cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ကဗျာ ဗိမ္မာန်

ကဗျာဗိမ္မာန်မှ လူကြီးမင်းတို့အတွက် နေ့စဥ်မပျက် ကဗျာတွေမထပ်စေရန် ကြိုးစားပေးနေပါတယ်ဗျ။ ဘာလိုပါသလဲ၊ ဘာရှာပါသလဲ မိတ်ဆွေ ၊ ကဗျာတွေသာရပါမည်။ Channel date...18.10.2023

Show more
Advertising posts
17 274
Subscribers
+11024 hours
+4817 days
+2 41730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

မင်းအနားရှိခဲ့တဲ့အချိန်တွေကို သတိရတယ် အတိတ်က မင်းကိုလည်း သတိရတယ် အရာရာပါပဲ။ အခုတော့ ရေနွေးကြမ်းကို လက်ဖက်ခြောက်တစ်ပိဿာလောက် ထည့်ထားမိသလို ခါးတူးလန်နေတာ အဲ့လိုဖြစ်နေတာတောင် ဆက်သောက်နေမိတာကတော့ ငါ့အမှားပေါ့။ -နော်ယာ
Show all...
45💔 21
လမ်းမှာတွေ့ရင်တောင် သူစိမ်းတစ်ယောက်လို နေပေးရတဲ့အထိ ငါတို့ချစ်ခဲ့ကြတယ်..။ - မယ်ညို
Show all...
💔 59 20
မင်းမျက်နှာကိုတွေ့တာနဲ့ ပြစ်မှားချင်စိတ်ကော လေးစားချင်စိတ်ကော တပြိုင်နက် ဖြစ်ပေါ်မိတယ်။ အဲဒီလို မိန်းမ ကမ္ဘာပေါ်မှာ မင်းတစ်ယောက်ပဲ ရှိပါတယ်။ ။ -လှသန်း
Show all...
69🍓 11💔 4
"ပညာတွေလည်း သိပ်မတတ်ချင်ပါဘူးဗျာ။ လွမ်းစရာ သိပ်များတဲ့ လောကကြီးမှာ ပညာနဲ့လွမ်းရတာ အနာဆုံးပဲ" "ဘာကိုဆိုလိုတာတုန်းဗျ" "ဪ....မဖြစ်သင့်တာတွေ ဖြစ်တာကိုမြင်ရင် ဖြစ်သင့်တာက တစ်မျိုးဆိုတဲ့ ‌အတွေးနဲ့ နှမြောနာကျင်ရတာ ပညာတတ်တွေရဲ့ ဝဋ်ဒုက္ခပဲလေ" -တာရာမင်းဝေ
Show all...
69
တော်ပါ...ဒီသံသရာလွန်ရင်တော့.. ဒီလိုလူတွေနဲ့ ထပ်မတွေ့ပါရစေနဲ့တော့...။ -လရောင်မေ
Show all...
52💔 17
"မောင်ဖတ်ဖို့" မောင့်ကိုလွမ်းလို့ မောင်ဖွာတဲ့ဆေးလိပ်လေး တစ်ခါခဲလိုက်ရင် မောင့်နှုတ်ခမ်းအရသာရနေပြီပဲ နုရီ အလွမ်းပြေပါတယ်။ မောင့်ကိုလွမ်းလို့ မောင့်အင်္ကျီလေး ယူဝတ်လိုက်ရင် မောင့်ကိုယ်သင်းအနံ့လေးမွှေးနေပြီပဲ နုရီ အလွမ်းပြေပါတယ်။ မောင့်ကိုလွမ်းလို့ မောင့်ခေါင်းအုံးလေး ဝင်မှေးစက်ရင် မောင်နဲ့အမှတ်တရတွေဟာ မနေ့တစ်နေ့ကလိုပဲမို့ နုရီ ကျေနပ်ပါတယ်။ မောင့်ကိုလွမ်းလို့ မောင့်အကြောင်းတစေ့တစောင်း တွေးတွေးလိုက်မိရင် တစ်ချိန်က နုရီ ခုံလှုံဖူးတဲ့ မောင့်ရင်ခွင်ငယ်လေး တစ်ခြားတစ်ယောက်အစားထိုးမှေးစက်နေမလားဆိုတဲ့အတွေးတွေကလည်း ထပ်ခါထပ်ခါနုရီကို နှိပ်စက်ပြန်တယ်။ -နုရီ
Show all...
55💔 17🍓 2
"ကလေးမရယ် အကို"ကလေ ဒါကဒီလိုရှိပါတယ်ဆိုတဲ့ မကုန်နိုင်တဲ့ အကို့"ရဲ့နှုတ်က အပြောချိုချိုဆင်ခြေပေါင်း သောင်းခြောက်ထောင်ကြားမှာ ကိုးပြစ်ရှိလည်းကြေအေးရ ဆယ်ပြစ်ရှိလည်းကြေအေးရနဲ့။ -kate
Show all...
💔 99 37🍓 6💘 3💯 2
အမှတ်တမဲ့ တွေ့ဆုံမှုလေးကနေ အမှတ်တရ အချစ်တွေဖြစ်ခဲ့တယ် တစ်နေ့ကျရင် အမှတ်တရတွေနဲ့ ဒီလို ဝေးရလိမ့်မယ်လို့ ဘယ်သူထင်ခဲ့ပါ့မလဲ။ -ဖြူ
Show all...
💔 99 17🍓 15
ချစ်ခြင်းကိုသာ ဖယ်ကြည့်လိုက်ရင် အရာအားလုံးဟာ ဒဏ်ရာတွေချည်းပါပဲ ဘာကြောင့် မငိုသလဲ မေးရင် "သိပ်နာကျင်လွန်းလို့" လို့ ဖြေရပါလိမ့်မယ်။ -အောင်ချိမ့်
Show all...
💔 105 20💘 4🍓 2
ညဉ့်နက်သန်းခေါင်းကြီး  ငိုနေတဲ့ ကျွန်မကို အမေ့က ပြောတယ် ကလေးလဲ မဟုတ်တော့ဘူး ရင့်ကျက်စမ်းပါသမီးရယ်တဲ့ -မေ
Show all...
💔 76🍓 9 2
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.