cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Oriole's Byte Bank

လူတိုင်းကို နည်းပညာနဲ့ နီးစပ်စေဖို့ရည်ရွယ်ပြီး ကျွန်မတို့ တည်ရှိနေပါတယ် ။

Show more
Advertising posts
316
Subscribers
No data24 hours
-47 days
+2130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Email မှာ သုံးတဲ့ “ @ ” လေးတွေဘယ်ကနေစလာခဲ့တာလဲ?
ကျွန်မတို့နေ့စဉ် internet အသုံးပြုတဲ့အချိန်တိုင်းမှာ @ ဆိုတဲ့ သင်္ကေတလေးကို email ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ အသုံးပြုရပေမယ့် သင်္ကေတလေးရဲ့ သမိုင်းကြောင်းကို မသိသေးတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ @ သင်္ကေတရဲ့ အစကတော့ ဆယ်စုနှစ်တွေကြာခဲ့ပြီဖြစ်တဲ့ email ကိုစတင်အသုံးပြုတဲ့အချိန်တုန်းကဖြစ်ပေါ်ခဲ့တာပါ။ @ သင်္ကေတကို စတင်ရေးသားသူ ၁၉၇၁ ခုနှစ်မှာ Ray Tomlinson ဆိုတဲ့ ပုဂ္ဂိုလ်က ပထမဆုံး email စနစ်ကို တီထွင်ခဲ့ပါတယ်။ Tomlinson က computer အမျိုးမျိုးကြားမှာ အချက်အလက်ပေးပို့ဖို့အတွက်ရည်ရွယ်ပြီးတော့ email စနစ်ကို ဖန်တီးခဲ့တာပါ။ အဲ့ဒီအချိန်မှာသူက email ရဲ့နာမည်နဲ့ domain name ရဲ့နာမည်တွေကို ခြားနားစေနိုင်တဲ့ သင်္ကေတတစ်ခုလိုအပ်ခဲ့ပြီးတော့ @ ဆိုတဲ့သင်္ကေတလေးကို အသုံးပြုဖို့ရွေးချယ်ခဲ့ပါတယ်။ သူ့ရွေးချယ်လိုက်ရတဲ့အကြောင်းက တော်တော်လေးကိုရိုးရှင်းပါတယ်။ @ သင်္ကေတလေးကထင်ရှားပြီးတော့မှ အခြားသော နံပါတ်တွေ အခြားသော function တွေမှာ မသုံးထားသေးတာမို့လို့ပါ။ @ သင်္ကေတရဲ့ အဓိပ္ပာယ် @ သင်္ကေတက အစမှာ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ စျေးနှုန်းတွေကို တွက်ချက်ဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ @ လေးက “ at the rate of ” ဆိုတဲ့ အဓိပ္ပာယ်ရှိပြီးတော့ 10 items @ $2 လို့​ရေးမယ်ဆိုရင်တော့ item တစ်ခုကို $2 ကျသင့်မှာဖြစ်ပါတယ်။ အဲ့ကနေစလို့ နောက်ပိုင်းမှာတော့ကျွန်မတို့ အသုံးပြုနေတဲ့ email တွေကို user name နဲ့ domain ကို ခွဲခြားဖို့ကြားခံအဖြစ် user @ domain (ဥပမာ - [email protected]) ဆိုတဲ့ ဖွဲ့စည်းပုံဖြစ်လာခဲ့ပါတယ်။ ဒီနေ့အတွက်ကတော့ ပေါ့ပေါ့ပါးပါးဖတ်လို့ရမဲ့ email တွေမှာသုံးတဲ့ @ လေးရဲ့အကြောင်းပါ။ နောက်နေ့တွေလည်း ဒီနေ့လိုအတိုလေးတွေတင်ပေးမှာမလို့ အချိန်ရခဲ့ရင် စာလေးတွေလာဖတ်သွားပါဦးနော်။ သာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင့်။ #@inEmail #adm_oriole #oriole_byte_bank
Show all...
7
Photo unavailableShow in Telegram
Show all...
ဂျင်းထည့်မခံရဖို့ ခင်ဗျားမှာတာဝန်ရှိတယ်

ခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်က ကြားဖူးတဲ့ လိမ်စဉ်တွေ၊ ကိုယ်တိုင်ခံလိုက်ရတဲ့အတွေ့အကြုံတွေ၊ အဖြစ်အပျက်တွေကို ဒီ Link မှာ ဝင်ပြီး မျှဝေပေးခြင်းဖြင့် ကူညီပါ

https://www.gyinnshaung.com/my?utm_source=tbh-labs&utm_medium=social&utm_campaign=online-scam-awareness

ကျွန်တော်တို့ Youtube Page ဘယ်လိုပါသွားတာလဲ?

https://youtu.be/SuaWQ8YFTag

ကျွန်တော်တို့ Facebook Hack ခံခဲ့ရတဲ့အကြောင်း

https://youtu.be/VnvTFRqtSNo

#သတိ #ဂျင်း #ဂျင်းသတိ #သတိအလိမ်ခံရနိုင်တယ် #ဂျင်းရှောင် #scamalert #onlinescam #scam #fraud #အလိမ် #အလိမ်အညာသတိပြု #အ၄လုံးဆောင်ဂျင်းရှောင် ~ TBH Labs နဲ့ အဆက်အသွယ်မပြတ်စေဖို့ ဒီနေရာလေးတွေမှာ Follow လုပ်ထားပေးပါ Website -

https://tbhlabs.com

Facebook -

https://facebook.com/tbhlabs/

Instagram -

https://instagram.com/tbh_labs/

2❤‍🔥 1
ကမ္ဘာ့ပထမဦးဆုံး computer virus ဘယ်ကနေစတင်ခဲ့တာလဲ?
ပါကစ္စတန်လူငယ်နှစ်ဦးဖြစ်တဲ့ Basit နဲ့ Amjad Farooq Alvi တို့က 1986 ခုနှစ်မှာ Brain လို့ခေါ်တဲ့ ကမ္ဘာ့ပထမဦးဆုံး computer virus တစ်ခုကိုတီထွင်ခဲ့ပါတယ်။ အဲ့ဒီအချိန် သူတို့နှစ်ယောက်က Lahore မြို့မှာ medical software ရောင်းချတဲ့ဆိုင်လေးတစ်ခုဖွင့်ထားကြတာပဲဖြစ်ပြီးတော့နောက်ပိုင်းမှာ သူတို့ရဲ့ software တွေနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ကိစ္စတွေနဲ့ ပြဿနာတွေဖြစ်လာကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ မူပိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် Brain ဆိုတဲ့ unique program တစ်ခုကိုဖန်တီးခဲ့ကြပါတယ်။ Program ရဲ့ရည်ရွယ်ချက်က သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ software တွေရဲ့ပြုပြင်ပြောင်းလဲမှုပိုင်းဆိုင်ရာ မူပိုင်ခွင့်တွေကို ကာကွယ်ဖို့ပါပဲ။ ဒါပေမယ့်လည်း သူတို့ရေးထားတဲ့ program လေးကနေပြီးတော့ computer virus ရဲ့အစပြုရာဖြစ်တဲ့ Brain virus တစ်ခုစတင်လာခဲ့ပါတယ်။ Brain virus ဘယ်လိုအလုပ်လုပ်လဲ? Brain virus က အခုခေတ် virus တွေလိုမျိုးတော့တကယ့် computer ကို ထိခိုက်မှုမရှိပါဘူး။ သူက အဲဒီအချိန်တုန်းကသုံးကြတဲ့ primary storage medium တစ်ခုဖြစ်တဲ့ 5.25-inch floppy disk ရဲ့ Boot sector ကိုအဓိကထားပြီးတော့လုပ်ထားတာပါ။ Floppy disk တစ်ခုသာ virus ကူးခံလိုက်ရပြီဆိုရင် အဲ့ဒီ floppy disk ကိုသုံးလိုက်တဲ့ computer တိုင်းမှာ ဒီလို စာသားလေးပြပါတယ်။ --- Welcome to the Dungeon (c) 1986 Basit & Amjad (pvt) Ltd. Virus detected!!! Contact us for inoculation... --- အဲဒီမှာ သူတို့ရဲ့ နာမည်၊ လိပ်စာနဲ့ ဖုန်းနံပါတ်ကို ထည့်သွင်းထားပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က computer အသုံးပြုသူတွေက သူတို့ကိုဆက်သွယ်လာပြီးတော့ မူပိုင်ခွင့်ရဲ့ အရေးကြီးပုံတွေကိုသိစေချင်ခဲ့တာပါ။ ဒီ virus က computer ထဲမှာရှိနေတဲ့စနစ်တစ်ခုလုံးကို မဖျက်စီးပေမဲ့လည်း သူကကူးစက်တတ်တဲ့ virus တစ်ခုဖြစ်နေတာမလို့ user တွေကြားမှာ share လုပ်ပြီးအသုံးပြုနေတဲ့ floppy disk တွေကိုအမြန်အဆန်ကူးစက်သွားပါတယ်။ Brain virus ရဲ့ သက်ရောက်မှု ဒါကြောင့်ပဲ Brain virus က computer တွေရဲ့သမိုင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ Virus တွေက computer system တွေကိုဖျက်စီးနိုင်တယ်ဆိုတဲ့ အရာကိုလည်း လူတွေ နားလည်လာကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ virus တွေကို ကာကွယ်နိုင်တဲ့ program တွေကို ဖန်တီးလာခဲ့ကြပါတယ်။ Brain virus ကနေစခဲ့တဲ့ virus မျိုးဆက်ကအခုဆိုရင်အများကြီးရှိနေပြီပဲဖြစ်ပါတယ်။ Brain virus ကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့တယ်လို့ပြောလို့ရပေမဲ့ ကျွန်မတို့လက်ရှိခေတ်ရဲ့ virus တွေကတော့ ကောင်းတဲ့ထဲပါမယ်လို့မထင်ပါဘူး။ Virus အ​ကြောင်းကတော့ ဒီလောက်ပါပဲစာဖတ်သူလေးတိုရေ။ နောက်ထပ် virus တွေအကြောင်းသိချင်သေးတယ်ဆိုရင်တော့ 👍 လေးပေးခဲ့ကြပါနော်။ သာယာပျော်ရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေရှင့်။ #computer_virus #adm_oriole #oriole_byte_bank
Show all...
3❤‍🔥 1
Photo unavailableShow in Telegram
Photo unavailableShow in Telegram
Hello ... OBB ကနေတင်ပေးနေတဲ့စာလေးတွေကို ဂရုတစိုက်နဲ့ဖတ်ပေးကြတဲ့ စာဖတ်သူလေးတို့ကို Oriole အသိပေးစရာလေးရှိလို့ပါ။ 10 လပိုင်းမှာ Oriole IT စာမေးပွဲရှိတာမလို့ စာလုပ်ဖို့အတွက်အချိန်ပေးဖို့လိုတာရယ် စာမေးပွဲအတွက်စာလေးတွေမပိုင်သေးတာရယ်ကြောင့်မလို့ 10 လပိုင်းတစ်လလုံးကိုတော့ Oriole page မှာဘာမှမတင်ပဲနားမယ်လို့ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ အခု ၉ လပိုင်းမှာတော့ Oriole က အရင်လတွေတုန်းကလိုမျိုး စာအရှည်ကြီးတွေနဲ့မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးရေးလို့ရမဲ့အကြောင်းအရာလေးတွေကို sharing လုပ်ပေးသွားဦးမှာပါ။ စာမေးပွဲပြီးသွားပြီဆိုရင်တော့ အရင်လတွေအတိုင်းစာတွေပြန်လာတင်ပေးသွားမှာပါ။ Oriole ရဲ့ စာမေးပွဲအခြေအနေ‌ကြောင့် ခဏလေးနားလိုက်ရတာကို စာဖတ်သူလေးတို့အနေနဲ့နားလည်ပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ တစ်လဆိုတဲ့အချိန်ကလည်း ဘာလိုလိုနဲ့ကုန်သွားမှာမလို့ သိပ်တောင်ကြာလိုက်မယ်မထင်ပါဘူး။ Oriole page မှာမရှိပေမဲ့လည်း တစ်ခြား admin လေးတွေရှိနေအုံးမှာမလို့ ဒီကြားထဲ စာဖတ်ချင်စိတ်ပေါ်လာရင်တော့ သူတို့ဆီကိုသာ သွားရစ်ကြပါလို့ အကြံပေးချင်ပါတယ်😶‍🌫️ #adm_oriole #oriole_byte_bank
Show all...
❤‍🔥 6
အပေါ်ကမေးခွန်းတွေဘယ်လောက်လောက် မှန်အောင်ဖြေနိုင်ခဲ့လဲ?Anonymous voting
  • none
  • 1
  • 2
  • 3
  • 4
  • 5
0 votes
❤‍🔥 3
Modern website development အတွက် အသုံးပြုလေ့ရှိတဲ့ language မဟုတ်တာ ဘာလဲ?Anonymous voting
  • HTML
  • CSS
  • Photoshop
  • JavaScript
0 votes
Application တစ်ခုကို တည်ဆောက်တဲ့နေရာမှာ ပထမဆုံး အဆင့်က ဘာလဲ?Anonymous voting
  • Coding ရေးခြင်း
  • Design ဆွဲခြင်း
  • Idea နဲ့ လိုအပ်ချက် ရှာဖွေခြင်း
  • Market တွင် တင်ပြခြင်း
0 votes
👏 1
ကလေးတွေ Digital Literacy ရှိဖို့ ဘာကြောင့် အရေးကြီးတာလဲ?Anonymous voting
  • ကလေးတွေကို Computer သုံးနည်း သင်ပေးစရာမလိုတော့လို့
  • ကလေးတွေ Internet ကို ပိုလုံခြုံစွာ အသုံးပြုနိုင်စေဖို့
  • ကလေးတွေကို စာဖတ်တတ်အောင် လေ့ကျင့်ပေးဖို့
  • ကလေးတွေကို TV ပိုပြီး ကြည့်စေဖို့
0 votes
👏 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.