cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

Poem story

Channel က​နေ ကြိုဆိုပါတယ် ပြန်မထွက်ကြပါနဲ့​နော် လိုချင်တာရှိရင်လာ​ပြောလို့ရပါတယ်​နော Owner acc_ @Jeoan_is_a_lier စာ​ပေးချင်တာရှိရင်လာ​ပြောလို့ရပါတယ်🍀🍀

Show more
Advertising posts
160
Subscribers
+524 hours
+147 days
+5030 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ဘယ်သူ့ကိုမှ မမုန်းပါနဲ့ ဒါပေမဲ့ ကိုယ့်ကို တန်ဖိုးမထားသူတွေနဲ့တော့ ဝေးဝေးနေပါ...။        -  မောင်သာချို Channel ​လေးjoinပေးကြပါ___https://t.me/poem_by_jeoan
Show all...
Poem story

Channel က​နေ ကြိုဆိုပါတယ် ပြန်မထွက်ကြပါနဲ့​နော် လိုချင်တာရှိရင်လာ​ပြောလို့ရပါတယ်​နော Owner acc_ @Jeoan_is_a_lier စာ​ပေးချင်တာရှိရင်လာ​ပြောလို့ရပါတယ်🍀🍀

❤ 3
သီအိုရီတစ်ခု ကမ္ဘာတစ်ဖက်မှာ လူနှစ်ယောက် ရယ်မောသံတွေလွှမ်းနေရင်.. ကမ္ဘာတစ်ဖက်မှာ လူတစ်ယောက် အရက်နာကျပြီး နွမ်းကြေနေမယ်။  ။ - ဂန္ဓမာ
Show all...
💯 1
ဒီကမ္ဘာ တစ်ပတ်ပြည့်တဲ့အခါ ပြန်ဆုံနိုင်အုံးမလား သံသရာတစ်ပတ်ပြည့်တဲ့အခါ​ရော ကျွန်​တော်တို့​တွေပြန်ဆုံနိုင်ကြပါအုံးမလား ​လော​လောဆယ်​တော့ ကျွန်​တော်တို့ပြန်ဆုံရန်မရှိ.... #jeoan
Show all...
😢 2
''ရှာပုံတော်'' မြို့ပြရထားကို တနဂ်နွေတိုင်း တစ်ပတ်အောင် လိုက်စီးတယ် ဘယ်ဘူတာမှာ မင်းစောင့်နေမလဲ သံသရာ တစ်ပတ်မလည်သေးဘူး ထင်ပါရဲ့ ဘယ်ဘူတာမှာမှ မင်းကို ရှာမတွေ့ခဲ့ဘူး ရင်ခုန်တွေ အသက်မပါတော့တာကြာပြီ တွေးကြည့်လိုက်တိုင်း မွန်းကျပ်ရတဲ့ ဝေဒနာ ဆိုးတစ်ခု နှစ်ခု သုံးခုလဲ ဖြစ်နိုင်ပါတယ် လုပ်ရက်တိုင်းက တိုက်ဆိုင်မှုတွေဖြစ်နေတော့ အချိန်တိုင်း သတိရတယ်မေ။ လမ်းထိပ်က လက်ဖတ်ရည်ဆိုင် ယိုင်နဲ့နဲ့ ဆိုက်ကာကလေး တစ်ကိုယ်ရည်စာ လုံလောက်မှုမရှိတဲ့ ထီးတစ်ချောင်း နှစ်ယောက်အတူဆောင်းလာတဲ့ စုံတွဲတစ်ခု ဖိနပ်ပြတ်သွားတဲ့ ကောင်မလေး အားလုံးဟာ အမှတ်ရစရာတွေပါ ဒီဝဋ်ဒုက္ခမှာ ငါဟာပျော်လို့ ပြန်မလာသူကို လိုက်ရှာနေမိတယ် မိန်းခလေးရေ ပြန်လာသည်ဖြစ်စေ ပြန်မလာသည်ဖြစ်စေ  ငါရှာနေပါမယ် စံပယ်ဖြူရောင် ကိုယ်သင်းနံ့လေး ဘယ်ရင်ခွင်မှာလဲ ကွယ်။ #Naung -လွန်းနောင် 27.7.2025
Show all...
❤ 4
ငါဟာ လူငယ်တစ်ယောက် ရည်ရွယ်တာတွေများတဲ့ လူငယ်တစ်ယောက်။ ပန်းတွေဝေကာမွှေးဖို့ဆို မြေဆီကတော့ အဆိပ်မသင့်ဖို့လိုတယ်လေ။ ပေါင်းပင်အိုတွေ မြေဆီကိုအဆိပ်သွင်းနေတာ ငါတို့ရှင်သန်ရာကို အဆိပ်သွင်းနေတာ ငါတို့အနာဂတ်ကိုအဆိပ်သွင်းနေတာ ထိုင်ကြည့်မှာလားလူငယ်တို့၊ နှင်းဆီပီပီ ဆူးခက်ဖွင့်ကာ ၀င့်ကြွားလိုက်စမ်း။ လူငယ်ပီပီပေါ့ကွာ...... #ရဲနီမျိုး
Show all...
ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့တဲ့ နေ့တွေလည်း ရှိခဲ့တယ် ဘယ်သူ့ကို မျှော်လင့်ပြီး ရှေ့ဆက်ရမှန်း မသိတဲ့ နေ့တွေလည်း ရှိဖူးတယ် ဘာဆက်ဖြစ်မယ်ဆိုတာကိုလည်း ငါတို့မှာ ရွေးချယ်ခွင့် အကြွင်းမရှိ ။ -နွေသစ်ငြိမ်း
Show all...
😢 4
Repost from N/a
သို့ အလွမ်းအဆွေး စာချုပ် ch မှ တာ၀န်ရှိသူများ ကဗျာ၊စာတိုရေးသားခြင်းကို အားပေးသော်လည်း သင်တို့ ch သည်လောင်းကစားကြော်ငြာတင်ခြင်း၊အခြားကလောင်ရှင်များ၏ကဗျာများကို ခိုးယူခြင်းများပြုလုပ်ခြင်းများကိုပြုလုပ်နေသည်ကိုတွေ့ရှိရသည်။ ထိုသို့ အရှက်ရစရာ၊မလျော်ညီသော လုပ်ရပ်များကို ကဗျာဆရာများသမဂ္ဂမှ အပြင်းအထန်ကန့်ကွက်ကြောင်း ကြေညာပါသည်။ သို့ဖြစ်ပါ၍ လောင်းကစားကြော်ငြာတင်ခြင်းကိုရပ်တန့်ပေးပါရန် အခြားကလောင်ရှင်များ၏ကဗျာများယူသုံးပါက ကဂုဏ်သိက္ခာရှိစွာ ကလောင်အမည်တပ် credit ပေးရန် owner မှ သေချာကွပ်ကဲပေးပါရန် ပန်ကြားအပ်ပါသည်။ ကဗျာဆရာများသမဂ္ဂ အတွင်းရေးမှူး ထက်အရုဏ်
Show all...
❤ 3
"ဒီဇင်ဘာနဲ့တူတဲ့​မေ" ချယ်ရီပန်း​လေး​တွေက ​မေနဲ့တူတယ် ​မေလမှာပွင့်တဲ့ပန်း​တော့မဟုတ်ဘူး ဒီဇင်ဘာမှာပွင့်တဲ့ပန်း... #NG
Show all...
❤ 3
အချစ်ဆိုတဲ့​ လျှောက်တဲ့လမ်းချင်းပဲတူခဲ့ကြတာ​လေ သ​ဘောထားဆိုတဲ့ ​ခြေလှမ်းချင်းမညီမျှခဲ့​တော့ ကျွန်​တော်တို့လည်းတဖြည်းဖြည်းနဲ့ ​ဝေးခဲ့ကြရတာ​ပေါ့.... #jeoan
Show all...
😢 4
လူရှု" ပ်တဲ့နေရာတွေလဲ မကြိုက်ဘူး။ စိတ်ရှု" ပ်တဲ့အရာတွေလဲမကြိုက်ဘူး။ 🤍 | #crd #Spring
Show all...
❤ 6
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.