွေဖို့ဆိုတာ ကိုယ့်ဘဝရဲ့ ပင်မပန်းတိုင်ပါပဲလို့ ဗစ်တာဖရင်ကယ်က ပြောခဲ့ဖူးပါတယ်။ Credit :အီကီဂိုင်(မောင်သန်း)
Show all...
15👍 3
Show all...
နိုးရှင်းဆိုတာ ဘာတဲ့လဲ ? What is notion ?

Notion ဆိုတဲ့ platform လေးကို မိတ်ဆက်အနေ နဲ့ ရှင်း ပြထားပါတယ်ဗျ အကယ်၍ Notion နဲ့ပတ်သတ်တာတွေကို ပို သိချင်တယ် ဆိုရင် လဲ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ် ကျနော်ကို ဆက်သွယ်လို့ ရမယ့် နည်းတွေကို ဒီ Link လေးမှာ တွေ့နိုင်ပါတယ် 👉🏻👉🏻👉🏻

https://thelapyae.com

👈🏻👈🏻👈🏻 Video ထဲ က ပြောတဲ့ Weekly Tracker Template လေးကိုလဲ အပေါ်က လင့်ခ်ထဲ့မှာ ယူနိုင်ပါတယ် ခင်ဗျ✌🏻 Channel လေးကို Subscribe လုပ်ထားပေးဖို့ လဲ ဖိတ်ခေါ်ချင်ပါတယ် 🙋🏻‍♂️ အမှားပါခဲ့ရင်လဲ ကြိုတင် သည်းခံပေးဖို့ မေတ္တာရပ်ခံ ပါရစေခင်ဗျာ 🙏🏻 #Notion #notionmyanmar #မြန်မာလိုရှင်း #ပေါချောင်ကောင်း #template #thelapyae #myanmarguy

3
https://www.facebook.com/share/p/zkHQPkvCAV6RV4j5/?mibextid=oFDknk Notion By Bhone ရဲ့ Notion သုံးနည်း အခမဲ့သင်တန်းလေးပါ Channel gpနဲ့လုပ်တာမို့ လုံခြုံရေးစိတ်ချရပါတယ် ဒုတိယဦးနှောက်လို့တင်စားရလောက်အောင်ထိ ကိုယ့်ဘဝရဲ့ Planတွေ Project တွေ Knowledge တွေ စသည် စသည်ဖြင့် အချက်အလက်တွေ ကို စနစ်တကျထိန်းသိမ်းမှတ်သားပေးတဲ့ Notion ကို လေ့လာချင်ရင် fb page ကတစ်ဆင့် စာရင်းပေးသွင်းလိုက်ပါဗျ
Show all...
Log in or sign up to view

See posts, photos and more on Facebook.

4👍 1
Photo unavailableShow in Telegram
စစ်တောင်းမြစ်ရေသတိ ပဲခူးတိုင်းအရှေ့ပိုင်း ဖြူး ကညွှတ်ကွင်း ပဲနွယ်ကုန်း ရွှေကျင် ကျောက်ကြီး ကျောက်တံခါး အင်တိုင်းကုန်းရွာ ပိန်းဇလုပ် ကညှင်ကျိုး ပေါက်တော ညောင်လေးပင် ဒေသတွေရဲ့ စစ်တောင်းမြစ်အနီးမြေနိမ့်နေရာဒေသနေထိုင်ကြသူများ စစ်တောင်းမြစ်ရေအန္တရာယ်ရှိပါတယ် ဘေးအန္တရာယ်ကင်းကြပါစေ 16/09/2024 2:21am(MMT) Crd Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
Show all...
20😢 8👍 4
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.