cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Teacher MayZin: Creative Editor

Sharing Mobile Photo Video Editing

Show more
Advertising posts
623
Subscribers
+324 hours
+67 days
+630 days

Data loading in progress...

Subscriber growth rate

Data loading in progress...

04:17
Video unavailableShow in Telegram
40.22 MB
01:50
Video unavailableShow in Telegram
6.74 MB
☘️Present Moment☘️ ✨(ပစ္စုပ္ပန်မှာ နေထိုင်ပါ)✨ ဘာကြောင့် ပစ္စုပ္ပန်မှာနေထိုင်ပါလဲလို့ ပြောတာလဲဆိုရင် ကျွန်မတို့လူတွေတော်တော် များများမှာအတိတ်မှာကျန်နေခဲ့တဲ့သူတွေရှိတယ်။ အနာဂတ်တွက်ရှေ့ကိုအရမ်းရောက်နေတဲ့သူ တွေရှိတယ်။ဒါဟာ ကိုယ့်ကို ဘယ်လိုမျိုး ဖြစ်စေ တတ်လဲဆိုရင်အတိတ်မှာကျန်နေခဲ့ခြင်းက ကိုယ့်ကို Depression ဝင်စေပါတယ်။✨☘️ ဥပမာ ကျွန်မတို့တွေ အလုပ်လုပ်တဲ့အခါ ပြီးခဲ့တဲ့လတွေ နှစ်တွေမှာတော့ ဝင်ငွေ အများကြီးရှာနိုင်ခဲ့တယ်။သုံးနိုင်ခဲ့တယ်။ လက်ရှိမှာ ပြီးခဲ့တဲ့လတွေ နှစ်တွေထက် ဝင်ငွေမဝင်တဲ့အခါ ငါမတော်တော့လို့လား ငါဘာတွေလိုအပ်နေတာလဲ ငါကျရှုံးသွားပြီလား ဒီလိုအတွေးတွေဝင်ပြီး စိတ်ဓာတ်တွေကျ လာစေပါတယ်။အဲ့ဒီအခါ ယခုလက်ရှိ ပစ္စုပ္ပန်မှာ ဝင်လာတဲ့အခွင့်အရေးတွေကို မမြင်မိတော့ဖူး။✨☘️ Relationship အပိုင်းမှာလည်း အာ့လိုပါပဲ လောကကြီးမှာ မရှိတော့တဲ့သူ ၊ ကိုယ့်အပေါ် မကောင်းတဲ့သူတွေဆီမှာပဲ ကိုယ့်ကိုကိုယ် မြုပ်နှံထားမိတာက လက်ရှိမှာ ကိုယ့်ကိုကိုယ် ချစ်တတ်လာဖို့ရယ် တစ်စုံတစ်ယောက်က ကိုယ့်ကိုချစ်လာဖို့အခွင့်အရေးတွေက ရောက်မလာနိုင်တော့ပါဖူး။✨☘️ အနာဂတ်ကိုတွေးပြီး ရှေ့ရောက်နေတာကလည်း ကိုယ့်ကိုကိုယ် အကြောက်တရားတွေ ဝင်လာစေပါတယ်။ဘာလို့လဲဆိုတော့ အနာဂတ်ကမဖြစ်လာသေးဖူး။ကိုယ်က အဲ့ဒီ မဖြစ်လာသေးတဲ့အရာပေါ် လိုက်ပြီး တွေးတောနေမိတာက စိတ်ဖိစီးမှုပဲ ဖြစ်ပေါ်စေပါတယ်။✨☘️ ဥပမာ ကိုယ့်မိသားစုတွက် အိမ်လေးတစ်လုံး လိုချင်တယ်စိတ်ကူးထားတယ်ဆိုပါစို့။လက်ရှိ အခြေအနေနဲ့ ဒီအိမ်ရဖို့တွက် အဆင်မပြေနိုင် သေးတာလဲဖြစ်နိုင်တယ်။အဲ့တာကို လက်မခံပဲ ငါလိုချင်တဲ့အိမ်မရရင် ဘယ်လိုလုပ်မလဲ? ငါ့မိသားစုတွက် အိမ်ဝယ်နိုင်ပါ့မလား ? ဆိုတဲ့ အတွေးတွေရယ် တချို့ကျ အနာဂတ်မှာ တစုံတခု ပြောင်းလဲသွားမှာကိုကြောက်ကြတယ်။✨☘️ ပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဖြစ်ချင်တာလိုချင်တာတွေ မတူညီတဲ့အတွက် ကြောင့် အိမ်နေရာမှာ တချို့တွက်ကလည်း စားဝတ်နေရေးမဖြေရှင်းနိုင်တော့မှာကြောက်တယ် အစရှိသဖြင့် ကိုယ်ထိန်းချုပ်လို့မရတဲ့ မသေချာတဲ့အနာဂတ်ပေါ်မှာ အရမ်းတွေးတောမိရင်လည်း စိတိတွေဖိစီးတဲ့သူရှိသလို အကြောက်တရား ဝင်လာနိုင်တဲ့သူလည်း ရှိပါတယ်။✨✨ ဒါကြောင့် ဗုဒ္ဓအဆုံးအမတွေ ၊ စာအုပ်စာပေတွေက ပစ္စုပ္ပန်မှာနေထိုင်ပါလို့ပြောတာဖြစ်ပါတယ်။ အတိတ်ကိုလည်း မတွေး ၊ အနာဂတ်ကိုလည်း မတွေးပဲ လက်ရှိမှာ ကိုယ်ဘာလုပ်လို့ရနေလဲ အကောင်းဆုံးလုပ်ခြင်းက ကိုယ့်ကိုစိတ် ပျော်ရွှင်စေပါတယ်။✨☘️ ပစ္စုပ္ပန်မှာ နေထိုင်တဲ့အခါ နေ့စဥ်ဖြတ်သန်း ကြုံတွေ့နေရတဲ့အရာတွေကနေ သဘာဝရဲ့ အလှတရားတွေကိုပါ ခံစားတတ်လာမယ်။ ဘဝကို ရိုးရှင်းစွာနေထိုင်တတ်လာပြီး ရှိနေတဲ့ အခွင့်အရေးတွေကိုလည်း ကောင်းကောင်း အသုံးချတတ်လာပါလိမ့်မယ်။အကျိုးကျေးဇူးတွေ ကတော့ အများကြီးရှိတဲ့အတွက် ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပြီး နေထိုင်လာတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အေးချမ်းမှုတွေကို တွေ့ကြုံလာရနိုင်ပါတယ်။✨☘️ #teachermayzin #CreativeEditor #PersonalGrowth #makelifebetter #presentmoment
Show all...
👍 2
Photo unavailableShow in Telegram
3
✨🖤☘️Trauma☘️🖤✨ လူတိုင်း ဘဝမှာ မတူညီတဲ့ Trauma ကိုယ်စီတော့ရှိကြမယ်ထင်တယ်။ တချို့ကတော့ ကိုယ့် Trauma ကို ကုစားပြီး ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်း ဆက်လျှောက်နေတယ်။ တချို့ကျ ရခဲ့တဲ့ Trauma ကို မေ့ပျောက်ပြီး နေနေကြတဲ့သူတွေရှိတယ်။✨☘️ ကျွန်မလည်း ကိုယ့်ကိုကိုယ် Trauma မရှိခဲ့ဖူးလို့ထင်ခဲ့တာ။တကယ်တမ်းတိုက်ဆိုင်တဲ့အဖြစ်အပျက် တွေနဲ့ကြုံလာတဲ့အခါ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကို Memory Recall လုပ်ပြီး ပြန်ရှာဖွေကုစားခဲ့ရပါတယ်။✨☘️ အရင်ဦးဆုံးအနေနဲ့ Trauma က ဘယ်ကနေ ရလဲဆိုရင် ကိုယ်ယုံကြည်တယ် ၊ ခင်မင်ရင်းနှီးရ တဲ့သူဆီကနေ ရတာများပါတယ်။ ဥပမာ - မိသားစု ၊ သူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက် ၊ ချစ်သူ ၊ အိမ်ထောင်ဖက်အစရှိသဖြင့်ပေါ့✨☘️ ဘယ်လိုကြောင့် သူတို့ဆီက Trauma ရတာ ပိုများတာလဲဆိုရင် ကိုယ့်အနေနဲ့ အရင်းနှီးဆုံးသော သူတွေဆီကနေ ကိစ္စတခုခုကို ပြင်းထန်စွာ ပြုမှုပြောဆို ဆက်ဆံခံရတဲ့အချိန်မှာ trauma ရကြတာ ပိုများပါတယ်။ ✨☘️ ဘာလို့လဲဆိုတော့ ငါယုံကြည်ရတဲ့သူ ၊ ချစ်ရတဲ့သူက ငါ့ဘက်ရှိနေပေးမှာပဲ အနည်းဆုံး တော့ ငါ့ကို ပြင်းပြင်းထန်ထန် ပြောမှာမဟုတ်ဖူး ဆိုတဲ့ ယုံကြည်မှုတွေ ၊ မျှော်လင့်ချက်တွေ အများကြီးထားမိလို့ပဲ ဖြစ်ပါတယ်။✨☘️ တချို့ကျ ဒီအရာကို trauma လို့မထင်ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ကြပါတယ်။ အဲ့တာကို မကုစားပဲနေလို့ရလားဆိုရင် လတ်တလောမှာတော့ ဘာမှမဖြစ်နိုင်ပေမယ့် ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်တဲ့နေရာမှာတော့ သွားပြီး အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။✨☘️ ဒါဆိုဘယ်အချိန်မှ ဒီ trauma က ပြန်ပေါ်လာ နိုင်လဲဆိုရင် - တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ဆင်တူတဲ့ အခြေအနေ - စိတ်လှုပ်ရှားပြီး စိတ်ဖိစီးမှုတွေကြီးလာတဲ့အခြေအနေ - ပတ်ဝန်းကျင် အသစ် ၊ပေါင်းသင်းဆက်ဆံရေးအသစ် ကို ကြုံတွေ့ရတဲ့အခြေအနေ - Relationship ထဲမှာ စိုးရိမ်စရာဖြစ်တဲ့ အခြေအနေ တွေမှာ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ trauma ရှိခဲ့လို့ မေ့ပျောက် နေရင်တောင် ရှာဖွေ ကုစားသင့်ပါတယ်။ ✨☘️ကောင်းကျိုးကတော့ ✨စိတ်ကျန်းမာရေးကောင်းလာမယ် ✨စိတ်ခံစားချက်တွေ ထိန်းချုပ်လာနိုင်မယ် ✨ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာမယ် ✨Trauma ကြောင့် ဘဝရဲ့ လောကဓံကို ရင်ဆိုင်နိုင်ဖို့ ကြံ့ခိုင်လာမယ်။ ✨ဆက်ဆံရေးတွေ ကောင်းမွန်လာမယ်။ ✨လုပ်ဆောင်နိုင်စွမ်းနဲ့အာရုံစူးစိုက်မှုတွေ ကောင်းလာမယ်။ 🖤ဆိုးကျိုးကတော့ ကောင်းကျိုးနဲ့ပြောင်းပြန်ပါ။🖤 Trauma ကို ဘယ်လိုရှာဖွေရမလဲဆိုရင် 💢Self Reflection (ကိုယ့်ကိုကိုယ်ပြန်လည် သုံးသပ်ခြင်း) 💢Journaling (မှတ်တမ်းစာရေးခြင်း) 💢Counseling (စိတ်ပညာရှင်ရဲ့အကူညီရယူခြင်း) တို့ကနေရှာဖွေပြီး ကုစားတဲ့အခါ 💫Acxeptance & Forgiveness ( ကိုယ့်ကိုကိုယ် လက်ခံပြီး ခွင့်လွှတ်ခြင်း ) 💫Self Care အနေနဲ့ Meditation (တရားထိုင်ခြင်း) စသဖြင့် ကိုယ်တိုင်ကုစားလို့မနိုင်ရင်တော့ 💫Counseling ( စိတ်ပညာရှင်)နဲ့ တိုင်ပင်ဆွေးနွေးလို့ ရပါတယ်။ လူတိုင်း ကိုယ့် Trauma ကို ပြန်လည်ရှာဖွေပြီး ကုစားကြပါလို့ အကြံပေးတိုက်တွန်းချင်ပါတယ်။ Trauma အကြောင်းနဲ့ပတ်သက်ပြီး ကျွန်မရေးသား ထားတဲ့ ကျွန်မရဲ့ အတွေ့အကြုံအပေါ် Comment တွင် ဝေဖန်သုံးသပ်အကြံပြုဆွေးနွေးနိုင်ပါသည်။✨☘️ #teachermayzin #CreativeEditor #makelifebetter #personalgrowth #trauma #healing
Show all...
👍 1
03:19
Video unavailableShow in Telegram
75.21 MB
6
07:20
Video unavailableShow in Telegram
25.72 MB
8
00:18
Video unavailableShow in Telegram
1.07 MB
5
01:07
Video unavailableShow in Telegram
ဖုန်းနဲ့ ဗွီဒီယိုတည်းဖြတ်ရတာ လွယ်ကူစေမယ့်အချက် 🎬☘️ #teachermayzin #CreativeEditor #VideoEditing #MobileEditing #VideoTips #personaldevelopment #improveskill
Show all...
5.28 MB
👍 3 3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.