cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

မြန်မာ့သမိုင်းနှင့် သုတစုံ

အတိတ်ကို အတိတ်မှာထား ကောင်းတာကိုယူပြီး လက်ရှိအချိန်ကနေစလို့ အကောင်းဆုံး အဖြူစင်ဆုံး ဖြစ်အောင် ဖြတ်သန်းကြပါစို့ အဆိပ်အတောက်ကို အဆိပ်အတောက်မှန်း သိအောင်တော့ ပြောပြနေမိမှာပဲ။ အမုန်းစကားလို့ labels တပ်ပြီး အဓမ္မ ဖုံးကွယ်တာ ဖေ့ဘုတ်မှာပဲ ရမယ်။

Show more
Advertising posts
1 187
Subscribers
-124 hours
+77 days
+9230 days

Data loading in progress...

Subscriber growth rate

Data loading in progress...

“အမေ ဒီဟင်းနဲ့မစားချင်ဘူး… ဟိုဟင်းနဲ့စားမယ်” အမေ့အမြင်မှာ သူ တောင်းဆိုတဲ့ ဟင်းနဲ့ ကျွေးလိုက်ရင် နားအေးတာပဲ လို့ မြင်ကောင်းမြင်နိုင်ပါတယ် ဒါပေမယ့် ခလေးစိတ်ထဲမှာ… စားချင်သလို စားခွင့် ရှိတယ်… စားချင်သလောက် စားမယ်ဆိုတာမျိုး ဘယ်အရာကိုမှ ကန့်သတ် (စည်းကမ်း) ထားစရာမလိုဘူး ဆိုတဲ့ ခံယူချက်ကလေးတွေ တဖြည်းဖြည်းနဲ့ ဝင်လာနေတာကို ဒီအမေ သတိ မထားမိလိုက် ပါဘူး “အမေ… သားဒီနေ့ကျောင်းမသွားချင်ဘူး” “အေး အေး… အမေခွင့်တိုင်ပေးမယ်” ဒီအမေ အတွေးထဲမှာ ဒီနေ့ တစ်ရက်ကျောင်း မသွားတာနဲ့ ဘာမှမထူးပါဘူးလို့ ထင်မှတ်နေတာပါ…. တကယ်တော့ ကျောင်းပုံမှန် သွားရမယ်ဆိုတဲ့ စည်းကမ်းကို အလွယ်တကူ ချိုးဖောက်ဖို့ အားပေးကူညီ လိုက်တာပါ… ကျောင်းတစ်ရက် ပျက်တာ ဘာမှမဖြစ်ပေမယ့် ကလေးစိတ်ထဲမှာ “ငါမတက်ချင်လည်းရတာပဲ” ဆိုတဲ့ဘယ်အရာကိုမဆို အလွယ်တကူ မလိုက်နာချင်တဲ့စိတ်က တဖြည်းဖြည်း အားကောင်းလာတတ်ပါတယ်… ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး “အမေ သားဘယ်သူနဲ့ရန်ဖြစ်လာတယ်” “အေး… ဦးအောင်သာပြန်ဆော်ခဲ့ လုံးဝ မခံခဲ့နဲ့… ဖြစ်လာသမျှ အမေလိုက်ရှင်းမယ်” ဒီအမေ အမြင်မှာ ဒီလိုပြဿနာတွေကို သားနိုင်ကိုနိုင်ရမယ်… ငါလိုက်ရှင်းမယ် ဘာဖြစ်ဖြစ်ဆိုတာမျိုး…. တကယ်တော့ ကလေးဟာ ပြသနာတခုခုကို သူ့အရွယ်နဲ့သူ မဆုံးဖြတ်နိုင်တော့ပဲ ကိုယ်ထိလက်ရောက် အရင်ပြုမူတတ်တဲ့ စိတ်ဓာတ်မျိုး… ဘာလုပ်လုပ် ငါ့မိဘရှင်းမှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးကို တဖြည်းဖြည်း ဖန်တီးယူလာတာပါ ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး… ကြီးလာရင် တဖြည်းဖြည်း သင်ယူသွားလိမ့်မယ် ဆိုတာ မဟုတ်ပါဘူး။ ခလေးဆိုတာ သွေးတိုးစမ်းတတ်ပါတယ်* (ပထမအရွယ်မှာ ချော့ရပါတယ်… ဒုတိယအရွယ်မှာ ခြောက်ရပါတယ် ၊ တတိယအရွယ်မှာချော့တစ်ခါ ခြောက်တစ်လှည့် လုပ်ရပါတယ်…) ငယ်စဉ်ကတည်းက သင်ကြားပေးလို့ရတဲ့ ကိုယ်ပိုင်စည်းကမ်းလေးတွေ ရှိပါတယ် သူ့ဖိနပ်ကိုသူ စနစ်တစ်ကျ ချွတ်ခိုင်းပါ… ထမင်းစားတာကို မဖိတ်မစင်အောင် စားခိုင်းပါ.. (ကိုယ် ကြွေးချင်တဲ့ အစာအဟာရကို မဖြစ်မနေ ခလေးစားအောင် ကြိုးစားပါ) သူ ကစားပြီးသား ကစားစရာကို သူကိုယ်တိုင် စနစ်တစ်ကျသိမ်းခိုင်းပါ… (မသိမ်းရင် နောက်ထပ်သူ့ရဲ့ဆန္ဒကို လုံးဝခွင့်မပြုပါနဲ့) ငယ်စဉ်ထဲက စနစ်တကျ တဖြည်းဖြည်းခြင်း ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ် ငယ်ငယ်ထဲက စည်းကမ်းတကျမရှိတဲ့ ခလေးဟာ ကြီးလာရင်လည်း ဘယ်စည်းကမ်းမျိုးမဆို အလွယ်တကူ မလိုက်နာဖို့များပါတယ် ကလေးတွေကိုပေးရမယ့် စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ… ပူဆာသမျှအရုပ်တွေ ဝယ်ပေးတာမျိုး… ပို့ခိုင်းသမျှ ကစားကွင်းတွေ အမြဲတစေ လိုက်ပို့တာမျိုးရယ်တော့ မဟုတ်ပါဘူး လက်ရှိရှိနေတဲ့ အနေအထားမှာ ရှိနေတဲ့ပတ်ဝန်းကျင် ရောက်နေတဲ့အသက်အရွယ်မှာ သူ့ကိုယ်ပိုင်အသိတရား လေးနဲ့ စည်းကမ်းတကျလေး ပျော်ရွှင်စေရမှာဖြစ်ပါတယ် ကလေးအိပ်နေလို့ မနှိုးချင်လို့ ကျောင်းပျက်တာကိုအရေးမကြီးသလို ယူဆနေတဲ့မိဘတွေ တနေကုန် ဖုန်းနဲ့မျက်နှာနဲ့ မခွာတဲ့ ခလေးတွေကို ပြောမရဘူး ဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့ ခွင့်ပြုထားတဲ့ မိဘတွေ …… ဖုန်းတစ်လုံးမှာ ငါတို့တောင်မသိတာတွေ သူသိတယ်ဆိုပြီး ဂုဏ်ယူနေတဲ့ မိဘတွေ… တစ်နေ့ ၁၀နာရီလောက် စာလုပ်ခိုင်းထားပြီး ကြီးလာရင်တော့ သေချာပေါက် ပညာတတ်ဖြစ်မှာပဲလို့ စိတ်ကူးယဉ်နေတဲ့ မိဘတွေ… ခလေးလေးက လူကြီးလောက်နီးနီး ဆဲတတ်တာကို စကားတတ်တယ်ဆိုပြီး ဂုဏ်ယူနေကြတဲ့ မိဘတွေ ခလေးလေးက ဘီယာဝိုင်း လိုက်ထိုင်သောက်တတ်တာကို ဆရာကြီးကွဆိုပြီးကြံဖန်ဂုဏ်ဆာနေကြတဲ့ မိဘမျိုးတွေပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရပါတယ်… ကိုယ့်ခလေး ကိုယ်ကြိုက်တာလုပ်နိုင်ပါတယ်… ကိုယ့်သားသမီး ကိုယ်ကြိုက်သလိုပုံသွင်း နိုင်ပေမယ့်တစ်ခုတော့ သတိပေးချင်ပါတယ် ပစ်ချင်သလို ပစ်ထားတဲ့မျိုးစေ့… ပေါက်ချင်သလိုပေါက်မှာပဲဆိုတာ မမေ့ပါနဲ့နော်….။ ( ချစ်ခြင်းကို နှစ်ခြင်းဖြင့် အနိုင်မယူမိပါစေနှင့် ) … .. . Crd..~.. Daw Aye Ma Ma Myo ( EFG
Show all...
ဟိုက်ဂျက်ကားစီးတဲ့သူတွေ မဖြစ်မနေ သိသင့်တဲ့ အချက်များ (အလွန်အရေးကြီးပါတယ်) မြန်မာပြည်မှာ အသုံးအများဆုံးဖြစ်တဲ့ ဟိုက်ဂျက် (Hijet) ဟုခေါ်သော အပေါ့စားကုန်တင်ယာဉ်များ အကြောင်း လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ အင်ဂျင်ပါဝါ ၆၆၀ စီ ယာဉ်ငယ်အကြောင်း သိထားသင့်သောအချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဓာတ်ဆီယာဉ်၏ အင်ဂျင်ကို ဘေးစောင်း တည်ဆောက် ထားသောကြောင့် လည်ပတ်နှုန်းအလွန်ကောင်းပါတယ်။ အပေါ့ဆွဲမှာ ဆိုင်ကယ်ကဲ့သို့သွက်ပါတယ်။ ကုန်ပါရင် (သို့မဟုတ်) လူများရင် ထင်သလို၊ လိုသလိုနင်းတိုင်း‌ မပါတော့ပါ။ အရှိန်ယူရပါမယ်။ ဝိတ်ပါရင် ကားကလူးပါတယ်၊ ထိန်းရလည်း ခက်ပါတယ်၊။ စတုပ်တိုးသောအင်ဂျင်များသည် ခါလီမှာသာပြေးတာပါ။ ဝိတ်များရင် မနိုင်လို့နင်းရင် မတက်ဘူးခင်ဗျ။ ရှေ့ကားကိုကျော်ဖို့ခက်ခဲပါတယ်။ တင်ဆောင်နိုင်သောဝန်အား - ဒီကားတွေကို ၃၅၀ ကီလိုဂရမ်သာ တင်နိုင်ရန် ထုတ်လုပ်ထားတာပါ။ ပေါင် ၇၇၀ သာတင်ခွင့်ပေးထားပါတယ်။ ဝလျှင် ၄ ဦး ပိန်လျှင် ၅ ဦး၊ ဝိတ်နဲ့ညီမျှပါတယ်။ အမိုးကိုင်း ဝိတ်ထည့်ပေါင်းရင် လူ ၇ ဦးစာခန့်ရှိပါတယ်။ ခရီးဝေးသွားရင် ဒီဝိတ်မှာ အမိုးကိုင်း ဝိတ်က ပိုနေပါပြီ။ အထုပ်အပိုး ဝိတ်က ၂ ဦးစာလောက်ရှိလျှင် စုစုပေါင်းလူ ၉ ဦးဝိတ်ဖြစ်သွားပါပြီ။ တင်နိုင်အားထက် ၄ ဦးစာ ဝိတ်ပိုနေပါပြီ။ မူလထုတ်လုပ်ထားသော အခြေခံမှတွက်ချက်ပြခြင်းသာ ဖြစ်ပါတယ်။ လိုအပ်သလို ချင့်ချိန်ပြီး အသုံးပြုနိုင်ရန်အကြံပေးခြင်းသာဖြစ်ပါတယ်။ အခုဟိုက်ဂျက်ကားကို အိုဗာဝိတ်တင်ပြီး ဝီခေါ်နေအောင်မောင်းကြတယ်၊ ကျော်တက်ကြတယ်၊ အခန့် မသင့်ပဲမှေ-ာက်တော့ စိတ်မကောင်းစရာတွေဖြစ်ကြရော။ လူ့အသ-က်တွေပါ ဆင်ခြင်ကြစေလိုပါတယ်။ ခရီးဝေးသွားရင် အမိုးကိုင်းအလေးချိန်၊ အထုပ်အပိုးအလေးချိန်များကို ထည့်ပေါင်းပေးကြပါ၊ ကုန်ပစ္စည်းသည် အောက်ဝိတ် ဖြစ်သောကြောင့် ကားအနည်းငယ်သာလူးပါတယ်။ လူက အပေါ်ဝိတ်ဖြစ်သောကြောင့် ကားလူးပါသည်။ ပေါင် ၇၇၀ သည် ဆန် ၇ အိတ်ဝိတ်ဖြင့် ညီမျှသော်လည်း အောက်ဝိတ်ဖြစ်သောကြောင့်ကားမလူးပါ။ #ဟိုက်ဂျက် #ကားဝိတ်
Show all...
ပါမောက္ခချုပ်ဆရာတော်ကြီး အမြဲရွတ်ဆို ပူဇော်လေ့ရှိသော ဘုရားရှိခိုး ဂါထာတော် 🙏🙏🙏 ကရုဏာ သီတလ ဟဒယံ၊ ပညာ ပဇ္ဇောတ ဝိဟတ မောဟတမံ၊ သနရာမရ လောကဂရုံ၊ ဝန္ဒေ သုဂတံ ဂတိ ဝိမုတ္တံ။ ဧတေန သစ္စဝဇ္ဇေန၊ သုခိတာ ဟောန္တု ပါဏိနော။ ဂရုဏာ သီတလ ဟဒယံ၊ မဟာကရုဏာတော်မြတ် အတွင်းဓာတ်ဖြင့် လှပ်လှပ်ဖွေးလှ၊ အေးမြစည်ပင် ကြည်လင်သော ရွှေစိတ်နှလုံးတော်လည်း ရှိတော် မူပေထသော။ ပညာ ပဇ္ဇောတ ဝိဟတ မောဟတမံ၊ အရဟတ္ထ မဂ် ပညာတည်းဟူသော ဆီမီးရောင်ဖြင့် အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ပယ်ဖျောက်တော်မူပြီးထသော။ သနရာမရ လောကဂရုံ၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံး၏ ညွှတ်ရုံးဦးခိုက် အလေးအမြတ်ပြုထိုက် သော ဆရာတစ်ဆူ ဖြစ်တော်မူပေထသော။ ဂတိဝိမုတ္ထံ၊ ဒေဝ၊ မနုဿ၊ နိရယနှင့် ပေတ၊ တိရစ္ဆာန် လားရန်အရှိ ငါးတန်သော ဂတိမှလည်း အထူးသဖြင့် ကင်းလွတ်တော်မူပြီးထသော။ သုဂတံ၊ စကားခြောက်ခွန်း လူ၌ထွန်းလည်း နှစ်ခွန်းကိုသာ အကျိုးရှိရာကို ကောင်းစွာမသွေ ဆိုတော်မူတတ်ပေသော။ ဗုဒ္ဓံ၊ သစ္စာလေးပါး မြတ်တရားကို ပြတ်သားထင်ထင် သိမြင်ပေတတ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ အဟံ၊ ဘုရားတပည့်တော်သည်။ သာဒရံ၊ လေးမြတ်ကြည်ညို ရိုသေခြင်း ရှိသည် ဖြစ်၍။ တီဟိ၊ လက်အုပ်အဉ္ဇလီ နှုတ်သံချီလျက် ကြည်ရွှင်မနော သုံးပါးသော ပဏာမတို့ဖြင့်၊ ဝန္ဒေ-ဝန္ဒာမိ၊ အများသူငါ ဘေးရန်ကင်းကွာ၍ ချမ်းသာစေကြောင်း ဆုမွန်တောင်းလျက် ဦးခေါင်းညွတ်ကျိုး လက်စုံမိုးကာ ရှိခိုးပါ၏ မြတ်စွာဘုရား။ ဧတေနသစ္စဝဇ္ဇေ၊ ဤသို့ နှုတ်သံ ဖော်ထုတ်ပြန်၍ ဟုတ်မှန်သော ပဏာမသစ္စာစကားကို ပြောဆိုရလေသောကြောင့်။ ပါဏိနော၊ များလှသောင်းသောင်း သတ္တဝါအပေါင်းတို့သည်။ သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ နိဒ္ဒုက္ခာစ၊ ဆင်းရဲခပ်သိမ်းမှလည်း ကင်းငြိမ်းကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ နိဗ္ဘယာစ၊ ဘေးရန်ခပ်သိမ်းမှလည်း ကင်းငြိမ်းကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ အသောကာစ၊ မညှိုးမမှိန် တန်ခိုးရှိန်လျက် စိုးရိမ် မနှောင့် ကြောင့်ကြပူဆွေး ငိုကြွေးခြင်းမှလည်း ကင်းငြိမ်းကြကုန်သည်၊ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ ဟောန္တု၊ ယခု ဆိုအပ်သော သစ္စာစကားနှင့် ပို့လွှတ် အပ်သော မေတ္တာဓာတ်အရှိန်အဝါကြောင့် အချိန်မကြာ ကိုယ်စီကိုယ်ငှ ဖြစ်တော်မူကြပါစေကုန်သတည်း။ 🙏🙏🙏
Show all...
🙏 2👍 1
ဘယ်လောက်ပဲ လူစိတ်အပြည့်အဝနဲ့ ကူညီနေပါစေ။ ကူညီခံရသူက လူစိတ် မရှိရင် မလွယ်ဘူး။ တိရစ္ဆာန်တောင်မှ ကိုယ့်ကို ကယ်ရင် ကယ်မှန်း သိပြီး ငြိမ်သက်ခြင်းဖြင့် ကူညီပြီး လိုက်ပါလာသေးတယ်။ ဒုက္ခဘေးနဲ့ ကြုံတွေ့နေရတာတောင် အသိတွေ ကန်းနေကြသေးတယ်။ ခုလို ဘေး ကြုံတော့ ဘယ်မလဲ တော်လှန်ရေးသမားဆိုသူတွေ ...??? ဘယ်မလဲ တိုင်းရင်းသား အမည်ခံ လက်နက်ကိုင်တွေ ... ??? ထွီ
Show all...
16.67 MB
4.89 MB
23.09 MB
1.58 MB
55.66 MB
🥴 2👍 1
ခင်ပွန်း သို့မဟုတ် ဖခင် ================ မိမိတို့အလိုရှိရာ အားလုံးကို မဖြည့်ဆည်းပေးနိုင်၍ ‌‌မိမိခင်ပွန်း၊ ဖခင်ကို အားမလို အားမရ ဖြစ်နေသော ဇနီးနှင့်သားသမီးများသို့......................... မိမိ ခင်ပွန်း၊ဖခင် ဖြစ်သူသည် မိသားစုလိုအပ်ချက်များကိုဖြည့်ဆည်းရန် အလုပ်ခွင်မှာ သူဘယ်လောက် ရုန်းကန်ခဲ့ရလဲဆိုတာ သိကြပါရဲ့လား။ လုပ်ငန်းခွင်မှာ အကြီးအကဲ များ၏ ဆူပူမှု ခံပြီး အလုပ် လုပ်နေခဲ့ရတာတွေကို သိကြပါရဲ့လား၊။ တစ်ချို့ ကိစ္စတွေ မှာ မတရားတာ သိပေမဲ့ အလုပ်ပြုတ်၊ မိသားစုဝင်ငွေမဲ့မှာ စိုးလို့ ‌ဒေါသကို မျိုချ၊ ဘာမှ ပြန်မပြောပဲ အောက်ကျို့ခံ လုပ်ခဲ့ရတာတွေကို သိကြပါရဲ့လား။ အလုပ်တာဝန်တွေထမ်းဆောင်ရင်း မတော်တဆဖြစ်စဥ်တွေကြောင့် အသက်၊ ခန္ဓာ ဆုံးရှုံးနိုင်တဲ့ အလုပ်များကို ကြိတ်မှိတ်လုပ်ခဲ့ရတာတွေ သိကြပါရဲ့လား။ အလုပ် မပြီးလို့ နှင့် တခါတရံ ပေါ်လာတဲ့ လုပ်ငန်းခွင် အရေးပေါ် ကိစ္စတွေကြောင့် ထမင်းလွတ်ခဲ့ရတာတွေ သိကြပါရဲ့လား။ လုပ်ငန်းခွင် မှာ ချွေးသန်း ပေါင်း မည်မျှထွက်ခဲ့ရတာတွေကို သိကြပါရဲ့လား။ အလုပ်အပြန်မှာ မိသားစု စိတ်မဆင်းရဲရအောင် ပြုံးပြနေပေမဲ့ ရင်ထဲမှာ မျက်ရည်များစွာစီးဆင်းနေတဲ့ အချိန်တွေကို သတိထားကြမိပါရဲ့လား။ မိသားစုပျော်ရွှင်နေတာကိုမမြင်ချင်တဲ့အိမ်ထောင် ဦး စီးဆိုတာမရှိပါဘူး။ သူ မသေခင်မှာ .. အသက်ရှင်နေစဥ်မှာ နားလည်ပေးပြီး၊ အပြစ်တင်ခြင်းနဲနဲ နှင့် ဂရုစိုက်ပေးခြင်းဖြင့် သူ့ကို တန်ဖိုးထားနားလည်ပေးကြပါ။ မနက်ဖြန်မှာ သူ အသက်ဆက်ရှိနေမယ်ဆိုတာ မသေချာလို့ပါ။ မေတ္တာဖြင့် ဝင်းအိုရှီ
Show all...
Photo unavailableShow in Telegram
လူတွေ ဘယ်လောက် လည်လှပါချည်ရဲ့ ဖျံကျနိုင်လှပါချည်ရဲ့ ဆိုဆို တဦးချင်းဆို ဗျဿနဒဏ် ဒါမှမဟုတ်ရင် ရာဇဒဏ် အဲ့သလို ရာဇဒဏ် မှ လက်လှမ်းမမီ‌တဲ့ အစုအဖွဲ့ကြီးဆို သဘာဝဘေးဒဏ်က အသင့် စောင့်နေပါတယ်။ လူစိတ်ဝင်နိုင်ကြပါစေ ..... ဗုဒ္ဓ ဘာသာရဲ့ ဩဝါဒ အနှစ်သာရတွေကို ကောင်းစွာ ကျင့်သုံးလာနိုင်ကြပါစေ။ မေတ္တာဖြင့် #မင်္ဂလာဘိသိက်တော် #TinThetPye
Show all...
👍 1 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.