cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

Movie

Show more
Advertising posts
1 062
Subscribers
+2124 hours
+1517 days
+43330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
Thimiru Pudichavan ( Police Power ) (2018) ========================================== Action/Drama ‧ 2h 36m IMDb::5,4/10 မိခင်ကျန်းမာရေးအတွက် ၄၅ ရက်သူတောင်းစားပာန်ဆောင်လုပ်ခဲ့ရတဲ့ မီလျံနာ သူဋ္ဌေးသား အဖြစ်တစ်ဖန် အောင်မြင်လာခဲ့တဲ့ မင်းသား Vijay Antony ရဲ့ဇာတ်ကားပါပဲ... ကဲ  အညွှန်းလေးကတော့ လိုရင်းတိုရှင်းလေးပါပဲဗျာ အသက်မပြည့်သေးတဲ့ လူငယ်လေးတွေကို ဒုစရိုက်မူ့တွေကျူးလွန်ဖောက်ဖျက်ခိုင်းတဲ့ နောက်ကွယ်ကကြိုးကိုတဲ့ဂိုဏ်းချုပ်ကိုအမြစ်ဖြုတ်ဖော်ထုတ်ရှင်းလင်းမဲ့ အထူးရဲအရာရှိ အက်ရှင်ဇာတ်ကြမ်းသစ် ဘယ်လိုမျိုးလှည့်ကွက်တွေနဲ့ ဘယ်လိုအက်ရှင်အကွက်ဆန်းတွေနဲ့ဆိုတာတော့ သိချင်ရင်တော့ဒေါင်းသာကြည့်ပါတော့လို့ပဲ ညွှန်းလိုက်ပါရစေ... (အသက်မပြည့်သေးတဲ့ကလေးတွေဒုစရိုက်ကျူးလွန်လျှင် ထောင်ဒဏ်အပြစ်နည်းသောကြောင့်... ဒုစရိုက် ဂိုဏ်းချုပ်အကြိုက်ဖြစ်ပေတော့သည် ထိုလိုလူမျိုးကံဆိုးချင်တော့ တကယ့်ဖိုက်တာရဲ နဲ့မှထိပ်တိုက်တွေ့လေသောအခါ.... #Crd ဇာတ်ကားကြည့်ရန်Link https://t.me/khantmyoaung3/7614 https://t.me/khantmyoaung3/7614
Show all...
Photo unavailableShow in Telegram
Pawankhind [2022]      ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ အိန္ဒိယသမိုင်းနောက်ခံစစ်ရာဇဝင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အိန္ဒိယရာဇဝင်မှာနာမည်ကျော်တဲ့ ပါဝမ်ခိုင်စစ်ပွဲအကြောင်းကို မှတ်တမ်းမှတ်ရာတွေနဲ့ သူတို့ကိုး ကွယ်ရာနတ်ဘုရားတွေနဲ့ပတ်သက်တဲ့ လူကြီးတွေရဲ့ပါးစပ်ရာဇဝင်တွေ ပေါင်းစပ်ပြီး အချက်အလက်တွေထက် ရသဘက်ကိုဦးစားပေးရိုက်ကူးထားတယ်လို့ဆိုနိုင်ပါတယ်။ ဆစ်ဒီဂျိုဟာရဲ့စစ်သည်တော်တွေဟာ ရှီဗာဂျီမာဟာရဂ်ျကို ပန်ဟာလာခံတပ်မှာ လပေါင်းများစွာဝန်းရံထားသောကြောင့် အဝိုင်းခံတပ်များက ပါးနပ်လှသောညနည်းဗျူဟာများဖြင့် ကြိုးပမ်းရုန်းထွက်ကြပုံကို ပုံဖော်ထားပြီး မာရသာစစ်သည်တော်တွေရဲ့ဘဝကိုအခြေခံရိုက်ကူးထားပါတယ်။ Historical/Action/Drama ဖြစ်ပြီးနှစ်နာရီခွဲကြာပေမယ့် ထိုင်ရာမထကြည့်ချင်လောက်အောင် ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားမျိုးဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။ #Credit #ChannelMyanmar ဇာတိကားLink https://t.me/khantmyoaung3/7612 https://t.me/khantmyoaung3/7612
Show all...
Photo unavailableShow in Telegram
Jeanne Du Barry (2023) ဒီတစ်ခေါက်   တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ မင်းသားကြီး Johnny Depp ပါဝင်သရုပ်ဆောင်ထားတဲ့ Jeanne Du Barry ဆိုတဲ့ ပြင်သစ်ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားအကျဥ်းကတော့ 1743 ခုနှစ် ပြင်သစ်ဘုရင် Louis XV က ဩစတြီးယားမင်းသမီး Mary Antoinette နဲ့ လက်မထပ်ခင်က Louis နဲ့ ချစ်ကြိုက်ခဲ့တဲ့ Jeanne Du Barry ဆိုတဲ့ မင်းသမီးတစ်ပါးအကြောင်းကို ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။ နန်းတွင်းအပျိုတော်တစ်ယောက်ရဲ့ ကိတ္တိမသမီးအဖြစ်နဲ့ မွေးဖွားခဲ့တဲ့ Jeanne Du Barry နဲ့ Louis XV နဲ့ ဘယ်လိုချစ်ကြိုက်ကြတယ်၊ Louis XV ရဲ့ Parc-aux-cerfs က ဇာတ်လမ်းအရှုပ်အရှင်းတွေ၊ ပြင်သစ်နန်းတွင်းရေးရာသမိုင်းကြောင်းအနည်းငယ်ကိုလည်း ပရိသတ်ကြီးက ကြည့်ရှုရမှာဖြစ်ပါတယ်။ မင်းသားကြီး Johnny Depp ပါဝင်သရုပ်ဆောင်ထားတာမလို့ ဒီဇာတ်ကားက ပရိသတ်ကြီးအတွက် တစ်မျိုးဆွဲဆောင်မှုရှိနေမှာ သေချာပါတယ်။ #Credit ဇာတ်ကားကြည့်ရန်Link https://t.me/khantmyoaung3/7616 https://t.me/khantmyoaung3/7616
Show all...
Photo unavailableShow in Telegram
Lady Vengeance (2005) (Thriller) ကားမျိုးမှာ ဒီလိုမျိုး (IMDb 7.6) လောက်ရတာရှားတယ်လို့ပြောရပါမယ်..ဒီတစ်ခါတော့ (Psycho) ဆန်ဆန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် (ချန်ဂင်) ဆိုပြီး နာမည်ကြီးတဲ့ (Jo Jung-eun) ရဲ့ ငယ်ရုပ်အလှကိုပါ ခံစားနိုင်မှာပါ ဒီကားလေးကတော့ (၁၉) နှစ်အရွယ်ကောင်မလေးတစ်ယောက် (၅) နှစ်သားကလေးလေးကို ပြန်ပေးဆွဲသတ်တဲ့အမှု့နဲ့ ထောင်ကျသွားခဲ့သူတစ်ယောက်အကြောင်းပါ ဒီကောင်မလေးက တကယ်ပဲ ပြန်ပေးဆွဲလူသတ်သမားလား..သူဘာတွေ လျို့ဝှက်ထားတာလဲဆိုတာကိုတော့... #Crd ဇာတ်ကားကြည့်ရန်Link https://t.me/khantmyoaung3/7604 https://t.me/khantmyoaung3/7604
Show all...
Photo unavailableShow in Telegram
Heaven's Soldiers (2005) IMDb 6.1 ရရှိထားတဲ့ ကိုရီးယားစစ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်မျက်မှောက်ခေတ်က စစ်သားတွေ ကိုရီးယားရဲ့နာမည်ကျော်စစ်သူကြီးလီဆွန်းရှင်းခေတ်ကို ပြန်ရောက်သွားတဲ့ဇာတ်ကားလေးပါပဲ…. တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား သဘောထားမတူနှစ်ခြမ်းကွဲတဲ့ ကိစ္စ မဆန်းတော့ပါဘူး… ဒါပေမယ့် ဒီကားထဲမှာတော့ ဆန်းတယ်… အဏုမြူကို ထိုးအပ်မယ့်ကိစ္စမှာ မြောက်ပိုင်းက ဗိုလ်မှူးကမကျေနပ်စွာနဲ့ အဏုမြူယူပြီး ပြေးရော …တောင်ပိုင်းသား ဗိုလ်မှူးကလည်း အထက်အမိန့်နဲ့လိုက်ရော… အဲ့မှာတင် ထူးခြားအံ့သြဖွယ်ရာနဲ့ ကိုရီးယားက်ု ဂျပန်တွေဝင်တဲ့အချိန်တရုတ်ကလုချင်နေတဲ့အချိန်ဆီ စစ်သားတစ်စု အချိန်ခရီးနှင်ခဲ့ရလေရဲ့… သမိုင်းထဲပြန်ရောက်သွားတဲ့ စစ်သားတွေက ဘယ်သူနဲ့တွေ့ပြီး ဘယ်လိုတွေပြောင်းလဲကုန်မလဲ… သူတို့ခေတ်ကိုရော ပြန်လို့ရပါ့မလား…နောက်ပြီး အဲ့ဒီခေတ်မှာရော တောင်ပိုင်းကဗိုလ်မှူးနဲ ့မြောက်ပိုင်းသားဗိုလ်မှူးတို့ တည့်နိုင်ကြပါ့မလား… ၂၀၀၅ ခုနှစ်က ဇာတ်လမ်းလေးပါ ဒါပေမယ့် ဒီကားလေးကပေးခဲ့တဲ့အသိကတော့ အခုအထိ တန်ဖိုးရှိနေလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် #Crd ဇာတ်ကားကြည့်ရန်Link https://t.me/khantmyoaung3/7606 https://t.me/khantmyoaung3/7606
Show all...
Photo unavailableShow in Telegram
The Beauty Inside (2015) လူတစ်ယောက်အထီးကျန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?အခုခေတ်မှာ FA, FA နဲ့ အလွယ်တကူသုံးနေကြတ ရည်းစားမရှိရင်ကို FA လို့ ခေါ်ကြတော့တာပဲပုံမှန်လူတစ်ယောက်ရဲ့ဘဝကို အကြမ်းဖျင်းတွက်ကြည့်ရအောင်ပုံမှန်လူတစ်ယောက်ဟာ မွေးလာတာနဲ့ မိသားစုရှိတယ် ဆွေမျိုးရှိတယ် ကိုယ့်အိမ်ပတ်ဝန်းကျင် ရပ်ကွက်ထဲက အသိတွေရှိမယ် မူကြိုကနေ တက္ကသိုလ်ရောက်တဲ့အထိ သိလာတဲ့သူငယ်ချင်းတွေရှိမယ်အလုပ်လုပ်တော့လဲ အလုပ်ကမိတ်ဆွေတွေရှိမယ် စသဖြင့်ပုံမှန်လူတစ်ယောက်ဟာ ဘဝမှာသိကျွမ်းတဲ့လူ ၅၀၀ လောက်တော့ အနည်းဆုံးရှိလိမ့်မယ်ထင်တယ်ပျမ်းမျှအကြမ်းဖျင်းပေါ့လေ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့အဲ့တော့ပြောရရင်တော့ ဒီကမ်ဘာပေါ်မှာခင်ဗျားအသက်ရှင်နေတယ်ဆိုတဲ့ ဖြစ်တည်မှုကိုသိတဲ့လူ အနည်းဆုံးတော့ အယောက် ၅၀၀ လောက်ရှိတယ်အဲ့ဒါကို တကယ်တမ်း Forever Alone လို့ သတ်မှတ်လို့ရပါ့မလား?စဉ်းစားကြည့်စမ်းပါခင်ဗျားရဲ့ဖြစ်တည်မှုကိုသိတဲ့သူ ၅ ယောက်တောင်မပြည့်တဲ့ ဘဝမျိုးမှာနေရမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမလဲလို့ ?ဘယ္သူမွ ခင်ဗျားကို မသိဘူးလမ်းမှာ အသိနဲ့တွေ့လို့ နှုတ်ဆက်တယ်ဆိုတာမျို.... #Crd ဇာတိကားကြည့်ရန်Link https://t.me/khantmyoaung3/7608 https://t.me/khantmyoaung3/7608
Show all...
1:19:24
Video unavailableShow in Telegram
ℂ𝕣𝕚𝕔𝕜𝕖𝕥 & 𝔸𝕟𝕥𝕠𝕚𝕟𝕖𝕥𝕥𝕖 (𝟚𝟘𝟚𝟛)
မင်မင်Channel Joinပေးပါအုံး https://t.me/addlist/_cqSa4b86-xhNjM1 18+ကြညိ့ရန် https://t.me/addlist/WMujQnQLAAJlYTE1
Show all...
891.60 MB
Photo unavailableShow in Telegram
Countdown (2019) Horror Mobile ခေတ် ဖြစ်လာတာနဲ့ အမျှလူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ်နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်…တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာသောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က ” Countdown” ပါထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကိုတွက်ချက်ပေးမယ်လို့ ဆိုပါတယ်…ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူအရင်သေမလဲ ပြိုင်ကြပါတော့တယ်…အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိနေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်းကောင်မလေး တစ်ယောက်ကတော့၃ နာရီ အတွင်း သေမယ်လို့ App ကသတိပေးလာပါတယ်…အားလုံး အတော်လေး ရယ်လိုက်ရပါတယ်အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ်တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့3 နာရီပဲ နေရမယ်လို့ ဘာမှန်းမသိတဲ့ APP ကချိန်းခြောက်ခံထားရတဲ့ ကောင်မလေးပါပဲ…တကယ်တမ်း ၃ နာရီ အတွင်းသေမလားရှင်မလား ဆိုတာကိုတော့ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ Movie Link https://t.me/khantmyoaung3/7598 https://t.me/khantmyoaung3/7598
Show all...
Photo unavailableShow in Telegram
ℂ𝕣𝕚𝕔𝕜𝕖𝕥 & 𝔸𝕟𝕥𝕠𝕚𝕟𝕖𝕥𝕥𝕖 (𝟚𝟘𝟚𝟛) IMDB: 7.2/10 နှံကောင်လေးတွေနဲ့ ပုရွက်ဆိတ်လေးတွေရဲ့အကြောင်း ရိုက်ထားတဲ့ 2023 ထွက် animationကားအသစ်လေးဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ အီစွတ်ပုံပြင်မှာလိုပဲ ပုရွက်ဆိတ်လေးတွေက တကုပ်ကုပ်နဲ့ ဆောင်းရာသီအတွက် အစာတွေကို ကြိုးကြိုးစားစားစုဆောင်းနေချိန်မှာ နှံကောင်လေးကတော့ ပေါ့ပေါ့ပါးပါးအေးအေးလူလူနေခဲ့တဲ့ ဇာတ်လမ်းလိုပါပဲ။ ကာတွန်းဇာတ်လမ်းထဲမှာ Ket ဆိုတဲ့ ဂီတာတီးတဲ့ နှံကောင်လေးက လွတ်လပ်ပျော်ရွှင်စွာနေတတ်တဲ့ နှံကောင်လေးတွေကို ဖျော်ဖြေတဲ့ တီးဝိုင်းခေါင်းဆောင်ပါ။ သူတို့အနီးအနားမှာတော့ Antoinette လို့ခေါ်တဲ့ ပုရွက်ဆိတ်မင်းသမီးလေးရှိပါတယ်။ ပုရွက်ဆိတ်ကမ္ဘာမှာ အပျော်ဆိုတာ မရှိဘဲနဲ့ အလုပ်နဲ့ စည်းမျဥ်းတွေပဲရှိပြီး ဂီတကိုလည်း တင်းကြပ်စွာ တားမြစ်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ မတော်တဆတွေ့ဆုံကြရင်းကနေ ခင်မင်ရင်းနှီးလာကြပြီး ပုရွက်ဆိတ်မလေးက နှံကောင်လေးကို ဆောင်းရာသီအကြောင်း သတိပေးဖို့ကြိုးစားပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ ဘယ်နှံကောင်ကမှ ဆောင်းရာသီအထိ အသက်ရှင်ပြီးကျော်ဖြတ်နိုင်တာမရှိခဲ့လို့ပါ။ ပုရွက်ဆိတ်မလေးနဲ့ နှံကောင်လေးက မတူညီတဲ့အချက်တွေရှိပေမယ့်လည်း ချစ်ကျွမ်းဝင်ခဲ့ကြပြီးသဟဇာတဖြစ်စွာနေထိုင်နိုင် အောင်ကြိုးစားခဲ့ကြပါတယ်။ ချစ်စရာဇာတ်ကောင်လေးတွေနဲ့ ချစ်စရာဇာတ်ကြောင်းလေးကို စောင်လေးကိုက် ပြုံးပြုံးလေးနဲ့ပဲကြည့်ကြည့် ကိုယ်ချစ်တဲ့သူရဲ့ လက်လေးကို တင်းတင်းဆုပ်ရင်းပဲကြည့်ကြည့် နွေးနေစေမှာအမှန်ပါပဲ
Show all...
Photo unavailableShow in Telegram
ကင်ဆာဖြစ်နေသောအဖွားကို ပေးမသိဘဲ ဖုံးကွယ်ထားသောအခါ.. ➪➪➪➪➪➪➪➪➪➪➪➪➪➪ The farewell တစ်ခါပရိသတ်ကြီးကိုကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားလေးကတော့တရုတ်ဒရမ်မာကားကောင်းလေးတစ်ကားပါကင်ဆာရောဂါခံစားနေရတဲ့အဖွားဖြစ်သူကို အသိမပေးဘဲနဲ့မိသားစုတွေကဖုံးကွယ်ထားကြတာပေါ့ နိုင်နိုင်ဆိုတဲ့အဖွားဟာတရုတ်ပြည်မှာသူ့ညီမရယ် သူ့တူမမိသားစုတွေနဲ့နေထိုင်တယသူမရဲ့သားနှစ်ယောက်မှာ အမေရိကားနဲ့ ဂျပန်ကိုပြောင်းရွေ့နေထိုင်ခဲ့တာပေါ့သူတို့ရဲ့အမေကင်ဆာရောဂါကိုခံစားနေတာသိတဲ့အတွက်ကြောင့်တွေ့ဆုံဖို့လုပ်ခဲ့ကြတာပေါ့အကုန်လုံးပြန်လာကြရင်သူတို့အမေ ရောဂါရှိနေတာကိုအရိပ်မိသွားမှာဆိုးလို့အဖွားကြီးရဲ့မြေးမင်္ဂလာဆောင်ကြောင့်လာခဲ့ကြတယ်ဆိုပြီးလိမ်ညာခဲ့တာပေါ့ အဖွားကြီးမှာသူအရမ်းချစ်ရတဲ့မြေးမလေး တစ်ယောက်လည်းရှိတာပေါ့ မြေးမလေးဘီလီကတော့သူ့အဖွားရဲ့ရောဂါအကြောင်းကိုပေးသိစေချင်တဲ့သူပေါ့ နောက်ပိုင်းမှာဇာတ်လမ်းလေးကဘယ်လိုမျိုးလေးဆက်သွားမလဲဆိုတာဆက်လက်ကြည့်ရှု့ကြည့်လိုက်ပါအဖွားတွေကိုအရမ်းချစ်တဲ့သူတွေဆိုရင် ရင်ထဲထိမယ့်ဇာတ်ကားလေးတစ်ကားပါ Movie Link https://t.me/khantmyoaung3/7600 https://t.me/khantmyoaung3/7600
Show all...
👍 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.