cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ကကြိုးသျှင် (wookiekyoe)

ကြိုးရဲ့ဝတ္တုတွဲသီးသန့်တင်မယ့် channel ပါ

Show more
Advertising posts
1 462
Subscribers
+324 hours
+37 days
+930 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ကိုယ်ဝန်တဲ့.. ဒုတိယကိုယ်ဝန်...ရှိနေတာ။ တစ်ခါလာတော့ရွှေဧည့်သည်၊ နှစ်ခါလာတော့ငွေဧည့်သည်ဆိုပေမယ့်.. ဒါကတော့မဏိအတွက်‌ငွေဧည်သည်တောင်မဖြစ်ပါ။ မျှော်လင့်မထားတဲ့ မလာစေချင်သောဧည့်သည်ပါပဲ။ အဲ့တာ ဒင်းကြောင့်ပဲ... အယုတ်တမာကြီး.. မဏိမှာသမီးကိုမွေးပြီးတဲ့နောက် သွေးသားအပြောင်းအလဲဖြစ်၍လားမသိ၊ အလာ့ဂျစ်တွေထပါသည်၊ အမျိုးသမီးဓမ္မတာမမှန်ရင်ပိုဆိုးပါတယ်။ လည်ပင်းတို့ဘာတို့မှာ အနီကွက်တွေထတတ်တာကြောင့်ရှက်စရာကောင်းပါတယ်။ အဲ့တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးပြီး မဏိကတားဆေးသုံးတာကိုရပ်လိုက်ရသည်။ ခင်ပွန်းဖြစ်သူကိုလည်း ပြောပြပြီးသူ့ဘက်ကအကာအကွယ်သုံးပေးဖို့တောင်းဆိုခဲ့သည်။ သူကနဂိုကတည်းကခေါင်းမာတယ်၊လင်မယားချင်း ဆိုတဲ့အကြောင်းပြချက်နဲ့ အဲ့တာကိုမသုံးချင်ဘူး။ အင်တင်တင်နဲ့... မဏိကသူ့အကြောကိုသိတာကြောင့် ကိုယ့်ဖာသာပဲဆေးဆိုင်ကနေတိတ်တဆိတ်ဝယ်‌ရတယ်။ အဲ့တာတောင်မှ ဒင်းကသူ့ဆိုဒ်မဟုတ်ဘူးတို့၊ ဒီအနံ့မကြိုက်ဘူးတို့ ဂျီးများခဲ့သေးတာ၊ တကယ့်ဂယက်ပါ။ အခုလည်း ဘယ်တုန်းကသူ မဆင်မခြင်လုပ်ခဲ့တာလည်းမသိဘူး။ သူကဘယ်တော့မှအကျိုးဆက်ကိုမှုတာမဟုတ်ဘူး။ မဏိခလေးရတယ်လို့ပြောရင် .. ဟုတ်လား မွေးလိုက်လေလို့ပဲပြန်ပြောမှာ။ မဏိမှာ နောက်ခလေးမွေးရမယ်ဆိုတာတွေးလိုက်တာနဲ့မျက်စိရှေ့မှာမှောင်မိုက်သွားသလိုပဲ.. ခလေးကိုတော့ အားနာပါတယ်ကွယ်၊ ဒါပေမယ့်လာဖို့အချိန်ကောင်းမဟုတ်ဘူးလေ။ မဏိရင်ထဲမှာမွန်းကြပ်ပိတ်ဆို့လာနေခဲ့သည်။ ဘာလုပ်ရမလဲ.. ဘယ်လိုလုပ်ရမလဲ...? အဖက်ဖက်ကို‌တွေးရင်း နေရတာအသက်ရှုလို့တောင်မဝ‌တော့ပါ။ >>>>>>>> တော်ရုံနေမကောင်းမဖြစ်တဲ့မဏိက အိပ်ယာထဲမှာနှစ်ရက်လောက်လဲတော့သည်။ ဒီနေ့သူပြည်ပကနေပြန်ရောက်လာပါတယ်။ သမီးကိုမူကြိုပို့ပြီး မဏိကကုတင်ပေါ်မှာလှဲနေတုန်းမို့၊ သူကပြန်ရောက်ရောက်ချင်းအနားလာပြီး.. " မင်းနေမကောင်းဘူးဆို.. ဘယ်လိုဖြစ်တာလဲ.." " နေမကောင်းတာကိုဘာလို့အိမ်မှာကြိတ်မှိတ်ခံနေတာလဲ ၊ လာ ထ ဆေးရုံသွားမယ်.." " မလိုဘူး.. ကျွန်မဘာဖြစ်မှန်း ကျွန်မဖာသာသိတယ်" " ဆရာဝန်ထက်တတ်တယ်ပေါ့၊ မင်းတော်တော်ခေါင်းမာတာပဲ‌.." မဏိကိုပြောမရတော့ သူကတနေရာကိုဖုန်းလှမ်းဆက်ပါသည်။ " ရှင်ဘာလုပ်မလို့လဲ.." " မင်းဆေးရုံမသွားချင်ရင် အိမ်ကိုဆရာဝန်ခေါ်ရမယ်လေ.." " ခဏလေး.. မခေါ်နဲ့အုံး ကျွန်မ ရှင်နဲ့ စကားပြောချင်တယ် ..." " ဆရာဝန်လာပြီးမှပြော..." " ကိုနေဇာဋာ...." " ဘာလဲ အဲ့လောက်တောင် ဘာကိစ္စမို့လို့လဲ ပြော.." " ရှင် ဒီမှာထိုင်ပြီး သေချာနားထောင်.." သူသည် စိတ်မရှည်လက်မရှည်ဟန်နဲ့လာဝင်ထိုင်ပါသည်။ " ရပြီလား ပြော.." " ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ.." ဟင်! သမီးဦးတောင် သူ့ကိုမဏိသိုက်ကဒီလိုပြောပြတာမဟုတ်တော့သူအံ့အားသင့်နေခဲ့သည်။ ထင်လည်းမထင်ထားဘူးလေ.. သူ့မှာ သားမရှိသေးတော့ နောက်ခလေးထပ်ယူပါလားလို့ပြောကြပေမယ့် မဏိသိုက်ကခလေးမမွေးချင်တာကိုသူသိတယ်လေ။ လူမပြောနဲ့ တိရစ္ဆာန်တွေ တောင်သူမရှေ့မှာ မိတ်လိုက်ပြီး ခလေးမွေးရင် မဏိသိုက်ကကြည့်လို့ရတာမဟုတ်ဘူး။ အဲ့တော့သူစွံ့ အ နေရတာပေါ့။ " ဟုတ် လား.. မင်းဘယ်တုန်းကယူဖို့စဉ်းစားလိုက်တာလဲ.." " ကျွန်မကယူဖို့စဉ်းစားပါ့မလား.. ရှင့်ကြောင့်ပဲလေ" " ကိုယ့်ကြောင့်..." " ရှင် ဘယ်တုန်းကယုတ်မာလိုက်တာလဲ.." " ဘာဖြစ်တယ်.." " ရှင်သာ သေသေချာချာကာကွယ်ထားရင်အဲ့လိုမဖြစ်ဘူးမှတ်လား.." " ဟေ့ ငါလည်းသေသေချာချာသုံးတာပဲလေ.. မင်းရှေ့တင်ပဲ.. မဟုတ်ရင်မင်းကခွင့်ပြုလို့လား.." " အဲ့တာဆို ဒါရှင့်ခလေးမဟုတ်ဘူးပေါ့.." " မင်းဘာကိုရစ်ချင်တာလဲကွာ.. ပစ္စည်းကကွာလတီမကောင်းလို့နေမှာပေါ့။ ခလေးရသွားတော့လည်းဘာဖြစ်သေးလဲ.." " ရှင်ကတော့ ဘာမှမဖြစ်ဘူးပေါ့.." " ငါလည်းခလေးနှစ်‌ယောက်အဖေဖြစ်သွားတာပဲလေ .." " ကျွန်မဒီခလေးကိုမွေးရမယ်ပေါ့.." " ဟေ့ မင်းမမွေးတော့ဘာလုပ်ချင်လို့လဲ.. တရားသူကြီးဖြစ်ပြီး ဒီစကားမေးစရာလား.." " ဒါဖြင့် ကျွန်မတစ်ယောက်ထဲ‌တော့မမွေးနိုင်ဘူး" " ငါကကူမွေးပေးရမှာလား..." " ဟုတ်တယ်.. တစ်ယောက်ကိုရှင်တာဝန်ယူပေးရမယ်.." " မဟုတ်သေးပါဘူးကွာ.. မင်းပြောတာကိုငါနားကိုမလည်တော့ဘူး။ ငါက မင်းနဲ့ခလေးကိုတာဝန်မယူပဲပစ်ထားလို့လား .." " ကျွန်မပြောတဲ့တာဝန်ဆိုတာ ခလေးတစ်ယောက်ရဲ့တာဝန်ကိုအစအဆုံးယူခိုင်းတာ၊ မနက်ကနေညအထိ" " ခလေးထိန်းပေးရမယ်ပေါ့... သမီးတုန်းကတည်းက နာနီဌားပေးမယ်လို့လည်းငါပြောခဲ့ပါတယ်နော် .." " မဟုတ်ဘူး၊ ခလေးအတွက်အစစအရာရာရှင်ကြီးကြပ်ပေးရမှာ.. ဘာလို့လဲဆိုတော့ ကျွန်မကအချိန်အတိုင်းအတာတစ်ခုအထိခွဲနေရမှာမို့လို့.." " ဘာပြောတယ်.. မင်းကိုဘယ်ကိုသွားမှာမို့လဲ ..." " ကျွန်မ ကိုယ်ဝန်‌ဆောင်ထားတုန်းမှာတရားရုံးနဲ့နီးနီးမှာနေပြီးရုံးတတ်မယ်၊ သမီးကိုတော့ရှင်နဲ့ခဏထားခဲ့ရမှာပဲ.. တနလ်ာကနေ သောကြာညနေအထိရှင်ထိန်းပေး.. ပိတ်ရက်တွေမှာကျွန်မအိမ်ပြန်လာမှာပါ.." " မင်းပြောတာတွေက အဓိပ္ပါယ်ရှိတယ်လို့ထင်လား" " ဒါ‌ဆို ကျွန်မဘယ်လိုလုပ်ရမလဲ.." " မင်းအိမ်မှာနေပြီး အခုလိုပုံမှန်ရုံးတတ်လို့ရတယ်မှတ်လား.. ခွဲနေမယ်ဆိုတာကဘာစကားလဲ .." " ရှင်ကတော်တော်တစ်ကိုယ်ကောင်းဆန်တာပဲ..."
Show all...
👍 3 3
" မင်းကမှ အရူးထနေတာပဲ.. ခွဲနေတော့ဘာထူးခြားသွားလဲ..." " ကျွန်မအတွက်သက်သာတယ်လေ.. ရှင်က ကျွန်မကိုအိမ်မှာနေပြီး ခလေး‌လည်းမွေး၊ အားလုံးကိုတာဝန်ယူခိုင်းမလို့လား.." " ဒီမှာ မဏိသိုက် ငါ့အိမ်မှာအလုပ်သမားတွေအပြည့်ရှိတယ်၊ မလောက်ရင်ထပ်ခေါ်လေ.. မင်းဘာမှမလုပ်ပဲ နေလို့ရပြီးသား.. မင်းကိုလည်း ဘယ်တုန်းကမှဘာမှမခိုင်းခဲ့ဘူး.." " ဒါပေမယ့် ကျွန်မလုပ်ရတာပဲလေ .. အလုပ်သမားတွေရှိတာမှန်ပေမယ့် အိမ်ရှင်ကအိမ်ရှင်အလုပ်လုပ်ရသေးတယ်... ရှင့်လို အကုန်ပစ်ထားလို့မရဘူး.. အဲ့တာကြောင့် ကျွန်မကိုယ်ဝန်ဆောင်နေတုန်းခဏတောင် အနားယူလို့မရဘူးလား.." " မင်းနဲ့တော့ ငါဘာပြောရမှန်းမသိဘူး.." " ကျွန်မလည်းရှင်နဲ့ဘာမှဆက်မပြောချင်တော့ဘူး" >>>>>>> မဏိမှာသူနဲ့နှစ်ယောက် စီးချင်းထိုး‌နေတုန်းကိုတဖက်အိမ်မှာ အမေကလည်းနေမကောင်းဘူးတဲ့.. အဲ့တာနဲ့မဏိကသွားကြည့်ရသည်။ " ဘာမှမဖြစ်ပါဘူး ဒီအတိုင်းဖျားတာ ဆေးသောက်ထားပြီးပြီ..ဘာလို့လာတာလဲ .." " ဆေးခန်းသွားပြမှဖြစ်မှာပေါ့..." " မပြဘူး ရတယ်.." " ဘာမှမဖြစ်ဘူး နင့်အမေကအပျင်းရောဂါ.. အိမ်မှာသူတစ်ယောက်ထဲဖြစ်နေတာ.." မဏိရောက်တော့ အိမ်မှာ‌အမေတို့အပြင်၊ ဦးလေးရဲ့ ယောက္ခမကပါ ဒီဘက်အခန်းမှာရောက်‌‌နေပါသည်။ ဦးလေးရဲ့ယောက္ခမဆိုပေမယ့် အဖေ့ထက်နည်းနည်းပဲအသက်ကြီးတာလေ၊ အမေနဲ့ကြတော့ဆယ်နှစ်ကျော်ကွာတယ်။ အ‌မေကသူ့ကိုအစ်မကြီးလို့ခေါ်တယ်။ ‌ဈေးမှာရင်ကူဝယ်ပေးပြီး၊ ဟင်းချက်ပြီးရင်တစ်ခွက်ခပ်ပြီးအမေက ပူပူလောလောစားရအောင်ပို့ပေးတယ်။ အမေကနဂိုကတည်းက ဈေးဝယ်တာကအချိုအချောင်ရှာဝယ်ရင်ဝယ်မယ် ချက်ပြီးသွားရင်‌ေတာ့ ဘယ်သူစားမလဲ ကျွေးချင်တာပဲ.. ဒါပေမယ့်စေတနာထားတိုင်းလည်းကံကောင်းတာမဟုတ်ပါ၊ တချို့လူတွေအပေါ်စေတနာထားမိရင်အ‌စော်ကားခံရတတ်ပါတယ်။ ဒီမိန်းမကလည်း အမေကအစ်မလိုတစ်ယောက်လိုနေရာပေး၊ အဖေကလည်းသိတယ်မှတ်လား.. သူစိမ်းပဲကောင်းတဲ့လူစား .. အဲ့တော့ ဦးလေးရဲ့ယောက္ခမက ဒီအိမ်မှာပါဟိုပါဒီပါဝင်လုပ်လာတဲ့ပုံပဲ။ မဏိက ဒါတွေကိုကြားပြီးသား၊ ဒါပေမယ့်ကိုယ့်ဖာသာမအားတဲ့အတွက်မကြုံဖြစ်သေးတာ။ အခုလည်း.. အမလေးဒါများဘာလေးလုပ်ရင်ပျောက်တယ် ဘာညာနဲ့အနားမှာလာပြောသည်။ မဏိတော်တော်ဒေါသထွက်ရပါသည်။ တုပ်ကွေးကမသေနိုင်ဘူးမှန်တယ်၊ ဒါပေမယ့် အမေက နေမကောင်းဖြစ်ခွင့်မရှိဘူးလား။ နေမကောင်းတဲ့အခါ လူမမာလုပ်ခွင့်မရှိဘူးလား။ မဏိစိတ်တိုတိုနဲ့ဒုန်းဒိုင်းထလုပ်ပစ်တော့ ထိုမိန်းမကြီးထပြေးတော့သည်။ " နင် ဘာတွေလာသောင်းကျန်းနေတာလဲ ငါ့အိမ်မှာ" " အဖေက ဘာလို့တစ်သက်လုံးမပြောင်းလဲရတာလဲ" " ဘာ..." " တသက်လုံးလေ ... တသက်လုံးအဲ့ဒီ့ပုံစံပဲ..." " ဘာလဲ.." " အဖေ နေမကောင်းတဲ့အခါ အမေအဲ့လိုပြောဆိုလား ပြုမူလား.. " " ငါနင့်အမေကို ‌ဆေးတိုက်ထားပြီးသား.." " ဒါပေါ့ အမေ့ကိုဘယ်အသေခံနိုင်အုံးလဲ.. အဖေ့ ဒုက္ခခံပေးမယ့် လူလိုသေးတယ်လေ.." " မဏိသိုက် ဖ‌အေကိုဝေဖန်ရအောင်နင့်ကိုယ်နင်ဘာများအောက်မေ့နေလဲ.." " အဖေကကော ဘာမို့လို့ တသက်လုံးအမေ့ကိုအနိုင်ကျင့်ရတာလဲ.. အမေက အဖေနဲ့အဖေ့အမျိုးတွေဆီမှာ ဒီလိုဆက်ဆံခံဖို့ အဖေနဲ့လက်ထပ်ထားတာမို့လား..." " နင့်အမေက ဒီလိုပြောတာလား.." " အဖေကိုယ်ကိုယ်ကိုယ်မသိဘူးလား.. အေးလေ နိုင်ကောင်းကောင်းနဲ့နိုင်လာတော့ဘယ်သတိရပါ့တော့မလဲ.. အဖေ တင်မကဘူး ၊အဖေ့တစ်မျိုးလုံးကလည်းလူပါးဝကြတာပဲ... အဲ့တာဘာလို့လဲ သိလား.. ခေါင်ကမလုံလို့လေ။ ခေါင်ဖြစ်တဲ့အဖေက မကာကွယ်ပေးမှန်းသိတော့ အမေ့ကိုလူတကာကနိုင်စားချင်ကြတာ.. ဒါမျိုး အရင်ကတော့ရချင်ရမယ် အခုကစပြီး မရစေရဘူး။ အမေ လာပါ.. သမီးပြောမယ် အမေ့မှာ တရားသူကြီးနဲ့ဆရာဝန် သားသမီးနှစ်ယောက်ရှိတယ်။ အမေ ခေါင်းမော့ရင်ကော့ပြီးနေလို့ရတယ် ဘယ်သူ့ကိုမှ ခေါင်းငုံ့နေပေးစရာမလိုဘူး..." " ငါတော့ ဒီအိမ်မှာအမောက်မာဆုံးကနင်လို့ပဲထင်တာ.. " " အဖေကကိုယ့်မျက်ချေးကိုယ်မမြင်တတ်ဘူးလေ.. အဖေ သိလား အဖေရှာပေးတဲ့သမက်ကလည်းအဖေ့လိုလူစားပဲ.. အခု အမေ့ကိုကြည့်ရတာ သမီးရဲ့အနာဂဏ်ကိုမြင်နေရသလိုပဲ၊ သမီးပြီးရင် အေပရယ်ရဲ့အနာဂဏ်ပါဖြစ်လာလိမ့်မယ်.. အဲ့လို တော့အဖြစ်မခံနိုင်ဘူး၊ သမီးရဲ့အနာဂဏ်ကို အမေ့လိုမဖြစ်အောင် အခုကစပြီး အမေ့ကိုဒီအမှိုက်ပုံထဲက နေသမီးခေါ်သွားတော့မယ်... အဖေတောင်ပင်စင်ယူသေးတာပဲ.. အမေ့ကိုလည်းပင်စင်ပေးတယ်လို့သဘောထားလိုက်.." " အမေ လာ သွားရအောင်.. ဘာမှယူမနေနဲ့" မဏိသည်တကယ်ပဲ သူ့အမေကိုပါ တစ်ခါထဲခေါ်၍ထိုအိမ်ကနေထွက်လာပါတော့သည်။ >>>>> ဆက်ရန်
Show all...
54👍 10
>>>>>>> မဏိ သိပြီးမကြာခင်မှာပဲ အံ့ဘုန်းကနယ်ကိုတာဝန်နဲ့ ပြောင်းရွေ့ရသည်။တောင်ပေါ်ဒေသကတိုက်နယ်ဆေးရုံလေးတစ်ခုကိုဖြစ်သည်။ အဲ့တော့ ငုနဲ့ဘယ်လိုလုပ်ကြမလဲတော့မသိပါ။ တွေ့တဲ့ရက်ကငုမျက်နှာမလန်းတာကိုသိသည်၊ဒါပေမယ့် သူတို့ကဖွင့်မပြောတော့ ကိုယ်လည်းမနှစ်သိမ့်ပေးနိုင်ဘူးပေါ့။ အဲ့တာကြောင့် အချစ်ကပူလောင်တယ်လို့ပြောကြတာလေ။ အချစ်ဆိုတဲ့စိတ္တဇနာမ်က ထိတွေ့မိသူတိုင်းကိုရူးသွပ်ပူလောင်သွားစေတတ်တာပဲ။ သမီးရည်းစားအချစ်၊ လင်ချစ်မယားချစ်အပြင်သားသမီးအချစ်ကကောဘာထူးသေးလဲ.. မဏိမှာ သမီးလေးသာနေထိုင်မကောင်းရင်မီးခဲကိုင်ထားမိသလိုပဲလေ။ သမီးအဖေကလည်းတော်ယုံအိမ်ကပ်တာမဟုတ်ဘူး။ အရေးအကြောင်းရယ်ဆို ကိုယ့်မှာလည်းပြောဆိုတိုင်ပင်စရာတောင်မရှိဘူး။ ကိုယ့်မှာကိုယ်ပဲရှိတယ်။ အိမ်ကလည်းကိုယ်၊ သမီးကိစ္စလည်းကိုယ်.. ဒီကြားထဲလူမှုရေးကိစ္စတွေကပါလာလာရှုပ်သေးတယ်။ " မင်းရှိတာပဲမှတ်လား.. " တဲ့။ သူ့ဘက်ကတော့တစ်ခွန်းထဲနဲ့အပြီး။ အခုလည်းအလုပ်ခရီးဆိုပြီး ပြည်ပထွက်သွားပြန်ပြီ။ တကယ်ဟုတ်မဟုတ်တော့မသိဘူး.. လက်ပူးလက်ကြပ်မမိသရွေ့‌တော့နေနှင့်အုံးပေါ့။ " မေမေ.. မီးမီး ပြီးပြီ.." " အေးပါ.. ခဏလေး.." အခုတော့သမီးလေးကကျောင်းမှာပျော်‌နေပါပြီ။ မနက်ဆိုဝီရိယရှိရှိကျောင်းသွားချင်ပြီ။ အဲ့တာလည်း မဏိကသေချာအကျင့်လုပ်ပေးထားရတာ၊ ဒါတောင်သူ့အဖေဘက်ကအမျိုးတွေတစ်ခါတစ်ခါလာခေါ်ပြီးသွားရင် ခလေးကကစားကွင်းအကြောင်းပဲထပ်ခါထပ်ခါပြောတော့တယ်။ နောက်ရက်ဆိုမူကြိုကိုသိပ်မသွားချင်တော့ပြန်ဘူး။ " မူကြိုမှာ ရုပ်ရုပ်တွေရှိဘူး.." " သူငယ်ချင်းတွေရှိတယ်လေ.." " ရှိဘူး.." " သမီးမတတ်ရင် တီချယ်ကအိမ်လာခေါ်မှာ.." " လာနဲ့လို့..." " မီးမီးကျောင်းသွားမှ မေမေဘာဘီအရုပ်မလေးထပ်ဝယ်ပေးမှာနော်.." " ဖေဖေက ဝယ်လာမှာ မီးမီးအတွက်..." အရုပ်တောင်မှ မေမေဝယ်ပေးတဲ့ဘာဘီကမလှဘူးတဲ့လေ။ ခလေးပဲကွယ်၊ သုံးလေးသောင်းတန်ဘာဘီရုပ်တွေကဘာလုပ်ဖို့လဲ.. ပြီးရင်ဆံပင်ကနေဆောင့်ဆွဲဖြုတ်တာလေ။ အဲ့တာကြောင့်မဏိကတန်ဖိုးသင့်အရုပ်မလေးဝယ်ပေးရင် သူကယှဉ်ကြည့်ပြီး မကြိုက်ဘူးတဲ့တော့်။ သူတို့သားအဖက ခွေးမွေးချင်သေးတာ၊ သမီးအတွက်ခလေးထိန်းခွေးအနေနဲ့ GRတစ်ကောင်ဝယ်ပေးမယ်တဲ့။ မဏိမှာလူအလုပ်အပြင်၊‌ခွေးအလုပ်ပါထပ်လုပ်ပေးနေရမှာဆိုးလို့ မဝယ်ပါနဲ့လို့တောင်းပန်ထားရတယ်။ အရင်ကသမီးကယုန် ယုန်နဲ့ဖြစ်နေတာကြောင့်သူ့အဖေက ယုန်ဖြူတစ်စုံအိမ်ခေါ်လာတယ်။ခေါ်လာကတည်းကသားပေါက်ခါနီးဆိုတော့ မျိုးပွားလိုက်တာမှ.. ယုန်တွေကတစ်နှစ်ကိုသုံးကြိမ်လောက်‌မွေးတာ၊ ပြီးတော့အသက်၆လဆိုရင်မိတ်လိုက်ကြပြီလေ။ အဲ့မှာပွားလာလိုက်တာမှ အဖြူတွေဆိုတော့ညညခြံထဲလှမ်းကြည့်ရင်ဖွေးလို့။ ပြီးတော့ယုန်က ညစ်ပတ်တယ်၊နံတယ်လေ.. အများကြီးဆိုရင်ခြံလည်းညစ်ပတ်လို့သန့်ရှင်းရတာတစ်မျိုး၊ကျန်းမာရေးအတွက်လည်းမကောင်းနိုင်ဘူး။ အဲ့တာကြောင့်မဏိမှာတော်တော်လေးရှင်းထုတ်လိုက်ရတယ်။ သူတို့ကတော့မဏိကိုအသဲမာတဲ့မိန်းမကြီးပေါ့..။ မဏိကမနက်ဆိုကိုယ်နိုးကတည်းကအရင်ခေါင်းဖီးမျက်နှာသစ်၊ ဘုရားခန်းဝင်ရှိခိုးပြီးမှ အောက်ထပ်ဆင်းပြီးမနက်စာပြင်ဖို့လုပ်ရတယ်။ ကိုယ်တိုင်ဝင်လုပ်တဲ့အခါလည်းရှိပြီး.. မလုပ်နိုင်ရင်တောင် ဖအေအတွက်ကဘာ၊သမီးအတွက်ကဘာ ဆိုပြီးညွှန်ကြားရတယ်။ ကိုယ့်အတွက်လည်းထမင်းဘူးပါတစ်ခါထဲပြင်.. အားလုံးအဆင်သင့်ဆိုရင်တစ်ခါအပေါ်ပြန်တတ်ပြီး သမီးကိုနှိုးပြီး မျက်နှာသစ်ပေး၊ကျောင်းသွားဖို့ရေတစ်ခါထဲချိုးပေးရတယ်။ သူ့ပြင်ပေးပြီးတာနဲ့ကိုယ်လည်းအမြန်ပြင်ရတာပဲ။ ၆နာရီကတည်းကထတာ‌တောင်အချိန်နှစ်နာရီကျော်က ဘာမှမဟုတ်.. ဒါတောင်အိမ်ထောင်ဦးစကဆိုရင် ယောက်ျားလုပ်သူကမနက်ခင်းတစ်ခါသူ့ကိုပြုစုစေချင်သေးတာ၊ သမီးရှိလာကတည်းက မဏိလည်းပြတ်ပြတ်သားသားပဲငြင်းပယ်ရတယ်။ သူပဲလိုချင်လှချည်ရဲ့ဆိုပြီး ခေါ်ခဲ့တာလေ ဒီလောက်တော့စွန့်လွှတ်ရမှာပေါ့။ အားလုံးပြီးတာနဲ့သမီးနဲ့အတူတူကျောင်းသွား၊ရုံးတတ်ကြဖို့ အောက်ထပ်ကိုဆင်းကြသည်။ " ‌မေမေလာ ..." သမီးကလှေကားပေါ်ကဆင်းတော့ မဏိလက်ကိုအတင်းဆွဲရာ.. မဏိမှာရှေ့ကိုမိုက်ခနဲဖြစ်၍ လှေကား လက်ရန်းကိုဖမ်းကိုင်ထားရသည်။ " သမီးရယ် ဖြေးဖြေးဆင်းစမ်းပါ..." အောက်ထပ်မှာသမီးကိုမနက်စာကျွေးရင်း ကိုယ်လည်းစားဖို့လုပ်ရသည်။ " ဟယ် ဒါကဘယ်လိုအရသာကြီးပါလိမ့်.." မဏိမှာပြင်ထားတဲ့မနက်စာကိုတလုပ်ပဲစားရင်း ပျို့တတ်ချင်လာလို့.. " မကောင်းတော့ဘူး.." မဏိ ပြောတော့ကောင်မလေးတွေကဇဝေဇဝါနဲ့မြည်းကြည့်ကြသည်။ " ကောင်းပါတယ်မမရဲ့..." " နံတယ်မှတ်လား ..." " မနံပါဘူး.." သုံးယောက်တစ်ယောက်ဆိုတော့ ... " အေး ငါပဲရင်ထဲမကောင်းတာနေမယ်.." " မမနေမကောင်းဘူးလား .." " နည်းနည်းပါ.. သမီးခုနကလုပ်တာရင်တုန်နေလို့.." >>>>>>> ပထမတော့အမှုမဲ့အမှတ်မဲ့နေလိုက်ပေမယ့် တဖြေး‌ဖြေး နဲ့တစ်ခါရင်းနှီးခဲ့ဘူးတဲ့ခံစားချက်ကြီးပြန်ရတာကြောင့် မဏိလည်းပြူးပြာသွားရတော့သည်။ " မဖြစ်နိုင်ပါဘူး..." ဒါပေမယ့်လည်းမယုံကြည်ရဲတာကြောင့် အပြန်မှာဆေးဆိုင်ဝင်၍လိုတာဝယ်ခဲ့သည်။ ဒီနေ့မနက်ခင်းမှာထပြီး စစ်ကြည့်သောအခါ.. သေစမ်းဟ..! မဏိတော့နောက်တစ်ကြိမ်ထီထပ်ပေါက်ပြန်ပြီ။ ဘယ်လိုဖြစ်ရတာလဲ..?
Show all...
👍 5 1
တသိမ့်သိမ့်....နွံ (၂၆) အပိုင်း-၂၆ ကြာပြီလား၊ ဘယ်တုန်းကတည်းကလဲ... ဟုတ်ပါရဲ့အရင်တွေ့တာနဲ့သတ်နေတဲ့နှစ်ယောက်ကရန်မဖြစ်တော့တာကြာပြီပဲ။အိမ်ရောက်တော့ facebookဖွင့်ကြည့်ပြီး checkingလိုက်သည်။ နှစ်ယောက်သားပိုစ့်တွေမှာ love react အပြန်အလှန်ပေးပြီး.. အံ့ဘုန်းသိုက်က မေပါသမျှသီချင်းမှန်သမျှနဲ့ကြူးထားပြီး ငုကလည်းကဗျာတိုစာတိုတွေနဲ့ပြန်ကြူးထားပါသည်။ ဪ ဒီဟာတွေငါ့ကိုအကောင့်ထဲထားပြီး ဒင်းတို့က ဒီလိုမျိုးငါမသိအောင်ခိုးတွဲနေကြတာကိုး..။ ဘယ်သူမှမယုံရပါလားဟယ်... အထူးသဖြင့်ငုကပိုဟန်ဆောင်ကောင်းလွန်းသည်။ ကိုယ့်မှာတော့သူနဲ့ ယောက်ျားမယူသင့်တဲ့အကြောင်း‌ တွေပြောလိုက်ရတာ.. ဒါတောင်အံ့ဘုန်းသိုက်ကဘယ်လောက်ခလေးဆန်မှန်းသိရက်နဲ့ဘာကိုယုံကြည်ပြီးကြိုက်မှန်းမသိဘူး။ အင်းလေ..သူတို့ကမှမသိစေချင်တော့ကိုယ်လည်းမသိသလိုပဲနေလိုက်ပါ့မယ်။ နောက်ကိုတော့ဆင်ခြင်မှရမယ်၊ တော်ကြာကိုယ်ကသဘောရိုးနဲ့ပြောရင်‌တောင် ကိုယ့်မောင်ကိုတိုတယ်လို့ထင်သွားအုံးမယ်။ >>>>>>>>>> အံ့ဘုန်းကလူသိရှင်ကြားတွဲရအောင်လို့မကြာခဏပြောပါတယ်၊ ငုဘက်ကသာငဲ့ရမယ်မျက်နှာတွေ၊ထောက်ထားရမယ့်မျက်နှာတွေကြောင့်လူသိရှင်ကြား မတွဲရဲတာဖြစ်သည်။ ဘာလိုလိုနဲ့သူတို့ silent အချစ်ရေးဟာနှစ်နှစ်နီးပါးရှိပြီဖြစ်သည်။ " မေကဘယ်အချိန်အထိဒီလိုနေချင်တာလဲ .." မောင်ကမေးတိုင်းလည်းကိုယ့်မှာယောင်လည်လည်နဲ့ အဖြေမပေးနိုင်ခဲ့ပါ။ မောင့်ကိုချစ်ပါတယ်.. အသည်းနင့်အောင်ချစ်ပါတယ်။ ဒါပေမယ့်အချစ်ရဲ့နောက်ဆက်တွဲစာမျက်နှာကိုတော့ ငုဖွင့်မကြည့်ရဲသေးပါ။အဲ့လောက်သတ္တိမျိုးငုမှာမရှိပါ။ မိန်းမတစ်ယောက်အိမ်ထောင်ပြုတာက အောင်ဘာလေထီထိုးရသလိုပဲဆို... ငုဟာငယ်ငယ်ခလေးဘဝထဲကကံကောင်းတဲ့သူမဟုတ်ပါ။ သူများတကာလိုအထိုက်အလျောက်ကံကောင်းမှု‌လေးတောင်မရှိခဲ့ပါ။ ဗလာမပါဆုမဲနှိုက်ရင်တောင်အသေးဆုံးဆုရွေးပေါက်သူမို့.. တစ်ဘဝစာကံစမ်းမဲကြီးကိုငုမနှိုက်ရဲသေးပါ။ မောင်ကတော့.. မေဟာစိတ်မပြတ်သားသူပဲတဲ့။ သူ့မမမဏိနဲ့တခြားစီပါတဲ့၊ ဟုတ်ပါတယ် မဏိနဲ့ငုဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပေမယ့် သံနဲ့ဖယောင်းလိုအသွင်မတူကြသူတွေဖြစ်သည်။ မောင်နဲ့ချစ်သူကာလတစ်လျှောက်လုံးမှာ.. ငုရည်းစားဟောင်း စည်သူဖုန်းမြင့်အကြောင်းအစအနဖော်ပြီးစိတ်ကောက်ကြတာကလွဲရင် ကျန်တဲ့အချိန်တိုင်းဟာ နေ့ကောင်းရက်မြတ်တွေချည်းပါပဲ။ စိတ်ကောက်နေရင်‌တောင်မှ မောင်ကငုဘက်ကနှစ်ခါပြန်ချော့စရာမလိုအောင် စိတ်ကောက်ပြေတတ်ပြီး ငုဆီကိုတန်းပြေးလာတဲ့သူပါ။ ငုကတောင်... " ဟယ် မောင်ကလည်း‌ချော့ရလွယ်လိုက်တာကွာ ခွေးကြီးကျနေတာပဲ.." " ဘာ ဘာ..." " တရုတ် TikTok ထဲကလုဘီဆိုတဲ့ခွေးကြီးလေ မောင်နဲ့သိပ်တူတာပဲလို့.." " ဟမ်.. ဘာပြောတယ်.." " ဟီး ဒါပေမယ့် တို့မောင်ကပိုချစ်ဖို့ကောင်းတယ်" " ခင်ဗျားကြီးနော်.." " အဲ့လိုမခေါ်နဲ့ မကြိုက်ဘူးဆို.." ခဏလေးဝေးရရင်‌တောင် ကိန္ဒရီ၊ကိန္ဒရာလိုအလွမ်းခန်းဖွင့်တတ်ကြတဲ့သူတို့နှစ်ဦးမှာ.. အခုတော့လည်းဇတ်တော်လာအတိုင်း မိုးသက် မုန်တိုင်းကဆင်လာခဲ့ပါပြီ။ " မောင် နယ်ကိုထရန်စဖာကျတယ်မေ.." " ဟင် ရုတ်တရက်ကြီး.." ဘယ်တတ်နိုင်ပါ့မလဲ၊ ဆရာဝန်လုပ်သက်၃နှစ်ပြည့်ရင် M.Scဆက်တတ်ဖို့ မောင်ကြိုးစားရမည်။ မောင့်မှာလည်းမောင့်အိပ်မက်နဲ့မောင်.. မောင်ကသူမသွားရခင် အိမ်ကိုဖွင့်ပြောပြီးလက်ထပ်ကြရအောင်တဲ့။ ဘယ်သူမှကန့်ကွက်မှာမဟုတ်ပါဘူးတဲ့။ ဟင်းး မကန့်ကွက်ကြဘူးပဲထားပါအုံး၊လက်ထက်ပြီးကာမှတော့ သက်ဆိုင်သူနှစ်ယောက်ဟာဒီလောက်ခရီးမိုင်တွေခြားပြီးနေနိုင်ကြမှာတဲ့လား။ ရည်းစားဘဝမို့အငွေ့လောက်နဲ့သာယာနိုင်ပေမယ့် လက်ထပ်ပြီးသားလင်မယားဘဝမှာတော့ အထိအတွေ့မရှိပဲ ကြာကြာနေနိုင်မှာတဲ့လား။ ငုကလည်းမောင့်နောက်လိုက်သွားဖို့မဖြစ်နိုင်သေး၊ ရန်ကုန်မှာသာငုအတွက်အလုပ်အကိုင်ရှိသည်။ ငုက အခုဆိုရင်နာမည်ရနေတဲ့ ဂိုက်ကျူရှင်ဆရာမတစ်ယောက်ဖြစ်နေပြီ။ ငုရဲ့ကျေးဇူးရှင်အဒေါ်ကိုလည်း ဒီအတိုင်းထားခဲ့ဖို့မဖြစ်နိုင်သေးဘူး။ ပြီးတော့ မဏိပြောတဲ့ မိန်းမတွေဟာလက်ထပ်ပြီးရင်တောင်မှကိုယ့်ရဲ့ Careerကမစွန့်လွှတ်သင့်ဘူးဆိုတဲ့အချက်ကလည်း ငုခေါင်းထဲစွဲမြဲနေပါတယ်။ မောင်နောက်ကိုလိုက်သွားမယ်ဆို ငုကမောင့်ကိုမှီခိုရတော့မည်။စာတွေဆက်သင်ရအုံးမယ့်မောင့်အတွက် ငုက ကြာရင်ဝန်ထုပ်ကြီးဖြစ်မလာနိုင်ဘူးလား။ ငုက ငယ်ငယ်ကတစ်ကြိမ်တစ်ခါစွန့်ပစ်ခံရပြီးသားပါကွယ်၊ ခဲမှန်ဘူးတဲ့စာသူငယ်ပါ။ " တို့ မောင့်ကိုစောင့်နေပါ့မယ်.. မောင်ပြန်လာတဲ့အချိန်အထိ အချစ်ကိုသိမ်းဆည်းပြီးစောင့်နေပါ့မယ်.." မေက မောင့်နောက်ကိုလည်းမလိုက်၊လက်လည်းမထပ်နိုင် အပျိုဘဝနဲ့သာစောင့်နေပါ့မယ်ဆိုတော့ .. မောင်ကအတော်လေးစိတ်ထိခိုက်သွားတဲ့ပုံပါပဲ.. " မေ့မှာ မောင့်ကိုလက်ထပ်ချင်စိတ်မရှိ‌ဘူးပေါ့.. ဒါဆိုအခုချိန်အထိမောင့်ကိုအပျော်တွဲခဲ့တာလား.. အင်းလေ.. အဲ့တာကြောင့်လည်းအခုချိန်အထိလူသိမခံတာပေါ့.." စွတ်စွဲပါ၊ စွတ်စွဲလိုက်ပါမောင်ရယ်။ ပျော်လို့တွဲခဲ့တာဟုတ်တယ်၊ အဲ့တာကြောင့်မောင်သွားတဲ့နေ့ကစပြီး ကျွန်မမှာလည်းပျော်စရာတွေမရှိတော့ပါဘူး။ ကျွန်မရဲ့ပျော်ရွှင်မှုတွေအားလုံးကို မောင်သာဖန်တီးပြီး မောင်သာလျှင်ဖျက်ဆီးပစ်လိုက်နိုင်တာမို့ပါ။
Show all...
👍 2 1
" ပင်လယ်ပြင်က ဆိုမာလီတွေကြောင့်မဟုတ်ရင်တောင်တခြားအန္တရာယ်တွေအပြည့်ပဲ.. မင်းကသဘ်ောသားက‌တော်လုပ်ချင်တာလား ငါ့ကို ဝေးလေကောင်းလေဆိုပြီးပင်လယ်ထဲပို့နေတာလား.." " မဟုတ်ပါဘူး ဒီအတိုင်းမေးကြည့်တာပါနော်.." " အင်း... သဘော်သားလစာက အလွန်ဆုံးမှဒေါ်လာ ၇ထောင် ၈ထောင်.." " ရှင်ပြောတော့ ကိုးထောင်ဆို.." " ရိုက်ကြေးရှိသေးတယ်လေ.. အခွန်အခရှိတယ်လေ.. ထည့်တွက်ရမှာပေါ့.. " " အင်းပါ..." " အဖိုးကလည်းအသက်ကြီးပြီဆိုတော့ သူ့လုပ်ငန်းတွေငါ့ကိုကူစေချင်တယ်.. ငါလည်း ပင်လယ်ထဲအချိန်မဖြုံးချင်တော့လို့.." " ရှင်တို့မှာအခု Entertainment အပြင်တခြားလုပ်ငန်းတွေအများကြီးရှိမှာပေါ့.." " အင်း ရှိတယ်..." " ဘာတွေလဲ..." နေဇာဋာက ပြောပြမလိုနဲ့ ပြီးမှမျက်ခုံးကိုတွန့်ချိုးပြီး မဏိကိုခပ်စိတ်စိတ်ကြည့်ကာ.. " ငါက မင်းကိုဘာလို့ပြောပြရမှာလဲ.. တရားသူကြီးရှေ့မှာ ကိုယ့်သေတွင်းကိုယ်ကြိုတူးထားရာရောက်မှာပေါ့.." " ဪ ကဲ ကိုယ်ကောင်းရင်ခေါင်းဘယ်မှမရွေ့ပါဘူးနော်.." " စကားလာအစ်မနေနဲ့ ဆောရီးပဲ.. ပြောပြီးသားလေ.. ငါသေရင်‌‌တောင်မင်းကိုမပေးဘူးလို့.." " အင်းပါ.. မသေအောင်နေပေါ့.. သေတဲ့လူကဘာများတတ်နိုင်မှာမို့လဲ.." " ဟား.. ချစ်စရာလေးနော် ....မဏိသိုက်" အဲ့တာကြောင့်လေ စကားအစ်မေးတာတောင်မပြောပါဘူးဆို... " ဘယ်ဆက်ဆံရေးမှာမလို ခြေတစ်လှမ်းစာချန်ထားဖို့လိုတယ်" တဲ့။ ဒါက လူလည်နေဇာရဲ့သမိုင်းဝင်မယ့်အဆိုအမိန့်ကြီးပါ‌နော်။ >>>>>> ဒီနေ့ မဏိကရုံးကအပြန်မှာ အိမ်မှာဟင်းစားလိုတာဝယ်ဖို့ဈေးဘက်ကိုဝင်သည်။ အိမ်မှာဒရိုက်ဘာဉီးလေးကြီးကလည်းအလုက်ထွက်သွားပြီလေ၊ မဏိတို့ကထုတ်တာမဟုတ်ပါဘူး။ သူကလည်းအသက်ကြီးပြီလေ၊ သားသမီးတွေကလည်းဘွဲ့ရပညာတတ်‌တွေဖြစ်ကုန်ပြီမို့ ပင်စင်ယူလိုက်တဲ့သဘောပေါ့။ မဏိ ကားမောင်းသင်ထားလိုက်တာ မှန်သွားတယ်။ ငုတို့အိမ်က‌ဒီဈေး ဘေးကလမ်းမကနေဝင်သွားရင်ရောက်ပါသည်။ မဏိကားမောင်းလာရင်း ရှေ့လှမ်းလှမ်းမှာငုနဲ့တူတဲ့တစ်ယောက် သွားကိုနောက်ကျောကနေလှမ်းမြင်သည်။ ဒါပေမယ့် ဘေးမှာ‌ယောက်ျားလေးတစ်ယောက်ပါပြီး ၊ လက်လည်းတွဲထားကြတယ်ရယ်.. ငု ဟုတ်ပါ့မလား မသိဘူး။ စိတ်ထဲတော့ငုဆိုတာသေချာပေမယ့် ဘေးကယောက်ျားလေးရဲ့ကျောပြင်ကိုလည်းရင်းရင်းနှီးနှီးမြင်ဖူးနေသလိုရှိလျှက်နဲ့.. ‌တော်ကြာအနားသွားခေါ်မှလူမှားမှာဆိုးလို့ မဏိသည်မခေါ်ပဲကားကိုဘီးလှိမ့်ယုံလောက်နဲ့အနားက‌နေကပ်ပြီးဖြတ်ကျော်လာခဲ့သည်။ ကားမှန်ကနေပြန်ကြည့်ပြီးမှ.. ဟင်! အံ့ဘုန်းသိုက်... နဲ့ ငုက... အံ့ဘုန်းကငုဆို စနေကြမို့ စနောက်ပြီးတွဲထားတာလားလို့ပြန်ကြည့်မိတော့ မဟုတ်ပါ။ နှစ်ယောက်သားကချစ်သူစုံတွဲတွေလို အကြည်စိုက်ပြီးကြင်ကြင်နာနာလက်ချင်းတွဲထားကြတာပါ။ ဘုရားရေ.. ငါပဲဘာမှမသိလိုက်တာလား? >>>>> ဆက်ရန်
Show all...
👍 5 1
တသိမ့်သိမ့်....နွံ (၂၅) အပိုင်း-၂၅ အိမ်ကိုအတူပြန်လာကြပေမယ့်မဏိကရှေ့ကနေဆောင့်ဆောင့်နဲ့လှမ်းဝင်သွားပြီး နေဇာဋာကနောက်ကလိုက်၍... " ကိုယ့် ကားကို mood change ထားပါတယ်.. Shock absorber lock ချထားတာမို့ Dancing Car မဖြစ်ဘူး။ မှန်ကလည်းအထဲကိုဘယ်သူမှမမြင်ပါဘူး... " သူကလိုက်ရှင်းပြလည်းမဏိသိုက်ကနားမထောင်.. " ကြည်ကြည်သမီးကော..." " ကျောင်းကပြန်လာပြီး မုန့်စားပြီးလို့တရေးအိပ်သွားတာမမ.." " ရေကောချိုးပေးပြီးပြီလား.." " ဟုတ် ချိုးပြီးပါပြီ.." " အင်း ခဏကြည့်ထားပေးအုံး.." မဏိကအောက်ထပ်ကခလေးအခန်းရှေ့မှာစကားရပ်ပြောပြီး နောက်..‌ဆောင့်‌ဆောင့်နဲ့အပေါ်ကိုထပ်တတ်သွားသည်။ အိပ်ခန်းထဲရောက်တာနဲ့ ဒီပုံစံအတိုင်းရေချိုးခန်းထဲကိုတန်းဝင်သွားတော့သည်။ ဟူးး မဏိသိုက် သူ့ကိုရေရေလည်လည်တင်းသွားတာပဲ.. သူ့ကုတ်အကျီကိုဆွဲချွတ်၍တွေ့ကရာကိုပိတ်ကန်ပစ်လိုက်ကာ ခန္တာကိုယ်ကိုကုတင်ပေါ်မှာဝုန်းခနဲပစ်လှဲချလိုက်သည်။ ခုနကရလိုက်တဲ့ခံစားမှုတွေတောင်ဘယ်ကိုအငွေ့ပျံသွားမှန်းမသိတော့ဘူး... တောက်))) လင်မယားကြားမှာဒီကိစ္စကိုဒီလောက်အထိအကြီးပကျယ်ဖြစ်ဖို့လိုလား.. သူကလည်းသူဆိုပေမယ့် ဘာပဲဖြစ်ဖြစ်ကာမပိုင်လင်ယောက်ျားပဲဟာ တစ်ခေါက်လောက်လိုက်လျောပေးတော့ကောပဲ့ပါသွားမှာမို့လို့လား။ အိမ်ထောင်သက်တမ်း၄နှစ်ကျော်မှာ မဏိသိုက်ကသူ့ကိုကြည်ကြည်ဖြူဖြူလက်ခံခဲ့တယ်ဆိုတာ တစ်ကြိမ်မှမရှိပါဘူး။ သူကပဲအတင်းအဓ္ဓအရယူခဲ့ရတာချည်း. လင်မယားနဲ့လိင်ကိစ္စကခွဲခြားလို့ရတာမှမဟုတ်တာကို သူကအတူနေဖို့ကြိုးစားတိုင်း မဏိသိုက်ကစိတ်ပါလက်ပါမရှိဘူး။ လူသေကောင်လိုခံစားချက်မဲ့နေတယ်။ သူက သူမကိုပါသာယာမှုပေးဖို့အစွမ်းကုန်ကြိုးစားတာတောင် သူမကတော့မတုံ့ပြန်တတ်ဘူး။သူနမ်းရင်အမြဲတမ်းရှောင်ဖယ်တယ်။ ကိစ္စပြီးရင်သွားတော့ဆိုတဲ့ပုံစံပဲချိုးတယ်၊ ဒီလိုလုပ်ရအောင်သူကပြည့်တန်ဆာကိုဆက်ဆံနေတာမှမဟုတ်ပဲ။ ချီတာပွေ့တာလည်းမကြိုက်ဘူး၊ လေးနှစ်လုံးလုံးကို ပုံစံတစ်မျိုးထဲနေပေး‌တာ တော်တော်ရက်စက်တဲ့မိန်းမ။ သမီးရှိလာတော့ပိုဆိုးသေးတယ်၊ သူမအတွက်ရှောင်ဖယ်စရာဆင်ခြေကောင်းရသွားတယ်လေ။ သူကအခုမှအသက်၃၀ ကျော်တောက်လောင်တဲ့ဆန္ဒတွေပြင်းနေတဲ့အရွယ်ပဲရှိသေးတာလေ။မကြည်ဖြူမှန်းသိပေမယ့်လည်း ဆန္ဒတွေကိုမချိုးသတ်နိုင်တော့ သူမဆီကအမြဲတမ်းဒီလိုအထင်အမြင်သေးခံရတာပေါ့။ လိင်မှုကိစ္စက ဒီနေ့ခေတ်မှာကြီးမားတဲ့လူမှုရေးပြသနာတစ်ခုတောင်ဖြစ်နေခဲ့ပြီ။ လိင်စိတ်ခမ်းတာ၊အိမ်ထောင်ဘက်ကိုစိတ်မပါတော့လို့ဖောက်ပြန်ကြတာ၊ အမျိုးသားကမစွမ်းနိုင်တော့လို့အိမ်ထောင်ရှင်မိန်းမတွေ သာယာမှုမရကြတာ.. ဒါတွေအများကြီးကြားမှာ သူသန်သန်မာမာရှိနေတာကအပြစ်လား? မဏိသိုက်က လိင်စိတ်ကိုရွံစရာလို့သတ်မှတ်ထားတာ၊ ဒါမှမဟုတ် သူ့ကိုဆက်ဆံတဲ့ကောင်ကိုရွံနေတာနေမှာပေါ့။ မဂ်လာဦးရက်မှာတင် မုဒိန်းကောင်လို့ခေါ်ခဲ့တာလေ။ ယောက်ျားတွေကိုမုန်းနေတဲ့ မဝါဒီကြီး..၊ ဒါပေမယ့်တချို့ကတော့ချွင်းချက်တဲ့။ သူမုန်းတဲ့အထဲမှာ သူ့လင်ရယ်၊သူ့အဖေရယ်၊သူ့ဆွေမျိုးသားချင်းယောက်ျားတွေရယ်ထိပ်ဆုံးက... တချို့ကောင်တွေမပါဘူး၊ ဟားး ညို့ချက်ပြင်းလွန်းတဲ့အမျိုးသားဆိုတဲ့သူ့ဂုဏ်ပုဒ်က လည်း မဏိသိုက်နဲ့ကြမှ ဟိုးမြောင်းထဲမှာဆွေးမြေ့နေရပြီ။ နေဇာဋာဆိုတဲ့ဒီယောက်ျားက NGOမှာအလုပ်လုပ်တဲ့ဘာမဟုတ်တဲ့ကောင်ကိုမယှဉ်နိုင်ဘူးဆိုတာ တွေးလိုက်တိုင်းအသည်းနာဖို့ကောင်းတယ် သိလား။ သူ့နေရာမှာ အဲ့ကောင်သာဆို မဏိသိုက်ဒီလိုဆက်ဆံမှာတဲ့လား.. စိတ်ဆိုးစိတ်ကောက်တတ်တဲ့မိန်းမကို စိတ်ပြေအောင်ချော့နိုင်ပေမယ့်၊ အချစ်မရှိတဲ့မိန်းမကိုတော့ဘယ်လိုမှချစ်လာအောင်မစွမ်းဆောင်နိုင်ဘူးထင်တယ်။ သူ့ရဲ့လူမသိသူမသိအရှုံးတွေထဲမှာ မဏိသိုက်ကအကြီးမားဆုံးပဲ...၊ သူမဆီကရခဲ့တာက ရွံရှာမှုတွေ၊ အထင်သေးမှုနဲ့ ဥပေက္ခာတွေချည်းပဲ.. တစ်ခါတစ်ခါ ဒေါသထွက်လွန်းလို့ အိမ်မပြန်ချင်ဘူး၊ အလုပ်တွေဖိလုပ်တယ်၊ ရံဖန်ရံခါသူစိတ်ပြေလက်ပျောက်ခရီးထွက်ပြီး လျှောက်သွားမိတယ်။ ဒါ‌ပေမယ့် လည်းချည်တိုင်နဲ့ချည်ကြိုးလိုမျိုး အချိန်တန်တော့လည်း အထင်သေးခံဖို့အိမ်ပြန်ရတာပဲ.. သူမကတော့မျှော်မနေခဲ့ပါဘူး၊ ဘယ်တုန်းကမှ.. မဏိသိုက်ကို ဒီအိမ်ထောင်ရေးနွံထဲပစ်ထည့်ပြီး သူ့ရဲ့သားကောင်ဖြစ်အောင်ကြိုးစားခဲ့တာက.. အဆုံးသတ်မှာတော့ ကိုယ်တိုင်ဆင်ထားတဲ့ထောင်ချောက်ထဲ တရစ်ချင်းနစ်ကျွံဝင်ခဲ့ရတာကသူကိုယ်တိုင်ပါပဲ။ ရှက်ဖို့ကောင်းပါတယ်..သိပ်ရှက်စရာကောင်းတယ်။ >>>>>>>> ရေချိုးခန်းထဲကမဏိကလည်း မသွားခင်ကတစ်ခါချိုးသွားပေမယ့်.. အခုလည်းရေပန်းဖွင့်ထားပြီးခေါင်းကနေပါလောင်း၍ သန့်စင်ပစ်လိုက်သည်။ မှန်ထဲကကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့ လည်ပင်းနဲ့ ပုခုံးနဲ့ ရင်ညွန့်တစ်ဝိုက်မှာ သွေခြေဥတွေကအကွက်ကွက်လိုက်..အဖြစ်သနစ်ကိုပြန်တွေးရင်း ဒေါသတနုတ်နုတ်ဖြစ်ရသည်။ တိရစ္ဆာန်တွေလည်းမဟုတ်ပဲလမ်းမကြီးမှာ.. ရမ္မက်ထကြွသောင်းကျန်းတာ အရှက်ကိုမရှိဘူး။ မဏိကသူ့မိန်းမဆိုပေမယ့် အခြေအနေအချိန်အခါကိုမကြည့်ဒီလိုမျိုးလိုချင်တာရှိရင်ဇွတ်တရွတ်နိုင်တဲ့ယောက်ျားမျိုးနဲ့နေရတာ တကယ်အကုသိုလ်များပါတယ်။
Show all...
👍 1 1
သက်သေနဲ့တကွ တရားဆွဲမယ်ဆိုရင် တစ်လင်တစ်မယားဥပဒေအရ ဖောက်ပြန်တဲ့သူကို အမြင့်ဆုံးထောင်ဒဏ်၃နှစ်အထိချလို့ရတယ်။ အလိုတူ အလိုပါ... ဥပမာ ယောက္ခမတို့၊ယောင်းမတို့ပေါ့။ ဖောက်ပြန်တာကိုသိရက်နဲ့ကာကွယ်ပေးထားရင် သူတို့ကိုလည်းအမှု‌တွဲတင်လို့ရပါတယ်နော်။ ငါတို့နိုင်ငံရဲ့ဥပဒေက တရားဝင်ဇနီးမယားတစ်ယောက်ကို အပြည့်အဝကာကွယ်ပေးထားပြီးသားပါ။ ဒါပေမယ့် လွယ်လွယ်လေးဖောက်ပြန်နေကြတာကဘာဖြစ်လို့လဲ.. ၊ ဖောက်ပြန်ခံရတဲ့‌မိန်းမ တွေကဥပဒေကို မသိကြလို့လား အယုံအကြည်မရှိလို့လား…? ဒါမှမဟုတ် နောက်ဆုံးအကြိမ်အဖြစ်ခွင့်လိုက်တာပဲလား။ ငါတို့မိန်းမတွေက တော်‌တော်လေးသည်းခံခွင့်လွှတ်တတ်ကြတာနော်.. ငါကြုံဖူးတယ် သိလား.. နယ်မှာတုန်းက ယောက်ျားဖြစ်သူကနောက်မိန်းမယူထားပြီး နှစ်ယောက်ပေါင်းနေတာပေါ့ဟယ် မယားကြီးသိတော့ တရားရုံးရောက်လာတာလေ။ သက်သေတွေကရပြီးပြီ အပြီးသတ်အမိန့်ချဖို့ပဲကျန်မှ.. သူ့ယောက်ျားကိုခွင့်လွှတ်ချင်ပြန်ကောဟေ.. သူ့ခလေးတွေမှာအဖေမရှိ ဘယ်ဖြစ်မလဲတဲ့.. ဒါပေမယ့် တရားရုံးကိုရှုပ်ချည်နှပ်ချည်လာလုပ်လို့ မရဘူးလေဟယ်၊ ဒါကနိုင်ငံတော်နဲ့ဖြစ်တဲ့အမှု... ကျေအေးပေးလို့မရဘူး..." " အဲ့တော့နင်ချပစ်လိုက်တယ်ပေါ့.." " အေး ..." ( ရက်စက်သူကြီး)😎 " အေး ဖောက်ပြန်တဲ့သတ္တဝါတွေကိုအဲ့လိုလုပ်ပစ်ရမှာ.. ဒါနဲ့ ဥပဒေမှာ လင်ခိုးမှုကြဘာလို့မရှိတာလဲ.." " အေး ဥပဒေမှာ မယားခိုးမှုတော့ရှိတယ်၊ လင်ခိုးမှုကြမရှိဘူး။ ဒါရှေးရိုးစွဲတွေကြောင့်ပေါ့.. ဝမ်းနည်းဖို့ကောင်းတာက အမျိုးသမီးတွေကပိုင်ဆိုင်ခံရတဲ့ အဓိပ္ပါယ်မျိုးရှိတယ်.. ဒါကတော့အနောက်တိုင်းမှာလည်းအတူတူပါပဲ အဲ့တာကြောင့်လက်ထပ်တဲ့အခါ ယောက်ျားလေးကိုသာ congrat လုပ်ရတာလေ။ ထားပါ‌တော့.. ဒါပေမယ့် အိမ်ထောင်သည်ချင်းဖောက်ပြန်ရင်‌တော့ တဖက်ကလင်ယောက်ျားကပါ တရားစွဲရင်တော့နှစ်ယောက်စလုံး ထောင်ထဲဝင်ကြပေါ့... လွတ်နေတာက အပျိုတွေပဲ..၊ ဥပဒေမှာမယားငယ်ကမွေးတဲ့ခလေးကလည်း အမွေခံခွင့်ရှိတယ်ဆိုတော့.." " အဲ့တာကြောင့် အပျိုအမည်ခံ မယားငယ်မတွေဇောင်းကြွနေတာပေါ့.. " " အင်း ဥပဒေမှာလည်း ဟာကွက်တော့ရှိတာပဲ.. ဒါပေမယ့်ဟယ် သူကမယားကြီးကိုရှင်းထုတ်နိုင်အုံးတော့.. သူကိုယ်တိုင်မယားကြီး‌နေရာရောက်လာတာပဲလေ.. ဝဋ်‌ကသူ့နောက်ကနေအလိုလိုလိုက်လာမှာပဲ.." " အေးဟယ် ဘာပဲဖြစ်ဖြစ်အမျိုးသမီးတွေခံဘက်ကြီးပဲ.." " အေး ဥပဒေရဲ့အကာအကွယ်ကိုမရတဲ့အမျိုးသမီးတွေကတော့မိအေးနှစ်ခါနာပဲ.. စာရေးသူ‌ရဲ့ဆိုလိုရင်းကတော့ကောင်းပါတယ်ဟယ် သူကအမျိုးသမီးတွေကို သတိချပ်မိစေချင်တာပါ.. မိန်းမတွေက အိမ်ထောင်ပြုပြီဆိုတာနဲ့ သူများရဲ့နယ်ပယ်ထဲကိုဇွတ်တိုးဝင်လိုက်ကြတာပဲ.. အဲ့တော့ ခလုတ်ကန်သင်းမိမလား၊ ဘာတွေကြုံရမလဲ သဲထိတ်ရင်ဖိုကြီးပေါ့... တချို့ယောက်ျားတွေက အချိန်ခဏနဲ့ဗီဇပေါ်တယ် တချို့က အကြာကြီးနေမှပေါ်တာ.. ကိုယ့်ယောက်ျားက ဘယ်လိုလူဆိုတာသိတဲ့အချိန်ကြ သူတို့မှာလှည့်ပြန်ဖို့လမ်းမရှိတော့ဘူး။ အားလုံး ဒီလူအပေါ်မှာ မှီခိုပစ်လိုက်တာမို့လေ ဒီလူမရှိရင်မဖြစ်လို့ ပြိုလဲသွားကြတာပေါ့... အဲ့တာကြောင့် အမျိုးသမီးတွေက အိမ်ထောင်ပြုရင်တောင်မှ ကိုယ်ပိုင်ဘဝရပ်တည်ချက်ကိုဆက်ထိန်းထားဖို့လိုအပ်တယ်ဟေ့..." " အင်း.. ဟုတ်တာပဲနော်..." " သိလား ငု ငါလေတသက်လုံး အမေ့ကိုကြည့်ပြီးနေလာတာဆိုတော့.. ငါ့ရဲ့Career ကိုစွန့်လွှတ်ရမှာအရမ်းကြောက်တာပဲ.. ငါ့ကိုငါ ဘာအစွမ်းအစမှမရှိတဲ့မိန်းမအဖြစ် ငါ့သမီးအဖေဘေးမှာရပ်ဖို့ ယုံကြည်ချက်မရှိဘူး။ သူက ငါ့အဖေထက်တောင်သာအုံးမှာ... ဒီခေတ်ယောက်ျားတွေက မိန်းမတစ်ယောက်အပေါ်တောင်းဆိုမှုတွေသိပ်များတယ်။ သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာအားလုံးဖြည့်ဆည်းပေးနိုင်မှ.. သူတို့တောင်မပြည့်ဝတာတွေကို မိန်းမတွေကိုဖြည့်ဆည်းပေးခိုင်းတာလေ.. အမလေး အိမ်ထောင်ပြုတယ်ဆိုတာက မဂ်လာဆောင်ပြီးနောက်ရက်တိုင်းကသဲထိတ်ရင်ဖိုပါပဲဟယ်.. နင်ပဲကောင်းတယ် သိလား... " မဏိရဲ့နောက်ဆုံးစကားကြောင့် ငုမှာတော့ ရယ်ချင်သလို၊ငိုချင်သလိုဖြစ်ရပါသည်။ " အင်း လင်ယူရတာဒုက္ခများတာပဲနော်.." >>>>> ယောက်ျားတွေကတော့သူတို့အတွက်ခြေတစ်လှမ်းအမြဲချန်ထားပြီးသားလေ။ သမီးအဖေ ကကိုရီးယားကိုအလုပ်ကိစ္စနဲ့သွားစရာရှိတယ်တဲ့ .. သူကိုရီးယားစကားပြောတာကိုမြင်ပြီး မဏိလည်းအံ့ဩသွားလို့.. " ရှင်ကိုရီးယားစကားပြောတတ်တာလား.." " နည်းနည်းပါးပါးပေါ့... ငါပထမဆုံး သဘော်လိုက်ရတာက ကိုရီးယားကုမ္မဏီလေ.. မကြိုက်ပါဘူးကွာ အဆဲတအားသန်ပြီး ငါတို့ထက်ရိုင်းတယ်.." " ဟုတ်လား.." နေဇာဋာက စိတ်လိုလက်ရနဲ့မဏိဘေးမှာလာထိုင်ပြီးသူသဘ်ောတတ်တုန်းကအကြောင်းတွေပြောပြသည်။ " ကုမ္မဏီကလည်း ငါတို့ကိုအပြန်မှာဆိုမာလီတွေအောင်းတဲ့ပင်လယ်ကွေ့ကိုဖြတ်ခိုင်းတာ.." " ဟုတ်လား.. ရှင်မကြောက်ဘူးလား.." " လူတွေသိတော့ အုတ်အော်သောင်းနင်းဖြစ်သွားတာပေါ့၊ မသွားဘူးသွားမယ်နဲ့.. ငါက‌ေတာ့ဘာလို့ကြောက်ရမှာလဲ.. ဆိုမာလီတွေ ဖမ်းသွားရင်တောင်ကုမ္မဏီကပြန်ရွေး မှာပဲ၊ မဟုတ်ရင်လည်းငါ့တစ်ယောက်ကိုတော့ ငါ့အဖိုးကမရရအောင်လိုက်ရွေးမှာပဲကို.." အင်းပါ, သူမကြောက်ခဲ့ဘူးဆိုတာသူပြောတော့လည်းယုံပေးရတာပေါ့။ " ဒါနဲ့ ရှင်ဘာလို့ဆက်မလိုက်တော့တာလဲ"
Show all...
👍 1 1
မဏိမှာတော့ သူ့ကိုယုံကြည်ပြီးနောက်ကလိုက်မိတာ။ လူက တခြားမိန်းမနဲ့သဝှာပြုနေမှဖောက်ပြန်တယ်လို့ခေါ်တာမဟုတ်ဘူး၊ ဒီလိုမျိုး ယုံကြည်မှုကိုအလွဲသုံးစား ထထလုပ်တာလည်း ဖောက်ပြန်ခံရတာနဲ့အတူတူပဲ။ အကြီးအကျယ်ရန်ထမဖြစ်ချင်ဘူး၊ ဘာအတွက်ဖြစ်တယ်လို့ပြောရမှာကိုရှက်ပါသည်။ ဒါကြောင့် ရေချိုးခန်းထဲထွက်တာနဲ့ကိုယ်လုပ်စရာရှိတာလုပ်ပြီး သူ့ကိုမရှိသလိုသဘောထားလိုက်သည်။ သမီးကိုနှိုးပြီးမျက်နှာသစ်ပေး၍ ညစာကျွေးမွေးရသည်။ စောနအထိကတော့သူအခန်းထဲမှာအိပ်နေသေးတယ် အခုတော့မရှိတော့ဘူးအပြင်ထွက်သွားပြီ။ မဏိလည်းကိုယ်လုပ်စရာရှိတာတွေလုပ်ပြီးသည်နှင့် ကောင်မလေးတွေကို.. " သမီးအဖေပြန်လာလို့ ထမင်းစားမယ်ဆိုဟင်းတွေနွေးပြီးပြင်ပေးလိုက်‌နော်.. မမကိုလာမခေါ်နဲ့တော့.." " ဟုတ်ကဲ့.." သမီးကိုပွေ့ချီကာအပေါ်ပြန်တတ်ရင်းအခန်းထဲရောက်တော့ မဏိလည်းဖျားချင်သလိုလိုဖြစ်နေတာနဲ့ " မေမေနေမကောင်းတော့ မီးမီးလေးကိုကူးမှာစိုးလို့ ဒီမှာအိပ်နော်.. ၊ မေမေအိပ်ပျော်သွားရင်လည်းလျှောက်မသွားနဲ့နော်.. ၊ ရေသောက်ချင်ရင်ဒီမှာရေဘူးရှိတယ် ယူသောက်၊ ရှုး‌ရှုးပေါက်ချင်မေမေ့ကိုနှိုး ဟုတ်ပြီလား.." အေပရယ်ကတော့မအိပ်ချင်သေးတော့ ကုတင်ပေါ်မှာပဲအရုပ်လေးတွေနဲ့ထိုင်ဆော့နေခဲ့တယ်။ မဏိကတော့ ဆေးသောက်ထားပြီး သမီးကိုကြည့်ရင်းကြည့်ရင်းနဲ့ မျက်လုံးတွေဝါးလာပြီးအိပ်ပျော်သွားပါတော့တယ်။ မဏိအိပ်ပျော်သွားတော့မှ နေဇာဋာအိမ်ပြန်ရောက်လာခဲ့သည်။ " အစ်ကိုလေး ထမင်းပွဲပြင်ပေးရမလား.." " မပြင်နဲ့..." သူအပေါ်တတ်လာတော့ မဏိသိုက်ကိုယ်တစောင်းအနေအထားနဲ့အိပ်ပျော်နေပြီး၊ ဘေးမှာသမီးကဆော့နေသည်။ ဆော့နေတဲ့သမီးလေးကိုတစ်ချက်ငုံ့နမ်းလိုက်ပြီး.. " မအိပ်သေးဘူးလား.. အဖေ့သမီး.." " မီးမီးအိပ်သေးဘူး..." " အင်း အင်း.." သမီးအမေကိုကြည့်တော့ အိပ်နေရင်းခြေထောက်ကိုထဘီထဲကွေးထားတာမို့..ချမ်းနေတယ်ထင်၍နှဖူးကိုလှမ်းစမ်းကြည့်ဖို့လက်ရွယ်ပြီးမှ.. လက်ကိုပြန်ရုတ်ပြီးအနားကခြုံစောင်ကိုလှမ်းယူခြုံပေးလိုက်သည်။ သူတို့သားအဖက အအေးကြိုက်တော့အခန်းကအမြဲအေးတယ်။ အဲကွန်းကိုပါလျှော့ပေးပြီး သူလည်းညဝတ်အကျီလဲဝတ်သည်။ " မေမေ.. မေမေ...." သမီးကမဏိကိုသွားလှုပ်နှိုးနေတာကြောင့် သူအကျီကိုစွတ်နေရင်းအနားကိုအမြန်သွားပြီး.. " ဘာလို့လဲ သမီး...ဘာလို့အမေ့ကိုနှိုးတာလဲ.." " မီးမီးရှူး ရှူးပေါက်ချင်လို့.." " လာ လာ ဖေဖေ နဲ့သွားမယ်.." သမီးကိုယ်လေးကိုစွေ့ခနဲပွေ့ချီ၍ toilet ထဲပြေးရတော့သည်။ >>>>>>> ( ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကိုအချိန်ခဏတာ ဒုက္ခပေးချင်ရင်.. I love you ဆိုပြီးပြောကြတာပဲ။ အင်း ရေရှည်ဒုက္ခပေးချင်လာရင်တော့ Will you married me တဲ့လေ။ ကိုယ်ချစ်တဲ့သူနဲ့အိမ်ထောင်ပြုတာက ကိုယ်တိုင်ရှာယူတဲ့ဒုက္ခဖြစ်ပြီး၊ မိဘပေးစားတဲ့သူကို ယူရတာက မိဘတွေဖန်တီးပေးတဲ့ဒုက္ခသာဖြစ်သည်။ ) မဏိအွန်လိုင်းဖွင့်ပြီး Facebook ကြည့်နေတုန်းငုကစာပို့လာပြီး.. " ဟေး တို့တရားသူကြီးလေးအားပြီလား.." " အားပါတယ်ရှင်..." " အံမယ် .. နင့်ကိုမေးစရာလေးတစ်ခုရှိလို့မဏိရေ နင်အားတဲ့အချိန်ကိုချောင်းနေတာ.." " ဖုန်းဆက်မေးလည်းရရဲ့နဲ့..." " သိပ်တော့ အရေးမပါပါဘူး.." " အင်း ဘာများလဲ.." " ဥပဒေအကြောင်းပါ.. စာအုပ်တစ်အုပ်ထဲပါတာ.. ရေးတာကနာမည်ကြီးတဲ့စာရေးဆရာပဲဟယ်.. သူက ဒီလိုရေးထားတာ....." ငုက မဏိကိုစာမျက်နှာနှစ်ရွက်ကို Ss ရိုက်ပို့‌ပေးသည်။ စာထဲမှာစုံတွဲတစ်တွဲကအိမ်ထောင်ပြုပြီး ခလေးရလာတော့မိန်းမဖြစ်သူကအလုပ်ထွက်လိုက်တယ်။ အိမ်တွေ၊ကားတွေကိုအရစ်ကျစနစ်နဲ့ဝယ်တာမို့ ယောက်ျားရဲ့လစာထဲကနေပေးချေရတယ်။ ဆယ်နှစ်ပြည့်တော့ ယောက်ျားကမိန်းမဖြစ်သူကိုကွာရှင်းတဲ့အခါ.. အိမ်တွေကားတွေက ယောက်ျားနဲ့လစာနဲ့ဝယ်ထားတာကြောင့် မိန်းမကလက်ဗလလာနဲ့အိမ်ပေါ်ကဆင်းပေးရကာ.. အလုပ်လက်မဲ့မို့ သားသမီးအုပ်ထိန်းခွင့်ကိုလည်း ယောက်ျားကပဲရသွားတယ်။ ယောက်ျားက နောက်အိမ်ထောင်ပြုပြီးသာသာယာယာပေါ့၊ မိန်းမကတော့ အားလုံးဆုံးရှုံးတယ်ဆိုတဲ့အကြောင်းပေါ့။ မဏိကဖတ်ပြီး... " အင်း ဒါငါတို့နိုင်ငံရဲ့ဥပဒေမဟုတ်ဘူး။ သူပြောထားတာက အနီးစပ်ဆုံးဆို တရုတ်နိုင်ငံဥ‌ပဒေဖြစ်မယ်။ ဒါတော့သေချာမသိဘူး။ ငါတို့နိုင်ငံရဲ့ဥပဒေမှာက အိမ်ထောင်တစ်ခုမှာဘယ်သူပဲစီးပွားရှာရှာ လက်ထပ်ပွားပစ္စည်းမှန်သမျှကနှစ်ဉီးဆိုင်ပဲ.. ၊ ကွာရှင်းတဲ့အခါ အညီအမျှခွဲရတယ်။ ဒါ့အပြင်တဖက်ဖက်က အမွေရရင်လည်း အဲ့ဒီ့အမွေကလည်းနှစ်ဦးဆိုင်ပဲ..၊ ခလေးအုပ်ထိန်းခွင့်ကိုလည်း ငွေရှာနိုင်တိုင်းမရပါဘူး။ ခလေးကဘယ်သူနဲ့နေရင်သင့်တော်မလဲဆိုတာ တရားရုံးက ဆုံးဖြတ်တာပါ။ မိန်းမတစ်ယောက်ကို ဂျောင်းဆိုပြီးလွယ်လွယ်နဲ့ကွာရှင်းလို့လည်းမရပါဘူးဟယ်.. အကယ်၍ အပေါ်ကပြောထားတဲ့အ ခြေအနေမျိုးမှာယောက်ျားကနောက်အိမ်ထောင်ပြုမယ်ဆို ခလေးကိုဇနီးကအုပ်ထိန်းခွင့်ရပြီး.. မယားစရိတ်၊ ခလေးစရိတ်ထောက်ပံ့ရမှာပါ။ ဒါမှမဟုတ် ယောက်ျားဖြစ်သူကဖောက်ပြန်တယ်ဆိုရင် လက်ထပ်ပွားပစ္စည်းတွေကိုထားပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဆင်းပဲ..
Show all...
👍 1 1
အရင်တစ်ခေါက်ဖော်ကောင်လုပ်သွားကတည်းကမဏိသူနဲ့ထပ်မတွေ့တာဖြစ်သည်။ မဏိက လူတစ်မျိုးအလုပ်အရကလွဲရင် ကျန်တဲ့အချိန်ဆိုကိုယ်မခေါ်ချင်မပြောချင်တော့တဲ့လူဆိုရင် ဟန်မဆောင်နိုင်ဘူး။ " နင်လှနေပါလား.. အရင်ကသက်ပိုင်စိုးနဲ့.." " ဟဲ့.. သူသိတယ်၊ အရင်တစ်ခေါက်နင်ပြောကတည်းကသိပြီးပြီ အသုံးမဝင်တော့ဘူး.. " " ဟယ် ငါကဘာပြောလို့လဲ.." " အေး ငါတို့အိမ်ထောင်ရေးကအဆင်ပြေတယ် အရမ်းအရမ်း အဆင်ပြေတယ် ၊ နင်ဘာပြောပြောရတယ်လို့.." ကြိုပိတ်လိုက်တော့ မိုးအေးတစ်ယောက်အပေါက်ပိတ်ပြီးဟိုဘက်ပြန်ရွေ့သွားတော့တယ်။ နေဇာဋာကလည်း လူရှေ့သူရှေ့ဆိုမိန်းမခါးကိုဖက်ပြရတာသိပ်ကြိုက်တဲ့လူဆိုတော့.. မဏိလည်းဒီတစ်ခေါက်တော့ငြိမ်ပြီး ပိုပိုသာသား‌လေးပြုံးပြလိုက်တယ်။ နှစ်ယောက်ခုံမှာထိုင်ကြည့်နေရင်း.. ရုပ်ရှင်ကားကလည်းတကယ့် ချစ်ခန်းကြိုက်ခန်းတွေကများပြီး.. ပွင့်လင်းလွန်းသည်။ မဏိသည်ရုပ်ရှင်မကြည့်တာ ကြာပြမို့.. " ဒီလိုတွေတောင် ရိုက်ကုန်ကြပြီလား.." တကယ်ပါအိမ်ထောင်သည်တောင်ကြည့်ရတာရှိန်းတိန်းဖိန်းတိန်း‌ဖြစ်နေတာ၊ စုံတွဲတွေလာကြည့်ရင်းညားကုန်တော့မှာပဲ။ ဒါ‌တောင်ဆင်ဆာတော်‌တော်ဖျက်ထားတာတဲ့။ အမလေး လေး... " ကိုယ်လည်းဇတ်ညွှန်းတောင်ဖတ်ကြည့်တာမဟုတ်ဘူး.. ဒါပေမယ့်ပေါက်မယ်တော့ထင်ပါတယ်.." နေဇာကတော့ သူတို့ချင်းကဒီလိုတစ်ခါမှမူဗီဒိတ်ဘူးတာမဟုတ် ၊အိမ်မှာတောင်အတူမကြည့်ဘူးတာကြောင့်.. အမှောင်ထဲမှာမဏိမျက်လုံးလေးလက်နေတာကို သူသတိထားမိနေသည်။ ကိုယ့်မိန်းမကို ကိုယ်ရင်ခုန်နေရတာကလည်းဖီလင်တစ်မျိုးပါလား... " ရှင်အလုပ်ကိုသေချာလုပ်သင့်တယ်.." " ဘယ်အလုပ်ကိုပြောတာလဲ.. အလုပ်တွေကအများကြီး.." " ကိုယ်နိုင်သလောက်ကို သေချာလုပ်ပေါ့.." " အင်း..." ရုံထဲမို့ စကားပြောရင်နားနားကိုကပ်ပြောနေရတာအဆင်မပြေပါ၊ ဒါပေမယ့် သူတို့ဆက်ဆံရေးကောင်းတာကိုတော့ တချို့တွေမြင်ပြီပေါ့။ ရုပ်ရှင်ကပြီးဖို့လိုသေးတယ်၊ သူကစပြီး.. " ပြန်ရအောင်.." သူ့အသံကခါတိုင်းထက်ပိုမိုသိပ်သည်းနေတယ်။ " ဘာလို့လဲ ကိစ္စရှိလို့လား.." " ရုပ်ရှင်ပြီးမှဆို အပြင်မှာမီဒီယာတွေကများတော့" " ဪ အင်း အဲ့တာဆိုလည်းပြန်မယ်လေ.." " ပြန်တော့မယ်နော်..." သူကလက်ဆွဲခေါ်တော့ မဏိလည်းလိုက်ထပြီးမခိုင်ကိုနှုတ်ဆက်ပြီးသူ့နောက်ကိုတန်းလန်းပါလာရသည်။ သူကကားကိုမောင်းနေရင်း လူရှင်းတဲ့နေရာမှာသွားထိုးရပ်ပြီး ကားကို မုပြောင်းလိုက်သည်။ " ဘာလုပ်တာလဲ.." " ကိုယ်.. ကိုယ်မရတော့ဘူး..." " ဘာ ဘာကိုမရ..." "ကိုယ်မင်းနဲ့ ဒီမှာလုပ်ကြည့်ချင်တာကြာပြီသိလား.." မဏိလည်းအခုမှအခြေအနေကိုသဘောပေါက်ပြီး.. " ရှင်ကအကြံသမားပဲ.." " အင်း တစ်ခါလောက်တော့ပေးလုပ်ပါကွာနော်.. နောက်ခန်းကိုသွားမလား..." " နေဇာဋာ..ရှင်..." သူ့ကိုယ်လုံးကြီးနဲ့လူကိုဖိပြီးလက်တွေကပါအငြိမ်မနေတော့.. မဏိလည်းသူ့ကိုတွန်းထိုးရင်းတွန့်လိမ်နေရတော့သည်။ >>>>> ဆက်ရန်
Show all...
👍 3
မူကြိုကိုစမအပ်ခင်ကတည်းက ‌လင်မယားနှစ်ယောက်လုံးသွားကြည့်ကြသည်။ " ကျောင်းမှာစီစီတီဗီ‌တွေနေရာမလပ်ရှိတယ်မှတ်လား.. " " ဟုတ်ကဲ့ ရှိပါတယ်ရှင်.." " ခလေး တွေကိုဘယ်လိုသင်လဲတစ်ချက်ရှင်းပြပေးပါ ..." တာဝန်ခံကဘယ်လိုတွေထားပြီး ဘယ်လိုတွေသင်ကြောင်းရွှန်းရွှန်းဝေအောင်ပြောပြသည်။ နေဇာကလက်ပိုက်ရပ်ကြည့်နေပြီး.. " အဓိကတော့ ကျွန်တော့်သမီးကိုမရိုက်နဲ့.. ရိုက်တာတို့ ၊ခလေးကိုကြောက်အောင်ခြောက်ထားတာတို့ ပြန်သိရင်တရားစွဲမှာ.. ခလေးအမေက တရားသူကြီးနော်.." " ဟုတ်ကဲ့ သိပါတယ်ရှင် အဲ့လိုမျိုးမလုပ်ပါဘူးနော်" " တခြားအနိုင်ကျင့်တတ်တဲ့ခလေးတွေရှိရင်လည်း အခုထဲကကျောင်းထုတ်လိုက်.. ကျွန်တော့်ခလေးကိုထိရင် ကျောင်းပါပျောက်သွား အောင်လုပ်မှာ..." " ကိုနေဇာ...." မဏိမှာသူ့ကိုအတင်းလက်ကုပ်ပြီးတားရသည်။ ကျောင်းသွားအပ်တာလား၊ သွားချိန်းခြောက်တာလားမသိလေ။ " ရှင့်သမီးကြတော့ခြောက်တာမကြိုက်ဘူးဆို.. ရှင်ကြ သူများကိုဘာလို့သွားချိန်းခြောက်တာလဲ.." " သူတို့ကဒီလောက်ပြောထားမှတော်ကာကြတာ.. အကောင်ကြီးသားသမီးတွေပါလာရင်ဒီအတိုင်းလွှတ်ထားတာက ‌နေရာတိုင်းမှာရှိတတ်တယ်.. အခုကတည်းက ငါတို့သမီးကိုထိလို့မရမှန်းသိထားမှ" " ဒါဖြင့်ရှင့်သမီးက သူများကိုလုပ်ခဲ့ရင်ကော.." " ငါ့သမီးက အဲ့လိုမလုပ်လောက်ပါဘူး.." " ရှင့်သွေးပါတာပဲလေ.." " မင်းဘာစကားပြောတာလဲ.." အမှန်တော့ နေဇာဋာငယ်ငယ်တုန်းက ကျောင်းစစတတ်ချင်းမှာအနိုင်ကျင့်ခံရပါသေးတယ်။ သူကအကောင်သေးတော့ မုန့်တွေလာလုစားတာတို့၊ ခဲတံတို့ခဲဖျက်တို့လုတာတို့ခံရတယ်။ ဒါပေမယ့် သူကအဖိုး၊အဖွားကိုပြန်မတိုင်ဘူး ရှက်လို့။ အဖေ၊အမေရှိရင်တော့ ပြန်ပြောချင်ပြောမိမှာပေါ့။ အဖိုး၊အဖွားကိုကြမပြောချင်ဘူး။အဖွားကအလိုလိုက်ပေမယ့် ရောဂါထူတော့အိပ်ယာထဲလဲနေတာများတယ်၊ အဖိုးကစီးပွားရေးနောက်ပဲလိုက်နေရ တော့သိပ်မအားဘူး။ သူ့ဘေးမှာ သူစိမ်းတွေပဲရှိတာ။ အဲ့တုန်းက ပါဝါကိုဘယ်လိုထုတ်သုံးမလဲဆိုတာမသိဘူးလေ။ နောက်မှသူလည်း လူဆိုးလေးဖြစ်လာတာပါ။ >>>>>>> အေပရယ်ကိုမူကြိုပို့ရတာလဲမလွယ်ပါ၊ စစတုန်းက မတတ်ချင်ဘူးဆိုပြီးအတော်လေးဂျီကျပါသည်။ မဏိမှာရုံးနောက်ကျခံပြီး မူကြိုကားကိုစောင့်ရင်းသူ့ကိုမနည်းတင်ပေးရတယ်။ သူ့အဖေသာဆို သူ့သမီးကမသွားချင်ရင် မတတ်နဲ့လုပ်မှာလေ။ မူကြိုက inter ကျောင်းဖြစ်လို့ အဂ်လိပ်လိုသင်သည်။အိမ်မှာလည်းအဂ်လိုပဲတွဲတွဲပြောပြီးနားယဉ်အောင်လုပ်ပေးရသည်။ ပန်းသီးဆို မြန်မာလိုပန်းသီးကော၊ apple ကောတစ်ခါထဲပြောတတ်အောင်ပေါ့။ ကဲအခုအေပရယ်လေးမူကြိုတတ်လို့လက်လွှတ်စရှိသေးတယ်။ နောက်ခလေးထပ်ယူပါလားတဲ့။ တွဲထိန်းရတာလွယ်ပါတယ်တဲ့...။ သားယောက်ျားလေးကမရသေးဘူး၊ မဏိကလည်း သုံးဆယ်ကျော်ပြီဆိုတော့အခုယူရင်အချိန်‌ေကာင်းပဲတဲ့။ ဘယ်သူတွေလဲဆို‌တော့နှစ်ဖက်ကောအသိုင်းအဝိုင်းများကပေါ့။ သူတို့တွေမို့မစာမနာ၊ မဏိကအခုမှရာထူးတိုးထားတာမို့၊အလုပ်ကသေမတတ်များနေတာ။ အိမ်အလုပ်နဲ့ လင့်တာဝန်၊ခလေးတာဝန်ပါပေါင်းယူနေရတာလွယ်တယ်မှတ်နေလား? နေဇာဋာကတော့အခုထိ ဘာမှမဟသေးဘူး။ ဟ လို့လည်းမရပါဘူး။ မွေးပြီးရင်သူတို့ကထိန်းတာမှတ်လို့။ တော်ပါပြီလို့ ဘုရင်ခေတ်လည်းမဟုတ်ပဲသား ယောက်ျားလေးကမဖြစ်မနေမွေးစရာမှမလိုတာ။ သူတို့ကတော့ သားမရှိရင် ရှင်မပြုပေးနိုင်ဘူး၊ဘာညာပေါ့။ ဖိုးဖိုးကလည်းမြစ်လေးထပ်မြင်ချင်မှာပေါ့တဲ့၊ တော်ပြီလေ သူ့မြေးအကောင်းစားကြီးရှိနေတာကိုမြစ်အထိဘာလုပ်ဖို့လဲ။ ဪ ဒါနဲ့မကြာခင်ကပဲ ဖိုးဖိုးကနေဇာဋာဆီကို အမွေပိုင်ဆိုင်မှုတွေလွှဲပေးလိုက်ပါပြီ။ သူ့မြေးကိုစိတ်ချသွားပြီဆိုတော့အခုနောက်ပိုင်းဘာသာရေးပဲလုပ်ပြီး ဖိုးဖိုးကသူ့ဟာသူအေးဆေးဖြစ်နေတာပါ။ မြန်မာပြည်ရဲ့ဥပဒေမှာ လင်မယားပေါင်းဖက်နေတုန်းမှာဘယ်ဘက်ကပဲအမွေရရ နှစ်ဦးစလုံးနဲ့သက်ဆိုင်ပါသည်။ တဝက်မရရင်‌တောင် ၃ပုံ၁ပုံ( သို့) ရာခိုင်နှုန်းတစ်ခုအထိ အိမ်ထောင်ဖက်ကခွဲယူနိုင်သည်။ ဒါကိုဖိုးဖိုးလည်းသိမှာပါ။ ပြောရရင် တစ်နည်းအားဖြင့် နေဇာဋာကိုခြေချုပ်ချလိုက်တဲ့သဘောပင်။ အဲ့တော့မဏိလည်း အမွေတွေအများကြီးရလိုက်သလိုပဲပေါ့။ ဒီအကြောင်းကိုတော့ ဘယ်ဆွေမျိုးမှမသိအောင်လျှိဝှက်ထားရပါသည်။ >>>>>> ဒီနေ့နေဇာဋာရဲ့ထုတ်လုပ်ရေးကနေရိုက်ကူးထားတဲ့ရုပ်ရှင်ကားက အထူးပွဲပြတဲ့ရက်ဖြစ်သည်။ သောကြာနေ့ပေမယ့် အစိုးရရုံးပိတ်ရက်တစ်ခုဖြစ်ရာ မဏိကနားရတော့ သူကအတင်းခေါ်သည်။ " မင်းကဘယ်တော့မှ ငါ့နောက်မလိုက်လာတော့.. လူတွေကတစ်မျိုးထင်ကုန်ကြပြီ။ ငါ့ကိုလက်ဝယ်ပိုင်ဆိုင်ရရှိထားကြောင်း နည်းနည်းပါးပါးလူလုံးထွက်ကြွားပြပါအုံး..." တဲ့။ဘုရားရေ... ဒီတစ်ခါတော့သမီးမပါဘူး၊ သမီးကရုံထဲမှောင်ရင်နေတတ်မှာမဟုတ်လို့ခေါ်မလာရဘူး။ မဏိက ဌက်သ်ိုက်ဇာအစိမ်းရင့်ရောင်ချုပ်ပုံဆန်းနဲ့ ဘရိုကိတ်ချိတ်ထဘီကိုတွဲဝတ်သည်။ နေဇာကတော့ အပေါ်အနက်၊အောက်အနက်နဲ့ တစ်ကိုယ်လုံးနက်စွေးနေအောင်ဝတ်သည်။ လင်မယားနှစ်ယောက်အထူးပွဲကိုတတ်လာရင်း.. " ဟိုအင်တာဗျူး၊ ဒီအင်တာဗျူးတွေ ကျွန်မဘာမှမဖြေဘူးနော်.." " သိတယ် မင်းကိုလည်းဘယ်သူမှမမေးဘူး.." သူလည်းသူ့လူတွေကိုပြောထားပြီးသားပါ၊ သူ့မိန်းမကတရားသူကြီးမို့.. no media ပါလို့။ ရုံထဲမှာမခိုင်ဘေးမှာကပ်ရပ်ပါလာတဲ့ မိုးအေးနဲ့ထပ်တွေ့သည်။ " ဟယ် မဏိ နင်လိုက်လာမယ်လို့မထင်ထားဘူး.."
Show all...
👍 2 2
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.