cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Eleven Sports

Show more
Advertising posts
19 548
Subscribers
+1124 hours
+2137 days
+61130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

အသင်းကို စီရော်နယ်လ်ဒို ထိန်းချုပ်နေခြင်းမရှိဟု အယ်လ်နာဆာအမှုဆောင်ချုပ် ပြောကြား Read More - - - >>> https://news-eleven.com/article/295772
Show all...
အသင်းကို စီရော်နယ်လ်ဒို ထိန်းချုပ်နေခြင်းမရှိဟု အယ်လ်နာဆာအမှုဆောင်ချုပ် ပြောကြား

အယ်လ်နာဆာအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဂွီဒိုဖီယန်ဂါက အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အသင်းကို ထိန်းချုပ်နေခြင်းမရှိဟု ပြောကြားခဲ့သည်။ အယ်လ်နာဆာအသင်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပေါ်တူဂီနည်းပြ လူးဝစ်ကတ်စထရိုကို ရာထူးမှ ထုတ်ပယ်ပြီး အီတလီနည်းပြ ပီအိုလီကို အစားထိုးခန့်အပ်ခဲ့သည်။ အဆိုပါအပြောင်းအလဲမှာ စီရော်နယ်လ်ဒို၏ သဘောထားအပေါ် မူတည်နေကြောင်း သုံးသပ်မှုများ ထွက်ပေါ်လာသည့်အတွက် ဖီယန်ဂါက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

★ ချန်ပီယံလိဂ် ပွဲစဉ်-၁ စက်တင်ဘာလ ၁၉ ရက် ပွဲများ၏ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရှင်များ 19/09:Feyenoord 0-4Bayer Leverkusen Florian Wirtz 19/09:Crvena Zvezda 1-2Benfica ngel Di Mara 19/09:Monaco2-1 Barcelona George Ilenikhena 19/09:Atalanta 0-0Arsenal derson 19/09:Atltico de Madrid2-1 Leipzig Antoine Griezmann 19/09:Brest2-1 Sturm Graz Abdallah Sima
Show all...
3
Photo unavailableShow in Telegram
★ ချန်ပီယံလိဂ်ပြိုင်ပွဲ League Phase ပွဲစဥ် - ၁ အပြီး အမှတ်ပေးဇယားရပ်တည်မှု Photo: UCL Facebook
Show all...
နည်းပြ ဒီရော့ဆီကို ရာထူးမှထုတ်ပယ်ခြင်းအတွက် ဆန္ဒပြမည်ဖြစ်ပြီး နည်းပြသစ် ဂျူရစ်၏ ပထမဆုံးပွဲကို ကန့်ကွက်သွားမည်ဟု ရိုးမားအမာခံပရိသတ်အဖွဲ့ ကြေညာ Read More - - - >>> https://news-eleven.com/article/295771
Show all...
နည်းပြ ဒီရော့ဆီကို ရာထူးမှထုတ်ပယ်ခြင်းအတွက် ဆန္ဒပြမည်ဖြစ်ပြီး နည်းပြသစ် ဂျူရစ်၏ ပထမဆုံးပွဲကို ကန့်ကွက်သွားမည်ဟု ရိုးမားအမာခံပရိသတ်အဖွဲ့ ကြေညာ

ရိုးမားအသင်း၏ အမာခံပရိသတ်အဖွဲ့သည် နည်းပြ ဒီရော့ဆီကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းအတွက် ဒေါသထွက်နေကြပြီး အသင်းတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ဆန္ဒပြသွားမည်ဟု ကြေညာခဲ့သည်။ ဒီရော့ဆီသည် ရိုးမားအသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီး ကစားသမားဘဝမှ အနားယူပြီးနောက် စီးရီးဘီကလပ် SPAL အသင်းကို စတင်ကိုင်တွယ်ခဲ့သည်။ ထို့နောက် ၂၀၂၄ ဇန်နဝါရီတွင် ရိုးမားအသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ ရိုးမားအသင်းသည် နာမည်ကျော်နည်းပြ မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်ပြီးနောက် ဒီရော့ဆီကို ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

■ ချန်ပီယံလိဂ် ရလဒ်များ ဇဗက်ဒါ ၁-၂ ဘင်ဖီကာ ဖီယင်နု ၀-၄ လေဗာကူဆင် အတ္တလန်တာ ၀-၀ အာဆင်နယ် အက်သလက်တီကို ၂-၁ လိုက်ပ်ဇစ် ဘရက်စ် ၂-၁ စတမ်းဂရက်ဇ် မိုနာကို ၂-၁ ဘာစီလိုနာ ■ လာလီဂါရလဒ် လီဟာနက်စ် ၀-၂ ဘီလ်ဘာအို Photos: UEFA
Show all...
👍 13
မိုနာကို - ဘာစီလိုနာ ပွဲထွက်လူစာရင်း Photo: Teams X
Show all...
အတ္တလန်တာ - အာဆင်နယ် ပွဲထွက်လူစာရင်း Photo: Teams X
Show all...
👍 1 1
ရီးယဲလ်မက်ဒရစ်နှင့် အပြောင်းအရွှေ့သတင်းများကို မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ တုံ့ပြန် Read More - - - >>> https://news-eleven.com/article/295760
Show all...
ရီးယဲလ်မက်ဒရစ်နှင့် အပြောင်းအရွှေ့သတင်းများကို မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ တုံ့ပြန်

မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေသည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး ပြောစရာမရှိကြောင်း တုံ့ပြန်ခဲ့သည်။ အသက် (၂၈) နှစ်အရွယ်ရှိ စပိန်ကွင်းလယ်ကစားသမား ရိုဒရီသည် ၂၀၁၉ ခုနှစ်တွင် အက်သလက်တီကိုအသင်းမှ မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြနေသလို၊ အသင်းနှင့်အတူ ဆုဖလားအားလုံးကို ရရှိထားသည်။ The Independent သတင်းစာ၏ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းသည် ရိုဒရီကို မျက်စိကျနေပြီး လာမည့် ၂၀၂၅ နွေရာသီတွင် အရခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

👍 5
အယ်လ်ဗာရက်ဇ်ကို အချိန်ပေးရမည်ဟု ဆီမြွန်နီ ဆို Read More - - - >>> https://news-eleven.com/article/295759
Show all...
အယ်လ်ဗာရက်ဇ်ကို အချိန်ပေးရမည်ဟု ဆီမြွန်နီ ဆို

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်အား အသင်းတွင် အသားကျရန် အချိန်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် (၂၄ နှစ်)သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကမှ မန်စီးတီးအသင်းမှ အက်သလက်တီကိုအသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို (၉၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် အက်သလက်တီကိုအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး လာလီဂါ (၅) ပွဲတွင် (၁) ဂိုးသာ သွင်းယူထားနိုင်သေးသည်။

👍 6
ဝက်ကင်စ်၏ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း အမ်မရီ ဆို Read More - - - >>> https://news-eleven.com/article/295758
Show all...
ဝက်ကင်စ်၏ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း အမ်မရီ ဆို

အက်စတွန်ဗီလာနည်းပြ အမ်မရီက ယန်ဘွိုင်းစ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် အသင်းတိုက်စစ်မှူး ဝက်ကင်စ်အတွက် စိုးရိမ်စရာမရှိကြောင်း ပြောကြားခဲ့သည်။ အင်္ဂါညက ချန်ပီယံလိဂ်ပွဲစဉ် ယန်ဘွိုင်း (၀-၃) အက်စတွန်ဗီလာပွဲတွင် ဝက်ကင်စ်သည် ပွဲချိန် (၆၀) မိနစ်တွင် ဒူရန်နှင့် လူစားလဲခဲ့ရသည်။ ထို့ပြင် အရန်ခုံတန်းသို့ ရောက်ရှိချိန်တွင် ဝက်ကင်စ်အနေဖြင့် ခြေချင်းဝတ်အား ရေခဲထုပ် ကပ်ထားသည်ကို မြင်တွေ့ခဲ့ရသည်။ သို့သော် အက်စတွန်ဗီလာနည်းပြ အမ်မရီက ''သူ အဆင်ပြေပါတယ်။ ခြေစွမ်းလည်း ပြခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို တခြားကစားသမားတွေလိုပဲ လူစားလဲခဲ့တာပါ''ဟု ပြောကြားခဲ့သည်။

👍 10
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.