cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

Lyrics With Feeling

ကျွန်တော့်၏ စာသားများသည် စိတ်ကျန်းမာရေးကို အထူးထိခိုက်စေနိုင်သည်။ "နှလုံးသားနှင့်ဖတ်ရန်အကြံပြုထားသည်"

Show more
Advertising posts
1 360
Subscribers
-124 hours
+347 days
+2330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

" ညကတည်းကပြောမလို့ဘေလ်မရှိတာနဲ့ခုမနက် ထည့်ပြီး‌ဆက်လိုက်တာ ညက ကန်ဘောင်မလာဖြစ်တာ ငါမိဘတွေအိမ်ရောက်သွားလို့ကွာ ပြီးတော့ ငါရွာကိုခနလောက်သွားနေမလို့ ငါ့အဖိုးရွာလေ ကန်သာယာ ရွာဆိုလားမင်းသိတယ်မလား " " အေးသိတယ်လေ " " အေးအဲ့ရွာကို ခနသွားနေမလို့အလုပ်ရတော့လဲအလုပ်ပေါ့ကွာခနလောက်အနေစားလေးချောင်အောင်လို့ အဲ့ကန်သာယာရွာမှာလဲမင်း အဒေါ်တွေရှိတယ်မလား " " အေးရှိတယ်လေအဲ့ရွာကသူတို့မွေးရပ်ဇာတိပဲကို " " အေးအဲ့တာမင်းငါနဲ့လိုက်ခဲ့စမ်းပါကွာအဲ့ရွာရောက်ရင်ငါက အဖော်မရှိပဲတစ်ကောင်ထဲဖြစ်နေမှာကွာအဲ့တာကြောင့်မင်းကိုအဖော်ခေါ်တာမင်းလဲ အလုပ်ရှိတာမဟုတ်ဘူးလေ မင်းငါနဲ့တူတူလိုက်ခဲ့ပါလားကွာ သားကြီး " " ဟေငါလဲအဲ့ရွာကအ‌ ဒေါ်ရှီသွားလည်ဖို့စဉ်းစားနေတာကွမင်းကအဲ့ရွာကိုတစ်ကယ်သွားမှာလားဟ ဒါဆိုအတော်ပဲပေါ့ကွ ဘယ်နေ့သွားမှာတုန်း " " ဒီ‌နေ့လေကွာ ‌ဟေ့ကောင်ရ မင်းယုဇနမှာပဲစောင့်နေငါလိုင်းကားစီးပြီးလာခဲ့မယ် အဲ့ကနေ မြို့ဘူတာကိုသွားရမှာဆိုတော့ " " ဟာမင်းဂာဟာကလဲရုတ်တရက်ကြီးပါလားဒါဆိုလဲ ငါ ပစ္စည်းဘာညာထုတ်ပိုးပြင်ဆင်လိုက်အုန်းမယ်ကွာ ယုဇနကငါတို့လမ်းထိပ်က ကားမှတ်တိုင်မှာပဲဆုံမယ် ကွာ " ထို့သို့ဖြင့်ကျွန်ုပ်တို့သူငယ်ချင်းနှစ်ယောက်တိုင်ပင်ကာ ကန်သာယာရွာသို့ သွားရောက်ဖို့အတွက် ပြင်ဆင်လိုက်ကြပါသည်၊ " လာလာသားကြီးရထားထွက်တော့မယ် မြန်မြန်တက်ကွ " " အေးဟလာပြီဟေ့မင်းစံရငါပစ္စည်းတွေကများလို့ကွ " မြန်မာစံတော်ချိန် 11:36မိနစ်‌တွင် ကျွန်ုပ်တို့သူငယ်ချင်းနှစ်‌ယောက် ရန်ကုန်မြို့မှဘူတာမှ ရထားပေါ်တက်ကာ ရန်ကုန်မြို့ကြီးကိုနှုတ်ဆက်ခဲ့ပါသည်၊ " ရွှေရည်ဘာသောက်မလဲ colaလား " " မသောက်တော့ပါဘူးဟယ် ဗိုက်တင်းနေလို့အအေးလဲမသောက်ချင်သေးပါဘူး လေယာဉ်ပြတင်းပေါက်ကနေပဲ တိမ်စိုင်လေးတွေရဲ့အလှကိုကြည့်လိုက်ပါအုန်းမယ် " မြန်မာစံတော်ချိန် 12:30တွင် ရွှေရည်တို့အုပ်စုသည် ရန်ကုန်မြိုမှထွက်ခွာခဲ့သည်။ ထို့စဉ် တောအုပ်တစ်နေရာတွင် တေးသီငှက်ကလေးနှစ်ကောင်သည် အကိုင်းခတ်တစ်ခုထဲကို နှစ်ကောင် ပြိုင်တူနားမိသည့်အခိုက်တန့်လေးဖြစ်ပွားခဲ့သည်။ Episode 4 coming soon ရေးသူ-ထက်မင်းစံ
Show all...
❤ 2
စမ်းချောင်းလေးရဲ့ခရီးစဉ် episode 3 သာကေတ8ရပ်ကွက်သုံးလမ်းထိပ်နား‌တွင် ခမ်းနားကြီးကျယ်လှသည့်အိမ်ကြီးတစ်အိမ်ရှိ၏ အရမ်းကြီးကျယ်ခမ်းမားလှသည့်အိမ်ကြီးတစ်အိမ်ပေါ့အ ချွေရံပေါင်းများစွာနဲ့ပေါ့၊ထို့အိမ်းကြီးထဲတွင် " မိအေးရေ မိအေး ခြံတစ်ကားသွားဖွင့်တော့ အိမ်ရှေ့မှာမမလေးကား လာပြီဟေ့ ခြံတစ်ကားသွားဖွင့်စမ်း " ထို့သို့ အိမ်ထဲကအချွေရံတစ်ယောက်မှခြံတစ်ခါးစောင့်အချွေးရံတစ်‌ ယောက်ကိုလှမ်းအော်ပြောလိုက်သည်၊မိအေးဆိုသော်အချွေရံတစ်‌ယောက်သည်ခြံတံခါးကိုဖွင့်ပြီးကားတစ်တံခါးကိုယ်ပါဖွင့်ကာ " ဆင်းပါမမလေး ဒီနေ့စောတယ်နော် စာမေးပွဲကောဖြေနိုင်ရဲ့လား "‌ " ဖြေနိုင်ပါတယ်ဒီလောက်ကတော့ရွှေရည်တို့ကအေးဆေးပါအော်ဒါနဲ့ ‌ဒေါ်လေးအဲ့လိုမမလေးမမလေးလို့မခေါ်ပါနဲ့ လား တစ်မျိုးကြီးမလို့ကိုယ့်သမီးအရွယ်ပဲရှင် သမီးလို့ပဲခေါ်ပါရပါတယ် " " အိုကွယ်မခေါ်ရယ်ပါဘူးမနှင်းဆီသိရင်အမြတ်‌ထွက်နေပါအုန်းမယ်အ‌ ‌ဒေါ်မရဲပါဘူးကွယ် အဒေါ်ရဲပါဘူး " " အာမဟုတ်တာ ဒေါ်လေးကလဲ အမေကအဲ့လောက်ထိ မဆိုး‌ပါဘူး သမီးခေါ်ခွင့်ပြုပါတယ်လွတ်လွတ်လပ်လပ် သမီးလို့သာခေါ်ပါဟုတ်ပြီလား " " ဟုတ်ပါပြီသမီးရယ်ဒါဆိုလဲ သမီးလို့ပဲခေါ်ပါ့မယ်နော် ဪဒါနဲ့ သမီးအမေကသမီးပြန်လာရင်သူ့အခန်းထဲလွှတ်လိုက်ပါတဲ့ ပြောတယ် အဲ့တာသမီး သွားလိုက်ပါအုန်း သမီး သောက်ဖို့အတွက် အဒေါ်လဲဖျော်ရည်လေးတစ်ခုခုသွားဖျော်လိုက်အုန်းမယ် " " ဒေါက်‌‌ ‌ဒေါက် ဒေါက် ‌ဒေါက် " " ဘယ်သူလဲ " " သမီးပါအမေ " " ဪသမီး၀င်ခဲ့လေ လော့မချထားဘူး၀င်ခဲ့သမီး " ထို့မိန်းကလေးအမည်မှာပိုးရွှေရည် ဖြစ်၍ဖခင်မှာ ဦးနေဗလ ‌နှင့် ဒေါ်နှင်းဆီတို့ပဲဖြစ်သည်၊ဦးနေဗလဆိုသည်မှာ စီးပွားရေးလောက တွင်အကျော် အမောဖြစ်ပြီးမြို့မျက်နှာဖုံးသူဌေးလဲဖြစ်သည်၊ ဒေါ်နှင်းဆီဆိုသူမှာတော့ စိန်ပွဲစားကျောက်ပွဲစားလောက‌တွင်နာမည်ကြီး သူဌေးမတစ်ယောက်လဲဖြစ်သည်၊ ဒါကြောင့် ပိုးရွှေရည်၏ အသိုင်းအဝိုင်းကတော့ပြောစရာမလိုတော့လောက်ကိုကြီးပေလှသည်၊ ပိုးရွှေရည်ဆိုတဲ့ မိန်းကလေးကတော့ ငယ်ငယ်ကတည်းက ရုပ်ရှင်တရုပ်ဆောင်ဖြစ်ချင်တာဖြစ်ပြီး၊အဲ့ခေတ်အဲ့အခါကနာမည်ကြီးလှသည့် ဘုန်းလက်ရာဆိုသည့်‌ မော်ဒယ်မင်းသားတစ်ပါးကိုယ်လဲ သူမအရမ်းသဘောကျနှစ်သက်၏ ခုခေတ်စကားနဲ့ပြောရမယ်ဆိုလျှင် idol ပေါ့ဗျာ၊သူမအခန်းထဲလဲဘုန်းလက်ရာ၏ ဓါတ်ပုံကားချက်များမှအပြည့်၊သူမကိုယ်တိုင်ကလဲ အနုပညာသွေးပါ၏ သဘာ၀ဓါတ်ပုံလေးတွေရိုက်တာလဲကြုက်နှစ်သက်၏၊ " အမေသမီးကိုခေါ်တယ်ဆိုဘာကိစ္စရှိလို့လဲ အမေ " " ဪဒီလိုငါ့သမီးရငါ့သမီးစာမေးပွဲမှာအဆင်ပြေရဲ့လားလို့ခုဆို သမီးက အတန်းပြီးလို့ကျောင်းပိတ်ပြီလေ ငါ့သမီးဘယ်သွားချင်လဲဘာလုပ်ချင်လဲအကုန်အမေ့ကိုပြောအမေလုပ်ပေးမယ် ငါ့သမီး အလိမ်မ္မာတုန်းလေးကကြိုးစားထားတာဆိုတော့ ဖြစ်ချင်သမျှကိုအမေကလုပ်ပေးမယ် " " ဟာအမေတစ်ကယ်ပြောတာနော်အမေတစ်ကယ်အကုန်လုပ်ပေးမှာနော် " " ဒါပေါ့ငါ့သမီးရငါ့သမီးစိတ်ကြိုက်အကုန်လုပ်ပေးမှာအမေက " " ဟုတ်ပြီဒါဆို အဖေခု စက်ရုံတစ်ခုဖွင့်ထားတဲ့ရွာကိုသွားလည်ချင်တယ် ကန်သာယာ ရွာဆိုလားအဲ့မှာကသဘာ၀တောတောင်အရမ်းလဲ လှတယ်ကြားတယ် သမီးသွားချင်တယ် အမေ ရှုခင်းဓါတ်ပုံလေးတွေရိုက်ရင်းနဲ့ပေါ့ " " သမီးကသွားချင်လို့လားသွားဖို့ကပြသနာသိပ်မရှိပေမဲ့ သမီးတစ်ယောက်ထဲတော့အိုကွယ်အမေစိတ်မချပါဘူးကွယ်" " ဟာအမေကလဲ သမီးတစ်ယောက်ထဲဘယ်ဟုတ်ပါ့မလဲ သူငယ်ချင်းတွေပါတယ်လေ ကြည်ဖြူတို့ယမှုံတို့သူတို့လဲလိုက်မှာလေ နော်နော် အမေရယ် ပေးသွားပါနော် အမေပြောတော့ကြိုက်တာပြောဆို " " ကဲကြည့်စမ်းပါအုန်းဒီကောင်မလေးတော့ ချွဲနေလိုက်တာအဲ့လောက်သွားချင်နေလဲ ခွင့်ပြုလိုက်ပါမယ် ဒါမဲ့အိမ်က မိအေးနဲ့ ဒေါ်ထွေးတို့ကိုလဲ ခေါ်သွားရမယ်နော် သမီး " " ဟုတ်ကဲ့ပါအမေရယ် နိုင်ငံခြားသွားတာကြနေတာပဲအဖေတို့ရှီအလည်လေးသွားတာကို " " ကဲမိရွှေစင်ကိုယ့်အမေကို အထွန့်မတက်နဲ့နေအုန်း ငါနင့်အဖေကိုဖုန်းဆက်ပြီး နေစရာထိုင်စရာအကုန်ပြင်ဆင်ခိုင်းလိုက်မယ် ဒါနဲ့ညည်းကဘယ်တော့သွားမှာလဲ " " မနက်ဖြန်လေအမေ " " ဟယ်တော့ မြတ်စွာဘုရား ချက်ချင်းကြီးပါလား ညည်းဟာကလဲအေ မမြန်လွန်းဘူးလား " " ဟီးမမြန်ပါဘူးအမေကလဲ သမီးကအဲ့ကန်သာယာရွာကိုသွားလည်ချင်နေတာကြာပြီ ကြည်ဖြူတို့ကိုလဲသမီးကအကုန်ပြောပြီးပီ အစကတည်းကလဲခွင့်တောင်းမလို့ပဲ အ‌မေကကြိုက်တာပြောဆိုတာနဲ့အတော်ပဲဖြစ်သွားတာ " " အဲ့မယ်ဒီကောင်မလေးကအကြံနဲ့ပဲ ဟုတ်ပါပြီ ဟုတ်ပါပြီသွားတာလဲသွားပေါ့သမီးရယ်ဟိုရောက်ရင်လဲကိုယ့်ကိုကိုယ်လဲဂရုစိုက်အုန်းကဲကဲမနက်ဖြန်သွားချင်ပါတယ်ဆိုရင် ပစ္စည်းတွေအကုန်သွားပြင်ဆင် ဒေါ်ထွေးနဲ့မိအေးကိုခေါ်ပြီး ပစ္စည်းတွေဝိုင်းထည့်ပြီးပြင်ခိုင်းငါမင်းအဖေကို ဖုန်းဆက်လိုက်အုန်းမယ် အေ " " ဟုတ်ကဲ့ပါမေမေဟီး " ဒီလိုနဲ့မနက်မိုးသောက်အလင်းရောင် ဖြာဖြာများ မှုန်ရည်ဝေဝါးကာထွက်လာပါတော့တယ်၊ " ကလင် ကလင် ကလင် ကလင်" " ဟာကွာဘယ်ကလေက၀မနက်အစောကြီးဖုန်းလာဆက်တာလဲကွာ " ကျော်ခေါင်ရဲ့ညည်းတွားသံပေဖြစ်ပေသည်။ " ဟယ်လိုဘယ်သူလဲ ဘာလဲကွာအစောကြီး " " ဟေ့ကောင် ကျော်ခေါင်ငါကွ ထက်မင်းစံကွ " " ဟေကြားသားမိုးကြိုး မနက်အစောကြီးဖုန်းဆက်ပြီးမင်းက ဘာကိစ္စရှိလို့တုန်း "
Show all...
❤ 1
မှန်လားမှားလားနင်ကိုယ်တိုင်တောင်သေချာမသိတာ နင့်လုပ်ရပ်ကောင်းလားဆိုတော့​ပြောဖို့ခက်သား
Show all...
🔥 1
ဟုတ်ပါ့ဗျာ စောက်မှတ်မရှိ
Show all...
🔥 1
ဘဝဟာ တစ်နေရာထဲမှာ ရပ်နေတာမျိုးမဟုတ်ဘူး နာကျင်စရာတွေလည်း ရှိကောင်းရှိနိုင်တယ် မပျော်စရာတွေလည်း ရှိကောင်းရှိနိုင်တယ် ထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေလည်း ရှိနိုင်တယ် လမ်းလွဲသွားတဲ့ ရေစက်တွေလည်း ရှိနိုင်တာပဲ ။ ဒါပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ကို ဆက်နေရဦးမှာမို့လေ ။
Show all...
🔥 2
ငါ့ကိုယ်ငါ တဖြေးဖြေးပျောက်ဆုံးသွားတယ်လို့ခံစားရတယ် ပျော်ရွှင်မှုတွေစိတ်အားထက်သန်မှုတွေပြည့်နေတဲ့ ငါ့ကိုယ်ငါဘယ်နေရာမှာပျောက်ဆုံးသွားခဲ့လဲဆိုတာ အခုထိအဖြေရှာလို့မရသေးဘူး ာရင်ကငါဘာလုပ်နေရင်ပျော်ရွှင်လဲလို့တွေးပြီး အဲ့ဒီတုန်းကအရာတွေတစ်ခုချင်းစီပြန်လုပ်ပေမယ့် ငါရဲ့ ပျော်ရွှင်မှုတွေနဲ့ စိတ်အားထက်သန်မှုတွေ ကုန်ဆုံးသွားပြီထင်ပါရဲ့
Show all...
❤ 3🔥 1
ပြတ်မယ်လို့တောင်မပြောကြပဲပြတ်တောက်သွားကြတဲ့သံယောဇဉ်မျိုးတွေကပို၍ခံစားရခက်သည် ၊ ဒီကိလေသာလောကမှာမကြုံဖူးတဲ့အရာတွေကိုထိတွေ့မိရင်းအဓိပ္ပါယ် မရှိပဲတစတစအရိပ်မဲ့လာတဲ့နေ့ရက်‌မျိုးတွေ ၊ ကိုယ့်အရိပ်ဟာလည်းနေရောင်လရောင်ကျသာ ကိုယ့်ဆီကျနေတာ တကယ်ဆိုအနားမှာကိုယ့်အရိပ်တောင်ကိုယ့်ဆီမရှိ အထီကျန်မူ ပဓာကား ၊ လိုချင်မိလို့တောင်းဆိုမိတဲ့ ဒီတပ်မတ်မူရမ္မက်တွေကိုသာ အပြစ်သာလို့ဆိုရမလား ၊ ဘယ်လိုပျော်ရွင်မူကဒီလောကမှာအဓိပ္ပယ်ရှိတာလည်း။ ဪ "ခင်" ရယ် မင်းအတွက်တော့ဘာမဟုတ်တဲ့အရာတခုလေးတွေးခဲ့လေသလား ၊ ကိုယ့်အတွက်တော့ ဘ၀တခုလုံး မီးလောင်သလိုအခြေအနေပါလား ။ အဆုံးသတ်မှာ အချစ်ဟာ ပူလောင်ခြင်းနဲ့ပြီးဆုံးပြီး ကိုယ့်ခြေလှမ်းကိုထပ်စပြီး အိမ်မက်နောက်လိုက်ရမလား အတွေးနဲ့ဆုံးဖြတ်ချက်ပေးခဲ့တဲ့ ကိုယ့်ဘ၀အတွက်လောင်စာလေးဖြစ်တဲ့မင်းကိုကိုယ်တစ်ဘ၀စာကျေးဇူးတင်မိသား။
Show all...
❤ 2🔥 1🥰 1
ကတိစကားကိုတည်တဲ့ မိန်းကလေးက ရွှေဆွဲကြိုးမ၀တ်ထားလဲ တန်ဖိုးရှိတယ် ။
Show all...
🔥 2🥰 1
ပြန်ဆုံဖို့မသေချာတောတဲတစ်နေ့ ကိုယ်ထက်မင်းကိုအများကြီးပိုချစ်နိုင်တဲသူကိုရှာတွေ့ပါစေ ပြီးတော သူ့ရင်ခွင်မှာအများကြီးမဆိုးပါနဲ့ လူတိုင်းက ကိုယ်မဟုတ်လို့ မင်းကိုသူချောချင်မှချောမှာ ဒါကြောင် လိမ်မာတောနော်အချစ် ကိုယ်ကိုသတိရမိတဲ့အခါ ပေါင်းဖက်ဖို့ကမပါခဲ့လို့ လို့ပဲတွေးလိုက်ပါ အများကြီးချစ်တယ်ဆိုတာကိုလည်းမေမသွားရဘူး ။
Show all...
❤ 4😁 1
အမှားမှန်မကြည့်ပဲချစ်ခဲ့‌မိတော့ အသွားအပြန်မရှိတဲ့ မေတ္တာမျိုးတွေပဲငါတို့ရခဲ့တယ် ။
Show all...
❤ 2🍓 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.