cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

အောင်မြတ်သာနှင့်အခန်းဆက်ဝတ္ထုတိုများစု့စည်းမူ့ crd.

ဆရာဇေယန(ရာမည)က်ို လေးစားလျက်ပါ🙏🙏🙏

Show more
Advertising posts
4 888
Subscribers
+2224 hours
+1627 days
+85030 days

Data loading in progress...

Subscriber growth rate

Data loading in progress...

သူမကတော့ အသစ်ရသွားပေမဲ့ အသစ်ကတော့ မထွက်သေးပါဘူး
Show all...
😢 24👍 2😭 2
မျော်နေပြန်ပြီလား ပြန်မလာမဲ့သူကို😅
Show all...
💔 31😢 16👍 5 2🍓 1
အချစ် အလွမ်း အဆွေး ဝတ္ထုရှည်များ https://t.me/+diePFDBiroBjZmM1 အခြားပရလောက ဝတ္ထုရှည်များ https://t.me/+NSw-7vydak82ODhl အောင်မြတ်သာ videoများ https://t.me/+4KAOd7cHBAIzNWNl channel များကို joinပြီး ကြည့်ရှု့နိုင်ပါတယ်ဗျ😘
Show all...
22👏 7👍 5😁 3🥰 2💯 2
ဂါမဏီရဲ့အတိုက်စက်တွေက ပြင်းထန်လှသလို အရောင်သွေးလည်း စုံလင်လှသဖြင့် အောင်မြတ်သာတောင် တစ်ချက် တစ်ချက် အနောက်ကို ယိုင်ကျလုဆဲဆဲ ဖြစ်ခဲ့ရတယ်။ မောင်စမတို့ကတော့ တစ်ချက်မှပြန်မတိုက်တဲ့ ဆရာဖြစ်သူကို ကြည့်ပြီး အားမလိုအားမရ ဖြစ်နေခဲ့ကြရတယ်။ တကယ်တော့ အောင်မြတ်သာက ပြန်မတိုက်တာ မဟုတ်ဘဲ ပြန်တိုက်မယ့် အခွင့်အရေးမရတဲ့ထိ ဂါမဏီက လက်ဦးမှု ယူထားခဲ့တာပဲ။ တစ်ချက် သတိလွတ်တာနဲ့ အတိုက်စက်ပေါင်းစုံက နှလုံးတည့်တည့်ကို ဝင်‎ရောက်လာမှာကိုသိတဲ့ အောင်မြတ်သာအနေနဲ့ ဂါမဏီရဲ့ ပညာစက်တွေကိုသာ သတိကြီးစွာ ကာကွယ်နေခဲ့ရတယ်။ အဲ့ဒီအချိန် ဖိုးကတုံး တွဲထူထားတဲ့ စင်္ကြာက ရှိသမျှ ခွန်အားတွေကို စုစည်းပြီး ဂါမဏီရဲ့ရှေ့ကို တိုးဝင်သွားချိန်မှာတော့ အတိုက်စက်ပေါင်းများစွာက စင်္ကြာရဲ့ ရင်ဘက်ထဲကို စုပြုံရောက်သွားခဲ့သလို ဂါမဏီလည်း ဟန်ချက်ပျက်ကာ အနောက်ကို ယိုင်ကျသွားခဲ့တယ်။ ဒီအခွင့်အရေးကို အောင်မြတ်သာနဲ့ မောင်စမတို့က အမိအရယူပြီး ပညာသိမ်းစမကိုကိုင်ကာ ဦးခေါင်းတည့်တည့်ကို ရိုက်ချလိုက်တယ်။ ဂါမဏီအနေနဲ့ မောင်စမရိုက်ချတဲ့စမကို လက်ပြန် ဟန့်တားနိုင်ခဲ့ပေမဲ့ အောင်မြတ်သာရိုက်တဲ့စမကိုတော့ ဘယ်ိလိုမှ တားဆီးနိုင်စွမ်းမရှိဘဲ ကြမ်းပေါ်ကို ဒူးထောက်လျက် အနေအထား ကျသွားခဲ့တယ်။ ပညာသိမ်းစမရဲ့အစွမ်းကြောင့် ဂါမဏိမျက်လုံးတွေ ရဲရဲနီလာပြီး ခန္ဓာကိုယ်ထဲကနေလည်း ကျင့်ကြံထားတဲ့ အောက်မှော်စွမ်းအားတွေ ထိုးထွက်လာခဲ့တယ်။ ပညာသိမ်းစမရဲ့အစွမ်းကြောင့် ဂါမဏီပါးစပ်ထဲကနေလည်း သွေးစိမ်းရှင်တွေ အန်ထွက်လာသလို လူကလည်း ကြမ်းပေါ်ကို အရုပ်ကြိုးပြတ်ကာ လဲကျသွားခဲ့တယ်။ ဂါမဏီကသွေးအိုင်ထဲမှာ ဆန့်ငင်ဆန့်ငင် ဖြစ်နေသလို့ စင်္ကြာလည်း ခန္ဓာကိုယ်တစ်ခုလုံး သွေးတွေ ရဲရဲနီလျက် အသက်ငင်နေခဲ့တယ်။ အောင်မြတ်သာလည်း စင်္ကြာကို အတတ်နိုင်ဆုံး ကယ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် လက်ထဲမှာတင် ဆုံးပါးသွားခဲ့ရတယ်။ စင်္ကြာရဲ့သွေးစက်တွေက ဖိုးကတုံးရဲ့ အင်္ကျီတွေပေါ်မှာ စွန်းထင်းနေသလို ဖိုးကတုံးရဲ့ ပါးပြင်မှာလည်း မျက်ရည်စအချို့ စွန်းထင်းနေခဲ့တယ်။ မောင်ကောင်းနဲ့ ခွန်းလှတို့ကတော့ ဂါမဏီရဲ့တပည့်ဖြစ်သူ မောင်ထိန်ကို ထွက်ပြေးလို့မရအောင် ဖမ်းချုပ်ပြီး အဘွားစိန်ညှာရှိတဲ့နေရာကို လိုက်ပို့ခိုင်းခဲ့တယ်။ ဒါပေမဲ့ မောင်ကောင်းတို့ ရောက်သွားချိန်မှာတော့ အသက်မဲ့နေတဲ့ အဘွားစိန်ညှာရဲ့ ရုပ်အလောင်းကိုသာ မြင်လိုက်ရပြီး ကျန်တဲ့ အဖွဲ့သား တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရတော့ပေ။ ===== မီးဖွဲဖွဲလေးကျနေတဲ့ နေ့တစ်နေ့မှာတော့ သေသပ်စွာပြုလုပ်ထားတဲ့ အုတ်ဂူနှစ်လုံးရဲ့ရှေ့မှာ ဖိုးကတုံး ငိုင်တိုင်တိုင် ထိုင်နေခဲ့တယ်။ သူ့အနောက်မှာတော့ အောင်မြတ်သာ၊ မောင်စမ၊ မောင်ကောင်း၊ ခွန်းလှတို့က ညှိုးငယ်တဲ့မျက်နှာထားတွေနဲ့ ရပ်ကြည့်နေခဲ့ကြတယ်။ အတန်ကြာ ရပ်နေပြီးတဲ့အချိန်မှာတော့ မောင်စမက ဖိုးကတုံးကို ဆွဲထူလိုက်ပြီး " ကောင်ကလေး...မင်းရော ငါရော တစ်နေ့ကျရင် ဒီလိုအဖြစ်နဲ့ကြုံရမှာကို ဘာလို့ စိတ်မကောင်း ဖြစ်နေတာလဲ၊ မင်းရဲ့ ဝမ်းနည်းတဲ့စိတ်တွေကို အားအဖြစ် အသုံးချလိုက်စမ်းပါ၊ လာလာ အချိန်လည်း လင့်နေပြီ သွားကြရအောင် " လို့ပြောကာ ဆွဲခေါ်သွားခဲ့တယ်။ ဖိုးကတုံးလည်း မောင်စမခေါ်တဲ့နောက်ကို လိုက်ပါသွားပြီး ခြေလှမ်း ဆယ်လှမ်းလောက် အရောက်မှာတော့ ကြောင်အော်သံတစ်ချက်ကို ကြားလို့ လှည့်ကြည့်လိုက်ရာ အုတ်ဂူပေါ်မှာ ထိုင်နေတဲ့ ကြောင်နက်တစ်ကောင်ကို မြင်လိုက်ရတယ်။ " ဆရာ...စင်္ကြာအုတ်ဂူပေါ်မှာ ကြောင်နက်တစ်ကောင် ထိုင်နေပါလား " ဖိုးကတုံးစကားကြောင့် အောင်မြတ်သာ လှည့်ကြည့်လိုက်ရာ ကြောင်နက်ကို မတွေ့ရတော့ပဲ လေအဝေ့မှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်အချို့ကိုသာ မြင်လိုက်ရတယ်။ ====== အောင်မြတ်သာလည်း စုန်းဖြူမရွာမှာ ကြုံခဲ့ရတဲ့ အဖြစ်တွေကြောင့် ခံစားခဲ့ရတဲ့ တပည့်တွေ့ကို စိတ်အနားပေးရန် တိတ်ဆိတ်ငြိမ်းချမ်းတဲ့အရပ်တစ်ခုကို ခေါ်ဆောင်ခဲ့လိုက်တယ်။ အောင်မြတ်သာ ခေါ်ဆောင်လာတဲ့နေရာက ဘယ်နေရာများဖြစ်မလဲ၊ ဘာတွေ စိတ်ဝင်စားစရာ ကောင်းမလဲ ဆိုတာကိုတော့ " အောင်မြတ်သာနှင့် မြိုင်ဟေဝန်တော "ဆိုတဲ့ ဝတ္ထုမှာ ဖတ်ရှု့ပေးကြပါဦး။ လေးစားစွာဖြင့် ဇေယန(ရာမည) #Credit
Show all...
72👍 22🍓 3🤔 1
" မနက်ကျရင် မင်းတို့ပြောသလို တောင်းဆိုကြည့်မယ်၊ သူ့ဘက်က ငြင်းရင်တော့ ငါတို့ဘက်က လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ " အောင်မြတ်သာတို့ ဆရာတပည့်တွေ အချင်းချင်း တိုင်ပင်ပြီး ကိုယ့်နေရာကိုယ် လှဲချလိုက်ကြတယ်။ ====== မနက်မိုးလင်းတော့ အောင်မြတ်သာက အဘွားစိန်ညှာဆီကိုသွားပြီး ပညာစဉ်စာအုပ်ထားတဲ့ အခန်းကို ဝင်ကြည့်ချင်ကြောင်းပြောလိုက်ပါတော့တယ်။ ဒီစကားကြားတော့ အဘွားစိန်ညှာက မျက်မှာတစ်ချက်မပျက်ဘဲ ပညာစဉ်စာအုပ်တွေ ထားတဲ့နေရာကို ခေါ်သွားမယ်ဆိုပြီး သူအိပ်တဲ့အခန်းဆီကို ခေါ်ဆောင်လာခဲ့တယ်။ ထိုစဉ် အောင်မြတ်သာက ဟက်ခနဲ တစ်ချက်ရယ်ပြီး အသင့်ဆောင်လာတဲ့ မှုလပြန်အင်းစမနဲ့ အဘွားစိန်ညှာရဲ့ ကျောပြင်ကို ရိုက်ချလိုက်ပေမဲ့ အဘွားစိန်ညှာက ခန္ဓာကိုယ်ကို စောင်းပြီး ရှောင်လိုက်တာကြောင့် အင်းစမက ဘေးကို ချော်ထွက်သွားခဲ့တယ်။ အဲ့ဒီအချိန် အဘွားစိန်ညှာက ယောင်္ကျားသံကြီးနဲ့ ထရယ်ပြီး " မင်းက ဘယ်ဆိုးလို့တုန်း...ကောင်ကလေးရဲ့ " " မင်းက ဂါမဏီလား " " ငါ့နာမည်ကိုတောင် သိနေပါလား " " စကားအပိုတွေ ပြောမနေနဲ့ အဘွားစိန်ညှာ အခုဘယ်မှာလဲ " " သူ့ကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပါတယ်၊ ဒါနဲမင်းတို့က ကိုယ်နဲ့မဆိုင်တာ ဘာလို့ ဝင်ရှုပ်ကြတာလဲ " " ကျုပ်တို့က တာဝန်ပေးတဲ့အတိုင်းလုပ်တာဘဲလေ၊ မင်းသာ ဖြောင့်မှန်တဲ့သူဆိုရင် မင်းဘက်ကနေ ငါတို့ ပါဝင်ကူညီပေးမှာပဲ " " အစကတော့ ဒီရွာကိစ္စ မင်းတို့နဲ့မဆိုင်ဘူးဆိုပြီး လွှတ်ပေးတော့မလို့ပဲ၊ နောက်မှ သိရတာက မင်းတို့က နတ်ဖွက်ရွာမှာ ငါ့ဆရာနဲ့ ပညာတူညီအစ်ကိုတွေကို စော်ကားခဲ့တာကြောင့် ဒီအခြေနေမျိုးရောက်အောင် ဖန်တီးခဲ့လိုက်တာ၊ မင်းတို့ကို သတ်ပြီးမှ ဒီရွာကို မီးလောင်တိုက်သွင်းရင်လည်း နောက်မကျသေးပါဘူး " " မင်းက မရဏရဲ့ တပည့်လား " " သိပ်ဟုတ်တာပေါ့...အခုတော့ မင်းတို့အားလုံး ငါ့လက်ထဲမှာ သေဖို့ပြင်ထား၊ မောင်ထိန်ရေ ဟိုကောင်လေးကို ခေါ်လာခဲ့ " ဂါမဏီရဲ့ စကားအဆုံးမှာ လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုပ်ခံထားရတဲ့ ဖိုးကတုံးက ယက်ကန်ယက်ကန်နဲ့ ပါလာခဲ့တယ်။ " ဆရာ...ဒီကောင်တွေ ကျုပ်ကို လိမ်ပြီး ခေါ်လာတာဗျ " အောင်မြတ်သာက ဖိုးကတုံးကို လှမ်းကြည့်လိုက်ပြီး ဂါမဏီဘက်ကို ပြန်လှည့်လိုက်တယ်။ " မင်းရဲ့အဆင့်အတန်းက အတော်ကို နိမ့်ကျပါလား၊ ငါက မင်းကို ဒီလောက် အောက်တန်းကျမယ်လို့ မထင်ထားတာ " " မင်းပြောလည်းခံရမှာပဲ ငါဆိုတဲ့ကောင်က လိုချင်တာရဖို့ဆိုရင် ဘာဖြစ်ဖြစ်လုပ်မှာ၊ ဟောဒီမှာကြည့် " ဂါမဏီက အနားမှာရှိတဲ့ ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ခြေထောက်ကို ထောင်ပြလိုက်ရာ မထိုးသင့်တဲ့အရာကို တက်တူးထိုးထားတာ မြင်လိုက်ရတယ်။ " ဒီလောက်ဆို မင်းအကြောင်းသိလိုက်ပြီမို့ ဘာမှ ထပ်ပြောမနေတော့ဘူး၊ မင်း သတ်နိုင်ရင် သတ်စမ်း " အောင်မြတ်သာက မျက်နှာတစ်ချက်မပျက်ဘဲ စိန်ခေါ်ပြီး ရှေ့ကို တက်သွားခဲ့တယ်။ အဲ့ဒီအချိန် အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ထဲကနေ အဖြူရောင် မီးခိုးရောင် ရောထွေးနေတဲ့ ရောင်စဉ်တွေ ဖြာထွက်နေတာကို မောင်ကောင်းတို့အားလုံး မြင်တွေ့လိုက်ရတယ်။ ဂါမဏီက အောင်မြတ်သာ ရှေ့တိုးလာတာမြင်တော့ ဖိုးကတုံးကို သတ်ဖို့ ခေါင်းငြိမ့်ပြလိုက်တယ်။ မောင်ထိန်လည်း ဂါမဏီရဲ့အမိန့်ကိုရတာနဲ့ ဖိုးကတုံးရဲ့ လည်မျိုကို ဂျွတ်ခနဲ ဆွဲလိမ်ချိုးလိုက်ရာ လည်ပင်းက မကျိုးသွားပဲ သံချောင်းလို မာတောင့်နေတာ ခံစားလိုက်ရတယ်။ အဲ့ဒီအချိန် ပြတင်းပေါက်ကနေ ကြောင်နက်တစ်ကောင် ခုန်ဝင်လာပြီး မောင်ထိန်ရဲ့ မျက်နှာကို ကုတ်ဖဲ့ကာ တိုက်ခိုက်ပါလေရော။ ဂါမဏီလည်း မြန်ဆန်လွန်းတဲ့အဖြစ်ကြောင့် တပည့်ဖြစ်သူမောင်ထိန်ကို ဆွဲခေါ်လိုက်ပြီး မျက်နှာကို ကုတ်နေတဲ့ ကြောင်နက်ကို အမြီးကနေ ဆွဲကိုင်ကာ အိမ်အပြင်ဘက်ကို ပစ်ထုတ်လိုက်တယ်။ အဲ့ဒီအချိန် မောင်ကောင်းနဲ့ ခွန်းလှတို့က ဂါမဏီကို အတင်းဝင်လုံးပြီး တိုက်ခိုက်ဖို့ အနားကပ်လာခဲ့ရာ အနားမရောက်ခင်မှာပဲ မမြင်နိုင်တဲ့ တွန်းအားတစ်ခုကြောင့် အနောက်ကို လွင့်ထွက်သွားခဲ့တယ်။ " မောင်ကောင်း နောက်ဆုတ်နေ၊ တစ်ယောက်မှ ရှေ့တိုးမလာနဲ့ " အောင်မြတ်သာစကားကြောင့် ဘယ်သူမှ့ ရှေ့မတက်ဘဲ ရပ်နေကြတဲ့အချိန် ဖိုးကတုံးက အိမ်အောက်ပြေးဆင်းသွားပြီး နာကျင်စွာ ညည်းညူနေတဲ့ စင်္ကြာကို တွဲထူနေခဲ့တယ်။ ဂါမဏီလည်း သူ့ရဲ့တပည့်ဖြစ်သူ မောင်ထိန်ကို ဘေးဖယ်ခိုင်းလိုက်ပြီး အတိုက်စက်ကို အောင်မြတ်သာဆီ ပစ်လွှတ်လိုက်တယ်။ အတိုက်စက်က အောင်မြတ်သာ မျက်နှာရှေ့ ရောက်တာနဲ့ ထက်မြက်လှတဲ့ဓားကိုထိတဲ့ နှီးလို ဘေးကို ဖြာထွက်သွားခဲ့တယ်။ အရောင်သွေးစုံလင်တဲ့ အတိုက်စက်တွေကြောင့် မောင်ကောင်းတို့ရဲ့ မျက်လုံးတွေ ကျိန်းစပ်နေခဲ့သလို့ ဂါမဏီလည်း ပညာကုန် ထုတ်သုံးပြီး အောင်မြတ်သာကို တိုက်နေခဲ့တယ်။
Show all...
18👍 8
စင်္ကြာစကားအဆုံးမှာ အိမ်ရှေ့ကနေ လှမ်းခေါ်တဲ့အသံကြားလို့ ထွက်ကြည့်တော့ ဝါးခမောက်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ သတိုးဖြစ်နေခဲ့တယ်။ " ဘာကိစ္စရှိလို့လဲ ကိုကြီး " " စင်္ကြာကို အဘွားစိန်ညှာခေါ်ခိုင်းလိုက်လို့ " " ခဏနေ လာခဲ့မယ် ကိုကြီး " သတိုးထွက်သွားတော့ စင်္ကြာက အောင်မြတ်သာတို့နဲ့အတူ အဘွားစိန်ညှာအိမ်ရှိရာဘက်ကို ထွက်လာခဲ့လိုက်တယ်။ " အဘွား ကျွန်တော်ကို ခေါ်တယ်ဆိုလို့ ဘာကိစ္စရှိလို့လဲ " " မင်း ဒဏ်ရာသက်သာပြီလား " " သက်သာပါပြီ အဘွား " " ဒါဖြင့် စင်္ကြာရော ဆရာတို့ရော အိမ်ပေါ်တက်ကြပါဦး " အဘွားစိန်ညှာစကားကြောင့် အောင်မြတ်သာတို့လည်း အိမ်ပေါ်ကို တက်လာခဲ့လိုက်တယ်။ အိမ်ပေါ်ရောက်တော့ အဘွားစိန်ညှာက " မင်းအနေနဲ့ ရုပ်သွင်ပြောင်း မှော်စဉ်ကျင့်စဉ်ကို ဆက်မကျင့်တော့ဘူးလား " " လောလောဆယ် အဲ့ဒီဘက်ကို အာရုံမထားနိုင်သေးလို့ပါ အဘွား " " အင်း...ကျင့်စဉ်နဲ့ ပတ်သက်ပြီး မသိနားမလည်တာ ရှိခဲ့ရင် အဘွားကို လာမေးလို့ ရတယ်နော် " " ဟုတ်ကဲ့ပါအဘွား...ဒုတိယအတွဲထဲမှာ ကျွန်တော် နားမလည်တဲ့ အကြောင်းအရာပါရင် လာမေးပါ့မယ် " " ဒါနဲ့ ဆရာလေးတို့လည်း ရွာမှာနေရတာ အဆင်ပြေရဲ့လား " " အားလုံး အဆင်ပြေပါတယ် အဘွား " " တကယ်တော့ အဘွားတို့က ဆရာတို့ကို ပြသနာထဲ ဆွဲထည့်မိတာပါ " " မဟုတ်တာ အဘွားရယ်၊ ကျွန်တော်တို့ ကိုယ်တိုင် မှုရင်းစိတ်နဲ့ ကူညီပေးတာပါ " " ဆရာလေးတို့အတွက် အပန်းမကြီးရင် အဘွား အကူအညီတစ်ခု တောင်းစရာရှိလို့ပါ " " ဘာများလဲအဘွား...အားမနာဘဲ ပြောလို့ရပါတယ် " " မနက်ဖြန် ညကျရင် အဘွားအနေနဲ့ မှော်စဉ်တစ်ခု ကျင့်မှာမို့လို့ ဆရာတို့ အနားမှာ စောင့်ရှောက်ပေးနိုင်မလား " " အဘွားက ဘယ်လိုကျင့်စဉ် ကျင့်မလို့လဲ " " လိပ်ပြာလွင့်တဲ့ ကျင့်စဉ်တစ်ခု ကျင့်မလို့ပါ " " ကျွန်တော်တို့က ဘယ်လို စောင့်ရှောက်ပေးရမှာလဲ " " ဒီကျင့်စဉ်ကျင့်တဲ့အခါ မမြင်ရတဲ့ အနှောင့်အယှက်တွေ ဝင်နိုင်တာမို့ ဆရာတို့က လိပ်ပြာလွင့်ပြီး အနားမှာ စောင့်ရှောက်ပေးစေချင်ပါတယ် " " ဒါက အရမ်းကို အန္တရာယ်များတဲ့ ကျင့်စဉ်ပဲ " " ဟုတ်ပါတယ်...ဒါကြောင့် ပညာစွမ်းထက်တဲ့ ဆရာတို့ကို အကူအညီ တောင်းရတာပါ " အဘွားစိန်ညှာစကားကြောင့် အောင်မြတ်သာက အဖြေမပေးသေးပဲ အတန်ကြာစဉ်းစားကာ " ဒီည ကျုပ်စဉ်းစားပြီး ပြန်ပြောပေးပါ့မယ် " " ရပါတယ် ရပါတယ် ...ဆရာတို့ဆီက အဖြေရမှ အဘွားလည်း လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ရမှာမို့ သေချာမှ ပြောပေးပါနော် " " ဒါဖြင့် ကျုပ်တို့ကို ပြန်ခွင့်ပြု့ပါဦး " " ကောင်းပါပြီ ဆရာ...သတိုးရေ ဆရာတို့ကို လိုက်ပို့ပေးလိုက်ဦး " ===== " ဒီအဘွားကြီးက ဘာသဘောလဲဆရာ၊ လိပ်ပြာလွင့် ကျင့်စဉ်က ဘယ်လောက် အန္တရာယ်များလဲ သူ မသိတာလား " " ငါလည်း ဒီအချက်ကို စဉ်းစားနေတာ၊ သူက ဘာကြောင့် ငါတို့ အကုန်လုံးကို လိပ်ပြာ လွင့်ခိုင်းရတာလဲ " " ဆရာ...ကျွန်တော် တစ်ခု ဝင်ပြောလို့ရမလား " " ပြောလေ မောင်ကောင်း ..." " အဘွားစိန်ညှာက ကွမ်းယာစားတာ အရင်က မမြင်ဖူးဘူးနော်၊ အခု သူ့အိမ်ရောက်တော့ ထိုင်ခုံဘေးမှာ ကွမ်းအစ်တစ်လုံးချထားတာ သတိထားမိသလို သူ့သွားတွေကလည်း ကွမ်းစားထားတာကြောင့် နီရဲနေတာပဲ " " ဒါနဲ့ လိပ်ပြာလွင့်တဲ့ကိစ္စ ဘာဆိုင်လို့လဲ " " ဆိုင်တာပေါ့ ခွန်းလှရဲ့၊ လကွယ်နေ့ညက အပြင်းအထန် လာတိုက်ကြတဲ့ ဂါမဏီရဲ့တပည့်တွေက အဲ့ဒီနောက်ပိုင်း ဘာလို့ မတိုက်ကြတော့တာလည်း၊ နောက်တစ်ချက်က အဘွားစိန်ညှာက လူတစ်ယောက်ကို ခေါ်ချင်ရင် သူခေါ်ချင်တဲ့လူရဲ့အိမ်မှာရှိတဲ့ ခေါင်းလောင်းကို အသံမြည်အောင် သူ့ပညာနဲ့လုပ်တယ်လေ၊ အခုကျတော့ လူလွတ်ပြီး ခေါ်ခိုင်းနေတာက မထူးဆန်းနေဘူးလား၊ ဒါကြောင့် လိပ်ပြာလွင့်တဲ့ ကိစ္စကို အလောတကြီး မဆုံးဖြတ်စေချင်ဘူး " " မောင်ကောင်းက အဘွားစိန်ညှာကို သံသယဝင်နေတာလား " " ဟုတ်တယ် ဆရာ...စင်္ကြာ ဒဏ်ရာရလာတဲ့ညက ဟိုကောင်တွေ အဘွားအိမ်ဘက်ကို သွားနေတယ်လို့ ပြောတယ်လေ၊ ကျွန်တော်တို့ ရောက်သွားတော့ အဘွားစိန်ညှာက ရန်သူတွေကို အနိုင်ယူပြီးပြီ၊ အဖြစ်အပျက်က အရမ်းမမြန်လွန်းနေဘူးလား၊ အဲ့ဒီနေ့ထဲက ညိုမောင်ရော သူ့မိသားစုပါ ပျောက်သွားတာကလည်း စဉ်းစားစရာပဲ " " မောင်ကောင်း စဉ်းစားတာကလည်း သဘာဝကျပါတယ်၊ မောင်စမကရော ဘယ်လိုမြင်လဲ " " ဒီအဖြစ်အပျက်တွေကို ဆက်စပ်တွေးရင် ကျွန်တော်လည်း သံသယနည်းနည်း ဝင်မိတယ်၊ ဟိုလေ ဆရာ...ကျွန်တော်တို့ ရွာကိုစရောက်တော့ အဘွားစိန်ညှာက ဆရာ့ကို မှော်စဉ်စာအုပ်တွေ ထားတဲ့အခန်းထဲ ခေါ်သွားဘူးတယ် မဟုတ်လား " " အင်း ဟုတ်တယ် " " အခု မောင်ကောင်း သံသယဝင်နေတဲ့အချက်ကို ဒီအရာနဲ့ ဖြေရှင်းလို့ရတယ်၊ တကယ်လို့ဗျာ အဘွားစိန်ညှာအစစ်ဆိုရင် ဆရာကို စာအုပ်တွေထားတဲ့အခန်း ခေါ်သွားမှာပဲ၊ အတုဆိုရင်တော့ အကြောင်းအမျိုးမျိုးပြပြီး ငြင်းလိမ့်မယ် "
Show all...
15👍 10
" အဘွား...ဒါတွေအားလုံးက ညိုမောင်ဆိုတဲ့သူ သစ္စာဖောက်လို့ ဖြစ်ရတာ " " တောက်စ်...ဒင်းက ငါက ယုံကြည်ခဲ့တာ၊ ဒါကို အခွင့်ကောင်းယူပြီး ကိုယ့်ရွာကိုယ် ဒုက္ခပြန်ပေးသွားပါလား " အဘွားစိန်ညှာက တောက်တစ်ချက်ခတ်လိုက်ပြီး သွေးအိုင်ထဲ လဲကျနေတဲ့သူတွေကို လှမ်းကြည့်ကာ " ရွာအရှေ့ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ် မဟုတ်လား " " ဟုတ်ပါတယ် အဘွား " " အဲဒီကိုအရင်သွားကြတာပေါ့...." အဘွားစိန်ညှာစကားကြောင့် အောင်မြတ်သာတို့လည်း ရွာအရှေ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။ ရွာသားတွေလည်း ဘွားစိန်ညှာကိုတွေ့တော့ ဝမ်းသာအားရနဲ့ ပြေးလာပြီး " အဘွား... ဒီကောင်တွေ ချက်ချင်း ပြန်ဆုတ်သွားကြတယ် " " ဟင်...ရုတ်တရက်ကြီး ပြန်ဆုတ်သွားတာလား " " ဟုတ်တယ် ဆရာ...ထိခိုက်ဒဏ်ရာရနေတဲ့ သူတွေလောက်ပဲ ပြန်ဆွဲသွားကြတာ " " သူတို့ အကြံကို အဘွားတို့ သိသွားလို့ ပြန်ဆုတ်ကြတာနေမှာ " " ဘယ်လိုပဲဖြစ်ဖြစ် အဘွားရာ...သူတို့ရဲ့ ခေါင်းဆောင်ကို မဖမ်းမိသရွေ့ စိတ်အေးလို့ မရနိုင်ဘူး " " ဆရာ့စိတ်ကို နားလည်ပါတယ်၊ သူတို့ဘက်က အကြောင်းတစ်ခုခုရှိလို့ နောက်ဆုတ်သွားတာ ဖြစ်မှာပါ၊ ကဲကဲ ဒဏ်ရာရတဲ့ သူတွေကို ဆေးကုဖို့ ပြင်ကြတော့ " အဘွားစိန်ညှာစကားကြောင့် အောင်မြတ်သာတို့ ဘာမှမပြောတော့ပဲ ဒဏ်ရာရထားတဲ့ သူတွေကို ကုသပေးဖို့ ထွက်လာခဲ့လိုက်တယ်။ ===== " သတိုးနဲ့ မောင်တူး...ငါ့အိမ်ပေါ်က အလောင်းတွေကို မြေမြှုပ်လိုက်ဦး " " ဟုတ်ကဲ့ အဘွား " အဘွားစိန်ညှာစကားကြောင့် သတိုးနဲ့ မောင်တူးတို့နှစ်ယောက် အလောင်းကို ပခုံးပေါ်ထမ်းပြီး ရွာအနောက်ဘက် ကွင်းပြင်ကို ထွက်လာခဲ့လိုက်တယ်။ လမ်းတစ်ဝက်အရောက်မှာတော့ သူတို့ရှေ့ကနေ လည်ပင်းမှာ ပဝါစည်းထားတဲ့ လူတစ်ယောက် ဘွားခနဲ ပေါ်လာခဲ့တယ်။ " ညိုမောင်...မင်းဘယ်ကနေ ထွက်လာတာလဲ " " ခင်ဗျားတို့ကို စောင့်နေတာလေ...ဟဲဟဲ " ညိုမောင်က ရယ်ကျဲကျဲပြောရင်း လက်ထဲကိုင်ထားတဲ့အရာနဲ့ လည်ပင်းကို ဆတ်ခနဲ ထိုးချလိုက်ရာ သတိုးနဲ့ မောင်တူးတို့နှစ်ယောက် စကားမေးတောင်မရဘဲ လဲကျသွားခဲ့တယ်။ အဲ့ဒီအချိန် သွေးအလိမ်းလိမ်းဖြစ်နေတဲ့ လူသေလောင်းနှစ်ခုရဲ့ ခန္ဓာကိုယ်က လှုပ်ရှားကာ ကုန်းထလာခဲ့လို့ သတိုးနဲ့ မောင်တူးရဲ့ ခန္ဓာကိုယ်ကလည်း လှုပ်ရှားလာခဲ့တယ်။ " မင်း မင်းဘယ်သူလဲ " သတိုးက သတိရရခြင်း သူတို့ခန္ဓာကိုယ်ကို ကြည့်ရင်း မေးလိုက်တဲ့အချိန် " ငါက သတိုးလေ...ဟဲဟဲ " " မင်းတို့ မင်းတို့ ငါတို့ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်တာလား " " ဟီးဟီး...ငါတို့က မင်းတို့ခန္ဓာကိုယ်ကို ခဏငှားလိုက်တာလေ၊ လောလောဆယ် ညိုမောင်ခေါ်တဲ့နောက်ကို လိုက်သွားပေးလိုက်နော် " သတိုးဆိုတဲ့လူက စိတ်ဝိညာဉ်ပြောင်းလဲသွားတဲ့ သူတို့ခန္ဓာကိုယ်ကို အံဩစွာ ကြည့်နေတဲ့အချိန် မျက်လုံးတွေ လေးလံလာပြီး သတိလစ်ကာ မေ့မြောသွားခဲ့တယ်။ မကြာမီ လည်ပင်းမှာ ပဝါပတ်ထားတဲ့လူက သတိလစ်နေတဲ့ လူနှစ်ယောက်ကို ပခုံးပေါ်မှာထမ်းကာ အမှောင်ထုထဲကို ထွက်သွားခဲ့ပါတော့တယ်။ ====== အေးစက်စက်အထိအတွေ့ကြောင့် သတိလစ်နေတဲ့ ဒေါ်စိန်ညှာတစ်ယောက် လန့်နိုးလာခဲ့တယ်။ " ငါ ငါဘယ်ရောက်နေတာလဲ " " အဘွားနိုးလာပြီလား " " ညိုမောင် ညိုမောင် ငါ ငါဘယ်ကိုရောက်နေတာလဲ " " အဘွားက စိတ်ငြိမ်တဲ့နေရာတစ်ခုကို ရောက်နေတာပါ၊ ရွာအတွက်လည်း စိတ်မပူပါနဲ့ ဆရာကြီးက အဘွားနေရာကိုဝင်ပြီး စောင့်ရှောက်ပေးနေပါတယ် " အဲ့ဒီတော့မှ အဘွားစိန်ညှာ သဘောပေါက်သွားပြီး အင်အားရှိသမျှ ကုန်းရုန်းလိုက်ပေမဲ့ ခန္ဓာကိုယ်က ထင်သလောက် မရုန်းကန်နိုင်ပဲ ပျော့ခွေကာ လဲကျသွားခဲ့တယ်။ " အဘွား အားကုန်မခံပါနဲ့ဗျာ " " ညိုမောင် မင်း မင်းက သစ္စာဖောက်ပဲ " " အဘွား ကြိုက်သလို ပြောလို့ ရပါတယ်၊ ညိုမောင်က ဘာမှမဖြစ်ပါဘူး၊ ဒါနဲ့လေ ဆရာကြီးက မှော်စဉ်စာအုပ်တွေ ထားတဲ့နေရာပြောပြရင် အဘွားကို မူလနေရာ ပြန်ပို့ပေးမယ်ဆိုပြီး ပြောခဲ့တယ်ဗျ " " မှော်စဉ်စာအုပ်တွေကို ရဖို့တောင် စိတ်မကူးနဲ့လို့ ပြန်ပြောလိုက်စမ်း၊ ဒီကျင့်စဉ်စာအုပ်တွေက သူနဲမတန်ဘူး " အဘွားစိန်ညှာရဲ့စကားကြောင့် ညိုမောင်မျက်နှာ တင်းခနဲဖြစ်သွားပြီး မျက်လုံးကိုမှိတ်ကာ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပါတော့တယ်။ မကြာခင် အဘွားစိန်ညှာရဲ့ နာကျင်စွာ အော်ညည်းသံက တိတ်ဆိတ်နေတဲ့ ညအချိန်ကို ဖောက်ထွက် လာပါတော့တယ်။ ===== " စင်္ကြာ မင်းလက်မောင်း ဒဏ်ရာ သက်သာရဲ့လား " " သက်သာပါတယ်ဆရာ...အစ်မ‎ရော ဆရာတို့ရော ဂရုစိုက်ပေးကြလို့ အချိန်တိုအတွင်း သက်သာလာပါပြီ၊ ဒါနဲ့ ရွာထဲမှာ ဘာမှထူးခြားတာ မရှိဘူးလား " " ရွာကတော့ ပုံမှန်ပြန်ဖြစ်သွားပါပြီ၊ ဒါကတော့ နည်းနည်း ထူးဆန်းနေတယ်လို့ ထင်မိတယ် " " ကျွန်တော်လည်း ဆရာ့လို တွေးနေမိတယ်၊ မှော်စဉ်စာအုပ်တွေကို လိုချင်နေတဲ့သူက ရုတ်တရက်ကြီး ငြိမ်သွားတာက ထူးဆန်းနေတယ် "
Show all...
16👍 13
ညဘက်ရောက်တော့ ညိုမောင်က အခြားကင်းသမားတွေကို အချိုသတ်ပြီး ကင်းလှည့်ရန် ရွာအနောက်ဘက်ကို ခေါ်ဆောင်လာခဲ့လိုက်တယ်။ " ကိုကြီးညိုမောင်...နေမကောင်းဘူးလားဗျ " ကင်းသမား တစ်ယောက်ရဲ့ စကားကြောင့် ညိုမောင်က မျက်ခုံးကို ပင့်တင်လိုက်ပြီး " ကောင်းပါတယ်ကွ...ဘာဖြစ်လို့လဲ " " မသိပါဘူးဗျာ...မာဖလာကြီးပတ်ထားတော့ နေမကောင်းဘူး ထင်လို့ပါ " " ဪ...တစ်ညလုံး ကင်းစောင့်ရမှာဆိုတော့ အအေးပတ်လို့ မရဘူးလေ၊ ဒါကြောင့် ပဝါပတ်ထားတာကွ " ညိုမောင်က ပြုံးချိုတဲ့မျက်နှာထားနဲ့ ပြောလိုက်ပြီး ရွာအနောက်ဘက်ကို ဆက်ထွက်သွားခဲ့တယ်။ အဲ့ဒီအချိန် အလွန်ဆူညံတဲ့ ခေါင်းလောင်းသံက ရွာအရှေ့ဘက်ကနေ ထွက်ပေါ်လာခဲ့တယ်။ " အချက်ပေးသံ ထွက်လာပြီဟေ့...အားလုံးအသံကြားတဲ့ဘက်ကို သွားကြည့်ကြဦး " " ကိုကြီးညိုမောင်...တစ်ယောက်တည်း အဆင်ပြေပါ့မလား၊ ကျွန်တော် နေခဲ့မယ်လေ " " ငါ့ကို စိတ်မပူနဲ့ အသံကြားတဲ့ဘက်ကိုသာ သွားကြ၊ မကြာခင် ငါလိုက်လာခဲ့မယ် " ညိုမောင်က ကင်းသမားတွေကို အသံကြားတဲ့ဘက်ကို လွတ်လိုက်ပြီး ရွာအနောက်ဘက် စည်းအပြင်ကို ထွက်လာခဲ့လိုက်တယ်။ အပြင်ရောက်တော့ အသင့်စောင့်နေတဲ့ လူနှစ်ယောက်ဆီကိုသွားပြီး ပဝါနဲ့ထုတ်ထားတဲ့ အရာတစ်ခုကို ကမ်းပေးလိုက်ရင်း " အရှေ့ဘက်ကို အယောင်ပြထားတာဆိုတော့ သူတို့ အလုပ်ရှုပ်နေမှာ သေချာတယ်၊ အခုချိန် ရွာထဲဝင်ရင် ဘယ်သူမှ ရိပ်မိမှာ မဟုတ်ဘူး " " ဒါဖြင့်လည်း ဝင်ကြတာပေါ့...ဆရာကြီးလည်း မကြာခင် လိုက်လာမယ် ပြောတယ် " " အရင်ဆုံး မင်းတို့ ခြေထောက်တွေကို ငါ့ခြေမှုန့်တွေ သုတ်လိုက်ဦး " ညိုမောင်စကားကြောင့် လူစိမ်းနှစ်ယောက်က ပဝါထဲက မြေမှုန့်အချို့ကို သုတ်လိမ်းလိုက်ပြီး ရွာစည်းကို ကျော်ခွလိုက်တယ်။ အထဲရောက်တော့ ကင်းသမားတွေလို ဟန်ဆောင်ပြီး အဘွားစိန်ညှာအိမ်ရှိရာဘက်ကို ထွက်လာခဲ့လိုက်တယ်။ ရွာအရှေ့ဘက်မှာတော့ ဂါမဏီရဲ့တပည့် ပညာသည်အချို့ကလည်း အစီအရင်တွေလုပ်ထားတဲ့ ရွာစည်းရိုးထဲကို တိုးဝင်ရန် ကြိုးစားနေခဲ့ကြတယ်။ ညသန်းခေါင်အချိန် တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေတဲ့ စက်တွေက မိုးကြိုးပစ်သလို ဖျတ်ခနဲ ဖျတ်ခနဲ ထွက်ပေါ်နေခဲ့တယ်။ အောင်မြတ်သာတို့ကတော့ ရွာစည်းအထဲကနေ အခြေအနေကို စောင့်ကြည့်နေခဲ့သလို စင်္ကြာနဲ့ အခြားရွာသားအချို့ကလည်း အစီအရင်တွေ လုပ်ထားတဲ့ နေရာတွေကို လှည့်ပတ်ကြည့်ရှု့နေခဲ့တယ်။ အဲ့ဒီအချိန် အိမ်ခေါင်မိုးပေါ်ကနေ လူတစ်ယောက်ခုန်ဆင်းလာပြီး " ကိုညိုမောင်...ဒါက ဘယ်သွားမလို့လဲဗျ " " စင်္ကြာပါလား...မင်းက တိုက်ပွဲဖြစ်တဲ့နေရာမသွားဘဲ ဒီမှာဘာလုပ်နေတာလဲ " " ဒီစကား ကျုပ်က ကိုညိုမောင်ကို မေးရမှာ၊ ဒါနဲ့ ဒီလူတွေက ဘယ်သူတွေလဲ၊ သူတို့ကို ရွာမှာလည်း တစ်ခါမှ မမြင်ဖူးပါဘူး " စင်္ကြာစကားကြောင့် ညိုမောင်အနောက်မှာ ပါလာတဲ့သူနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ပြီး ညာဘက်လက်ကို ဖျတ်ခနဲ လှုပ်ရှားလိုက်ပေမဲ့ အခြေအနေကို ရိပ်မိတဲ့ စင်္ကြာက နောက်ကျွမ်းပစ်ရှောင်လိုက်ရာ ကြောင်နက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အမှောင်ထုထဲကို ဝင်ပြေးသွားခဲ့တယ်။ " ဒီကောင်က ရုပ်သွင်းပြောင်းပညာ တတ်နေပါလား " ညိုမောင်က အံဩတုန်လှုပ်စွာ ရေရွတ်လိုက်တဲ့အချိန် ရွာလယ်ဝင်ပေါက်နေရာကနေ ဂါမဏီနဲ့အတူ အခြားပညာသည်ငါးယောက် ဝင်ရောက်လာခဲ့တယ်။ " ဆရာကြီး ...ရောက်လာပြီလား " " ခုနက ထွက်ပြေးသွားတာ ဘယ်သူလဲ ညိုမောင် " " စင်္ကြာလို့ခေါ်တဲ့ ကာလသားတစ်ယောက်ပါ ဆရာကြီး၊ သူ သူက ရုပ်သွင်ပြောင်းမှော်စဉ်ပညာကို တတ်နေတယ် " " ငါ ခုနက မြင်လိုက်တယ် ညိုမောင်၊ မင်းကို သူတို့သိသွားကြပြီဆိုတော့ အရင်ဆုံး ရှောင်နေလိုက်ဦး၊ ကျန်တာ ငါတို့ ဆက်လုပ်လိုက်မယ် " ဂါမဏီက ညိုမောင်ကို ရှောင်ထွက်ခိုင်းလိုက်တဲ့အချိန် စင်္ကြာလည်း အောင်မြတ်သာတို့ဆီ သွေးသံတရဲရဲနဲ့ ရောက်ချလာခဲ့တယ်။ " ဆရာ...ဆရာ...ရွာထဲမှာ ဟ်ိုကောင်တွေ ရောက်နေကြပြီ " သွေးခြင်းခြင်းနီနေတဲ့ လက်မောင်းကို ဆုပ်ကိုင်းရင်း ပြောလိုက်တဲ့ စင်္ကြာစကားကြောင့် အောင်မြတ်သာ အနားကပ်သွားပြီး " ဘယ်လိုဖြစ်တာလဲ စင်္ကြာ " " ညိုမောင် ညိုမောင် သစ္စာဖောက်ပြီဆရာ၊ သူ သူတို့ အဘွားစိန်ညှာအိမ်ဘက်ကို သွားနေကြတယ် " " ဖိုးကတုံး...မင်း စင်္ကြာကို ငါတို့တည်းတဲ့ဆီကို ခေါ်သွား၊ မကြာခင် ငါတို့ပြန်လာခဲ့မယ် " အောင်မြတ်သာလည်း ဖိုးကတုံးကိုထားခဲ့ပြီး ကျန်တဲ့သူတွေနဲ့ ရွာသားအချို့ကိုခေါ်ကာ အဘွားစိန်ညှာ အိမ်ဘက်ကို ထွက်လာခဲ့ကြတယ်။ အိမ်ရှေ့ရောက်တော့ တံခါးမကြီးနှစ်ချပ်က ပွင့်ထွက်နေသလို မျက်နှာစိမ်းလူနှစ်ယောက် သွေးအိုင်ထဲမှာ လဲနေတာ မြင်လိုက်ရတယ်။ သူတို့ရှေ့မှာတော့ အဘွားစိန်ညှာက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ရပ်နေခဲ့တယ်။ " အဘွား ဘာဖြစ်သွားသေးလဲ " " ဘာမှမဖြစ်ပါဘူးကွယ်...စိန်ညှာက ဘယ်လိုမိန်းမလဲဆိုတာ သူတို့သိသွားကြပြီလေ "
Show all...
15👍 10
" ရှိတာတော့ ရှိတယ်...ဒါပေမဲ့ အင်းဆွဲနေကြလို့ မင်းကို စကားပြောနိုင်မယ် မထင်ဘူး၊ အရေးကြီးလို့လား " " အရေးတော့ မကြီးပါဘူး...ခြံထွက်ငှက်ပျောသီးလေး လာပို့တာပါ " " ကျေးဇူးပဲ စင်္ကြာရေ...မင်းရော ညဘက် ရွာထဲ လှည့်နေသေးလား " " ည သန်းခေါင်အချိန်တော့ လှည့်ကြည့်ပါတယ်၊ ဘာမှထူးခြားတာတော့ မတွေ့မိဘူး " " တကယ်လို့ ထူးခြားတာ တစ်ခုခုတွေ့ရင် အချိန်မရွေး လာပြောဦးနော်၊ ဟိုကောင်တွေက ဘယ်အချိန်ရောက်လာမလဲ မပြောတတ်သေးဘူး " " ကျွန်တော်လည်း ဒီကိစ္စကို စိတ်ပူနေတာ၊ သူတို့ဘက်က အရမ်းကို ငြိမ်သက်နေတော့ စိတ်ထဲတစ်မျိုးပဲ " " အရမ်းကြီးလည်း စိတ်ပင်ပန်းမခံနဲ့ဦး၊ တကယ်ဖြစ်တဲ့အချိန် အားမရှိ ဖြစ်နေပါဦးမယ် " " ဟုတ်တယ်နော်...လိုက်တွေးနေရင် စိတ်ပင်ပန်းတာပဲရှိမှာ၊ ဒါကြောင့် ဖြစ်လာမှရင်ဆိုင်ကြတာပေါ့ဗျာ " စင်္ကြာက ငှက်ပျောသီးတွဲကို ဖိုးကတုံးကို ကမ်းပေးလိုက်ပြီး အပြင်ကို ပြန်ထွက်သွားခဲ့လိုက်တယ်။ ====== စုန်းဖြူမရွာနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ ကညင်ကုန်းရွာအစွန် အိမ်တစ်လုံးထဲမှာတော့ ယောင်္ကျားမိန်းမတွေ စုဝေးနေခဲ့ကြတယ်။ သူတို့ရဲ့အလယ်မှာတော့ မျက်နှာပြင်တစ်ခုလုံး ကျောက်ပေါက်မာတွေအပြည့်ဖြစ်နေတဲ့ လူတစ်ယောက်ထိုင်နေပြီး သူ့အရှေ့မှာတော့ နွားသားရေနဲ့ ရေးဆွဲထားတဲ့ မြေပုံတစ်ချပ် ရှိနေခဲ့တယ်။ " အတွင်းလူရဲ့ သတင်းစကားအရ ရွာရဲ့ဝင်ပေါက်တွေကို ငါတို့ သုံးလို့မရလောက်ဘူး " " ဒါဆို ကျွန်တော်တို့ ဘယ်နေရာကနေ ရွာထဲဝင်ကြမလဲ၊ ဒါမှမဟုတ် သူတို့ကို ရွာပြင်ထွက်လာအောင် မြှားထုတ်ရမလား " " သူတို့က အထဲကနေပဲ ရင်ဆိုင်ဖို့ စီစဉ်ထားတာမို့ အပြင်တော့ ထွက်လာမှာ မဟုတ်ဘူး၊ ဒါကြောင့် ငါတို့က ရွာထဲကို ဝင်တိုက်မှ ရမယ် " " ဆရာကြီး ရွာထဲကို ဘယ်လိုဝင်ဖို့ စဉ်းစားထားလဲ " " အယောင်ပြတဲ့နည်းကို သုံးရမှာပေါ့...မင်းတို့က လက်အောက်ငယ်သားအချို့နဲ့ ရွာထိပ်ကစည်းကို ဖောက်ဖို့ဟန်ပြင်ကြ၊ ငါနဲ့နောက်လိုက်အချို့က အစ်ိီရင်လွတ်နေတဲ့ နေရာကနေ အထဲကိုဝင်မယ် " " ညိုမောင်ဆိုတဲ့သူရဲ့စကားကိုရော ယုံကြည်လို့ ရပါ့မလား " " သိပ်ရတာပေါ့...သူ့ကြောင့်ပဲ ဘယ်နေရာမှာ ဘယ်လိုအစီအရင်တွေ ရှိနေတယ်ဆိုတာ သိခဲ့ရတာလေ " " ကျွန်တော်တို့ကရော ဘယ်အချိန် လူစုထားရမလဲ ဆရာကြီး " " လကွယ်နေ့ မွန်းတည့်တာနဲ့ စုန်းဖြူမရွာ အနီးပတ်ဝန်းကျင်ကို မယောင်မလည်နဲ့ သွားနေကြ၊ ငါ အမိန့်မပေးမချင်း မင်းတို့ရဲ့ သရုပ်မှန်ကို ဘယ်သူမှ့ မသိစေနဲ့ " " ဟုတ်ကဲ့ပါဆရာကြီး၊ ကျွန်တော်တို့ သတိထားပြီး နေပါ့မယ် " " ဒါဖြင့်ရင် မောင်ထိန်ကလွဲပြီး ကျန်တဲ့သူတွေ ပြန်လို့ရပြီ " ဂါမဏီစကားကြောင့် ရှိနေကြတဲ့သူတွေအသီးသီး ပြန်သွားခဲ့ရာ နောက်ဆုံးမှာတော့ မောင်ထိန်တစ်ယောက်သာ ကျန်ရစ်ခဲ့တယ်။ " ဆရာကြီး ကျွန်တော်ကို ဘာတာဝန်ပေးစရာရှိလို့လဲ " " မင်းနဲ့ငါ ဒီည စုန်းဖြူမရွာထဲကို ဝင်ကြရအောင် " " ဟုတ်ကဲ့...ဆရာကြီးခေါ်ရင် ငရဲပြည်ဆိုလည်း မောင်ထိန်က လိုက်မှာပါဗျ " " ဒါကြောင့် မင်းကို အားကိုးနေရတာ၊ ကဲ လူကြီးခေါင်းချချိန် ရောက်တာနဲ့ စထွက်ကြရအောင် " ===== ညက နက်သထက် နက်လာတာနဲ့အမျှ စုန်းဖြူမရွာတစ်ရွာလုံး တိတ်ဆိတ်ငြိမ်သက်လာခဲ့တယ်။ ရွာလမ်းမပေါ်မှာတော့ မီးတုတ်ကိုင်ထားတဲ့ ကင်းစောင့်ရွာသားအချို့ရှိနေပြီး သူတို့ကလည်း အချင်းချင်း စကားပြောလျက် ရှိနေကြတယ်။ ထိုစဉ် ရွာရဲ့ခါးလယ်ပိုင်းနေရာမှာရှိတဲ့ လမ်းကျဉ်းလေးထဲကို လူနှစ်ယောက် ဝင်ရောက်လာခဲ့တယ်။ သူတို့ရဲ့ ခြေလှမ်းတွေက ရွာအတွင်းစည်းထဲကို ရောက်လာခဲ့ပြီး မကြာခင်မှာပဲ အပြင်ကို ပြန်ထွက်သွားခဲ့ကြတယ်။ ထိုစဉ် တစ်ကိုယ်လုံး နက်မှောင်နေတဲ့ ကြောင်တစ်ကောင်က တောင်ထန်းလက်တွေ မိုးထားတဲ့ အိမ်ခေါင်းမိုးပေါ်ကို ဘုတ်ခနဲ ခုန်ချလာပါလေရော။ သူ့ရဲ့မျက်လုံးတွေက ရွာအပြင်ဘက်မှာ လှုပ်ရှားနေတဲ့ အရိပ်နှစ်ခုကိုတော့ မမြင်တွေ့ခဲ့ရပေ။ ====== နောက်တစ်နေ့မနက်ရောက်တော့ အဘွားစိန်ညှာက တစ်ရွာလုံးမှာရှိတဲ့သူတွေရဲ့ ခြေမှုန့်တွေကို တောင်းယူစေခဲ့တယ်။ ရွာထဲက တတ်သိ နားလည်တဲ့သူတွေကတော့ ရွာသားတွေအနေနဲ့ အစီအရင်တွေကို ဖြတ်ကျော်မိတဲ့အခါ ဘာအန္တရာယ်မှ မဖြစ်အောင် တောင်းယူခြင်းဖြစ်တယ်လို့ ပြောပြခဲ့တယ်။ ဒီအချက်က စုန်းဖြူမရွာကို ဒုက္ခအကြီးအကျယ်ရောက်အောင် တွန်းပို့သလို ဖြစ်သွားခဲ့တာကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ကြပေ။ " ညိုမောင်...မင်းဒီည ကင်းကျတယ်ဆို " " ဟုတ်တယ် ကိုသတိုး...ဒါကြောင့် ညနေစာကို စောစောစားနေတာ " " အေးအေး...သတိဝီရိယလေးလည်း ထားပေါ့ကွာ၊ ဟိုကောင်တွေက ငါတို့ အလစ်ကို စောင့်နေတာ " " စိတ်ချပါဗျ...ညိုမောင် ရှိနေသ၍ ဘယ်သူမှ ရွာထဲကို မဝင်လာစေရပါဘူး " ညိုမောင်က ရင်ဘက်ကို လက်နဲ့ထုပြီး ပြောလိုက်တာကြောင့် ကိုသတိုး စိတ်အေးသွားကာ ပြန်ထွက်သွားခဲ့တယ်။
Show all...
17👍 10
အောင်မြတ်သာနှင့်မှော်စဉ်ပညာပြိုင်ပွဲ ========================= အနောက်ဘက်တောင်တန်းတွေထဲကို တိုးဝင်လုဆဲဆဲဖြစ်နေတဲ့ နေမင်းကြီးရဲ့ အလင်းရောင်နဲ့အတူ စုန်းဖြူမရွာလေးက သာယာလှပလို့နေခဲ့တယ်။ ရွာလမ်းတစ်လျှောက်မှာတော့ ယောင်္ကျား မိန်းမအချို့က မိမိတို့တတ်အပ်တဲ့ ပညာရပ်တွေနဲ့ ကျူးကျော်သူတွေ မဝင်ရောက်လာအောင် အစီအရင်တွေ ပြုလုပ်နေခဲ့ကြတယ်။ အဲဒီထဲမှာတော့ စုန်းဖြူမရွာအကြီးအကဲ အဘွားစိန်ညှာနဲ့အတူ အောင်မြတ်သာတို့လည်း ပါဝင်နေခဲ့တယ်။ စင်္ကြာတို့မောင်နှမကတော့ ရွာထိပ်အစပ်မှာ ကြေးပြားနဲ့ပြုလုပ်ထားတဲ့ အစီရင်အချို့ကို မြှုပ်နှံနေပြီး ဖိုးကတုံးနဲ့ မောင်စမကတော့ ရွာအနောက်ဘက် စည်းရိုးအစပ်မှာ အင်းစမအချို့ကို မြှုပ်နှံနေခဲ့ကြတယ်။ အလင်းရောင်ပျောက်ဆုံးလို့ ညအချိန်ရောက်လာတဲ့အခါမှာတော့ ဆီမီတိုင်တွေ အစီအရီထွန်းထားတဲ့ အဘွားစိန်ညှာရဲ့ အိမ်ရှေ့မှာ အားလုံးစုလိုက်ကြပြီး တစ်နေ့တာ ဆောင်ရွက်ခဲ့တဲ့ အမှုကိစ္စတွေကို ပြောဆိုနေတဲ့အချိန် ညိုမောင်က မသိမသာလေး အပြင်ကို ထွက်လာခဲ့လိုက်တယ်။ ညသန်းခေါင်အချိန်ရောက်တော့ မီးခိုးရောင်ခြုံထည်ကိုခြုံထားတဲ့ လူတစ်ယောက်က အစီအရင်တွေ လုပ်ထားတဲ့နေရာတွေကို ကျော်ခွပြီး ရွာပြင်ကို ထွက်လာခဲ့တယ်။ ရွာပြင်ရောက်တော့ လူရိပ်လူခြေကြည့်ပြီး ကြခတ်ရုံဘေးအနားလည်းရောက်ရော တောင်ပံကိုယှက်လိုက်ရာ ယောင်္ကျားသုံးယောက် အသွင်ပြောင်းသွားခဲ့တယ်။ " ညိုမောင်...မင်းစောင့်နေတာ ကြာပြီလား " " မကြာသေးပါဘူး ဆရာကြီး " " ရွာထဲမှာ ဘာတွေထူးခြားသေးလဲ " " ဆရာကြီးတို့လာရင် ဟန့်တားဖို့ အစီအရင်တွေ အများကြီး လုပ်ထားတယ်၊ နောက်ပြီး ရွာထဲမှာ ရောက်နေတဲ့ ဧည့်သည်တွေကလည်း အင်းစမတွေကို ရွာပြင်တွေမှာ မြှုပ်ထားတာ မြင်တယ် ဆရာကြီး " " မင်းအနေနဲ့ အစီအရင်တွေ ဘယ်မှာမြှုပ်ထားတယ်ဆိုတာ သိအောင် လုပ်ထား၊ ဒီလကွယ်နေ့ ညသန်းခေါင်အချိန် တစ်ရွာလုံးကို မီးလောင်တိုက်သွင်းပစ်မယ်၊ ရော့...ဒီပဝါတွေကို ယူထား " " ပဝါတွေက ဘာလုပ်မလို့လဲ ဆရာကြီး " " ငါတို့ရွာထဲဝင်လာရင် မင်းမိသားစုက ဒီပဝါတွေကို လည်ပင်းမှာ စည်းခိုင်းထား၊ အနီရောင်အစကိုတော့ ခြံစည်းရိုးမှာချည်ထား၊ ဒါမှ ငါ့လူတွေက မင်းအိမ်ကို သိလိမ့်မယ် " " ကျေးဇူးတင်ပါတယ် ဆရာကြီး၊ နောက်ရက်တွေ ကျွန်တော် ရွာပြင်ထွက်လာရင် သူတို့ရိပ်မိကြမှာမို့ အစီအရင်တွေ မြှုပ်ထားတဲ့နေရာကို အခုပဲ ပြောပြခဲ့ပါမယ် " " မင်းရဲ့စွမ်းဆောင်မှုက ငါတို့အတွက် သိပ်ပြီးအရေးပါတာမို့ ဒီကိစ္စပြီးရင် မင်းအတွက် ထိုက်တန်တဲ့ နေရာတစ်ခုပေးဖို့ စဉ်းစားထားတယ် " " ကျွန်တော် ဆရာကြီးအတွက် အစွမ်းကုန် ကြိုးစားပေးပါ့မယ် " ညိုမောင်က စကားပြောနေရင်း ရုတ်တရက် ကြခတ်ရုံထဲကို ဝင်လိုက်တာကြောင့် ကျန်တဲ့သူတွေလည်း အမှောင်ထဲကို တိုးဝင်လိုက်ကြတယ်။ " ရွာထဲကနေ တစ်ယောက်ယောက် ထွက်လာသလိုပဲ " ညိုမောင်က လေသံအုပ်အုပ်နဲ့ပြောနေတဲ့အချိန် အဘွားစိန်ညှာနဲ့အတူ အောင်မြတ်သာတို့ ရွာပြင်ကို ထွက်လာခဲ့ကြတယ်။ " မင်း ရွာပြင်ထွက်လာတာ သိသွားတာများလား " " မဟုတ်လောက်ဘူး ဆရာကြီး၊ သူတို့ရဲ့ အချို့အစီအရင်တွေက လဓာတ်ကိုယူပြီး လုပ်ရတာမို့ ဒီအချိန် ထွက်လာကြတာနေမယ် " အောင်မြတ်သာတို့လည်း လက်စသတ်ရမဲ့အစီအရင်တွေကို အပြီးသတ် လုပ်နေတဲ့အချိန် ဂါမဏီဘေးမှာ ရပ်နေတဲ့လူက မျက်မှောင်ကြုတ်လ်ိုက်ပြီး " ဒီလူတွေကို နတ်ဖွက်ရွာတိုက်ပွဲတုန်းက မြင်လိုက်တယ် " " ဘာပြောတယ် " " ဟုတ်တယ် ဆရာကြီး...အဲ့ဒီတုန်းက သူတို့က ခုနှစ်ယောက်ရှိတာ အခုကျ ငါးယောက်ပဲ တွေ့သေးတယ် " " ဒီကောင်တွေဆိုတာ သေချာလား " " ဟုတ်တယ် ဆရာကြီး...ကျုပ်မျက်နှာက ဒဏ်ရာက သူတို့ကြောင့် ရခဲ့တာပါ " " ဒါဆို တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲဟေ့ " ဂါမဏီက အံကိုကြိတ်ကာ ရေရွတ်လိုက်ပြီး အမှောင်ထုထဲကနေ အောင်မြတ်သာတို့ကို စိုက်ကြည့်နေခဲ့တယ်။ ====== နေရဲ့အပူချိန်က ပြင်းပြနေတဲ့အတွက် ဖိုးကတုံးတစ်ယောက် ကုက္ကိုပင်အောက်မှာထိုင်ပြီး လောက်စာလုံးတွေစီနေတဲ့အချိန် ငှက်ပျောသီး တစ်ဖီးကိုင်ထားတဲ့ စင်္ကြာရောက်လာခဲ့တယ်။ " ဟေ့ကောင် ဖိုးကတုံး...ဆရာတို့ ဘယ်သွားလဲ " " အိမ်ပေါ်မှာ ရှိမှာပေါ့ " " မင်းကလည်းကွာ ငါ့ကို စိတ်ဆိုးနေတာလား " " ငါက ဘာလို့ စိတ်ဆိုးရမှာလဲ " " မသိပါဘူးကွာ...မင်းစကားပြောပုံက ဘုဆတ်ဆတ်ဖြစ်နေလို့ မေးကြည့်တာပါ " " ဒီကောင်က ဒီလိုပဲ ပြောတတ်လို့ပါ စင်္ကြာရေ "ဆိုတဲ့အသံနဲ့အတူ မောင်စမတစ်ယောက် အိမ်ပေါ်ကနေ ဆင်းလာခဲ့တယ်။ " ဆရာတို့ အပေါ်မှာ ရှိနေလားဗျ "
Show all...
23👍 12
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.