cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

OC Series Channel

Uploaded by @ocmovie

Show more
Advertising posts
1 336
Subscribers
+724 hours
+1557 days
+28830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Shōgun (2024) Complete ✅ Game of Thrones လိုမျိုး နယ်မြေလုတာ အာဏာလုတာတွေနဲ့ ရက်ရက်စက်စက်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်ရင် အမေရိကန်-ဂျပန် ဗားရှင်း GoT လို့ပြောရမဲ့ Shogun ဇာတ်လမ်းတွဲကိုကြည့်လိုက်ပါ။ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hiroyuki Sanada၊ Anna Sawai တို့ ပါဝင်ထားပြီး ၁၉၇၅ တုန်းက ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို စိတ်ကူးယဉ်နဲ့ ရောစပ်ဖန်တီးထားတာပါ။ ဒီရုပ်ရှင်ထဲက လမ်းပြ ဘလက်သွန်းဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ဂျပန်ကိုပထမဆုံးရောက်တဲ့ အင်္ဂလိပ်လမ်းပြ William Adams ကို အခြေခံထားသလို ယိုရှီ တာရာနာဂါ ဇာတ်ကောင်ဟာ တိုကူဂါဝါ စစ်ဘုရင်အုပ်ချုပ်ရေးကို တည်ထောင်ခဲ့တဲ့ တိုကူဂါဝါ အီအဲယဆု ကို အခြေခံထားတာပါ။ ဇာတ်လမ်းအကျဉ်း ၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာ ဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။ အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ ကုန်သွယ်ပြီး အရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။ အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကို မသိအောင် ဖုံးထားပါတယ်။ ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင် ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်း ဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲ ကျန်ခဲ့တာကြောင့် စစ်ခေါင်းဆောင် ၅ ပါးဟာအာဏာလုဖို့ အားပြိုင်နေကြပါပြီ။ အဲဒီအားပြိုင်ပွဲမှာ ဥရောပက လာတဲ့ မဟာမိတ်နဲ့လက်နက်တွေဟာ အဖြေဖြစ်လာနိုင်တာကြောင့် ပထမဆုံးရောက်လာတဲ့ အင်္ဂလိပ် လမ်းပြ ဂျွန် ဘလက်သွန်းကို စည်းရုံးဖို့ လုပ်ကြံဖို့ ကြံစည်ကြပါတော့တယ်။ တစ်ပိုင်းပြီးတစ်ပိုင်း နိုင်ငံရေးတွေ အတိုက်အခိုက်တွေနဲ့ ကြမ်းမဲ့သဘောရှိလို့ တစ်ပတ်တစ်ခါ တင်ဆက်ပေးတာကို စောင့်ကြည့်အားပေးကြပါဦး။
Show all...
👍 2 1
Riverdale (2017) Season 1 to 7 Complete ✅ ဒီစီးရီးကြည့်ချင်လို့တောင်းတဲ့သူအရမ်းများနေလို့ ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ တစ်လတစ်စီစန်လောက်တော့ ရအောင်တင်ပေးပါ့မယ်။။ စောင့်မျှော်အားပေးကြပါဦး။ Archie Comics ထဲက ကာရိုက်တာတွေကို အခြေခံရိုက်ကူးထားတဲ့ စီးရီရှည်ကြီးတစ်ခုနဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ် … တချို့ကလည်း ဒီစီးရီးအကြောင်းကို သိထားပြီးသားဖြစ်ကြမှာပါ … ခြုံငုံပြောရရင်တော့ ရေဗာဒေးလ်ဆိုတဲ့ မြို့တစ်မြို့နဲ့ အဲဒီမြို့က.လူငယ်တစ်သိုက်နဲ့ဇာတ်လမ်းပါပဲ ရေဗာဒေးလ်ဟာ အရင်ကတော့ သာယာနာပျော်ဖွယ် မြို့လေးတစ်ခုဖြစ်ခဲ့တယ် .. အချင်းချင်းရိုင်းပင်းကူညီကြပြီး နေချင့်စဖွယ်မြို့လေးတစ်မြို့ပါ … ဒါပေမဲ့ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့တစ်နေ့သော ဇူလိုင် ၄ ရက်နေ့က ပဟေဠိဆန်ဆန် လူသေဆုံးမှုတစ်ခုနဲ့အတူ ရေဗာဒေးလ်ဟာ စပြီးညစ်ညမ်းလာခဲ့တယ် .. ဒီဆန်းကြယ်ဖြစ်ရပ်တွေကြားမှာ ကံပါလာတဲ့ လူငယ်တစ်သိုက်ကတော့ … အာချီအန်ဒရူး .. ရေဗာဒေးလ် နယ်ခံကျောင်းသားတစ်ယောက်ဖြစ်ပြီး .. လူသေမှုနဲ့ပတ်သတ်ပြီး လျှိုဝှက်ချက် ရှိနေသူ ဘတ်တီကူပါ .. အာချီအန်ဒရူးရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး လူလိမ္မာသလောက် လူဆိုးလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်ချင်သူ ဂျဂ်ဟက်ဂျုန်းစ် .. ဒဿနာတွေကြားမှာ မွေ့လျော်ပြီး မြို့ရဲ့အခြေအနေကို အမြဲစောင့်ကြည့်နေသူ အပယ်ခံကျောင်းသား ဗရော်နီကာ လော့ဂျ် .. မြို့ကနေ မိသားစု အခြေအနေကြောင့် ရေဗာဒေးလ်ကို ရောက်လာတဲ့ ဇ,နဲ့ လူဆိုးမလေး တစ်ယောက်.. ရှဲရ်ဘလွန်းဆွန်း .. ရေဗာဒေးလ်မြို့ရဲ့ အချမ်းသာဆုံးမိသားစုက သမီးဖြစ်သူပီပီ မောက်မာပြီး ဘယ်သူ့မှ လူမထင်သူ .. ဒီလူငယ်တွေဟာ ထူးဆန်းတဲ့ လူသေမှုကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းအဖော်ထုတ်ဖို့ ကြိုးစားရင်း .. ပြဿနာတွေ ပဋိပက္ခတွေ တစ်စပြီးတစ်စ တိုးပွားလာတဲ့အခါမှာ .. Riverdale ဆိုတဲ့ crime drama ကြီး ဖြစ်ပေါ်လာပါတော့တယ် …
Show all...
2
👍 1
Queen Woo (2024) Complete ✅ ဒီဇာတ်လမ်းမှာတော့ မင်းသမီး Jeon Jong-seo က ဂိုဂူလျောနိုင်ငံရဲ့ ဧကရီတစ်ပါး(အူဟီး)အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ယောရောဘွန်းတို့ရဲ့ အချစ်ဦး Lee Soo-hyuk အိုပါးနဲ့ Ji Chang-wookအိုပါးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် နန်းတွင်းဇာတ်လမ်းကောင်းကြိုက်နှစ်သက်သူတွေ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါနော် ဇာတ်လမ်းအကျဉ်း ----------------- ဂိုဂူလျောရဲ့ ဧကရီအူဟီးဟာ ခင်ပွန်းဖြစ်သူ ဘုရင်ကြီး ရုတ်တရက်ဆုံးပါးသွားတဲ့နောက်မှာ သူမရဲ့ အသက်နဲ့အာဏာတည်မြဲဖို့အတွက် ဘုရင်ကြီးရဲ့ ညီတော် ၅ယောက်ထဲက မင်းသားတစ်ပါးနဲ့ ၂၄ နာရီအတွင်း ထိမ်းမြားပြီး ထီးနန်းကို ဆက်လက်ထိန်းသိမ်းဖို့ အကြောင်းဖန်လာပါတော့တယ် အူဟီးတစ်ယောက် မျိုးနွယ်စု ၅စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက်မှာတော့ အင်အားကြီးတဲ့ မျိုးနွယ်စု ၅စုဟာ ထီးနန်းအတွက် ဘယ်လိုနည်းလမ်းတွေသုံးပြီး အပြိုင်အဆိုင် အားပြိုင်ကြမလဲ ဘယ်လိုနန်းတွင်းအရှုပ်တော်ပုံတွေပေါ်ပေါက်လာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှူလိုက်ကြပါဦး
Show all...
👍 2
Queen Woo (2024) Complete ✅ ဒီဇာတ်လမ်းမှာတော့ မင်းသမီး Jeon Jong-seo က ဂိုဂူလျောနိုင်ငံရဲ့ ဧကရီတစ်ပါး(အူဟီး)အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ယောရောဘွန်းတို့ရဲ့ အချစ်ဦး Lee Soo-hyuk အိုပါးနဲ့ Ji Chang-wookအိုပါးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် နန်းတွင်းဇာတ်လမ်းကောင်းကြိုက်နှစ်သက်သူတွေ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါနော် ဇာတ်လမ်းအကျဉ်း ----------------- ဂိုဂူလျောရဲ့ ဧကရီအူဟီးဟာ ခင်ပွန်းဖြစ်သူ ဘုရင်ကြီး ရုတ်တရက်ဆုံးပါးသွားတဲ့နောက်မှာ သူမရဲ့ အသက်နဲ့အာဏာတည်မြဲဖို့အတွက် ဘုရင်ကြီးရဲ့ ညီတော် ၅ယောက်ထဲက မင်းသားတစ်ပါးနဲ့ ၂၄ နာရီအတွင်း ထိမ်းမြားပြီး ထီးနန်းကို ဆက်လက်ထိန်းသိမ်းဖို့ အကြောင်းဖန်လာပါတော့တယ် အူဟီးတစ်ယောက် မျိုးနွယ်စု ၅စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက်မှာတော့ အင်အားကြီးတဲ့ မျိုးနွယ်စု ၅စုဟာ ထီးနန်းအတွက် ဘယ်လိုနည်းလမ်းတွေသုံးပြီး အပြိုင်အဆိုင် အားပြိုင်ကြမလဲ ဘယ်လိုနန်းတွင်းအရှုပ်တော်ပုံတွေပေါ်ပေါက်လာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှူလိုက်ကြပါဦး
Show all...
13 Reasons Why {S1 to 4 Complete} ========================== ဒီစီးရီးကိုတော့ လူအတော်များများ ကြားဖူးပြီးနေလောက်ပါပြီ။ Netflix ရဲ့ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားသွားတဲ့ စီးရီးပါပဲ။ IMDb နဲ့ RT တွေမှာ rating 9 ကျော်နေပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးသံတွေ ဆက်တိုက်ရရှိခဲ့တဲ့ စီးရီးလေးပါ။ ၂၁ ရာစု အကောင်းဆုံး High School Drama တွေထဲက တစ်ခုလို့ ချီးကျူးကြတယ်။ စလယ်ဆုံး ဇာတ်ရှိန်မကျဘဲ ဆွဲခေါ်သွားနိုင်တယ်။ ခံစားချက်မျိုးစုံကို ပေးနိုင်တယ် စသည်ဖြင့် မှတ်ချက်တွေပြည့်နေခဲ့ပါတယ်။ ဝေဖန်ခံရတဲ့ အချက်ကတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဟာ မိမိကိုယ်ကို သတ်သေခဲ့ပြီးမှ သူ့ရဲ့ နောက်ဆက်တွဲတွေကို ခမ်းနားစွာ ဖော်ပြထားတဲ့ ဇာတ်ကြောင်းဖြစ်နေလို့ သတ်သေမှုတွေကို တနည်းအားဖြင့် အားပေးနိုင်တယ်ဆိုပြီး ပြောသူတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီစီးရီးရဲ့ အကြောင်းအရာတွေမှာ အထက်တန်းကျောင်းသားတွေရဲ့ စိတ်ဖိအား၊ခံစားချက်တွေတွေကို နားလည်ဖို့နဲ့ ဆရာတွေမိဘတွေ ပိုပြီး သတိထားမိလာစေဖို့၊ ကျောင်းသားသူတွေကြားထဲက ကိုယ်ချင်းစာတရားတွေ ပိုကောင်းမွန်လာဖို့ အားပေးတဲ့အချက်တွေ အများကြီးပါပါတယ်။ ဒီစီးရီးရဲ့ အဓိက သရုပ်ဆောင် ၂ ယောက်ဟာလည်း တကယ်ကောင်းမွန်ခဲ့တာမို့ ချီးကျူးမှုတွေ အများအပြားရရှိထားပြီး သူတို့ သရုပ်ဆောင်ဘဝလမ်းကတော့ ပိုပြီးတောက်ပြောင်လာလိမ့်မယ် ထင်မိပါသေးတယ်။ ဇာတ်လမ်း အကျဉ်းပြောရရင် အစမှာ ဟန်နာ ဆိုတဲ့ အထက်တန်းကျောင်းသူလေး မိမိကိုယ်ကို သေကြောင်းကြံသွားခဲ့တာက စပါတယ်။ အဲဒီအဖြစ်ရဲ့ ရိုက်ခတ်မှုတွေဟာ ဆရာတွေ၊ကျောင်းသားတွေ နဲ့ မိဘတွေကြားမှာနည်းမျိုးစုံနဲ့ သက်ရောက်နေခဲ့တယ်။ ကျောင်းသားတွေထဲမှာမှ ဟန်နာနဲ့ထူးထူးခြားခြားသိကျွမ်းခဲ့တဲ့ ကလေးရ်(Clay) ဆိုတဲ့ ကောင်လေးကတော့ ပိုပြီးသူ့ကို သတိရနေခဲ့သူပါ။ တစ်ညမှာတော့ ကလေးရ်ဆီကို ဟန်နာ အသံသွင်းထားတဲ့ တိတ်ခွေလေးတွေ ရောက်လာခဲ့တယ်။ တိတ်ခွေမှာ အကြောင်း ၁၃ ပိုင်း ပါဝင်ပြီး သူသတ်သေခဲ့ရတဲ့ ၁၃ ချက်သောအကြောင်းရင်းတွေကို ပြောပြထားခဲ့တယ်။ တိတ်ခွေအစမှာ ဒီတိတ်ခွေတွေကို သူသေဆုံးခဲ့ရမှုအတွက် တာဝန်ရှိတဲ့ လူအားလုံးကို တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်းပြီး နားထောင်ဖို့ ပြောထားခဲ့ပြီး ဒီစည်းကမ်းကို မလိုက်နာရင်တော့ သူတာဝန်ပေးခဲ့တဲ့ တစ်ယောက်သောသူဟာ ဒီအခွေတွေကို လူတွေကြားထဲကို ချပြလိုက်လိမ့်မယ်လို့ ချိန်းခြောက်ထားပါတယ်။ Clay ရဲ့ အရင်ရှေ့မှာ နားထောင်ပြီးတဲ့သူတွေဟာ ဟန်နာကို သစ္စာဖောက်ခဲ့သူတွေ၊ အနိုင်ကျင့်ခဲ့သူတွေ စသည်ဖြင့် အကြောင်းအရာမျိုးစုံပါဝင်နေပါတယ်။ သက်ဆိုင်သူအားလုံးနည်းပါးက ဒီတိတ်ခွေတွေကို တစ်ညတည်း အကုန်နားထောင်နိုင်ကြပေမယ့် Clay အတွက်တော့ မတူခဲ့ပါဘူး။ သူ့အတွက် ဒီတိတ်ခွေတွေက ပေးတဲ့ ခံစားချက်တွေက ပြင်းထန်လွန်းလို့ အပိုင်းပိုင်းလေးတွေပဲ နားထောင်နိုင်စွမ်းရှိနေပါတယ်။ ကျန်တဲ့ သူတွေအားလုံးကတော့ ကလေးရ် ဒါတွေအကုန်နားထောင်ပြီးချိန်မှာ ဘယ်လိုတုံ့ပြန်လာမလဲ ရင်တမမနဲ့ စောင့်နေရပါပြီ။ တချို့လည်း သူဆက်နားမထောင်နိုင်အောင်၊ သူဘယ်တော့မှထုတ်မပြောရဲအောင်၊ ဟန်နာပြောတာတွေကို မယုံအောင် နည်းမျိုးစုံကြိုးစားလာကြပါတော့တယ်။ ဟန်နာသေဆုံးရတဲ့ တရားခံတွေထဲမှာ Clay လို အေးဆေးပြီး စိတ်ထားကောင်းတဲ့ သူက ဘာလို့ပါနေရတာလဲ။ သူလည်း ဘာတွေလုပ်ခဲ့သလဲ။ ကျန်တဲ့သူတွေကရော ကလေးရ်နားထောင်မိသွားမယ့်အကြောင်းအရာတွေအတွက် ဘာလို့ ကြောက်လန့်နေကြသလဲဆိုတဲ့ အဖြေတွေကိုတော့ တစ်ပိုင်းချင်းစီမှာ ပြသသွားပါလိမ့်မယ်။ ဒီစီးရီးမှာ ကြောက်စရာ လူသတ်ကောင်တွေ ရက်စက်လွန်းတဲ့ ဖြစ်ရပ်တွေတော့ မပါဝင်ပါဘူး။ ဒါပေမယ့် သာမာန် Horror ကားတွေထက် ပိုကြောက်စရာကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲက တရားခံဆိုတဲ့သူတွေလူတွေ လုပ်ခဲ့တဲ့ အရာတွေဟာ ကျွန်တော်တို့ကိုယ်တိုင် သတိမမူရင်၊ အခြေအနေတစ်ခုမှာ လုပ်လိုက်မိနိုင်တဲ့ အပြစ်တွေ ဖြစ်နေတဲ့အတွက် ဇာတ်လမ်းထဲမှာ စိတ်နှစ်ပြီး ခံစားမိရင်တော့ အပိုင်းတိုင်းဟာ ကြောက်စရာကောင်းပြီး စိတ်လှုပ်ရှားစရာတွေ ပြည့်နေပါလိမ့်မယ်။ ဘယ်လိုခံစားရလည်း ဆိုတာကိုတော့ကိုယ်တိုင်ကြည့်ပြီးမှ ဆုံးဖြတ်ကြည့်လိုက်ပါတော့။ ဇာတ်ကားကြည့်ရန်👇 https://t.me/+ePsdvvSjeihkYzll
Show all...
(OC) 13 Reasons Why (2017)

Uploaded by @ocmovie

👍 1
Photo unavailableShow in Telegram
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.