cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

အောင်နိုင်သူ

စာရေးဆရာ

Show more
Advertising posts
3 892
Subscribers
-424 hours
+497 days
+52830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
#ဖခင်မေတ္တာ ဖခင်ရဲ့ မေတ္တာတွေ အသက်သေလည်း လက်တွေမြဲပါဘိ ။ ရှင်ရေးရွယ် ရင်သွေးငယ် ရေထဲမကျဖို့ သေလည်း မ ၏ ။ အောင်နိုင်သူ ( ဇွဲကပင် ) photo credit
Show all...
🙏 87 66👍 50😢 17
#စစ်ရေးမှတစ်ပါးအခြားမရှိ တစ်ချိန်က ပြည်တွင်းသောင်းမှုအမြစ်ပြတ်ချေမှူန်းရေး ဆိုတဲ့ သင်ခန်းစာရှိခဲ့ဖူးတယ်။ကျွန်တော်တို့ ဒုဗိုလ်ဖြစ်စက သင်ခဲ့ရတဲ့သင်ခန်းစာ ဘာသာရပ်တစ်ခု။နောက်တော့နှစ်အနည်းငယ် အတွင်း ဦးသိန်းစိန် ခေတ်မှာ အပစ်ခတ်ရပ်စဲရေး တွေ ငြိမ်းချမ်းရေး တွေ ဘာတွေ လုပ်ကြတော့တယ်။တကယ်ပဲ ငြိမ်းချမ်းချင်ခဲ့ရလားတော့ မသိပါဘူး။ EAOs အဖွဲ့တွေကိုယ်တိုင် လိုလားလား လက်ခံသလိုလိုနဲ့အစိုးရ တပ်မတော် EAOs ဆိုတဲ့ သုံးပွင့်ဆိုင်အနားသက် တြိဂံ ကတဆင့် NCA ကြီး ပေါ်လာတယ်။ NCA ပေါ်လာတော့ တို့တိုင်းပြည်ကြီး ဟုတ်လာပြီ လို့ ယူဆခဲ့ပုံရတယ်။ဒါကြောင့် စစ်ကျောင်းကြီးတွေ မှာ သင်နေတဲ့ သင်ခန်းစာ ပါ ခေါင်းစဥ် ပြောင်းလာခဲ့ တယ်။၂၀၁၆ မှာ ကျွန်တော် CC တက်တော့ ပြည်တွင်းသောင်းကျန်းမှုချုပ်ငြိမ်းရေး ဆိုတဲ့ ခေါင်းစဥ်အဖြစ်သို့ပြောင်းသွားခဲ့ပါပြီ။ ဒါက နိုင်ငံတော် ရဲ့ စေတနာ။ တပ်မတော်ရဲ့ စေတနာ ပါ။ ပြည်တွင်းသောင်းကျန်းမှု အမြစ်ပြတ်ချေမှူန်းရေးနဲ့ ပြည်သူသောင်းကျန်းမှု ချုပ်ငြိမ်းရေး ဆိုတဲ့ ခေါင်းစဥ်နှစ်ခု က တူမယောင်နဲ့ တော်တော် ကွာပါတယ်။ အမြစ်ပြတ်ချေမှူန်းရေး က ပြင်းထန်လွန်းတယ်လို့ ဆိုရမယ်။စစ်ရေးနည်းမှ တစ်ပါး အခြားမျှော်လင့် ချက် သိပ်ထားလို့ မရဘူး။ လိုအပ်ရင်တော့ စစ်ရေး နိုင်ငံရေး ပါ နှစ်ဖက်ညှပ်ပြီး ချေမှူန်းချင်လည်း ချေမှူန်းလိမ့်မယ်။ ဘက်စုံစစ်ပွဲ အသွင် ကဏ္ဍစုံကနေ ချေမှူန်းဖို့ လိုရင် လည်း ချေမှူန်းလိမ့်မယ်။အဓိက နောက်ဆုံး ရည်မှန်းချက် က အမြစ်ပြတ်ချေမှူန်းဖို့ပဲ။ ချုပ်ငြိမ်းရကြတော့ ဒီလိုမဟုတ်ပြန်ဘူး။NCAအရ ဖြစ်ဖြစ် ငြိမ်းချမ်းရေး အရ ဖြစ်ဖြစ် နိုင်ငံရေး အရ ဖြစ်ဖြစ် ဘယ်လိုပဲ ဆောင်ရွက်လို့ ရရ ၊ချုပ်ငြိမ်းသွားရင်ရပြီး ဆိုတဲ့ သဘော။အမာထည် အကြမ်းထည် ဖြစ်တဲ့ စစ်ရေးကို အဓိက အားပြုမထားတဲ့ ယဥ်ကျေးတဲ့ Soft Power နည်း။ ဒါပေမယ့် အဲဒီနည်း က အောင်မြင်ခဲ့သလား။ အောင်မြင်ရဲ့ လား ဆိုပြီး ဒီကာလ အခြေအနေ တွေနဲ့ ပြန်ဆန်းစစ် ကြည့်ရင် တွေ့ပါလိမ့်မယ်။ EAOs အများစု က တော့ တကယ်ငြိမ်းချမ်းရေး လိုချင်ခဲ့တာ၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ချင်ခဲ့တာ မျိုး မတွေ့ရပါဘူး။ NCA ရဲ့ နောက်ဆုံးရည်မှန်းချက်ဖြစ်တဲ့ DDR/SSR ထိ သွားနိုင်ဖို့ နေနေသာ စစ်ပမ်းတဲ့ အခါ ငြိမ်းချမ်းရေး အကြောင်းပြပြီး အနားယူကာ စစ်အင်အား တည်ဆောက်ခဲ့ကြတာက အားလုံးမျက်မြင်ပါပဲ။ အဆိုးရွားဆုံးကတော့ သူတို့တွေတင် စစ်အင်အားကို တည်ဆောက်ခဲ့ရုံ မဟုတ်ဘဲ ပြည်မက နိုင်ငံရေးအကွဲ အပြဲ ကို ကြည့်ပြီး အချိန်ကိုက် အမြတ်ထုတ်ဖို့ ချောင်းခဲ့ကြ ၊ လုပ်ဆောင်ခဲ့ကြ တာပဲ။ ပြည်ထောင်စု အစိုးရ နဲ့ တပ်မတော် ရဲ့ အခက်အခဲ တွေနဲ့ ယိုကွက် ဟာကွက်တွေ ကို ကျားချောင်း ချောင်းတယ်။ ပြီးရင် နိုင်ငံတော်ကို ဆန့်ကျင်နေတဲ့ PDF လို လက်နက်ကိုင်အဖွဲ့တွေကို ကြားခံဇုန် ထားပြီး စစ်ရေးပါဝါကို တိုးချဲ့ကာ နယ်ပယ်ချဲ့ထွင် ခဲ့ကြတယ်။ ဘယ် EAOs အဖွဲ့ မှလည်း ဖဒရယ်တို့ ဒီမိုကရေစီ တို့လိုချင်ခဲ့ကြတာမဟုတ်ဘူး။ လက်နက်ကိုင် လမ်းစဥ် အောက်ကနေ ကွန်ဖက်ဒရိတ် တည်ဆောက်ပြီး စစ်ဘုရင်ဝါဒ နဲ့ တစ်ခမ်းတနား နေချင်ကြတာက အများစုမှာ ဖြစ်နေကြတဲ့ ဆန္ဒအဖြစ်တွေ့ ရတယ်။ ဒါကြောင့် ဗဟိုအစိုးရ အနေနဲ့ မဖြစ်မနေလုပ်သင့်တာ စစ်ရေးပါဝါကို အင်အားကြီးမားသထက် ကြီးမားအောင် တည်ဆောက်ရမယ်။ တစ်ဖက်မှာ လည်း တစစီ ပြိုကွဲနေတဲ့ မြန်မာ့လူ့အဖွဲ့ အစည်း ကို ပြန်လည်တည်ဆောက်ရမယ်။မြန်မာ့ လူ့အဖွဲ့အစည်းအားကောင်း ခိုင်မာမှသာ စစ်ရေးပါဝါ အားကောင်း ခိုင်မာလာမယ်။စစ်ရေးပါဝါ အားကောင်း ခိုင်းမာ မှသာ နိုင်ငံရေးပါဝါ အားကောင်း ခိုင်မာလာမယ်။ နိုင်ငံရေး ပါဝါအားကောင်းခိုင်မာလာမှသာ ငြိမ်းချမ်းရေး စကားပြောလို့ ရလိမ့်မယ်။ ဒါ့ကြောင့် မြန်မာ့ နိုင်ငံရေးမှာ စစ်ရေးက သာ စစ်ရေး အောင်မြင်မှု ရမှ သာ ဗဟိုအားကောင်းခိုင်မာနေသာ ငြိမ်းချမ်းရေးကို ပြောနိုင်မှာ ဖြစ်သလို တိုင်းပြည်တည်ဆောက်ရေး ကို လည်း ကောင်းကောင်း လုပ်နိုင်မှာ ဖြစ်တယ်။ မဟုတ်ရင်တော့ စစ်ဘုရင်ဝါဒ ကို အခြေခံထားတဲ့ဟာ လွတ်မြောက်နယ်မြေတွေ ဟာ ဗဟိုကို အမြဲမီးရှိူ့ထားနေမှာ ဖြစ်သလို တိုင်းပြည်တည်ဆောက်ရေး ဟာလည်း ဘယ်လိုမှ လုပ်နိုင်ဖို့ မလွယ်ကူလှပါဘူး။ ဒါကြောင့် စစ်ဘုရင်ဝါဒ ချုပ်ငြိမ်းရေးအတွက် စစ်အင်အားတည်ဆောက်ပြီး နှိမ်နင်းနိုင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆီ ရောက်နိုင်ပါလိမ့်မယ်။ အတုယောင်ငြိမ်းချမ်းရေးအောက်မှာ မြန်မာ့အနာဂတ် မပျောက်ဖို့ ဆိုရင်တော့ စစ်ရေးပါဝါ မြှင့်တင်ပြီး စစ်ရေးအောင်မြင်အောင် ဆောင်ရွက်ဖို့ မှတစ်ပါး အခြားမရှိဘူး လို့ မြင်မိပါတယ်။ အောင်နိုင်သူ
Show all...
👍 229💯 21 11😁 1
Photo unavailableShow in Telegram
ဒီအပတ်ဂျာနယ်ဆောင်းပါး
Show all...
89👍 51😁 2
Photo unavailableShow in Telegram
👍 113 24😁 1
#တောင်ခမ်းမှသည်အောင်ပွဲဆီ ရေဘေးကို စိတ်ပူနေရတဲ့ကြားထဲ လိုင်းပေါ်မှာ တောင်ခမ်းကျပြီ တောင်ခမ်းကျပြီလို့ ဂယောင်ဂတမ်း ထ ထအော်နေတဲ့ သူပုန်မီဒီယာတွေက တမှောင့် ။ ဘာတောင်ခမ်းမှ မကျသလို တောင်ခမ်းကို ကပ်လာတဲ့ TNLA PDF မှန်သမျှ ဟာ လည်း တောင်ခမ်း မှာ အလောင်းတွေ ပုံနေ ထပ်နေလို့ ဆက်မတိုးနိုင်ဘဲ စစ်အီနေပါတယ်။ တောင်ခမ်းဟာ ပလောင်သင်္ချိုင်း ပါပဲ။ တောင်ခမ်းကို ပလောင်က သိပ်လိုချင်နေတာ အကြောင်း မဲ့ မဟုတ်ဘူး။ တောင်ခမ်း ဟာ တိုက်သူ ခံသူ နှစ်ဦး အတွက် အသက်တမျှ အရေးကြီး နေတဲ့ အချက်အခြာ မြေ ဖြစ်နေလို့ ပလောင်က သိပ်လိုချင်နေချင်းဖြစ် တယ်။ ဒါကိုလည်း TNLA ပြောခွင့်ရ လွေးယေးဦး က တောင်ခမ်းဟာ အရေး ကြီးတယ်။တောင်ခမ်း ဟာ ရှမ်းမြောက် နဲ့ ရှမ်းတောင်ကို ချိပ်ဆက်ထားလို့ တောင်ခမ်း ရရင် ရှမ်းမြောက်ကို ထိန်းထားနိုင်သလို ရှမ်းတောင်ကို လည်း လွှမ်းမိုးထားနိုင်တယ်တဲ့ ။ ပြင်ဦးလွင် ကို လည်း ခြိမ်းခြောက် ထားနိုင်လို့ တောင်ခမ်း ကို ရမှ ဖြစ်မယ်လို့ BBC သတင်းဌာနကို ထုတ်ပြောထားတာ နားထောင် လိုက်ရပါတယ်။ ဒါ့ကြောင့် တောင်ခမ်းကို ပလောင် က အောနေတာဖြစ်တယ်။ တော်တော်လည်း ကုန်နေပါ ပြီ။ စစ်ရေးကို နားလည်တဲ့သူတွေကလည်း တောင်ခမ်းမှာ ပလောင် TNLA စစ်ဦး ကျိုးလို့ လန်ကျပြီး ဆိုရင် ပလောင် သမိုင်းနိဂုံးချုပ်ပြီး လို့ တွက်ဆ ထား ကြတယ်။ တောင်ခမ်းမှာ TNLA စစ်ဦး ကျိုးပြီ ဆိုတာနဲ့ နောင်ချို ပြန်ရမယ်။ ကျောက်မဲ ပြန်ရမယ်။ လားရှိုး ကို ပြန်ခြိမ်းခြောက်ထားနိုင်မယ်။ ဒါဟာ တောင်ခမ်းရဲ့ အချက်ခြာ ကျမှု ​နဲ့ အရေးပါမှု ပါပဲ။ တစ်ဖက်မှာလည်း တောင်ခမ်းတိုက်ပွဲ တွေ အတွင်း နေ့စဥ် ပုံအောနေတဲ့ အကျိုးဆက်ကြောင့် TNLA ရော PDF ပါ တော်တော်လေးကုန်လာတာတွေ့ရတယ်။ မြေပြင်သတင်းအရ ဆိုရင် တိုက်ပွဲအစ မှာ TNLA/PDF တွေစားဖို့ တစ်နေ့ကို ဆန်၂၀ အိတ်လောက်ချက်ပို့နေရာကနေ အခု ဆိုရင် တစ်နေ့မှာ ဆန်၂ အိတ်တောင် မကုန်တော့ဘူးတဲ့။ ဒါဟာ မြေပြင်မှာ TNLA ရော PDF တွေ ပါ တော်တော့်ကို ဖရိုဖရဲ ဖြစ်နေတဲ့ သတင်း ဖြစ်လို့ ကိုယ့်ဘက်ကနေ မာမာချာချာနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ လိုတယ်။ ဒီလို တုံ့ပြန်နိုင်မယ်ဆိုရင် တောင်ခမ်းဟာ တပ်မတော်ရဲ့ အောင်မြေ ဖြစ်လာမှာ မလွဲမသွေပါပဲ။ တောင်ခမ်း အောင်မြေ က တောင်ခမ်းမှာတင် ရပ်နေမှာမဟုတ်ပါဘူး။ တောင်ခမ်းကို ထိန်းနိုင်ရင် ရှမ်းမြောက် က လာရှိူးအထိ ပြန်ရမှာ ဖြစ်သလို စဥ့်ကူး မိုးကုတ် တို့ကို လည်း ပြန်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ခမ်းမှ သည် အောင်ပွဲဆီ သို့ ဆိုတဲ့ အတိုင်း တပ်မတော် ရဲ့ ဂုဏ်ကို မြှင့်တင်ရင်း အမိမြေကို ကာကွယ်ကြပါစို့။ အောင်နိုင်သူ
Show all...
👍 245 40🙏 5😁 2
မိုး တင့် ( ရန် ကုန် တ က္က သိုလ် ) ၁၃ ၊ ၉ ၊ ၂၀၂၄ မိုး တင့် ဆွေ ၁၃ ၊ ၉ ၊ ၂၀၂၄ သော ကြာ ။
Show all...
👍 145 4💯 4😁 2
“ လော က လူ သား တွေ “ ဒီ ည မ ေ-သ သေး ရင် တော့ မ နက် ဖန် လာ ကယ် ကြ ပါ အုံး ခင် ဗျာ ။ အဲ့ ဒါ ပျဉ်း မ နား ဖက် က ရေ ကြီး ပြီ ဘယ် မှ ထွက် ပြေး လို့ မ ရ တဲ့ သူ တွေ သူ တို့ ကို လာ ကယ် ဖို့ အ ကူ အ ညီ တောင်း နေ တဲ့ fb ပေါ် က စာ သား ပါ ။ အဲ့ လို အ ကူ အ ညီ တောင်း တာ တစ် ယောက် ထည်း တစ် နေ ရာ ထည်း က မ ဟုတ် ဘူး ။ တ ချို့ မိ သား တစ် စု လုံး သစ် ပင် ပေါ် မှာ ည ဖြတ် သန်း ရ တယ် ။ တ ချို့ ကြံ ခင်း ထဲ မှာ တစ် ည လုံး နေ ခဲ့ ရ တယ် ။ အ သ-က် မ ရှင် တဲ့ သူ တွေ လည်း ရှိ တယ် ။ ခွေး တွေ နွား တွေ လို တ ရိ စ္ဆာန် တွေ တောင် ရေ ကြီး လို့ ဒု က္ခ ရောက် နေ တယ် ။ တ ချို့ ရွာ တွေ လူ ရာ နဲ့ ချီ ပိတ် မိ နေ သေး တာ ကယ် လို့ မ ရ သေး ဘူး ဆို တယ် ။ နေ ပြည် တော် ရေ ကြီး လို့ စ က စ ဘန် ကာ တွေ ရေ မြုတ် နေ တာ ကို အ ခွင့် ကောင်း ယူ သင့် တယ် ။ အဲ့ ဒါ ရေ ကြီး တာ ၊ မြန် မာ နိုင် ငံ စစ် ဘေး ရင် ဆိုင် နေ ရ တာ သူ တို့ နဲ့ ဘာ မှ မ ဆိုင် တဲ့ နိုင် ငံ ခြား မှာ နေ တဲ့ လူ ရေး တင် ထား တဲ့ စာ ။ သူ ရေး တဲ့ စာ ထဲ က လို KNU နဲ့ pdf တ ချို့ လိုက် လုပ် ကြ တယ် ။ က ရင် ပြည် နယ် မဲ ဝိုင် ရွာ ရေ ဘေး ဒု က္ခ သည် တွေ ကို ကူ ညီ နေ တဲ့ စစ် သား တွေ ကို စ နိုက် ပါ နဲ့ ပစ် တာ တို့ နေ ပြည် တော် တပ် ကုန်း မှာ လာ ပစ် တာ တို့ ကြောင့် စစ် သား ၃ ယောက် ေ-သ တယ် လို့ ဖော် ပြ ကြ တယ် ။ ဗြ ဟ္မာ စိုရ် တ ရား ဆို တဲ့ သူ တော် ကောင်း တ ရား တွေ ၊ မြန် မာ တွေ ကျင့် သုံး ကြ တဲ့ စိတ် ကောင်း စေ တ နာ ကောင်း တွေ နိုင် ငံ ခြား ရောက် သွား တဲ့ သူ တွေ ဖျက် စီး လို့ ပျက် စီး ကုန် ပြီ ။ လူ အ များ ဘေး ဒု က္ခ ရောက် နေ တဲ့ အ ချိန် မှာ ကိုယ် အ ကျိုး ရှိ ဖို့ တွေး တဲ့ သူ တွေ ထင် ထင် ရှား ရှား ကို ပေါ် လာ ခဲ့ တယ် ။ မီး လောင် နေ တဲ့ အိမ် ကို ဝင် လု ပါ ဆို တဲ့ စ ကား ထက် ပို ဆိုး တဲ့ စ ကား တစ် ခွန်း ပါ ပဲ ။ “ ရေ ဘေး ဒု က္ခ ဖြစ် နေ တုန်း စစ် ဝင် တိုက် “ တဲ့ ။ နိုင် ငံ ခြား မှာ နေ တဲ့ သူ တွေ ဟာ မြန် မာ တွေ ရဲ့ အ သက် အိုး အိမ် စည်း စိမ် ဆို တာ ဘာ မှ အ ရေး မ ကြီး ဘူး ၊ ဘာ တန် ဖိုး မှ မ ရှိ ဘူး ဆို တာ ကို ထုတ် ပြော လိုက် တာ ပါ ပဲ ။ သူ တို့ တွေ က မြန် မာ ပြည် သူ တွေ ဒု က္ခ မ ရောက် စေ ချင် တာ ၊ မြန် မာ ပြည် သူ တွေ ကောင်း စေ ချင် တာ မ ဟုတ် ဘူး ဆို တာ သိ သာ တယ် ။ သူ တို့ အ တ္တ နဲ့ အာ ဃာ တ တွေ ကို ဖော် ထုတ် နေ ကြ တာ ။ အာ ဏာ အ လို ရှိ နေ ကြ တာ ။ မြန် မာ ပြည် သူ တွေ ရဲ့ အ သက် အိုး အိမ် စည်း စိမ် ကို သူ တို့ လို အင် ဆ န္ဒ ပြည့် ဖို့ ချ နင်း နေ ကြ တာ ။ အ ခု ဖြစ် နေ တဲ့ ရေ ဘေး က မြန် မာ တစ် နိုင် ငံ တည်း ဖြစ် နေ တာ မ ဟုတ် ဘူး ။ ထိုင်း ၊ ဗီ ယက် နမ် တို့ ပါ ဖြစ် နေ တာ ။ ဗီ ယက် နမ် က နှစ် ပေါင်း ၈၀ အ တွင်း မှာ အ ဆိုး ဆုံး ရေ လွှမ်း မိုး မှု ဖြစ် ခဲ့ ပြီး လူ ၁၉၇ ယောက် ေ-သ ဆုံး ခဲ့ တယ် ။ ထိုင်း နိုင် ငံ ဝန် ကြီး ချုပ် က ရေ ဘေး ဒု က္ခ သည် တွေ ကို ကူ ညီ ဖို့ ထိုင်း စစ် တပ် ကို ဆော် ဩ စည်း ရုံး ခဲ့ တယ် ။ မြန် မာ နိုင် ငံ မှာ လည်း ရ မည်း သင်း မြို့ နယ် တစ် ခု ထည်း မှာ လူ ၁၀ ယောက် ေ-သ ဆုံး ခဲ့ ပြီး ၅၀၀၀၀ ( ငါး သောင်း ) ကျော် ရေ ဘေး သင့် ခဲ့ တယ် ။ တာ ချီ လိတ် ၊ က လော ၊ ပျဉ်း မ နား ၊ တပ် ကုန်း ၊ ရ မည်း သင်း ၊ ကူ မဲ ၊ ဝမ်း တွင်း ၊ ကျိုက် ထို ၊ ဟို ပုန်း အ စ ရှိ တဲ့ နေ ရာ စုံ ရေ ကြီး နေ တယ် ။ သိ ရ သ လောက် နောက် ထပ် မုန် တိုင်း တစ် ခု လာ ပြီး မိုး ပို များ မယ့် အ ခြေ အ နေ လည်း မိုး လေ ဝ သ ဌာ န က ကြေ ညာ ထား တယ် ။ အဲ့ ဒီ အ ခါ ကျ ရင် မြန် မာ နိုင် ငံ အ လယ် ပိုင်း သာ မ က ဘူး တောင် ဖက် က ဧ ရာ ဝ တီ တိုင်း ပါ ရေ မြုတ် လိမ့် မယ် ။ ဒီ လို အ ချိန် မှာ ဝိုင်း ကူ ညီ ကြ မယ် မ ဟုတ် ဘူး စစ် တိုက် ဖို့ ဆော် ဩ တယ် ။ တ ချို့ တွေ အာ ဏာ အ ရမ်း လို ချင် နေ ကြ တယ် ။ ရှိ ပြီး သား အာ ဏာ ကို အ သိမ်း ခံ လိုက် ပြီး ေ-သ နတ် ကိုင် စစ် တိုက် ပြန် ယူ နေ တဲ့ သူ တွေ ကို လည်း အံ့ ဩ မိ တယ် ။ မြန် မာ ပြည် သူ တွေ စစ် ဘေး ၊ ရေ ဘေ ၊ ကုန် ဈေး နှုန်း ဘေး ၊ မ လုံ ခြုံ တဲ့ ဘေး ၊ တက် နေ တဲ့ အ ခွန် ၊ ငွေ ဈေး ကျ ပြီး ငွေ ရ ပေါက် ရှား တဲ့ ဒု က္ခ ရှိ သ မျှ ဒု က္ခ တွေ ခံ နေ ရ တာ မျော့ မျော့ ပဲ ကျန် တော့ တယ် ။ ဒါ ကို အာ ဏာ အ လို ရှိ တဲ့ သူ တွေ က ထပ် ပြီး မြန် မာ နိုင် ငံ ကို ဒု က္ခ ပေး ချင် နေ ကြ တယ် ။ သူ တို့ လို ချင် တာ ပေး လိုက် ကြ ပါ ။ မြန် မာ နိုင် ငံ နဲ့ ပြည် သူ တွေ ကို ထပ် ဒု က္ခ မ ပေး ပါ နဲ့ တော့ ဆို တဲ့ သ ဘော တူ ညီ ချက် တောင်း ပြီး သူ တို့ လို ချင် တဲ့ အာ ဏာ ကို ပေး လိုက် ပါ ။ မြန် မာ နိုင် ငံ နဲ့ ပြည် သူ တွေ ဘယ် လောက် ထိ ထပ် ပြီး ပေး ဆပ် မှ သူ တို့ ကျေ နပ် ကြ မ လဲ မ သိ ဘူး ။ မြန် မာ နိုင် ငံ ရေး သ မား တွေ က အဲ့ လို လူ တွေ ၊ သူ တို့ အာ ဏာ ရ မှ ကျေ နပ် ကြ မယ့် သူ တွေ ဆို တာ မှတ် တမ်း ဖြစ် တယ် ။ နိုင် ငံ ရေး သ မား တွေ က တော် တော် ကြောက် စ ရာ ကောင်း တယ် ။ မြန် မာ ပြည် သူ တွေ ဒု က္ခ ရောက် နေ တာ ကို စာ နာ ပြီး ကူ ညီ ကြ ပါ ။
Show all...
👍 150 13💯 4😁 2
#ကပ်ဘေးမှန်သမျှအမြန်ဆုံးလွတ်မြောက်ကြပါစေ မနက်စောစောစီးစီး စိတ်မကောင်း စရာ သတင်းတစ်ပုဒ် ဖတ်လိုက် ရတယ်။ ရမည်းသင်းမှာ ရေကြီး ရေလျှံမှုကြောင့် လူပေါင်း၂၃၀ လောက် အသက်ဆုံးရှူံးသွားရ တဲ့သတင်းပါ။ အလွန်စိတ်မကောင်း ဖြစ်ရပါတယ် ။ ဗီယမ်နမ်နဲ့ တရုတ်တို့ မှာတောင် မုန်းတိုင်းကြောင့် ဒီလောက်သေဆုံး သွားတာ မကြားရပါဘူး ။ သူတို့ မီဒီယာတွေ က ဖုံး ဖိ ထားကြတာ လည်း ဖြစ်နိုင်ပါတယ်။ သဘာဝ ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဟာ တော်တော်လေး ကို ကြိုတင် ပြင်ဆင်မှုအားနည်းခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် တစ်ခါမှ ရေမကြီးဘူး။ သဘာဝ ဘေးအန္တရာယ်မကြုံဖူးခဲ့ကြတဲ့ ဒေသ တွေဟာ တကယ့် တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရတဲ့ အခါ ဘာမှ ကြိုတင် မျှော်တွေး ပြင်ဆင်ထားတာ မရှိလို့ လိုအပ် တာထက်ပိုပြီး ထိခိုက် ဆုံးရှူံးနစ်နာကြရ တယ်။အခုပဲ BBC ရဲ့ သတင်းတစ်ပုဒ်မှာ ကယ်ဆယ်ရေး သွားဖို့ စက်လှေတောင် မရှိလို့ လူတွေ ဘယ်လို သွားကယ်ရမှန်း မသိဘူး လို့ ဖြေထားတဲ့ လူတစ်ဦး ရဲ့ စကားကို ကြားလိုက်ရတယ်။ ဒါဟာ ကြုံဖူး ဖြစ်ဖူး တာ မရှိလို့ ကြိုတင် ပြင်ဆင် မထားနိုင်ခဲ့တဲ့ အကျိုးဆက်ပဲ။ သံလွင်မြစ်ကြီး ဝိုင်းနေတဲ့ ကျွန်တော်တို့ ရွာနဲ့ သံလွင်မြစ်ကြောင်းတစ်လျှောက်က ရွာတွေ နှစ်စဥ် ရေးကြီးပါတယ်။ဒီနှစ်ဆို ရင် ရေကြိမ်တာ ၃ ကြိမ်ရှိပြီးလို့ သိရတယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ ပျဥ်းမနား ရမည်း သင်း မှာ ရေကြီး သလောက်တော့ မဆုံးရှူံးကြ ပါဘူး။ အတွေ့အကြုံရှိတဲ့ ဒေသ တွေ မို့ အိမ်တိုင်းနီးနီး လက်လှော်လှေ တွေ ရှိကြသလို စက်လှေတွေ လည်း ရွာထဲမှာ တော်တော်များများထား ရှိကြ တယ်။လူတော့ မပြောနဲ့။ ကျွဲ နွား တိရစ္ဆာန်တွေ တောင် ရေကြီးပြီး ဆိုတာနဲ့ တောင်ခြေတွေဆီ ပို့ ထားကြပါတယ်။ ထားပါတော့။ ပြောချင်တာ ကမ္ဘာကြီး က အရင်လို မဟုတ် တော့ဘူး ။ ဂေဟစနစ် ပျက်စီးမှုနဲ့ သက်တမ်း ကြာမြင့်လာမှုတွေ ကြောင့် ဘယ်နေရာ မှာမဆို သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ နိုင်တယ် ဆို တာကို ကြိုတင်မျှော်တွေးပြီး ပြင်ဆင်ထားကြ ဖို့ လိုပါပြီ။ အထူးသဖြင့် ကိုယ့် အနီးပတ်ဝန်း ကျင် က နိုင်ငံတွေ ၊ ပင်လယ်သမုဒ္ဒရာ တွေ မှာ မုန်းတိုင်းတွေ မြေပြို ရေကြီးမှုတွေ ဖြစ်ပြီး ဆိုရင် ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ဆီကို လည်း ဂယက်ရိုက်ခတ်လာနိုင်တယ် ဆိုတာကို သိရှိနားလည် ပြီး ပြင်ဆင်ထားကြပါ လို့ တိုက်တွန်းချင်ပါတယ်။ မြန်မာပြည်သူတွေ ကပ်ဘေးမှန်သမျှကနေ အမြန်ဆုံး လွတ်မြောက်ကြပါစေ အောင်နိုင်သူ
Show all...
👍 168😢 19😁 1
👍 53
နိုင်ငံသားတွေအတွက်... မုန်တိုင်းပြီးလို့...လေပြေလာမယ့်... ချဥ်းကပ်မှုမျိုးလို့...ဆိုနိုင်ပါတယ်...။ ဒါပေမယ့်...FPNCC ကတော့... ဗကပတွေလို...#စစ်ဘုရင်ဝါဒီတွေဖြစ်တာကြောင့်... UWSA အပါအဝင်...အဖွဲ့ဝင်တွေရဲ့နိိုင်ငံရေးအရ... ချဥ်းကပ်တဲ့ယဥ်ကျေးမှုက...#အရိုင်းဆန်ပါတယ်...။ အဲဒီ့အကျိုးဆက်က... တောင်ခမ်းစစ်မြေပြင်အထိ... သက်ရောက်မှုတွေဖြစ်လာစေတာပါ...။ #တောင်ခမ်းဆိုလို့... နစကအတွက်ရော...TNLA အတွက်ပါ... နိုင်ငံရေး..စစ်ရေးအရ..အရေးကြီးနေတဲ့... တောင်ခမ်းဒေသကတော့...တိုက်ပွဲတွေဖြစ်နေဆဲပါ...။ တောင်ခမ်းကို... စစ်ကူတပ်မတွေရောက်လာပြီးနောက် စက်တင်ဘာ (၉)ရက်နေ့စပြီး... TNLA ကတိုက်ပွဲငယ်တွေပဲ...ဖန်တီးထားနိုင်ခဲ့ပါတယ်...။ ပြင်ဦးလွင် နမ့်လန် ရပ်စောက်က... အမြောက်ပစ်ကူတွေ...လေကြောင်းပစ်ကူတွေကြောင့်... TNLA နဲ့အတူတိုက်ပွဲဝင်နေတဲ့ Mdy pdf, ကျောက်ဆည် pdf, ဓနု pdf အဖွဲ့တွေ...ထိခိုက် သ ဆေုံးမှုမြားခဲ့တာဖွဈပါတယျ...။ ဒါ့အပြင်..နစက မြေပြင်တပ်တွေက... TNLA ရှေ့တန်းစခန်းကို...#ဝင်ရောက်ရှင်းလင်းခဲ့တဲ့အတွက်... အင်အားစုဖွဲ့မှုလုပ်ဖို့ခက်နေပုံရပါတယ်...။ မနေ့က စက်တင်ဘာ (၁၁)ရက်နေ့က... မိုးကုတ်စစ်ဒေသ TNLA တပ်မဟာ (၃)အဖွဲ့တွေ... အင်အား ရာချီပြီး...စစ်ကူရောက်ထားပြီးဖြစ်တယ်လို့ရပါတယ်...။ ဒါ့အပြင်..တပ်မဟာ (၅)ကွတ်ခိုင်စစ်ဒေသ စစ်ကူတွေဟာ...စက်တင်ဘာ (၁၂)ရက်နေ့မနက်ပိုင်းက.. လားရှိုးကနေ...နောင်ချိုဖက်ကို... လှုပ်ရှားထွက်ခွာသွားတယ်ဆိုတဲ့...သတင်းတွေလဲရထားပါတယ်...။ ပြီးခဲ့တဲ့ရက်က... ပြင်ဦးလွင်ကနေ..နောင်ချိုဖက်ကို ... လက်နက်ကြီးပစ်သံ ...(၁၀)ကြိမ်နီးပါး.. ကြားရတဲ့အတွက်...ဒါက... ယာပြင် အင်းဖို စတဲ့ရွာတွေမှာ...ပြန့်ကျဲနေတဲ့.. TNLA ကို...လေကွဲကျည်တွေနဲ့... ပစ်ခတ်နေတာ..ဖြစ်နိုင်ပါတယ်...လို့ထင်ပါတယ်...။ TNLA ဖက်က..အင်အားပြန်လည်စုဖွဲ့နေသလို... နစကတပ်တွေကိုလဲ...လေကြောင်းကနေထောက်ပံ့ပို့ဆောင်... ဖြည့်ဆည်းပေးနေတယ်လို့...။...သိရပါတယ်...။ ဒါကြောင့်...မကြာခင်...ရက်ပိုင်းအတွင်း... တောင်ခမ်းတိုက်ပွဲဟာ... #တကျော့ပြန်ပြင်းထန်လာဖွယ်ရှိပါတယ်...။ တိုင်းပြည်က... တဖက်မှာ...စစ်ပွဲတွေဖြစ်.. တဖက်ကမှာ...သဘာဝဘေးတွေသင့်... လူထုက...နလန်ထူဖို့မလွယ်ကူလှဘူး...။ လက်နက်ကိုင်ပဋိပက္ခတွေ...များလွန်းတာကြောင့်... ဖျားနာနေတဲ့တိုင်းပြည်အတွက်....သဘာဝဘေးဆိုတာကလဲ... ထမင်းစားရေသောက်လို...မထူးဆန်းတဲ့အရာဖြစ်နေတာကတော့... #စိတ်မကောင်းစရာပါပဲ.... ဒီလို...ဘေးအန္တရာယ်တွေ... ကြုံနေတဲ့ကြားထဲက...နိုင်ငံရေးအမြတ်ထုတ်ဖို့ ကျားချောင်း,ချောင်းနေတဲ့...လူတစုကလဲ... အချိန်ကိုက်လှုပ်ရှားပြီး...ရေဘေးကိုအသုံးချနေတာမြင်ရတော့... တိုင်းပြည်ရဲ့အနာဂတ်က...ရင်လေးစရာကြီးပါပဲ...။ ရေဘေးနဲ့...ကြုံလို့... အိုးအိမ်တွေ...ပျက်ဆီး... အသက်တွေ...ဆုံးရှူံးနေရတဲ့.. လူထုရဲ့သောကဟာ...ဗကပလမ်းစဥ််မှာ... ဘယ်တော့မှ...#လူရာသွင်းခံရမှာမဟုတ်ပါဘူး...။ အခုဆိုရင်... ရခိုင်...တောင်ကုတ်မှာရေတွေတက်နေပြီ... ဒါပေမယ့်...AA ခေါင်းဆောင်ထွန်းမြတ်နိုင်က... အဖရခိုင်နိုင်ငံတော်အိပ်မက်ကိို...မက်လို့ကောင်းနေတုန်းပဲ...။ ကျွန်တော်တို့မှာ ...ဆန်ရှိတယ်.. ဟင်းသီးဟင်းရွက်ရှိတယ်...ငါးရှိတယ်... ဒါက...#ရခိုင်လူထုအတွက်_စားနပ်ရိက္ခာလုံလောက်တယ်ဆိုတဲ့.. ထွန်းမြတ်နိုင်စကားအဆုံးမှာ... ပြောစရာစကားလုံး...မရှိအောင်...#ဆွံ့အသွားတယ်....။ တကယ်တော့... ပြည်ထောင်စုကနေ...ခွဲထွက်မယ်... တပြည်ထောင်စနစ်ကို...အသက်သွင်းနေတာက... ပဒေသရာဇ်ပုံစံကို...စိတ်ကူးယဥ်ပြီး... ဘုရင်ရူး..ရူးနေတာပါပဲ...။ အဲဒီလို...နိုင်ငံရေး... သွေးရူးသွေးတန်းလုပ်မှုတွေကြောင့်... #လူထုရဲ့သောကတွေက_အရာမဝင်ခဲ့ပါဘူး. ရေကြီးတဲ့ဒေသတွေဟာ... ရေဘေးဒုက္ခတခုပဲ ...ရင်ဆိုင်ရပေမယ့်... စစ်ဘေးနဲ့ပါကြုံတွေ့နေရတဲ့...လူထုကတော့ .. အနာဂတ်တွေ...ပျောက်ရှနေမှာအသေအချာပါပဲ...။ တကယ်တော့... #လူထုရဲ့အိမ်တွေ...ရေမြုပ်သွားတာမဟုတ်ပါဘူး... #လူထုရဲ့အိမ်မက်တွေ...ရေမြုပ်သွားကြရတာပါ...။ လူထုရဲ့သောကကို...ဥပေက္ခာပြု... သတင်းမှားတွေလွှင့်...သွေးထိုးလှူံဆော်... #လူထုရဲ့အိပ်မက်ကို...ချနင်းပြီး... #သူတို့ရဲ့အိပ်မက်ကို...ဆက်,မက်နေကြတာပါပဲ...။ #Htoo_Maung 13.Sep.2024
Show all...
👍 146💯 11 7
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.