cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Made in Abyss Mmsub / Mmsub Anime Movies

Credit to original uploader and Translators.

Show more
Advertising posts
2 797
Subscribers
-424 hours
-57 days
No data30 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Join ထားကြဖို့👇👇 နိူင်ငံခြားကားများ 1+2 https://t.me/Mmsub_movie_2 https://t.me/Light_Movie_MM ကုလားကားများ https://t.me/Indian_movie_2_0 တရုတ်ကားများ https://t.me/Mmsubchinesemovie ကိုရီးယားကားများ https://t.me/Badland_Hunters_Mmsub ကာတွန်းကားအစုံ https://t.me/cartoon_moviesmmsub ဂျပန်Anime series X movie အစုံ https://t.me/best_anime_movies_mmsub အကောင်ကားအစုံ https://t.me/Rampage_mmsub 2024ထွက်ဇာတ်ကားသစ် collection https://t.me/new_movie_mmsub
Show all...
👍 1
Photo unavailableShow in Telegram
Cast Away (2000) ဒီကားဟာဆိုရင် နာမည်ကျော်မင်းသားကြီး Tom Hanks အဓိကသရုပ်ဆောင်ထားတာဖြစ်ပြီး 2000 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ် Tom Hanks ဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်လာတုန်းမှာ သူစီးလာတဲ့ လေယာဉ်ဟာ ရာသီဥတု ဒဏ်ကြောင့် မခံနိုင်ပဲ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပေါ်ပါလာတဲ့လူတွေလဲ တစ်ယောက်မှအသက်မရှင်ပါဘူး။ သူတစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်။ သူဟာ လူမရှိတဲ့ ကျွန်းပေါ်ကိုရောက်ခဲ့ပါတယ်။ ကျွန်းပေါ်မှာ ဘယ်လိုနေထိုင်စားသောက်မလဲ ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲ ဆိုတာကို ဂရုဏှာသက်စွာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်လို့ ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ #Cast_Away_2000 #Tom_Hanks_Movies VD Link https://t.me/forrestgumpmmsub/131
Show all...
👍 2
Horror ကားကောင်းလေးတွေတင်ပေးထားတယ် မကြည့်ရသေးရင်သွားကြည့်လိုက်😘👇👇 Dead Snow https://t.me/Zombieland_Mmsub/37 Godzilla Minus One (2023) https://t.me/Rampage_mmsub/26 Sharknado (1 to 4) https://t.me/Something_In_The_Water_Mmsub/29 Underworld 1 to 5 https://t.me/Blackout_Mmsub/12?single
Show all...
ကိုရီးယားကား သီးသန့် channel ထပ်လုပ်ထားပါတယ် so join ထားကြ🫶🫶 https://t.me/Badland_Hunters_Mmsub
Show all...
Badland Hunters Mmsub / ကိုရီးယားကား စာတန်းထိုး

Badland Hunters Mmsub The Movie ကိုရီးယားကား စာတန်းထိုး

The Sixth Secret (2022) ================ ဆုပေါင်း ၁၄ ဆုအထိရရှိထားတဲ့ Comedy/Horror/Mystery အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒါရိုက်တာ Mart Sander ရဲ့လက်ရာကောင်းတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ဇာတ်ကားရဲ့ နာမည်အတိုင်း လျှို့ဝှက်ချက် ခြောက်ခုကို တဖြည်းဖြည်းနဲ့ဖော်ထုတ်သွားတာမျိုးပေါ့ ဇာတ်အိမ်ကလေးကတော့ ဝိညာဉ်တွေနဲ့ဆက်သွယ်ပြီး ချိတ်ဆက်စကားပြောပေးတဲ့ အလုပ်ကိုလုပ်ကိုင်တဲ့ မဒမ်အော်လော့ဖ်စကီ ဟာ အမြဲတမ်း လူ ၁၂ ယောက်ပါဖို့ သတ်မှတ်ထားတဲ့စားပွဲပေါ်မှာ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို သိချင်တဲ့ လူတိုင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးပြီးတော့ တမလွန်က ဝိညာဉ်တွေနဲ့ ဆက်သွယ်ပေးတာပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ အဲလို စုဝေးပွဲမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေက ဇာတ်လမ်းကြီးတစ်ခုလုံးကို အစကနေ အဆုံးထိ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပြသပေးသွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ Channel အရင် Join ပါ https://t.me/+j3EYeeUyMRQwNTJl ဇာတ်ကားကြည့်ရန် Link https://t.me/c/2127089465/193
Show all...
Photo unavailableShow in Telegram
Die'ced (2023) *** ဟောလိုးဝင်းကာလမှာ ကြောက်စရာကောင်းတဲ့သွေးသံတရဲရဲ ဇာတ်ကားတွေကိုကြည့်ချင်တဲ့လူတွေအတွက် Die'ced ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Budget Movie ဖြစ်နေတဲ့အတွက် IMDb Rating က 4.5 နဲ့နည်းနေတာ ကိုတော့ အပြစ်ပြောလို့မရပါဘူး။ဒါပေမယ့် ကိုယ်က Thriller ကားချစ်သူမလို့ ကြည့်စရာ ဇာတ်ကားတွေကုန်ပြီး လှန်လှောရှာဖွေနေရတယ်ဆိုရင်တော့ ဒီကားလေးကမဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဇာတ်ကြောင်းကတော့ ဟောလိုးဝင်းညရောက်ခါနီးတစ်ရက်မှာ ဘန်ဂျမင်နယူးမန်းဆိုတဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကနေလွတ်မြောက်သွားခဲ့ပါတယ်။ သူကသာမန် စိတ်ဖောက်ပြန်နေတဲ့ လူမဟုတ်ဘဲ အရမ်းကြောက်စရာကောင်းတဲ့ ကွင်းဆက် လူသတ်သမား တစ်ယောက်ဖြစ်နေပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် လွတ်မြောက်သွားတဲ့ ဆေးရုံဝန်ထမ်းတွေက ရဲတိုင်ရင်ထောင်ကျမှာ ကြောက်တဲ့ အတွက် ဖုံးကွယ်ထားလိုက်ပါတော့တယ်။ဒီလိုနဲ့ ... Channel အရင် Join ပါ https://t.me/+j3EYeeUyMRQwNTJl ဇာတ်ကားကြည့်ရန် Link https://t.me/c/2127089465/197
Show all...
Photo unavailableShow in Telegram
Dante’s Inferno: An Animated Epic (2010) ------------------ IMDB (6.5/10) ဒီကားမထွက်ခင် ဂိမ်းအရင်ထွက်တာ ဂိမ်းတုန်းကလည်းတော်တော်တော့လို့ကောင်းခဲ့ပါတယ် ဒန်ထေရဲ့ငရဲဆိုတဲ့ဇာတ်လမ်းဟာတကယ်တော့သမ္မာကျမ်းစာပါဇာတ်လမ်းမဟုတ်ဘူးဗျ ၁၄ရာစု အီတလီကဗျာဆရာကြီး ဒန်ထေ ‌အလီဂေလွိရေးဖွဲ့တဲ့ကျော်ကြားတဲ့ကဗျာကြီးထဲကဇာတ်လမ်းပ ဗုဒ္ဓဘာသာဇာတ်ထုတ်မှာဆိုရင်ရင့်မာတကျိပ်ဇာတ်ထုတ်ထဲကနေမိဇာတ်ထုတ်လိုပဲဗျဒန်ထေဟာ ခရစ်ယာန်ငရဲကြီးကိုးထပ်ကိုဖြတ်ကျော်ပြီး ချစ်သူကိုပြန်ကယ်တဲ့ဇာတ်လမ်းပါ ဒီကာတွန်းမှာထူးဆန်းတာကဇာတ်ဝင်ခန်းတခုနဲ့တခုပုံတွေမတူဘူးဗျအဲ့တချက်တော့ကြည့်ရတာတမျိုးပဲ #ChannelMyanmar #crd Channel အရင် Join ပါ https://t.me/+j3EYeeUyMRQwNTJl ဇာတ်ကားကြည့်ရန် Link https://t.me/c/2127089465/195
Show all...
👍 1
အသစ်ထွက်ရှိလာတဲ့ The Legend of Heroes (2024) သိုင်းကားစစ်စစ်ဖြစ်ပါတယ် ဂန္ဓာဝင်စာရေးဆရာကြီး ကျင်းယုံရဲ့ လက်ရာဖြစ်တဲ့ Condor Trilogy ထဲက ပထမဆုံး စာအုပ်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် သိုင်းကားစစ်စစ် ငတ်နေကြတဲ့ သိုင်းပရိသတ်တွေအတွက်တော့ မျှော်လင့်ထားရမယ့် စီးရီးတွဲတခုဖြစ်ပါတယ် 2020 နောက်ပိုင်း ဆရာကြီးကျင်းယုံရဲ့ Novel တွေကို ပြန်ရိုက်သမျှ Remake တွေလိုပဲ အစဉ်အလာမပျက် Fail ဦးမလား ဒါမှမဟုတ် အောင်မြင်မှာလားဆိုတာတော့ ကျွန်တော်တို့ဆက်လက်ရှုစားကြရအောင်ပါ ရိုက်ကူးရေးမှာတော့ Director ၅ ယောက် နဲ့ Screen Writer ၅ ယောက် ပါဝင်ထားပါတယ် Part တွေခွဲပြီးရိုက်ကူးသွားကြမှာဖြစ်ပြီး Shen Li ရဲ့ ဒါရိုက်တာ အပြင် Legend Of Zhuo Hua ရဲ့ ဒါရိုက်တာလဲပါဝင်ကြောင်းသိရပါတယ် ဇာတ်လမ်းကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေလဲ ပါဝင်ကြတာဖြစ်တဲ့အတွက် မျှော်လင့်ဖို့ထိုက်တန်တဲ့ Drama လေးတခုအဖြစ် သိုင်းပရိသတ်တွေရင်ခုန်နေမှာအမှန်ပါပဲ ဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထုဖြစ်တဲ့ The Legend of the Condor Heroes (射鵰英雄傳) ကို ၁၉၅၇ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ထုတ်ဝေခဲ့ပါတယ် အခု ထွက်လာမဲ့ Drama မှာတော့ Part 5 ခုခွဲပြီး ရိုက်ကူးတင်ဆက်သွားမယ်လို့ သိရပြီး စုစုပေါင်းအပိုင်း ၆၀ ပါဝင်မှာပါ အရှေ့မက်မွန်ကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊ မြောက်ပိုင်း သူဖုန်းစားနဲ့ အလယ်ပိုင်း သူတော်စင်တို့အကြောင်းကိုလဲ အကျယ်တဝံ့ရိုက်ကူးတင်ဆက်မယ့်အခန်းတွေလဲပါပါတယ် ဒီဇာတ်လမ်းရဲ့ ခေတ်ကိုတော့ စုန့်မင်းဆက်မှာ အခြေခံထားပါတယ်။ ကာလကတော့ ကျင်းလူမျိုးတွေ အင်အားကြီးမားနေချိန်၊ မွန်ဂိုတွေက သဲကန္တာရကို စိုးမိုးနေချိန်ပဲ ဖြစ်ပါတယ်။ စုန့်ဘုရင်ကလည်း စာပေအနုပညာကလွဲပြီး တိုင်းရေးပြည်ရေးကို စိတ်မဝင်စားတော့ပါဘူး။ သူ့ရဲ့ အမတ်ချုပ်ကြီး ကျင့်ဟိုင်က သစ္စာရှိအမတ်တွေကို ရှင်းထုတ်ရင်း နန်းတွင်းမှာ အုပ်စိုးနေပါတော့တယ်။ စစ်သူကြီးယွဲ့ဖေးကို သတ်ဖြတ်ခဲ့ပြီး ကျင်းလူမျိုးတွေနဲ့ စစ်ပြေငြိမ်းထားပါတယ်။ နေရာအနှံ့မှာလည်း အမတ်တွေ အကျင့်ပျက်ပြီး ပြည်သူတွေကို ဖိနှိပ်နေချိန်ပါ။ ဒါကြောင့် သိုင်းလောကသားတွေ ဒီအတိုင်း ကြည့်မနေနိုင်တော့ဘဲ နေရာအနှံ့မှာ အကျင့်ပျက်အမတ်တွေကို သုတ်သင်ရင်း တိုက်ပွဲတွေ ဖြစ်လာပါတော့တယ်။ ဒီတိုက်ပွဲတွေကြားထဲမှာ ညပ်ပြီး ဒုက္ခရောက်သွားတဲ့ ကောမိသားစုနဲ့ ယန်မိသားစု၊ သူတို့ရဲ့ သားတွေဖြစ်တဲ့ ကောကျင့် နဲ့ ယန်ခန်းတို့က အဓိက ဇာတ်ကောင်တွေဖြစ်လာပါတယ်။ သိုင်းလောကထဲမှာတော့ ဒီကာလမှာ ထိပ်သီးကြီး ၅ ဦးပေါ်ပေါက်လာပါတော့တယ်။ အရှေ့မက်မွန်ကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊ မြောက်ပိုင်း သူဖုန်းစားနဲ့ အလယ်ပိုင်း သူတော်စင်တို့ပါပဲ။ ဒီဇာတ်လမ်းဟာ သိုင်းလောက နဲ့ နိုင်ငံရေးစစ်ရေးတွေကို ဟာကွက်မရှိအောင် ရေးသားထားတဲ့ ဂန္ဓာဝင်ဝတ္ထုကြီးကို ပြန်လည်ရိုက်ကူးထားတာပြီး အခု ဒီ Remake ဟာ Hit ဖြစ်လာမလား Fail သွားမလားဆိုတာကိုတော့ ပရိသတ်ကပဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ် #Heroes Zကားကြည့်ရန်နှိပ်ပါ
Show all...
The Legend of Heroes (2024) မက်မွန်မြေက ချစ်တေးတစ်ပုဒ် #Heroes
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.