cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Green Way

စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ နည်းပညာများ

Show more
Advertising posts
2 146
Subscribers
+224 hours
-17 days
+3530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းဖြတ်သန်းမည့် လမ်းကြောင်း UPDATE နှင့် ၂၄ နာရီအတွင်းမိုးများနိုင်သော ဒေသများ ============ စက်တင်ဘာ ၂၀ နံနက် ၁ နာရီခွဲအချိန်ရရှိသည့် ဒေတာများအရ လေပွေလှိုင်းသည် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ကရင်ပြည်နယ် ဖာပွန်နှင့် ကမမောင်းကြားမှ မြန်မာ-ထိုင်းနယ်စပ်ကို စတင်ဝင်ရောက်နိုင်သည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း - အရှေ့တောင်ဘက်၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတို့ကို ဖြတ်ကျော်ပြီး စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်နိုင်သည်။ လေပွေလှိုင်းဖြတ်သန်းမည့်လမ်းကြောင်း ညာဘက်ခြမ်းတွင် မိုးပိုမိုရွာသွန်းနိုင်သည်။ လေပွေလှိုင်းဖြတ်သန်းစဉ် လမ်းကြောင်းအမှတ်စဉ် 5 ရန်ကုန်တိုင်းမြောက်ဘက်မှ ဖြတ်သန်းစဉ် လမ်းကြောင်းညာဘက်ခြမ်းရှိ ၂၄ နာရီအတွင်း မိုးများနိုင်သည့်ဒေသများနှင့် လမ်းကြောင်းအမှတ်စဉ် 1 မှ 15 အထိ ရက်/အချိန်မှတ်တမ်းကို အောက်တွင် ကြည့်ပါ။ ၂၄ နာရီအတွင်း ၃၀ မီလီမီတာအထက်ရွာလျှင် မိုးများပါသည်။ ဘော်လခဲ - 52.0mm = 2.04 inch ညောင်လေးပင် - 42.7mm = 1.68 inch ပြည် - 46mm = 1.81 inch သံတွဲ - 63.7mm = 2.11 inch သာဂရ - 69.7 = 2.74 inch မာန်အောင်ကျွန်း - 138.6 = 5.45 inch အမ်း - 85.5mm = 3.37 inch မကွေး - 75.9mm = 2.99 inch ရေနံချောင်း - 43.0mm = 1.7 inch နေပြည်တော် - 18.6mm = 0.73 inch Track Locations 1. 21SEP 0500 2. 21SEP 1400 3. 21SEP 1500 4. 21SEP 1700 5. 21SEP 1900 6. 21SEP 2200 7. 22SEP 0200 8. 22SEP 0600 9. 22SEP 1000 10. 22SEP 1500 11. 22SEP 1800 12. 22SEP 2200 13. 23SEP 0400 14. 23SEP 0900 15. 23SEP 1500 ရေးသားသူ - ဦးဝင်းနိုင် . . ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Show all...
👍 1
သြဇာသီးဆိုတာ အရသာအားဖြင့်ချိုမြပြီး လက်ရှိကာလမှာလည်း ရာသီပေါ်သီးနှံဖြစ်တဲ့အတွက် စားသုံးပေးသင့်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း သင့်တင့်တာကြောင့် အလွယ်တကူဝယ်ယူစားသုံးနိုင်ပါတယ်။ ဒါကြောင့် ယခုဆောင်းပါးလေးမှာတော့ သြဇာသီးစားသုံးပေးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းစေခြင်း သြဇာသီးမှာဆိုရင် ဗီတာမင် B6 ပါဝင်ပြီး လေပြွန်ရောင်ရမ်းခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီအသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါ၀င်နေတာကြောင့် အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်ခံအားစနစ် ကောင်းမွန်လာအောင်လည်း ကူညီပေးပါတယ်။ ၂။ သွေးတိုးခြင်းအား ကာကွယ်ပေးနိုင်ခြင်း အစာအာဟာရမမျှတခြင်းနဲ့ စိတ်ဖိစီးမှုများ‌ကြောင့်ဖြစ်တတ်တဲ့ သွေးတိုးခြင်းကိုလည်း သြဇာသီးက အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။ သြဇာသီးမှာဆိုရင် ပိုတက်စီယမ်ဓာတ်ပါဝင်နေပြီး ၎င်းဓာတ်ဟာ နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ထက်ကို ပိုများတဲ့ပမာဏဟာ သြဇာသီးမှာပါဝင်နေတာဖြစ်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေဟာဆိုရင် ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးပြီး သွေးဖိအားကိုလည်း ကျဆင်းစေပါတယ်။ ၃။ နှလုံးကျန်းမာရေးအတွက် ကောင်းစေခြင်း သြဇာသီးတစ်လုံးဟာ ခန္ဓာကိုယ်မှ နေ့စဉ်မဂ္ဂနီဆီယမ်လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ နှလုံးကြွက်သားများ ဖြေလျှော့ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ သွေးဖိအားကို ထိန်းညှိပေးထားတဲ့အတွက် နှလုံးကြွက်သားတွေကိုလည်း ဖြေလျော့စေပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုစေတာပဲဖြစ်ပါတယ်။ ၄။ ကိုလက်စရော ကျဆင်းစေခြင်း ယနေ့ခေတ် အစားအသောက်ပုံစံများနဲ့ အထိုင်များသောနေထိုင်မှုပုံစံများကြောင့် လူအများစုဟာ ကိုလက်စထရောပမာဏ မြင့်လေ့ရှိပြီး ၎င်းဟာ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် B3 ချို့တဲ့ခြင်းဟာ ဆိုးရွားတဲ့ကိုလက်စရောများကို တိုးလာစေပါတယ်။ Niacin လို့ခေါ်တဲ့ဓာတ်ဟာဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ ကိုလက်စရောပမာဏ ၂၀ ရာခိုင်နှုန်းကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါနဲ့ ပတ်သတ်တာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ၅။ အစာခြေဖျက်နိုင်စွမ်း ကောင်းစေခြင်း သြဇာသီးမှာဆိုရင် အစာခြေစနစ်အတွက် အရေးကြီးတဲ့ ကော့ပါးဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်ခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို လျော့နည်း သက်သာစေပါတယ်။ ၆။ သွေးအားနည်းမှုကို ကာကွယ်ပေးနိုင်ခြင်း ခန္ဓာကိုယ်ထဲမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးအားနည်းခြင်းကိုလည်း သြဇာသီးက ကာကွယ်ပေးနိုင်ပါတယ်။ သွေးအားနည်းခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့လက္ခဏာများမှာ ကွဲပြားနိုင်ပြီး အများစုဟာ မကြာခဏခေါင်းမူးခြင်းနဲ့ နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် သြဇာသီးဟာ သံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ၇။ ကင်ဆာရောဂါ ကာကွယ်ပေးနိုင်ခြင်း သြဇာသီးမှာဆိုရင် ကင်ဆာရောဂါကို ဆန့်ကျင်ပေးတဲ့ဓာတ်တွေ ပါဝင်နေပါတယ်။ သြဇာသီးမှာပါဝင်တဲ့ acetogenin (အဆီတိုဂျန်နင်) နှင့် alkaloids (အယ်ကာလွိုက်) ဓာတ်တွေဟာဆိုရင် ကင်ဆာ အကျိတ်ဆဲလ်များရဲ့ ကြီးထွားမှုကိုတားဆီးပေးနိုင်ပါတယ်။ ၈။ ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကျန်းမာရေးကို အထောက်အကူပြုခြင်း သြဇာသီးဟာ Folic (ဖောလစ်အက်စစ်) ဓာတ်ကြွယ်ဝစွာပါဝင်နေပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးအထောက်အကူပြုပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အာရုံကြောစနစ်ချို့ယွင်းခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်းတွေကို အခွင့်အလမ်းနည်းစေပါတယ်။ သင်္ဘောသီးနဲ့ ထောပတ်သီးတွေမှာဆိုရင်လည်း ဖောလစ်အက်စစ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေလို့ စားသုံးပေးသင့်ပါတယ်။ ၉။ အဆစ်အမြစ်နာကျင်မှုများကို သက်သာစေခြင်း သြဇာပင်ရဲ့ အရွက်ပြုတ်ရည်ဟာ အဆစ်အမြစ်နာကျင်ခြင်းများကိုလည်း သက်သာစေတယ်လို့ သိရပါတယ်။ ၎င်းမှာ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်ပြီး ဒူလာနဲ့ အဆစ်နာမှုများကြောင့် ဖြစ်ပေါ်တဲ့ ရောင်ရမ်းမှုများကို လျော့နည်းသက်သာစေပါတယ်။ ၁၀။ ဆံပင်နှင့် အသားအရေအတွက် ကောင်းစေခြင်း သြဇာသီးမှာဆိုရင် ဗီတာမင်A နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါ၀င်တဲ့အတွက် တစ်သျှူးများကို ပြန်လည်တည်ဆောက်ပေးပြီး အသားအရေကို တောက်ပစေပါတယ်။ ဗီတာမင်အေဟာ ပရိုတင်းဓာတ်များနဲ့ ပေါင်းစပ်ကာ အရွတ်များနဲ့ ကြွက်သားများသန်မာစေရန် ခန္ဓာကိုယ်မှာ အလုပ်လုပ်ပေးပါတယ်။ ၎င်းဟာ collagen (ကော်လဂျင်) ထုတ်လုပ်မှုကိုကူညီပေးပြီး အသားအရေနဲ့ ဆံပင်တို့ကို ကျန်းမာသန်စွမ်းစေပါတယ်။ ရေးသားသူ - ဇင်ထူးနိုင် . . . ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Show all...
👍 1
Photo unavailableShow in Telegram
INVEST-98W ရဲ့ ရွေ့လျားမှုခရီးစဉ်(လေဖိအားနည်းရပ်ဝန်း TD-SIXTEEN UPDATE ) စက်တင်ဘာ ၁၉ ရက် နေ့လည် ၁၂ နာရီ ၂၀ မိနစ်အချိန် ရရှိသည့်ဒေတာများအရ လေဖိအားနည်းရပ်ဝန်း TD-SIXTEEN က ဒီနေ့ညနေပိုင်းမှာ ဗီယက်နမ်ကမ်းခြေကို DONG HA မြိုအနီးက ဖြတ်ဝင်မှာဖြစ်ကြောင်းတွေရပြီး အပြည်ပြည်ဆိုင်ရာမုန်တိုင်းလေ့လာဆန်းစစ်အတည်ပြုတဲ့ အဖွဲ့များက လေဖိအားနည်းရပ်ဝန်းအဆင့် မှာသာ သတ်မှတ်ထားပါတယ်။ TS အဆင့်ကို အသိအမှတ်မပြုကြတာလဲ တွေ့ရပါတယ်။ ဟောင်ကောင်၊ တရုတ် နဲ့ ဂျပန်မိုးလေဝသဌာနတွေကတော့ မုန်တိုင်းအဆင့်ရောက်ကြောင်းကြေညာပြီး အမည်ပေးတာတွေ့ရပါတယ်။ အခုအရေးကြီးတာက SIXTEEN က ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံကို လေပွေလှိုင်းတွေ ဘယ်က ဝင်လာမယ် - ဘယ်ကိုဖြတ်သန်းပြီး ဘယ်နေရာတွေမှာ မိုးများမယ်၊ ပြီးရင် ဘင်္ဂလားပင်လယ်အော်ထဲကို ထွက်ပြီး မုန်တိုင်းငယ်အဖြစ်အားပြန်ကောင်းလာမယ်၊ မုန်တိုင်းငယ် ပြန်ဖြစ်လာတဲ့အခါ ဘယ်နေရာတွေသက်ရောက်မှုရှိမယ်ဆိုတာကို တတ်နိုင်သလောက် အစောဆုံး ကြိုတင်ခန့်မှန်းသတိပေးနိုင်ဖို့ ဖြစ်ပါတယ်။ ပုံ ၁ ၊ ၂ နဲ့ ၃ မှာ အပြည်ပြည်ဆိုင်ရာ မုန်တိုင်း‌ဖြစ်ပေါ်မှု လေ့လာခန့်မှန်း၊ ဆန်းစစ်အတည်ပြုတဲ့ ဌာန website တွေက မုန်တိုင်းအဆင့်မရောက်တဲ့အတွက် လေဖိအားနည်းရပ်ဝန်း SIXTEEN အနေနဲ့သာ ကုန်းတွင်းကို ဝင်သွားနိုင်ကြောင်း အတည်ပြုထားတာတွေ ဖြစ်ပါတယ်။ ပုံ-၄ ၊ ၅ ၊ ၆- TD-SIXTEEN ရဲ့ အကြွင်းအကျန် လေပွေလှိုင်းက ထိုင်းနိုင်ငံ ဘက်အခြမ်းမှ မြန်မာပြည်နယ်စပ်ကို ဖာပွန်မြို့အနီးက ဖြတ်ဝင်လာတဲ့အခါ ပဲခူးတိုင်းအရှေ့ခြမ်းကိုဖြတ်ပြီး ဒိုက်ဦးနဲ့ ဝေါကြားကဖြတ်မယ်၊ အဲဒီအချိန်မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မ နီးပါးလောက်အထိ ရွာကာ မိုးများနိုင်ကြောင်း တွေ့ရပါတယ်။ ပြီးရင်တော့ စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြည် ပြည်ခရိုင် သဲကုန်းမြို့ပေါ်ကိုရောက်မယ် မြန်အောင်နဲ့ သဲကုန်းမြို့ကြားက ဖြတ်ပြီး အနောက်ဘက် ရခိုင်ရိုးမကို ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းပင်လယ်ပြင်ကို ရောက်မယ်လို့ တွေ့ရပါတယ်။ အဲ့ဒီအချိန် ပဲခူးတိုင်းအနောက်ခြမ်း ပြည်၊ မြန်အောင်နဲ့ မကွေးတိုင်းတောင်ဘက်ခြမ်းဒေသတွေမှာ မိုးရေချိန် ၂၄ နာရီအတွင်း ၃ လက်မအထက်ရွာက နေရာကွက်ပြီး မိုးကြီးနိုင်ပါမယ်။ ပင်လယ်ပြင်ကိုဆင်းသက်လာတဲ့ လေပွေလှိုင်းက အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီးကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၅၀ ခန့်အကွာမှ ဖြတ်သန်းသွားမှာဖြစ်ကြောင်းလဲ တွေ့ရပါတယ်။ ပုံ ၇ - ၈ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခန့်မှာ မုန်တိုင်းငယ်အဖြစ်ပြန်လည်အားကောင်းလာပြီး စစ်တွေမြို့အနောက်ဘက် ၁၁၅ မိုင် ခန့်မှ ဖြတ်သန်းကာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့တောင်ဘက် HALDBARI မြို့အနီးက ကမ်းခြေကို စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်မှာ ဇာတ်လမ်းစခဲ့တဲ့ INVEST-98W သည် အိန္ဒိယနိုင်ငံမြောက်ပိုင်းကုန်တွင်းမှာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း အဆုံးသတ်သွားမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ရေးသားသူ - ဦးဝင်းနိုင် . . . ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_sep_nineteen_2024
Show all...

👍 1
မြန်မာနိုင်ငံတဝန်းတွင် မိုးရာသီကာလအတွင်း ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ ရေကြီးနစ်မြှုပ်ခြင်းများ ဖြစ် ပွားခဲ့ပါတယ်။ ဆိုတော့မိုးရွာသွန်းမှု များလွန်းခြင်းကြောင့် မြေဆီလွှာများတိုက်စားခြင်း၊ မြေဆီလွှာကို ထိန်းချုပ်ဖုံလွှမ်းထားသော အပင်များနည်းပါးခြင်းနဲ့ သစ်တောပြုန်းတီးခြင်းကြောင့်လည်း သီးနှံစိုက်ခင်းများ ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလိုရေကြီးရေလျှံဖြစ်ပေါ်ကြုံတွေ့ရခြင်းဟာ ရာသီဥတု၊ သစ်တောတည်ရှိမှု၊ သဘာဝပေါက်ပင်များ၊ မြေမျက်နှာသွင်ပြင်အနေအထား၊ မြေသားတည်ဆောက်မှု၊ မြစ်ချောင်းအင်းအိုင်များ၏ ဖြစ်တည်မှုစသည့် အချက်များနဲ့ ဆက်စပ်လျက်ရှိပါတယ်။ မိုးများလွန်းတဲ့အခါ မြေသားထုဟာ ရေများနဲ့ ပြည့်ဝပြီး၊ မိုးဆက်တိုက်ရွာတဲ့အခါမှာတော့ ရွာသွန်းတဲ့ မိုးရေဟာ မြေအောက်ထဲကို မစိမ့်ဝင်နိုင်တော့ဘဲ မြေပြင်ပေါ်မှာ ရေများပြည့်လျှံပြီး မြင့်ရာမှနိမ့်ရာကို စီးဆင်းသွား ပါတော့တယ်။ စီးဝင်စရာမရှိတော့တဲ့အခါမှာတော့ ရေကြီးရေလျှံခြင်းများ ရေဝပ်ခြင်းများ ကြုံတွေ့နိုင်ပါတယ်။ ရေထုတ်ပြွန်များ၊ ရေနုတ်မြောင်းများ ရှိရင်တော့ ဒီရေထုတ်ရေနုတ်မြောင်းကတဆင့် ချောင်းမြောင်း၊ ထိုမှတဆင့် မြစ်ထဲသို့ စီးဝင်ပြီး မြစ်ချောင်းများ ရေကြီးခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ ယခုအခါ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ၊ မိုးသည်းထန်မှု များနှင့် ရေကြီးရေလျှံမှုများကို မြန်မာနိုင်ငံအနှံ့အပြား ကြုံတွေ့နေကြရပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးကို အများကြီး ထိခိုက်နစ်နာ ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်ကြရပါတယ်။ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းများ၊ မစိုက်ရသေးတဲ့ လယ်ယာမြေများဟာ ရေဖုံးလွမ်းသွားခြင်းကြောင့် တောင်သူများအတွက် အခက်အခဲ များ ကြုံတွေ့စေရပါတယ်။ ဒီလို စိုက်ခင်းများ ရေကြီးနစ်မြှုပ်ခြင်းကို ကြုံတွေ့တဲ့အခါ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် ဘယ်လို ဆောင်ရွက်ကြမလဲ။ (၁) မိမိ စိုက်ခင်းမှာ တင်ကျန်လာတဲ့ အမှိုက်သရိုက်များကို ရှင်းလင်းဖို့ လိုအပ်ပါတယ်။ အမှိုက်သရိုက်များရှင်းလင်း ဖို့လိုအပ်တယ်လို့ ဆိုရာမှာ ဒီရေကြီးနစ်မြှုပ်ခြင်းကြောင့် တင်ကျန်လာတဲ့ အမှိုက်သရိုက်များကို မဖယ်ရှား မရှင်းလင်းမီ ရှိနေတဲ့ အမှိုက်များဟာ ထယ်ထိုးထွန်မွေပြီးမြှုပ်နှံလို့ ရမရ အရင်ဆုံး လေ့လာ အကဲဖြတ် ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ထယ်ထိုးထွန်မွေဖို့ အဆင်ပြေမယ်ဆိုရင်တော့ အမှိုက်များကို ထွန်နဲ့တိုက်ပြီး မြေကြီးထဲ မြှုပ်ဖို့ လိုအပ်ပါတယ်။ ထယ်ထိုးထွန်မွေဖို့ မလွယ်ကူတဲ့ အမှိုက်များကိုလည်း ဖယ်ရှားရှင်းလင်းပစ်ဖို့လည်း လိုပါတယ်။ (၂) နောက်တချက်က မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိများတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ရေကြီးတဲ့အခါ ရေစီးအရှိန်ကြောင့် အပေါ်ယံမြေဆီလွှာများ တိုက်စားခံရပြီးတော့ စိုက်ခင်းတွင်းကျင်းများ ချိုင့်ခွက်များ ချိုင့်ဝှမ်းများ ဖြစ်ပေါ်တာ တွေ့နိုင်ပါတယ်။ တချို့ကျင်းတွေ ချိုင့်ခွက်တွေဆိုရင် ထယ်ထိုးထွန်မွေပြီး မြေညှိဖို့ ဆောင်ရွက်သင့်ပါတယ်။ ချိုင့်ဝှမ်းဆိုရင်တော့ မြေဖြည့်ဖို့ လိုအပ်ပါတယ်။ မြေဖြည့်တဲ့အခါ မြင့်သွားတဲ့ နေရာကနေ ထွန်နဲ့တိုက်ချပြီး ဖြည့်နိုင်သလို အခြားတစ်နေရာက အပေါ်ယံမြေထုကို ယူပြီး မြေဖြည့်လို့ ရပါတယ်။ (၃) တတိယအချက် နေနဲ့ မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများကို မြေဆီလွှာအတွင်း ပွားများအောင် လှုံ့ဆော်ဆောင်ရွက်ဖို့ပါ။ ဒီလို မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများကို မြေဆီလွှာအတွင်းပြန်လည်ရှင်သန်ဖို့အတွက် အပင်များ ရှိနေဖို့ လိုအပ်ပါတယ်။ မြေပြုပြင်ပြီးရင်တော့ အပေါ်ယံမြေဆီလွှာဖုံးအုပ်ဖို့အတွက် ပဲမျိုးရင်းဝင် အပင်တစ်မျိုးမျိုးကို စိုက်ပျိုးသင့်ပါတယ်။ ဒီလိုစိုက်ပျိုးခြင်းဖြင့် ရေတိုက်စားခံထားရတဲ့မြေမှာ မြေဆီလွှာအတွင်း အဏုဇီဝသက်ရှိများ ပြန်လည် ရှင်သန်လာနိုင်မှာဖြစ်သလို မြေဆီလွှာထုအတွင်း မြေဆီသြဇာများ ထက်သန် ပြည့်စုံလာနိုင်ပြီး နောက်စိုက်ပျိုးမဲ့ရာသီအတွက် မြေဆီလွှာကောင်း ပြန်လည်ဖြစ်ထွန်းလာနိုင်မှာ ဖြစ်ပါတယ်။ (၄) ရေကြီးနစ်မြှုပ်ပြီးလို့ လယ်ယာမြေတွေမှာ သီးနှံများပြန်လည်စိုက်ပျိုးတဲ့အခါ သီးနှံတစ်မျိုး တည်း စိုက်ပျိုးမဲ့အစား သီးနှံ(၂)မျိုး (၃)မျိုးကို ရောနှော စိုက်ပျိုးသင့်ပါတယ်။ ဥပမာဆိုရရင် ပဲတစ်မျိုးမျိုးနဲ့ ပြောင်း ဒါမှမဟုတ် နေကြာ ညှပ်စိုက်တာမျိုးပါ။ ရေဝပ်ဒဏ်ခံနိုင်တဲ့ မျိုးများကိုလည်း ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။ ဒါ့အပြင် ရေကြီးနစ်မြှုပ်နိုင်တဲ့ စိုက်ခင်းများမှာ စိုက်ပေါင်မြင့်မြင့်နဲ့ စိုက်တဲ့အလေ့အထကို ဆောင်ရွက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မထင်မှတ်ဘဲ ရေများ ဝင်ရောက် ခဲ့ရင် စိုက်ပေါင်နဲ့စိုက်တဲ့အတွက် အပင်များ ဆုံးရှုံးမှု လျော့နည်းနိုင်စေမှာဖြစ်သလို ဝင်လာတဲ့ရေများဟာလည်း စိုက်ပေါင်အကြားရှိ မြောင်းများမှ စီးဆင်းသွားစေနိုင်တဲ့အတွက် ရေဝပ်ခြင်းကို ကာကွယ်ရာ ရောက်ပါတယ်။
Show all...
ရေကြီးနစ်မြှုပ်သွားတဲ့စိုက်ခင်းများ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ဖြေရှင်းနည်း

ရေကြီးနှစ်မြှုပ်ပြီးလို့ လယ်ယာမြေတွေမှာ သီးနှံများပြန်လည်စိုက်ပျိုးတဲ့အခါ သီးနှံတစ်မျိုး တည်း စိုက်ပျိုးမဲ့အစား သီးနှံ(၂)မျိုး (၃)မျိုးကို ရောနှော စိုက်ပျိုးသင့်ပါတယ်။

👍 1
(၅) အလေးထားပြီး ဆောင်ရွက်ထားဖို့ လိုအပ်တာကတော့ စိုက်ခင်းများမှာ ရေထုတ်မြောင်းများထားရှိဖို့နဲ့ စိုက်ခင်းထောင့်များမှာ ရေဝပ်ကျင်းများ တူးထားဖို့ပါ ။ မိုးများပြီး စိုက်ခင်းများ ရေဝင်တဲ့အခါ ရေထုတ်မြောင်းကတဆင့် ရေထုတ်နိုင်မှာ ဖြစ်သလို ရေများလွန်းတဲ့အခါ ရေဝပ်ကျင်းကတဆင့် ရေများကို စက်နဲ့ အလွယ်တကူ ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ရေဝင်ရောက်မှုကို အတားအဆီး အဟန့်အတား ဖြစ်စေဖို့အတွက် စိုက်ခင်းဘေးတလျှောက်မှာ သရက်၊ ကတက်စတဲ့ နှစ်ရှည်သီးပင်၊ မြေဆီလွှာထိန်းအားကောင်းတဲ့ ဝါးပင်၊ မိမိဒေသနဲ့သင်လျော်တဲ့ နှစ်ရှည်သစ်ပင်များ ထိန်းသိမ်းထားဖို့ စိုက်ပျိုးထားဖို့ လိုအပ်ပါတယ်။ သစ်ပင်များရှိခြင်းကြောင့် ရေကို စုပ်ယူနိုင်သလို မြေဆီလွှာကို ထိန်းနိုင်တဲ့အတွက် မိမိ စိုက်ခင်းအတွက် မြေဆီလွှာတိုက်စားခြင်းကို အနည်းနဲ့အများ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ စိုက်ခင်းများရေကြီးနစ်မြှုပ်ခြင်း၊ ရေကြီးရေလျှံခြင်းများဟာ အခုလို မိုးရာသီ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့အတွက် စိုက်ပျိုးတဲ့သီးနှံများ ပျက်စီး ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် လိုက်နာဆောင်ရွက်နိုင်စေရေး တင်ပြလိုက်ရပါတယ်။ ရေးသားသူ - ဒေါက်တာစန်းလှထွေး . . . ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ https://greenwaymyanmar.com/posts/paddy_flood_problem_solving
Show all...
ရေကြီးနစ်မြှုပ်သွားတဲ့စိုက်ခင်းများ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ဖြေရှင်းနည်း

ရေကြီးနှစ်မြှုပ်ပြီးလို့ လယ်ယာမြေတွေမှာ သီးနှံများပြန်လည်စိုက်ပျိုးတဲ့အခါ သီးနှံတစ်မျိုး တည်း စိုက်ပျိုးမဲ့အစား သီးနှံ(၂)မျိုး (၃)မျိုးကို ရောနှော စိုက်ပျိုးသင့်ပါတယ်။

👍 1
Photo unavailableShow in Telegram
တောင်တရုတ်ပင်လယ်က INVEST-98W လေဖိအားနည်းရပ်ဝန်း TD-SIXTEEN ဖြစ်လာပြီ ============ JTWC ထုတ်ပြန်ချက်အရ INVEST 98W က အခု လေဖိအားနည်းရပ်ဝန်း TD(Tropical Depression) SIXTEEN ဆိုတဲ့ နာမည်တော့ ရသွားပါပြီ။ ဗီယက်နမ်ကမ်းခြေကို ဖြတ်ဝင်ကာနီးမှာ အပူပိုင်းမုန်တိုင်း(TS-Tropical Storm)အဖြစ် အားကောင်းလာနိုင်ပေမဲ့ အများဆုံးလေတိုက်နှုန်းကတော့ 35 knots(တနာရီ မိုင် ၄၀)သာ ရှိမှာမို့ တိုင်ဖွန်းမဖြစ်နိုင်တော့ဘူးဆိုတာတော့ သေချာသွားပါပြီ။ 🔸 ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အခါ လာအို၊ ထိုင်းနိုင်ငံတွေကို အားကောင်းတဲ့ လေပွေလှိုင်းတခုအနေနဲ့ ဖြတ်သန်းပြီး မြန်မာ-ထိုင်းနယ်စပ်ကို မူလခန့်မှန်းလမ်းကြောင်းအပေါ်ဘက် အနည်းငယ်မှ ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ တွေ့ရပါတယ်။ မူလကြိုတင်ခန့်မှန်းလမ်းကြောင်းအထက်ဘက် - 🔸 ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်နယ်စပ်အနီးက စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ ဖြတ်ဝင်ပြီးတဲ့နောက်၊ ပဲခူးတိုင်းအရှေ့ခြမ်းညောင်လေးပင်ဘက်ကို ဆက်ရွေ့ပြီး၊ ပဲခူးရိုးမပေါ်ကျော်ဖြတ်တဲ့အခါ မြေမျက်နှာသွင်ပြင်အနေအထားတွေကြောင့် လမ်းကြောင်းပြောင်းပြီး မြောက်ဘက်ကိုချိုးကွေ့မယ်။ 🔸 မကွေးတိုင်းကိုဖြတ်ပြီးတော့မှ အနောက်ဘက်ကို ချိုးကွေ့ပြီးမှ ဘင်္ဂလားပင်လယ်အော်ထဲကို ရခိုင်ပြည်နယ် မြေပုံမြို့နဲ့ စစ်တွေ မြို့ပေါ်က ဖြတ်သန်းဝင်ရောက်သွားနိုင်မယ်လို့ နောက်ဆုံးရရှိတဲ့ လမ်းကြောင်းအချက်အလက်တွေမှာ တွေ့ရပါတယ်။ 🔸 ဘင်္ဂလားပင်လယ်အော်ထဲရောက်ပြီးတဲ့အခါ ပြန်လည်အားကောင်းလာပြီး စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းမှာ အနည်းဆုံး မုန်တိုင်းငယ်အဆင့်(DEEP DEPRESSION)အထိ ရောက်လာနိုင်မယ်၊ ပြီးရင် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့တော့ ဒီနေ့ update data တွေအရ တွေ့နေရပါတယ်။ ဆိုတော့ ... 🔸 မြန်မာပြည်ကို လေပွေလှိုင်းဖြတ်သန်းစဉ် အရင် post မှာ ကြိုတင်ခန့်မှန်းပေးထားတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ လေပွေလှိုင်းအရှိန်ကြောင့် ရွာသွန်းနိုင်မဲ့ မိုးအားကလျော့သွားပြီး ပဲခူးတိုင်း အရှေ့ခြမ်း+အနောက်ခြမ်း၊ ပဲခူးရိုးမတကြောနဲ့ နေပြည်တော်၊ မကွေးတိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်ပါတယ်။ 🔸 အရင်ရေကြီးထားပြီးတဲ့ နေပြည်တော်အထက် တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်စတဲ့ ဒေသတွေမှာ မြေတွေ စိုအိနေဆဲဖြစ်တာကြောင့် တောင်ပြိုမြေပြိုနိုင်မှာ၊ တောင်ကျချောင်းရေဆင်းလာနိုင်မှာတွေကို သတိထားကြဖို့တော့ လိုပါမယ်။ ရေတွေ ပြန်ကြီးလောက်အောင်တော့ မိုးမများနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။ 🔸 နောက်ထပ်စိုးရိမ်ရမှာက ပဲခူးရိုးမတေလျှောက် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက မြို့တွေပါ။ ပဲခူးရိုးမပေါ် မိုးကြီးတဲ့အခါ ဆင်းလာနိုင်မဲ့တောင်ကျရေတွေနဲ့ သိုလှောင်ရေမှတ်အထိပြည့်နေပြီးတဲ့ ဆည်တွေ တမံတွေ သတိထားကြရပါမယ်။ 🔸 ရခိုင်ပြည်နယ်ကတော့ လေပွေလှိုင်းအပြင် ပြန်လည်အားကောင်းလာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းငယ်အဆင့်တွေကြောင့် မိုးများရုံတင်မက တနာရီ မိုင် ၃၀ အထက်အထိ လေပြင်းတိုက်ခတ်တာပါခံရမဲ့ အခြေအနေပါဖြစ်လာနိုင်ပါမယ်။ အခု လေဖိအားနည်းရပ်ဝန်းပြီးရင် တောင်တရုတ်ပင်လယ်အရှေ့မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မှာကိုစောင့်ကြည့်ရမဲ့ INVEST-99W ဆိုတာကလဲ ထပ်ဖြစ်နေတာတွေ့ရပါတယ်။ လေဖိအားနည်းရပ်ဝန်းမဖြစ်သေး၊ အနောက်ဘက်ကို ရွေ့မှာလို့လဲ အတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။ ဆက်လက်စောင့်ကြည့်ပြီး ထူးခြားတဲ့ ပြောင်းလဲမှုရှိရင်တော့ ညဘက် data update တွေရတာနဲ့ ဆက်လက်တင်ပြပေးသွားပါဦးမယ်။ ရေးသားသူ - ဦးဝင်းနိုင် ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_sep_eighteen_three_2024
Show all...
တောင်တရုတ်ပင်လယ်က INVEST-98W လေဖိအားနည်းရပ်ဝန်း TD-SIXTEEN ဖြစ်လာပြီ

ပဲခူးတိုင်း အရှေ့ခြမ်း+အနောက်ခြမ်း၊ ပဲခူးရိုးမတကြောနဲ့ နေပြည်တော်၊ မကွေးတိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်ပါတယ်။

👍 5😢 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.