cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

နာကျင်စရာစွန့်စားခန်းများ

For the ladies we loved, For the ladies we lost.

Show more
Advertising posts
561
Subscribers
No data24 hours
+127 days
+830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

လမ်းခွဲ မရောက်ချင်တဲ့ လမ်းနံပတ် ချိတ်မထားတဲ့ လမ်းခွဲကို တို့ရောက်ခဲ့ပြီ... မောင်... ချစ်ခဲ့တုန်းက အမှတ်တရများစွာကို ဘာတစ်ခုမှ အမှတ်မရခဲ့တာတွေ အတွက် ကျေးဇူးပါရှင်ရယ်... ​မောင် က အမှတ်မရခဲ့ပေမဲ့ ဒီရင်မှာတော့ အမှတ်အသားတွေက များသား မ က ဘယ်လောက် ဆွဲထား ဆွဲထား မောင် က မ နဲ့ဝေးရာကို ပြေးထွက်သွားတာပါပဲ block ထားမှန်းသိသိရက်နဲ့ အကြိမ်ကြိမ်ခေါ်ခဲ့မိတဲ့ အရူးမကြီးပါ မောင်... အဆင်ပြေပါရဲ့လား... အဆင်ပြေမယ်လို့ မ ကတော့ထင်တယ် မောင် က ကိုယ်ချစ်တဲ့သူနဲ့ ဖြစ်ချင်တာဖြစ်ပြီး ဖြစ်ခွင့်ရတာကိုပဲ မောင် ပျော်နေလောက်ပါပြီ တစ်ချိန်က ငိုခဲ့မိ သမျှတွေက ရင်ဘတ်တွေသိပ် နာ တာ ပဲ ကွယ် စွဲလန်းမိတဲ့ မောင့် အပြုံးတွေက တဆစ်ဆစ်ကိုက်တယ် မောင့် မျက်ဝန်းညိုတွေကို ဆေးစွဲသလိုစွဲနေတာ မ ဘယ်တရားနဲ့ဖြေရမလဲ... အသစ်တွေ့လို့ အဟောင်းကို မေ့သွားတဲ့ မောင် စိတ်နာသလို သိပ်လွမ်းခဲ့ပါတယ် သစ္စာဆိုတာ အသစ်ကိုရှာတာပါလို့ မောင် က မ ကို တစ်ခြားအမျိုးသမီးလေးလက်ကို ဆွဲလို့သက်သေပြတယ် မ က နေတာကြာအောင် နေကြာပန်းတွေ ဘုရားကပ်ပေမဲ့ မောင် က အသစ်တွေ့ရအောင် သစ်ခွပန်းတွေ ဘုရားကပ်ခဲ့တယ် ထင်ပါတယ် ပြန်မလာပါနဲ့တော့ မောင် ပြန်လာမလားလို့လဲ မမျှော်တော့ဘူး မောင် ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့ နူတ်ခွန်းဆက်သပါ၏ ဆိုတဲ့ ဆိုင်းဘုတ်လေးတွေမြင်တိုင်း မောင့် ကိုသတိရတယ် မောင် ဝင်လာတယ် ပြန်ထွက်သွားတယ် ဒီလိုပဲ ဖြေပါတယ် မောင် ပြုံးပြုံးလေးနဲ့ မမုန်းပဲ လမ်းခွဲကြတာပေါ့ကွယ် မောင် က ပုံပြင် အပြောကောင်းတယ်နော် တသက်လုံး မခွဲဘူး ဆိုတဲ့ စကားတွေကို မှတ်မိလွယ်အောင် အကြိမ်ကြိမ် ပြောပြခဲ့တယ်နော် မ က ပဲအယုံလွယ်ခဲ့တယ်ပဲ ထားလိုက်ပါကွယ် အသစ်တွေ့သွားတဲ့ ချစ်သူအသစ်စက်စက်လေးရဲ့ ပြောစကားတွေမှာ တစ်ချိန်ကအဟောင်းဟာ မောင့် အတွက် လူဆိုးမကြီးဘာ မောင် ချစ်သူတွေ လမ်းခွဲကြရင် တစ်ချိန်မဟုတ် တစ်ချိန်ပြန်တွေ့ကြရင် ဘယ်သူက လိပ်ပြာပိုလုံသလဲက အရေးကြီးတယ်တဲ့ မ တို့ ပြန်ဆုံတဲ့အခါ အပြုံးတွေနဲ့နူတ်ဆက်ဖို့ အတွက် အားမွေးထားပါ ပေးခဲ့ဖူးတဲ့ မေတ္တာတရားတွေမှာ အပေါ်ယံတွေတစ်ခုမှ မပါခဲ့တဲ့အတွက် မ က လိပ်ပြာလုံစွာ ပြုံးနိုင်ပါတယ် မောင်...။ #ခန့်ထည်
Show all...
7
သင်တို့ဘုရား ငါ မဖူး ___ ဓာတ်လား နတ်လား ပညတ်လား ပရမတ်လား ဘာဘာညာညာ မကွဲပြား သင်တို့ယောင်ခြောက်ဆယ်ဘုရား ငါ မဖူး မင်းတဆက် တက်ရင် နန်းမြို့ အသစ်ပြုမယ် နေပြည်တော် ရွှေ့မယ် ဟူးရားတို့ဝါဒနဲ့ ယတြာဘုရားတည်မယ် သင်တို့ဂြိုဟ်သိမ်ဂြိုဟ်ပဲ့ဘုရား ငါ မဖူး မြင့်မြတ်သော အတုမရှိဗုဒ္ဓရှေ့ နာမဝိသေသနပေါက်လွှတ်ပဲစားတွေ တပ်ဆင်ထားပုံ ဆုတောင်းပြည့် ဝဋ်ကြွေးကျေ အရူးပျောက် စော်ကြည် ထီပေါက် နိဗ္ဗာန်ရောက် အခု ငြိမ်းချမ်းရေးတဲ့လား သင်တို့ကလေးကင်ပွန်းတပ်ဘုရား ငါ မဖူး ဗုဒ္ဓကို မတွေ့ရှိလိုက်တဲ့ တီကောင်တွေ အထွေးလိုက် ရူးခါနေကြပုံ အောက်တန်းစားဆန်တယ် ဆူညံတယ် သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပ ကင်းတယ် သင်တို့ဖွဲအဖျဉ်းဘုရား ငါ မဖူး မင်းခမ်းမင်းနားသဘင်ထဲက ရွှေရောင်စူးကျင့်နေတဲ့ အာရာမ် ဆင်းတု စေတီ နတ်ကွန်းများ ပလွှားဂုဏ်မောက်သော အရပ်၌ ဗုဒ္ဓ နေတော်မမူ သင်တို့ဂုဏ်သရေရှိဘုရား ငါ မဖူး ငြူစူတယ် ဝန်တိုတယ် အပျော်အပါးကို လောက်တဖွားဖွား ရေအိမ်လို တပ်မက်တယ် အချင်းချင်း ဆန့်ကျင်တယ် ခြေထိုး ဆွဲငင်တယ် ဖိနပ်ကို လျှပ်တိုက်စီးသလို အတွေးအခေါ်ပါးလျားတယ် သင်တို့ပညာမဲ့ဘုရား ငါ မဖူး ဗုဒ္ဓ မိန့်တဲ့ မောဃပုရိသတွေ ဗုဒ္ဓ စက်ဆုပ်တဲ့ တုစ္ဆပုဂ္ဂလတွေ ဒီမိုကရေစီထက် ပိုစောတဲ့ ဂဏစနစ်အကြောင်း ပြောရင်း နှစ်ယောက်ရှိ သုံးဂိုဏ်းခွဲကြည့်ချင်တဲ့ သူရဲကောင်းရူးတွေ သင်တို့အယောနိသောမနသိကာရဘုရား ငါ မဖူး မမြင်ဖူး မူးမြစ်ထင်သလို ဗုဒ္ဓကို မသိမြင်လေလေ ဘုရား တ လေလေ ချစ်သားတို့ရေ.. ဝေလေလေ သပ္ပုရိသအပေါင်း မျောက်လောင်းတို့ရေ.. ဝေလေလေ အေ.. သင်တို့ဝေလေလေဘုရား ငါ မဖူး တရားဦးဓမ္မစကြာရဲ့အမှတ်အသား စက္က(တရားစက်ဝန်း)အစား လော်စပီကာအပေါက်ဝိုင်းကြီးအား အရှက်တရားမဲ့ ရွံ့ဖွယ်လိလိ တပ်ဆင်လဲလှယ်ကြ သင်တို့အမနာပဘုရား ငါ မဖူး ဗုဒ္ဓက လွတ်လပ်တော်မူလို့ ဗုဒ္ဓကို သင်တို့အလေအလွင့်ဘုရားက ကွယ်ပလို့ ဓမ္မက သဘာဝကျယ်ပြောလို့ ဓမ္မကို သင်တို့ကျဉ်းကျပ်ကျုံ့ဝင်သောတရားက ကွယ်ပလို့ အို ဆူညံသော အသုရကာယတို့ သင်တို့ ချီးပသောဘုရား ငါ ငြင်းဆန်ပါရဲ့ သင်တို့ ထိုးကျင့်သောတရား ငါ ငြင်းဆန်ပါရဲ့ အို ပိန်ဖျင်းသော ပေတတိရစ္ဆာန်တို့ ငါ့မှာ တဆူတည်းသော တိတ်ဆိတ်သူ ဗုဒ္ဓဟာ ရှိပြီးဖြစ်ရဲ့ ထို့ကြောင့် သင်တို့ဘုရား ငါ မဖူးလိုလို့။ -ကေဇဝင်း (1982-2021)
Show all...
2
ကဗျာဆရာလိုလို နိုင်ငံရေးသမားလိုလို ဒီကောင့်ကိုချစ်ရတာ မင်းမှာ သိပ်ပင်ပန်းခဲ့မှာပဲ ။ #ကေဇဝင်း
Show all...
Photo unavailableShow in Telegram
ဘဒ္ဒကမ္ဘာမှာမင်းကိုပဲချစ်တယ် #ခန့်ထည်
Show all...
7
သောက မြို့တော် နာကျင်မှုတွေတခမ်းတနား အလွမ်းအဆွေးတွေတခမ်းတနား ဒဏ်ရာတံတိုင်းတွေနဲ့ မျက်ရည်တွေ သိုက်သိုက်ဝန်းဝန်းနဲ့စည်စည်ကားကားပဲ နာနာကျင်ကျင် ထိထိခိုက်ခိုက် တလွမ်းလွမ်း တဆွေးဆွေး အုံနဲ့ကျင်းနဲ့ခမ်းနားထည်ဝါစွာတည်ရှိနေတဲ့ ဥပေက္ခာခြံစည်းရိုးနဲ့ သွေးထွက်လွန်နေတဲ့ သတိရခြင်းတွေနဲ့ပဲ တည်ရှိနေဆဲဖြစ်တဲ့ သောကမြို့တော်ရဲ့အလည်ဗဟိုတည့်တည့်မှာ ကျွန်တော်ရောက်နေပါတယ်... #ခန့်ထည်
Show all...
3
နေ့ခြင်းညခြင်း ရေတွေကြီး မြေတွေပြိုပြီး လူတွေ၊သေကြ ရုတ်တရက်ကြီးအဆက်အသွယ်‌‌တွေ ပြတ်သွားကြတော့.... Ko Thar Htwe ရေးထားတဲ့ ကြည်လင်ခြင်းနေ့စွဲများ စာအုပ်ထဲက "ပြန်မဆုံဖြစ်ကြဘယ်လိုလုပ်မလဲ" ဆိုတဲ့ အပုဒ် လေးကို သတိရမိတယ် တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ မခေါ်ဘဲနေကြတဲ့ အချိန်တွေမှာ တစ်‌ယောက်"များ ၊သေသွားရင် ဘယ်လိုလုပ်မလဲ နှောင်တရနေမှာတဲ့.... နောက်မှတွေ့မယ်ဆိုပြီး ထပ်မတွေ့ ဖြစ်တော့တဲ့သူတွေ အများကြီးရှိ တယ်တဲ့.... မသေချာမရေရာတဲ့ အချိန်တွေမှာ နှောင်တမရဖို့ ရှိနေတဲ့အချိန်လေးမှာ မာနတွေမထားပဲ.... ကိုယ့်အနားမှာရှိတဲ့သူတွေနဲ့ အကြာကြီး အဆက်အသွယ်ပြတ်ပြီး မထားထားဖို့ရယ် ရှိတဲ့အချိန်လေးမှာ ကောင်းပေးဖို့ရယ် ချစ်တဲ့အကြောင်းတွေ ခနခနပြောဖို့ရယ် လိုအပ်တယ်မလား။ -Thethtooaung ကီရာ_ဟော်ရာ #crd_to_owner_with_respect #KayZin
Show all...
🥰 4 2💔 1
နာကျင်မှုဖြင့်ရေးစပ်ခြင်း ကောင်မလေးရေ... စိတ်ကူး ပေါက်မှ လာပေးတဲ့ မေတ္တာတွေကိုလဲ ချစ်နေရပါတယ်... မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်တဲ့ မင်း ရောင်ပြန်ဟပ်တဲ့ မေတ္တာတွေက ကိုယ့်ဆီဟုတ်တာတွေကလဲ ဂေါ်တယ် ကြယ်တွေ ဘယ်လောက်ပဲ ကြွေကြွေ ကိုယ့်အပေါ်ကို ကြွေမလာတဲ့ ကြယ်လေးဟာ မင်းဘာပဲကွယ်... မင်း ငါ့ ကို ပလေး ပုံလေးက သိပ်ချစ်စရာကောင်းတယ် အဆင်ပြေရဲ့လား မင်းထပ်တူကျတဲ့ ရင်ခွင်တစ်စုံမှာ အပြုံးခြင်း ဝတ်မှုံကူးပါ အနမ်းခြင်း ဖလှယ်ပါ အမှတ်တရဆိုပြီး တစ်ကြိမ် နှစ်ကြိမ် ချစ်ပါ... ပြီးရင် ငါ့လာပြီး ဂရုစိုက်နော် စကားနဲ့ လာလို့ သတ်ပါ မင်းရဲ့ ဂရုစိုက်နော် ဆိုတဲ့ စကားဟာ သေတော့မဲ့သူကို အသက်သယ်ဆေးထိုးသလို နှစ်ခါသတ်နေခြင်းမျိုးတွေ ကလေးရေ အထိအတွေ့တွေမှာ ရစ်မူးသွားတဲ့အခါ အချစ်ဖြစ်သွားတာလား မေတ္တာစစ်စစ်တွေ ပေးခဲ့ခြင်းမှာ ငါဟာ ဘေးသာရောက်သွားခဲ့တာ မင်းက မင်းချစ်သူရင်ခွင်ထဲကနေ ငါကို မေ့ပန်းတွေဝေပြတယ် မေတ္တာဟာ မေ့တာသာဖြစ်ကြောင်း မင်းချစ်သူလက်မောင်းလေး ကိုက်ကာ မင်းက သက်သေပြတယ် မင်းထင်လိုက်တဲ့ my day က အပုံဟာ ငါ့အတွက် ခုန်နေဆဲ နှလုံးသားတစ်ခုဟာ ကူကယ်ရာမဲ့သွားစေခဲ့တယ် ရှင်နေလျက် သေတယ်ဆိုတာ ဒါပေါ့ ဖီးလ်ပဲ ငါတို့တွေ အသည်းကွဲရင် ဘယ်လောက်ကြာကြလည်း... ယောကျာ်းတန်မဲ့ မျက်ရည်ဝဲအောင် မင်းကိုငါချစ်တယ်... ပေးသောမေတ္တာတွေ ဘယ်လောက်ပဲ အေးမြ အေးမြ မလိုသူတွေ အတွက်တော့ ပူလောင်ခြင်း တစ်မျိုးပဲတဲ့ ငါဆင်ဆင်ခြင်ခြင် ချစ်နေပါ့မယ်ကွယ် သရဖူဆောင်းထားတဲ့ နာကျင်မှုတွေဟာ ဒဏ်ရာတွေနက်ခဲ့တော့ အချစ်ဆိုတဲ့ ရင်ခုန်သံ သမိုင်းဟာ မလှပခဲ့ သတိရတိုင်း မျက်ရည်လည်တဲ့ အကျင့် လွမ်းတိုင်း မျက်ရည်ကျတဲ့ နာကျင်မှု မလွယ်ဘူး တ ကယ် ကို မ လွယ် ဘူး ဒါဟာ ဝဋ်ကြွေးတသစ်ခုဆိုရင် ဒီဘဝမှာ ကြေပါစေ ဆုတောင်းရင်း နောက်ဘဝအတွက် ကူးတို့ခ ကျပ်ပြားစေ့မှာ ငါမင်းနာမည်ရေးထားလိုက်တယ် ဒါကြောင့်လဲ ငါဟာ ကျရှုံးမှုကိုလေးလေးစားစားနှစ်လိုရင်း နာကျင်မှုတွေ လက်ရာမြောက်ခဲ့ပါပြီ အဲဒီစွဲလန်းမှုမျိုးတွေနဲ့ စိတ်ဒုက္ခတွေကို အချိန်ဟာ ပိုကျယ်ပြန့်သွားသလို ခံစားရင်း ကိုယ့်မျက်ရည်နဲ့ကိုယ် ကျိုချက်သောက်သုံးနေရပါတယ် ချစ်ခြင်းမေတ္တာဆိုတာ ငါ့အတွက်တော့ စေတန် စေလွတ်လိုက်တဲ့ ကျိန်စာတစ်ခုပါပဲ နှလုံးသားက မေတ္တာပန်းဟာ တစ်သက်စာ ဖြားယောင်းသွားတော့ မခူးခင်က ကြွေခဲ့ရင်း ရပ်တန့် သေဆုံးခဲ့ရပါတယ် ဒါကို အချစ်လို့ ခေါင်းစဥ်မတပ်တော့ပါဘူး ငါဟာ မကြားချင်လို့ နားနှစ်ဖက်ပိတ်ထားပါရဲ့နဲ့ ကြားရတဲ့ မင်းသတင်းတွေက ငါရင်တခုလုံး မောဟိုက်သွားတယ် ကိုယ့်တစ်ကိုယ်စာ နိုင်ငံတော်နဲ့ ကိုယ့်အလံတော်အောက်မှာ ကိုယ့်အလွမ်းနဲ့ကိုယ် ရွက်လိုလွင့်တယ် မင်းက မင်းကောင်ကို သိပ်ချစ်တယ် တဲ့ ငါ သုံးမိနစ်သေတယ် ရွှပ်ရွှပ်ချွှံချှံ ချစ်မိခြင်းနဲ့ ဆုတောင်းပေးလိုက်ပါတယ် မင်းဘယ်လမ်းကို ဘယ်လိုပဲ လျှောက်လျှောက် ခလုပ်မထိ ဆူး မငြိပါစေနဲ့ကွယ် မျှော်လင့်သလောက် မျှော်လင့်ကြည့်တော့ ငါက မင်းနဲ့ လွင့်ဝေး ဝေးကွာခဲ့တာ မေတ္တာပေးပြီး မေ့တာပြန်ပေးတဲ့ ချစ်ခြင်း မေတ္တာဟာ ဂေါ်တယ် ဘယ်တော့လာမလဲလို့ စောင့်နေပေမဲ့ ကိုယ့်ရှေ့မရပ်တဲ့ ခြေလေးတစ်စုံလဲ ဂေါ်တယ် မင်းက ငါဘယ်တော့မှ ပိုင်ဆိုင်ဖို့ မရဲ တစ်ခုတယ်သောအရာ ဘယ်ဘုရားပေါ် ဘယ်လိုပဲ ဆုတောင်း ဆုတောင်း မပြည့်တဲ့ ဆု ဟာ မင်းဘာပါပဲကွယ် မစခင်က ပြီးပါပြီ ထိုးသွားတဲ့ ဇာတ်လမ်းတစ်ပါပဲ မင်းဥပက္ခောပေးတဲ့ အကယ်ဒမီ အလွမ်းမင်းသားကြီး တစ်ယောက်ပါ ကိုယ့်မျက်ရည်နဲ့ကိုယ် ချော့သိပ်နေရတဲ့ နာကျင်သူပါ မင်းပြန်ချစ်ရင်ဆိုတဲ့ ကမ္ဘာလေးထဲမှာ ငါဟာ ကိုယ့်အတွေးနဲ့ကိုယ် ပျော်မွေ့နေတက်တဲ့ အချစ်ရူး ရူးနေသူတစ်ယောက်ပါ တစ်ဖက်သတ်ဆိုတဲ့ ချစ်ခြင်းမေတ္တာ သမိုင်းမှာ ဒဿရဲ့ ဇာတ်လမ်းကို အကျည်းတန်စေခဲ့တဲ့ သူဟာ ငါပါ သူစိမ်းလေးရေ... ချစ်သောရေ... မင်းငါ့ကို ရိုက်သတ်လိုက်တဲ့ ဥပေက္ခာလက်နက်မှာ ငါဆိုတာ အကြိမ်ကြိမ် သေဆုံးခဲ့ရပါတယ် ငါ့ ဘဝ သက်တမ်းတစ်လျှောက် ချူချာခဲ့တဲ့ ချစ်ခြင်းမေတ္တာတရားမှာ ဘယ်သမားတော်ကောင်းကောင်းနဲ့ ကုသ ရ မလဲ ဘယ်တော့မှ မပွင့်တဲ့ တံခါးတစ်ချပ်ဟာ မင်း ဘယ်တော့မှ ကြွေမလာတဲ့ ကြယ်လေးဟာ မင်း အထွက် ရထားရှိပြီး မဆိုက်တဲ့ ရထားဟာ မင်း ကိုယ့်အပေါ် မပြိုတဲ့ တိမ်တွေဟာလဲ မင်း မရွာတဲ့မို့း မလာတဲ့လမ်း မထွန်းဘဲ တင်တဲ့သောင် ကိုယ့်အပေါ် မပွင့်ဝေတဲ့ ပန်း အဲဒီလို အဲဒီလိုမျိုး အဲဒီလိုမျိုးပေါ့ မင်းရဲ့ ဥပေက္ခာတရားတွေက ဂေါ်တယ် ငါတို့ဟာ လွမ်းတာခြင်း မတူလို့ လူချင်းလွဲခဲ့ရတာလို့ စိတ်မှာ ဆင်ခြင်တွေးပြီး မှန်ထဲက ကိုယ့်ကိုယ်ကိုယ် ကြည့်ရင်း ဖတ်ပြီး ငိုလိုက်ရတယ် မင်းက ငါမဟုတ်တဲ့ တခြားသူကို လွမ်းရခြင်းကို ကျွမ်းကျင်နိုင်စွာ အသုံးတော် ခံ ပုံလေးက ဂေါ်တယ် စိမ်းသူရေ ငါမင်းကို မိုးအပြည့် လေအပြည့် မင်းကိုချစ်တယ် ပန်းတွေဝေအောင်လည်း ချစ်တယ် ကမ္ဘာကြီးပိသေမလောက်လဲ ချစ်တယ် ငါမင်းကို တက်ကုန် ရွက်ကုန်အထိ ချစ်နေပါ့မယ် တချို့သောအရာတွေက ခပ်ဝေးဝေးလေးက ငေနေတာပဲ ကောင်းပါတယ်ကွယ်...။ #ခန့်ထည် #နာကျင်မှုဖြင့်ရေးစပ်ခြင်း ၁၆.၉.၂၀၂၄ မြန်မာစံတော်ချိန် ၆နာရီ၁၅မိနစ်
Show all...
5💔 2
မင်းက မင်းချစ်သူရင်ခွင်ထဲကနေ ငါကို မေ့ပန်းတွေဝေပြတယ် မေတ္တာဟာ မေ့တာသာဖြစ်ကြောင်း မင်းချစ်သူလက်မောင်းလေး ကိုက်ကာ မင်းက ငါ့ကို သက်သေပြတယ်... #ခန့်ထည် #နာကျင်မှုဖြင့်ရေးစပ်ခြင်းကဗျာအရှည်မှ
Show all...
3💔 2
အချစ်နဲ့ပက်သက်ရင် ကိုယ်ပဲကျန်ခဲ့ရလို့ အချစ်ပုံပြင်လေးတစ်ပုဒ်လောက် ပြောတက်အောင်သင်ထားရဦးမယ်                                     #ခန့်ထည်
Show all...
8
စိတ်ထားက ဖြူစင်တယ် မဖြူတာက အသား အသလွတ်ကြီးကို မဲနေတာ
Show all...
😁 8
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.