cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

Ao-Movies MMSub

Movies channel

Show more
Advertising posts
18 718
Subscribers
-1124 hours
-1037 days
-38830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

1:45:10
Video unavailable
Under Paris (2024) NF.720p
Show all...
Under Paris (2024) NF.720p.mp41523.80 MB
❤ 4
Photo unavailable
Under Paris ( 2024 ) ၂၀၂၄ ဇွန်လ ၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Paris Under ရုပ်ရှင်ကတော့ Action၊ Drama၊ Horror၊ Thrillerအမျိုးအစားစုံလင်လှတဲ့ငါးမန်းရုပ်ရှင်သစ်ဖြစ်ပါတယ်။၂၀၂၄ နွေရာသီအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့စိန်းမြစ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့သုံးမျိုးစုံအားကစားချန်ပီယံရှစ်ပြိုင်ပွဲကြီးကိုကျင်းပတော့မယ့်အချိန်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ဆိုဖီယာနဲ့ငယ်ရွယ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူမီကာတို့ဟာ စိန်းမြစ်ထဲမှာ ငါးမန်းကြီးတစ်ကောင်ရောက်နေတာကို သိရှိလိုက်ရပါတယ်။အစောပိုင်းမှာ ငါးမန်းကြီးတစ်ကောင်တည်းလို့ထင်ခဲ့ကြပေမယ့်တကယ်တမ်းမှာတော့ မြစ်ထဲမှာ အဲဒီငါးမန်းကြီးကသားပေါက်ထားတဲ့ငါးမန်းတွေအများကြီးရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ ပါရီမြို့တော်ဝန်ကတော့ မြစ်ထဲမှာငါးမန်းရှိမှန်းသိလျက်နဲ့မြစ်ထဲကအားကစားပွဲကိုမဖျက်သိမ်းဘဲ ဆက်လက်ကျင်းပသွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဆိုဖီယာတစ်ယောက်ရွေးချယ်စရာမရှိတော့ဘဲ စိန်းမြစ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အာဒီးလ်နဲ့ပူးပေါင်းပြီး မြို့လယ်ခေါင်မှာ ငါးမန်းတွေကြောင့်လူအစုလိုက်အပြုံလိုက်သေဆုံးမှုမဖြစ်အောင်ကြိုးစားကြရပါတော့တယ်….
Show all...
❤ 3
2:01:17
Video unavailable
Ultraman: Rising (2024)
Show all...
Ultraman Rising (2024) NF WEB-DL,720p(CM).mp41054.22 MB
❤ 1
  • Photo unavailable
  • Photo unavailable
Ultraman: Rising (2024) ဇာတ်လမ်းလေးကို ပြောရရင်တော့ Ken Sato ဆိုတဲ့ကျွန်တော်တို့ရဲ့ အဓိက ဇာတ်ကောင်က အိုလာတဲ့သူ့အဖေအရင် Ultraman နေရာကို ဝင်ဖို့အတွက် သူ ဘေ့စ်ဘောနဲ့အောင်မြင်နေတဲ့ အမေရိကန်ကနေ ဂျပန်ကို ပြန်လည်ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ သူ ဂျပန်ပြန်ရောက်လာတဲ့အချိန်မှာ သူ့ရဲ့ Ultraman တာဝန်၊ ဘေ့စ်ဘောပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ တာဝန်တွေပိနေတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ မိသားစုတာဝန်တွေပါရောက်လာတဲ့အခါမှာ သူ ဘယ်လို ဒီတာဝန်တွေကြားရုန်းကန်ရမလဲ။ အဆုံးသတ်မှာ သူ့အတွက် ဘယ်လိုဇာတ်သိမ်းမှာလဲ။ သူ့ရဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေကရောဘယ်လို ကူညီစောင့်ရှောက်ပေးနိုင်မှာလဲ စတာတွေကိုအရမ်းမိုက်တဲ့ animation style နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ငယ်ငယ်က nostalgic feeling လေးပြန်ရဖို့ ကြည့်လိုက်ကြရအောင်နော်….
Show all...
❤ 6
1:47:56
Video unavailable
IF (2024)
Show all...
972.09 MB
Photo unavailable
IF (2024) ဇာတ်လမ်းအကျဉ်း *** ကလေးတိုင်းမှာ စိတ်ကူးယဉ်သူငယ်ချင်း ရှိတတ်ကြပါတယ်။ သူတို့ အကျင့်စရိုက်အတိုင်း၊ သူတို့ဆန္ဒအတိုင်း ပုံဖော်မိထားတဲ့ သူငယ်ချင်း လေးတွေပေါ့။ ပုံစံအစုံ ရှိနိုင်ပါတယ်။ အဲဒီ သူငယ်ချင်းတွေက သူတို့ကိုယ်သူတို့ What If “အကယ်၍” ဆိုပြီး နာမည်ပေးထားတယ်။ အဲဒီလို စိတ်ကူးယဉ်သူငယ်ချင်းတွေရဲ့ သနားစရာကောင်းတဲ့အချက်ကတော့ သူတို့ကို ဖန်တီးတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ကို မေ့သွားပြီး မမြင်နိုင်တော့သလို သူတို့အချင်းချင်းက လွဲပြီး ဘယ်သူမှမမြင်နိုင်ပါဘူး။ တစ်နေ့မှာတော့ အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းတွေ အကုန်လုံးကို မြင်နိုင်တဲ့ ကလေးမလေးတစ်ယောက်က သူတို့အားလုံးကို ကလေးသူငယ်ချင်းတစ်ယောက်စီ ကြိုးစားပါတော့တယ်… Crd
Show all...
Photo unavailable
Demon Slayer: Kimetsu no Yaiba -Season4 ဟာရှီရာလေ့ကျင့်ရေးဆိုတဲ့အတိုင်းပဲ ပြီးခဲ့တဲ့Season မှာ ဟာရှီရာ ၂ယောက်နဲ့အတူ အထက်အဆင့်မိစ္ဆာ၂ကောင်ကို ဆော်ခဲ့တဲ့ တန်ဂျီရိုတို့အဖွဲ့ကို ပိုပြီး သန်မာစေလာစေဖို့ အတွက် ဟာရှီရာတွေအကုန်လုံးက သူတို့ကျွမ်းကျင်တဲ့အပိုင်းတွေကို အပြင်းအထန်လေ့ကျင့်ပေးကြမှာဖြစ်ပြီး ဟာရှီရာတွေကလည်း ပြီးခဲ့တဲ့တိုက်ပွဲအတွင်း ခန်ရိုဂျီနဲ့တိုခီတိုမှာပေါ်ထွက်ခဲ့တဲ့ အမှတ်အသားထွက်ပေါ်လာအောင်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ်။ နေရောင်ဒဏ်ခံနိုင်သွားတဲ့ နဲဇူကို ကို မူဇန်ကလည်း သူ့လူတွေကိုအသုံးချပြီးတော့ ဘယ်လိုရအောင်ခေါ်ထုတ်မှာလဲ။ မိစ္ဆာနှိမ်နင်းရေးတပ်ဖွဲ့ကရော ဘယ်လိုမျိုးအင်အားတောင့်တင်းအောင် လေ့ကျင့်ရေးတွေလုပ်ဆောင်မလဲဆိုတာ ဒီ Season မှာကြည့်ရှုရမှာဖြစ်ပါတယ်။ Demon Slayer: Kimetsu no Yaiba -Season4 Ongoing Episode 01 Episode 02 Episode 03 #Crd to CM
Show all...
❤ 1
Photo unavailable
Wind Breaker (2024) Season (1) ဇာတ်လမ်းအကျဉ်းကတော့ အောက်တန်းအကျဆုံးလူတိုင်းကအမုန်းဆုံး သောက်ဖက်မလုပ်ခံရဆုံးလူတွေဝိုင်းကျဉ်တာခံရဆုံးဆိုတဲ့ သာမန်လူနဲ့ မတူပဲ ဆံပင်က တစ်ဝက်တစ်ရောင်စီ မျက်လုံးကတစ်ဖက် တစ်ရောင်စီ ဖြစ်နေတဲ့ Sakura ဆိုတဲ့ လူပေလူတေလေး တစ်ယောက် Furin ဆိုတဲ့မြို့က Furin အထက်တန်းကျောင်းက လူဆိုးလူမိုက်များလွန်းလို့ နာမည်ကြီးနေတယ်ဆိုပြီးကျောင်း တက်ဖို့ Furin မြို့ ရောက်လာပါတယ်။ သူ့စိတ်ထဲမှာလည်း အားနည်းတဲ့လူဆို အထင်မကြီး သန်မာတဲ့ကောင်တွေကိုလိုက်ရှာပြီး ချမယ် သူ့ကိုနိုင်ရင် သူ့ထက်သာတယ် ဒီလိုနဲ့ ထိပ်ဆုံးကိုတက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငဖိုက်လုပ်ဖို့ ရောက်လာတာ။ ရောက်ရောက်ချင်းမှာတင် ကော်ဖီဆိုင်က ကောင်မလေးတစ်ယောက်ကို လူမိုက်တွေ အနိုင်ကျင့်ရာကနေ ဝင်ကူမိရာက ဒီ Furin မြို့နဲ့ Furin အထက်တန်းကျောင်းလူမိုက်တွေဆိုတာ သူထင်ထားသလိုတွေ ဖြစ်မနေပဲ အကုန်လုံးက တလွဲဖြစ်နေတဲ့အခါမှာတော့…..။ Season (1) Ongoing Episode 01 Episode 02 Episode 03 Episode 04 Episode 05 Episode 06 Episode 07
Show all...
❤ 3❤‍🔥 1
1:44:36
Video unavailable
My Oni Girl (2024)
Show all...
My.Oni.Girl.2024.720p.NF.WEB-DL.YK(CM).mp4635.79 MB
❤ 7
  • Photo unavailable
  • Photo unavailable
My Oni Girl (2024) ================ ဇာတ်လမ်းလေးက ချစ်ဖို့ကောင်းပြီး တောတောင်ရှုခင်းတွေ၊ မြို့ပြပုံရိပ်တွေကိုအန်နီမေးရှင်းပြုထားတာတွေက လှတာကြောင့် ကြည့်ရတာနွေးနွေးထွေးထွေးဖြစ်စေမယ့်ရုပ်ရှင်လေးပါပဲ။ ရုပ်ရှင်ရဲ့ နာမည်ထဲက အိုနီဆိုတာကတော့ ဂျပန်ဒဏ္ဍာရီတွေထဲက ဘီလူးအနွယ်ဝင် Yokai တစ်မျိုးပါ။ ဇာတ်လမ်းကတော့.. တဖက်သားကို အင်မတန်ကူညီတတ်တဲ့ ယာဆူစဲဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ တစ်နေ့မှာတော့ လမ်းမှာဒုက္ခရောက်နေတဲ့ ဆူမူဂီဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆူမူဂီကတော့ သူ့အမေကိုလိုက်ရှာဖို့အတွက် တောင်ပေါ်ကနေဆင်းလာတဲ့ အိုနီဘီလူးမလေးတစ်ကောင်ပါ။ ယာဆူစဲဟာ သူ့အမေကိုလိုက်ရှာဖို့အခက်တွေ့နေတဲ့ ဆူမူဂီကိုကူညီပေးရင်း သူတို့နှစ်ယောက် လူသားချင်းကူညီတတ်သူတွေ၊ စိတ်ထားဖြူစင်တဲ့သူတွေ၊ စွန့်စားခန်းတွေ ကြုံတွေ့ရပုံကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ။
Show all...
❤ 7
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.