cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Dagon Seikkan News

ဒဂုံဆိပ်ကမ်းသတင်းများ အဓိကတင်ပေးသည်။ (သတင်းပေးရန်-@Dagon_Seikkan_Scout)

Show more
Advertising posts
1 409
Subscribers
+124 hours
-37 days
+730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Repost from RSN WEB
⚫️ ဒဂုံဆိပ်ကမ်းမြို့နယ် စက်တင်ဘာလ ၁၉ ရက်နေ့ သန်းခေါင်ယံည ၁၂ နာရီခန့်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်အိမ်ရာ၊ တိုက် ၃၈ မှ အမျိုးသမီးတစ်ဦးကို အကြမ်းဖက်တပ်သားများ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ 19 Sep 2024 #rangoonscoutnetwork
Show all...
🤬 3
Repost from Click4Freedom
Part - 3 (Final) VPN - US နဲ့ UK, Canada အဆင်ပြေတာတစ်ခုခုထားပြီး ကလစ်လိုက်ပါ။ ဖြစ်နိုင်ရင် location ကို ခနခနမချိန်းပါနဲ့ခင်ဗျ။ ကြော်ငြာလင့်တစ်ခုကို တစ်ခုပဲကလစ်ပါဗျာ။ 1. https://eurotimes.club/index.php/give-a-chance-to-binary-options-trading-this-season-1/ 2. https://eurotimes.club/index.php/why-offline-digital-marketing-courses-are-in-huge-demand-nowadays-1/ 3. https://eurotimes.club/index.php/niche-business-marketing-how-to-do-it-1/ 4. https://eurotimes.club/index.php/which-method-is-more-effective-video-marketing-or-email-marketing-1/ 5. https://eurotimes.club/index.php/the-best-internet-marketing-training-program-online-1/
Show all...
https://www.facebook.com/share/p/ZuvLNLDxJ35aZch6/?mibextid=oFDknk ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org ကြေညာချက်အမှတ် (၂၅/၂၀၂၄) ၁၃၈၆ ခုနှစ်၊ တော်သလင်းလဆုတ် ၂ ရက်နေ့ (၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်) "၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) နှင့်စပ်လျဉ်း၍ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ဖြေဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူသို့ အသိပေးတင်ပြခြင်း" ပညာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ #NUG #Nationalunitygovernment #NUGMOE #BECA
Show all...
Repost from MMWeather
Photo unavailableShow in Telegram
စက်တင်ဘာ ၁၉ ရက် နေ့လည် ၂ နာရီ ၁၅ မိနစ် မှာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့အပေါ်ဖြတ်သန်းသွားမဲ့ လေပွေလှိုင်း(Upper Air Cyclonic Circulation - UACC)ရဲ့ လမ်းကြောင်း နဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မဲ့ မိုးလေဝသအခြေအနေတွေရဲ့ update က ပြီးခဲ့တဲ့ post က ခန့်မှန်းချက်နဲ့ ကွာခြားမှုမရှိလှပါ။ ကရင်ပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း(အရှေ့+အနောက်) ပဲခူးရိုးမနဲ့ မကွေးတိုင်းအောက်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများနိုင်(၂၄ နာရီအတွင်း ၃ လက်မ မှ ၅ လက်မအထိရွာသွန်းနိုင်) ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်သည်လည်း ပြောင်းလဲ မှု မရှိပါ။ လေပွေလှိုင်း ဘင်္ဂလားပင်လယ်သို့ရောက်ရှိပြီး အားပြန်ကောင်းလာကာ မုန်တိုင်းငယ်အဆင့်အထိ ရောက်ရှိလာနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် အနောက်ဘင်္ဂလားပြည်နယ် ကိုလ်ကတ္တားမြို့တောင်ဘက်ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်နိုင်မည့် ကြိုတင်ခန့်မှန်းချက်သည်လည်း ယခု နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ ပြောင်းလဲမှု မရှိပါ။ ယနေ့ည ပိုင်းနှင့် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း update များကိုရရှိတဲ့အခါ လေပွေလှိုင်းရဲ့ လမ်းကြောင်း၊ အင်အား၊ မြန်မာနိုင်ငံဒေသများသို့ သက်ရောက်နိုင်သည့်အခြေအနေအသေးစိတ်ကို ထပ်မံ တင်ပြပေးပါမယ်။
Show all...
Repost from RSN WEB
Photo unavailableShow in Telegram
DAILY HIGHLIGHTS (18 Sep 2024) •••••••••••••••®••••••••••••••• ⚠️ စစ်ရေးထူးခြားသတင်းများ ထန်တလန်မြို့က စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် – RFA 💬 နိုင်ငံရေးထူးခြားသတင်းများ NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်း၊ မန္တလေးနှင့် တောင်ကြီးကို စစ်ဆင်မည် မဟုတ်ဟု MNDAA ထုတ်ပြန် – MZM ဗိုလ်မှူးကြီး ခွန်ဥက္ကာ PNLO မှ နှုတ်ထွက်သွားသော်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို ဆက်လက်ဆင်နွှဲမည်ဟုဆို – AT ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဒုတိယအကြိမ် ကျင်းပမည် – DVB 🗑 ကျားဖြန့် ဘုရားသုံးဆူတွင် တရုတ်နိုင်ငံသား ၁ ဦး သံခြေချင်းဖြင့် ကျားဖြန့်ဂိုဏ်းမှ ထွက်ပြေးလာ – DVB 🔴 သဘာဝဘေး ရေကြီးရေလျှံမှုများအတွက် EUက အရေးပေါ်အကူအညီ ယူရို ၁.၂ သန်း ပေးအပ်ရန် အသင့်ဖြစ်နေဟု ကြေညာ – PS ရေဘေးသင့် ပြည်သူများကို ရေဘေးတုံ့ပြန်မှု အကူအညီများ စတင်ပေးအပ်မည်ဟု WFP ထုတ်ပြန် – KT မြန်မာ့ရေဘေးအတွက် အမေရိကန်နှင့် ဩစတြေးလျတို့ ကူညီမည် – TI ရေဘေးသင့်သူများကို သန်းခေါင်စာရင်းမကောက်မီ နေရပ်အမြန်ပြန်ပို့ရန် စစ်ခေါင်းဆောင်အမိန့်ပေး – MZM သဘာဝဘေးရန်ပုံငွေ ကျပ်သိန်းထောင်ချီ အလွဲသုံးစားလုပ်ခဲ့သည့် နည်းဗျူဟာမှူးနှင့်အဖွဲ့ ဖမ်းဆီးခံရ – DVB #rangoonscoutnetwork
Show all...
Repost from Click4Freedom
Part - 3 (Final) VPN - US နဲ့ UK, Canada အဆင်ပြေတာတစ်ခုခုထားပြီး ကလစ်လိုက်ပါ။ ဖြစ်နိုင်ရင် location ကို ခနခနမချိန်းပါနဲ့ခင်ဗျ။ ကြော်ငြာလင့်တစ်ခုကို တစ်ခုပဲကလစ်ပါဗျာ။ 1. https://eurotimes.club/index.php/7-money-saving-c…ter-should-try-1/ 2. https://eurotimes.club/index.php/top-5-trends-tha…ting-skyrocket-1/ 3. https://eurotimes.club/index.php/10-effective-lis…ure-techniques-1/ 4. https://eurotimes.club/index.php/how-to-properly-…f-your-finance-1/ 5. https://eurotimes.club/index.php/can-a-market-research-company-increase-business-opportunities-1/
Show all...
👍 1🥰 1
Repost from Dark Shadow(YGNUG)
Photo unavailableShow in Telegram
သတင်းထုတ်ပြန်ချက် ၁၅.၉.၂၀၂၄ တွင် ကျွန်တော်တို့ Dark Shadow အဖွဲ့၏ စစ်ဆင်ရေး အဖြစ် မိဘပြည်သူများ၏နေအိမ်များ နှင့် စစ်ဘေးရှောင်စခန်းများကို နေ့စဉ်ရက်ဆက် ဗုံးကျဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် ကျွန်တော်တို့ အရိပ်တပ်သား ၂ ဦး စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရပြီး စစ်ဆင်ရေးမှ ပြန်လည်ဆုတ်ခွါခဲ့ရသည်။ စစ်ဆင်ရေးတွင် ပါဝင်သော အခြား အရိပ်တပ်သားများ လုံခြုံဘေးကင်းစွာဖြင့် ရန်ကုန်မှ ဆုတ်ခွာခဲ့ပါသည်။ စစ်ဆင်ရေးတွင် မပါဝင်သော အခြား အရိပ်တပ်သားများလည်း တာဝန်ကျရာနေရာများတွင် ဆက်လက် တာဝန်ထမ်းဆောင်နေပါသည်။ ယခု စစ်ဆင်ရေး မအောင်မြင်ခဲ့သော်လည်း တော်လှန်ရေး ပြီးဆုံးသည်အထိ စစ်ကောင်စီကို ရရာနေရာမှ အမြစ်ဖြတ်တော်လှန်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ နဲ့ တော်လှန်ရဲဘော်များ အားလုံးကို ကတိသစ္စာပြုအပ်ပါသည်။
Show all...
2
Repost from MMWeather
"တောင်တရုတ်ပင်လယ်မှ INVEST-98W လေဖိအားနည်းရပ်ဝန်း TD-SIXTEEN ဖြစ်လာပြီ" စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီခွဲ ======== 🔸 JTWC ထုတ်ပြန်ချက်အရ INVEST 98W က အခု လေဖိအားနည်းရပ်ဝန်း TD(Tropical Depression) SIXTEEN ဆိုတဲ့ နာမည်တော့ ရသွားပါပြီ။ ဗီယက်နမ်ကမ်းခြေကို ဖြတ်ဝင်ကာနီးမှာ အပူပိုင်းမုန်တိုင်း(TS-Tropical Storm)အဖြစ် အားကောင်းလာနိုင်ပေမဲ့ အများဆုံးလေတိုက်နှုန်းကတော့ 35 knots(တနာရီ မိုင် ၄၀)သာ ရှိမှာမို့ တိုင်ဖွန်းမဖြစ်နိုင်တော့ဘူးဆိုတာတော့ သေချာသွားပါပြီ။ 🔸 ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အခါ လာအို၊ ထိုင်းနိုင်ငံတွေကို အားကောင်းတဲ့ လေပွေလှိုင်းတခုအနေနဲ့ ဖြတ်သန်းပြီး မြန်မာ-ထိုင်းနယ်စပ်ကို မူလခန့်မှန်းလမ်းကြောင်းအပေါ်ဘက် အနည်းငယ်မှ ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ တွေ့ရပါတယ်။ မူလကြိုတင်ခန့်မှန်းလမ်းကြောင်းအထက်ဘက် - 🔸 ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်နယ်စပ်အနီးက စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ ဖြတ်ဝင်ပြီးတဲ့နောက်၊ ပဲခူးတိုင်းအရှေ့ခြမ်းညောင်လေးပင်ဘက်ကို ဆက်ရွေ့ပြီး၊ ပဲခူးရိုးမပေါ်ကျော်ဖြတ်တဲ့အခါ မြေမျက်နှာသွင်ပြင်အနေအထားတွေကြောင့် လမ်းကြောင်းပြောင်းပြီး မြောက်ဘက်ကိုချိုးကွေ့မယ် ... 🔸 မကွေးတိုင်းကိုဖြတ်ပြီး တော့မှ အနောက်ဘက်ကို ချိုးကွေ့ပြီးမှ ဘင်္ဂလားပင်လယ်အော်ထဲကို ရခိုင်ပြည်နယ် မြေပုံမြို့နဲ့ စစ်တွေ မြို့ပေါ်က ဖြတ်သန်းဝင်ရောက်သွားနိုင်မယ်လို့ နောက်ဆုံးရရှိတဲ့ လမ်းကြောင်းအချက်အလက်တွေမှာ တွေ့ရပါတယ်။ 🔸 ဘင်္ဂလားပင်လယ်အော်ထဲရောက်ပြီးတဲ့အခါ ပြန်လည်အားကောင်းလာပြီး စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းမှာ အနည်းဆုံး မုန်တိုင်းငယ်အဆင့်(DEEP DEPRESSION)အထိ ရောက်လာနိုင်မယ်၊ ပြီးရင် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့တော့ ဒီနေ့ update data တွေအရ တွေ့နေရပါတယ်။ ဆိုတော့ ... 🔸 မြန်မာပြည်ကို လေပွေလှိုင်းဖြတ်သန်းစဉ် အရင် post မှာ ကြိုတင်ခန့်မှန်းပေးထားတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ လေပွေလှိုင်းအရှိန်ကြောင့် ရွာသွန်းနိုင်မဲ့ မိုးအားကလျော့သွားပြီး ပဲခူးတိုင်း အရှေ့ခြမ်း+အနောက်ခြမ်း၊ ပဲခူးရိုးမတကြောနဲ့ နေပြည်တော်၊ မကွေးတိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်ပါတယ်။ 🔸 အရင်ရေကြီးထားပြီးတဲ့ နေပြည်တော်အထက် တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်စတဲ့ ဒေသတွေမှာ မြေတွေ စိုအိနေဆဲဖြစ်တာကြောင့် တောင်ပြိုမြေပြိုနိုင်မှာ၊ တောင်ကျချောင်းရေဆင်းလာနိုင်မှာတွေကို သတိထားကြဘို့တော့ လိုပါမယ်၊ ရေတွေ ပြန်ကြီးလောက်အောင်တော့ မိုးမများနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။ 🔸 နောက်ထပ်စိုးရိမ်ရမှာက ပဲခူးရိုးမတေလျှောက် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက မြို့တွေပါ။ ပဲခူးရိုးမပေါ် မိုးကြီးတဲ့အခါ ဆင်းလာနိုင်မဲ့တောင်ကျရေတွေနဲ့ သိုလှောင်ရေမှတ်အထိပြည့်နေပြီးတဲ့ ဆည်တွေ တမံတွေ သတိထားကြရပါမယ်။ 🔸 ရခိုင်ပြည်နယ်ကတော့ လေပွေလှိုင်းအပြင် ပြန်လည်အားကောင်းလာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းငယ်အဆင့်တွေကြောင့် မိုးများရုံတင်မက တနာရီ မိုင် ၃၀ အထက်အထိ လေပြင်းတိုက်ခတ်တာပါခံရမဲ့ အခြေအနေပါဖြစ်လာနိုင်ပါမယ်။ အခု လေဖိအားနည်းရပ်ဝန်းပြီးရင် တောင်တရုတ်ပင်လယ်အရှေ့မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မှာကိုစောင့်ကြည့်ရမဲ့ INVEST-99W ဆိုတာကလဲ ထပ်ဖြစ်နေတာတွေ့ရပါတယ်။ လေဖိအားနည်းရပ်ဝန်းမဖြစ်သေး၊ အနောက်ဘက်ကို ရွေ့မှာလို့လဲ အတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။ ဆက်လက်စောင့်ကြည့်ပြီး ထူးခြားတဲ့ ပြောင်းလဲမှုရှိရင်တော့ ညဘက် data update တွေရတာနဲ့ ဆက်လက်တင်ပြပေးသွားပါဦးမယ်။
Show all...
Repost from MMWeather
ဒီတခေါက် အားကောင်းတဲ့ အရှေ့လေပွေလှိုင်းကြောင့် အရင်ရေကြီးခဲ့တဲ့နေရာတွေမှာတော့ မြေကြီးတွေ နုန်းတွေ ဆေးချပေးတဲ့ မိုးလောက်သာ ရွာနိုင်ပါတယ်။ ဒီတခေါက် 19W က ဖြစ်လာမဲ့ လေပွေလှိုင်းဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းပုံကို ပြီးခဲ့တဲ့ post တွေမှာ တင်ပေးခဲ့ပြီးပါပြီ။ ဒီ post မှာတော့ လေပွေလှိုင်းသက်ရောက်မှုကြောင့် မိုးသည်းထန်ပြီး မိုးရေချိန်များများရွာနိုင်တာကြောင့် ရေနဲ့ပတ်သက်တဲ့သဘာဝဘေးဖြစ်စဉ်တွေဖြစ်လာနိုင်မဲ့ - ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တွေမှာ ရွာသွန်းနိုင်မဲ့ မိုးရေချိန်ပမာဏ ကြိုတင်ခန့်မှန်းချက်ပုံတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ လေပွေလှိုင်း ပင်လယ်ထဲဆင်းပြီး အားပြန်ကောင်းလာကာ မုန်တိုင်းငယ်အထိ ပြန်ဖြစ်လာနိုင်တာကြောင့် မုန်တိုင်းတိုက်ရိုက်ဝင်တာမဟုတ်ပေမဲ့ မိုးသည်းထန်ပြီး လေပြင်းတိုက်နိုင်မဲ့ အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါမယ်။ ကျန်သတိထားရမဲ့ ဒေသတွေမှာတော့ မိုးအလွန်များနိုင်ပြီး နေရာကွက်လို့ မိုးသက်လေပြင်းကျတာမျိုး ဖြစ်နိုင်ပါမယ်။ မိုးတိမ်တောင်ကြီးများ အရှေ့ဘက်ကဝင်ရောက်လာတာကို သတိထားမိရင် "စိုစွတ်စိုက်ဆင်းလေပြင်း"ကို သတိထားကြရပါမယ်။ လေတအားပြင်းတတ်တာကြောင့်ပါ။ စိုက်ဆင်းလေပြင်းအကြောင်းလေ့လာရန် https://www.mmweather.org/special-weather-situation/downburst (စက်တင်ဘာ ၁၈ ရက် နေ့လည် ၁၂ နာရီ ၁၀ မိနစ်)
Show all...
Repost from RSN WEB
Photo unavailableShow in Telegram
DAILY HIGHLIGHTS (17 Sep 2024) •••••••••••••••®••••••••••••••• ⚠️ စစ်ရေးထူးခြားသတင်းများ စစ်တွေအနီး ကျေးရွာ ၂ ရွာနေ ပြည်သူများကို စစ်ကောင်စီ အဓမ္မနှင်ထုတ် – DVB နိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေအရ လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်းနှင့် စုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ၏ သား၊ တူနှင့်ဆွေမျိုးများကို နားလည်မှုဖြင့် စစ်မှုထမ်း ကင်းလွတ်ခွင့်ပြု – KT 💬 နိုင်ငံရေးထူးခြားသတင်းများ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ အဖွဲ့မှနှုတ်ထွက်ကြောင်း ကြေညာ – PS 🌐 နိုင်ငံခြားရေးထူးခြားသတင်းများ စစ်ကောင်စီ လေတပ်အတွက် တရုတ်က နည်းပညာ ထောက်ပံ့ – TI စစ်ပွဲသုံးမောင်းသူမဲ့ဒရုန်း ထုတ်လုပ်ရေးအတွက် တရုတ်ကုမ္ပဏီများနှင့်ဆွေးနွေးရန် စစ်ကောင်စီကို တရုတ်စစ်ဘက်ကခွင့်ပြုခဲ့ – MN တရုတ်က မြန်မာ့အရေးကို ဝင်မစွက်ဖက်ဟု ငြင်းဆို၍ မီဒီယာအချို့နှင့် လူပုဂ္ဂိုလ်များက အကြောင်းမဲ့ အပြစ်တင်နေကြောင်း စွပ်စွဲ – AT ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာစစ်ကောင်စီ ရေဘေးကိစ္စဆွေးနွေး – DVB မြန်မာသူပုန် ၁ ဦးကို ဖမ်းမိဟု မဏိပူရဝန်ကြီးချုပ်ပြော၊ ကူကီးကျောင်းသားအဖွဲ့ ငြင်းဆို – DVB အာသံထောင်က အစာငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာတွေ ဆန္ဒပြမှု ခေတ္တရပ်ဆိုင်း – RFA 📊 စီးပွားရေးထူးခြားသတင်းများ ပြင်ပဒေါ်လာဈေးပြန်ကျချိန် စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၅ သန်းထပ်မံရောင်းချ – DVB 🔴 သဘာဝဘေး တိုင်ဖွန်းယာဂီကြောင့် မြန်မာနိုင်ငံတွင် ရေဘေးသင့်သူ ၆ သိန်းကျော်ရှိကြောင်း UNOCHAM ထုတ်ပြန်၊ စစ်ကောင်စီစာရင်းတွင်မူ ရေဘေးသင့်သူ ၁သိန်းကျော်သာပါဝင်ပြီး သေဆုံးသူ ၂၂၆ ဦးရှိဟုဆို – AT မြန်မာပြည်အနှံ့ ရေဘေးကြောင့် လူ ရာနဲ့ ချီသေဆုံး – BBC ရေဘေးကူညီသူတွေရဲ့ KBZ Pay အကောင့်တွေ အပိတ်ခံနေရ – RFA #rangoonscoutnetwork
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.