cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Univese Movie Channel

ကြော်ညာကိစ္စများအတွက် @davidluke6 ကို ဆက်သွယ်လို့ရပါတယ်ခင်ဗျ

Show more
Advertising posts
70 027
Subscribers
+13724 hours
+3077 days
+2 75730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Repost from N/a
Photo unavailableShow in Telegram
❝ သာမာန်လူတစ်ယောက်ထင်ပြီး တွဲလိုက်မိတာ ❞ - ကြေးစားလူသတ်သမားဖြစ်နေတဲ့အခါ ရုပ်ရှင်အညွှန်း - IMDb rating 6.3/10 ရရှိထားပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၈ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားလေးဟာဆိုရင်ဖြင့် ကောင်မလေးတယောက်က ကောင်လေးတယောက်ကို ကြွေမိပြီး ချစ်ကြိုက်မိရာမှာ ထိုကောင်လေးဟာ တရားခံပြေးတယောက်ဖြစ်နေခဲ့သည်ကို သိရှိခဲ့ရတဲ့ အခါမှတော့ မည်သို့မည်ပုံ ဆက်လက်ကြုံတွေ့ရမည်ကို ဟာသဆန်ဆန် ရိုက်ကူးပြသထားသည်ကို ပရိတ်သက်ကြီးကဘဲဆက်လက် ကြည့်ရှုခံစားကြပါအုံးလို့ ဒီဇာတ်ကားမှာဆိုရင်တော့ မစ္စတာရိုက် အဖြစ် မင်းသားကြီး Sam RockWell ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Anna Kendrick ကပါ ပါဝင်အားဖြည့်ပြီး အက်ရှင် ဟာသကားတကား အနေဖြင့်ပရိတ်သတ်ကြီးကို တကားလုံး မပျင်းရိစေဘဲ ဆွဲဆောင်သွားမှာဖြစ်ပါတယ်။ 🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯 🆕👑Channel Link https://t.me/+Lf2oYIUlK6ZkMDc1 🔖✉️ဇာတ်ကားကြည့်ရန် Link https://t.me/c/2022699255/1015 🖥💎Main Channel Link Join ထားပါ https://t.me/addlist/bgYawONj5HpkZDc1
Show all...
👍 2
Repost from N/a
Photo unavailableShow in Telegram
❝ မသေမျိုးအဖြစ်နေခွင့်ရဖို့အတွက် စေတန်နဲ့ အပေးအယူလုပ်ခဲ့တဲ့သူ ❞ - Horror/Thriller ရုပ်ရှင်အညွှန်း - နာမည်ကျော် သဘာဝလွန်ရုပ်ရှင် The Crow 1994 ကိုပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်လာပါပြီ။မင်းသားကတော့ IT ထဲက လူပြက်ကြီး Bill Skarsgård ပါ။ဒါရိုက်တာကတော့ Ghost in the shell 2017 ရဲ့ဖန်တီးရှင်Rupert Sanders ပါပဲ။ ဇာတ်လမ်းအကျဉ်း ဗင်းဆင့်ရို့ဆိုတဲ့လူဟာ စေတန်နဲ့အပေးအယူလုပ်ထားပြီး အပြစ်မဲ့တဲ့သူတွေရဲ့ ဝိညာဉ်တွေကို ငရဲကိုပို့ပေးနေပါတယ်။ ဒီလို ပို့ပေးနေသ၍သူဟာ မသေမျိုးအဖြစ် နေခွင့်ရတာပါ။ တစ်နေ့မှာတော့ အရမ်းချစ်တဲ့စုံတွဲနှစ်ယောက်ထဲက ကောင်မလေးရဲ့ဝိညာဉ်ကို ငရဲကိုပို့လိုက်တယ်။အဲဒီအချိန်မှာ ကောင်လေးရဲ့ ဝိညာဉ်က အရမ်းကို ဝမ်းနည်းကြေကွဲတဲ့ရလဒ်အနေနဲ့ တမလွန်ကို ရောက်မသွားဘဲ လေလွင့်သွားပါတော့တယ်။အဲဒီလေလွင့်သွားတဲ့ဝိညာဉ်ကိုပဲ ကမ္ဘာပေါ်က စေတန်နဲ့ အပေးအယူလုပ်ထားတဲ့ လက်ပါးစေတွေကို ရှင်းဖို့ စွမ်းအားတွေနဲ့အတူ တာဝန်ပေးခံလိုက်ရပါတော့တယ်... 🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯 🆕👑Channel Link https://t.me/+oexlmfYOT3kyZjJl 🔖✉️ဇာတ်ကားကြည့်ရန် Link https://t.me/c/2403446816/6 🖥💎Main Channel Link Join ထားပါ https://t.me/addlist/fxlIWXF69WQ5ZTNl
Show all...
👍 2
Repost from N/a
Photo unavailableShow in Telegram
❝ ငယ်ငယ်ကတည်းက အရမ်းချမ်းသာတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝအတက်အကျ အကြောင်းကို ရိုက်ကူးပြသထားတဲ့ ဟာသရုပ်ရှင် ❞ - Family/Comedy ရုပ်ရှင်အညွှန်း - ဒီ Richie Rich က ကျွန်တော်တို့ ငယ်ဘဝရဲ့ အမှတ်တရဖြစ်တဲ့ Home Alone ထဲက မင်းသား Macaulay Culkin ရဲ့ နောက်ထပ် ကလေးကားတစ်ကားပါပဲ။ ပျော်စရာကောင်းပြီး ရယ်ရတဲ့ ဇာတ်ကားလေးပါ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဦးချမ်းသာနဲ့ ဒေါ်ချမ်းသာတို့က မွေးလာတဲ့ မောင်ချမ်းသာလေးအကြောင်းပေါ့။ သူက ကမ္ဘာပေါ်က စျေးအကြီးဆုံး ဇိမ်ခံပစ္စည်းတွေ ကစားစရာတွေ ရှိထားပေမဲ့ သူငယ်ချင်းဆိုလို့ သူ့ရဲ့ အိမ်တော်ထိန်းတစ်ယောက်ပဲရှိပါတယ်။ ဆင်းရဲသားကလေးတွေ လမ်ဘေးမှာ ပျော်ပါးကစားနေတာကိုတွေ့ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာ သူ့အမေနဲ့ အဖေတို့ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့အချိန် လူဆိုးဝင်လာပြီး သူ့ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ အဲဒီပြဿနာကို သူ့ရဲ့သူငယ်ချင်းအသစ်တွေနဲ့ အတူဖြေရှင်းကြတာကို ကြည့်ရမှာပါ။ ထပ်ပြီး ပြောရရင် ကစ်ဇုန်တို့ ပုတက်တို့ စွယ်စုံတို့က ကျွန်တော်တို့ ငယ်ဘဝကို တော်တော်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ရွှေသွေး၊ တတိုင်းမွှေး၊ မိုးသောက်ပန်းတို့လိုကာတွန်းတွေကတော့ ငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို နေရာယူထားပေမဲ့လည်း သူတို့ကတော့ ဗမာကာတွန်းတွေများခဲ့တယ်။ ဇာတ်လမ်းတွေလည်းပိုကြမ်းသလို ကွာလတီလည်းပိုကောင်းတဲ့ ကစ်ဇုန်တို့ပုတက်တို့ကိုတော့ ပိုသဘောကျခဲ့ကြတာပေါ့။ ဘဲကပ်စေး၊ အချိန်ခရီးသွားစွန့်စားခန်းထွက်တဲ့ကြွက်၊ ဂျက်ဟတ်၊ ရစ်ချီရစ်၊ ငှက်ပျောသီးလူသား၊ စကူဘီဒူး၊ နောက်ဆုံး စပိုက်ဒါမန်းတို့ တင်းတိုက်တန်တို့လို စူပါဟီးရိုးဇာတ်လမ်းတွေအထိ ဒီဂျာနယ်တွေမှာ ကျွန်တော်တို့ အရင်ရင်းနှီးခဲ့တယ်လို့ ပြောရမယ်။ ကွာလတီကောင်းကောင်းနဲ့ နောက်မှထွက်တဲ့ အိန်ဂျယ်ဂျာနယ်တို့ ဘာတို့မှာလည်း ဒီလိုရင်းနှီးရတာတွေ ရှိသေးတယ်။ စွယ်စုံကတော့ ဇာတ်လမ်းအကောင်းဆုံး။ ကစ်ဇုန်နဲ့ပုတက်ကတော့ ကဏ္ဍအစုံဆုံးနဲ့ Panel တွေအလှဆုံး။ အဲဒီ့နောက် ပုတက်က လစဉ်ပြောင်းသွားတော့ တတိုင်းမွှေးဆန်ဆန် တွက်ပီတို့ မောင်မောင်ဇာတို့နဲ့ ပြောင်းထုတ်တဲ့အထိတော့ ကောမစ်ဂျာနယ်ခေတ်က ကောင်းခဲ့ပါသေးတယ်။ အခုတော့ ဘာမှမရှိကြတော့ဘူး။ ဒီ ရစ်ချီရစ် တဖြစ်လဲ မောင်ချမ်းသာ ဇာတ်လမ်းကတော့ ကျွန်တော်တို့ ငယ်ဘဝတွေရဲ့ အမှတ်တရလို့ပဲ ပြောရမှာပါပဲ။ ဒီလိုခေတ်မှာ ဒါတွေပြန်ကြည့်ရတာကလည်း လွမ်းစရာကောင်းနေပြန်ပါတယ်။ 🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯 🆕👑Channel Link https://t.me/+Lf2oYIUlK6ZkMDc1 🔖✉️ဇာတ်ကားကြည့်ရန် Link https://t.me/c/2022699255/1001 🖥💎Main Channel Link Join ထားပါ https://t.me/addlist/bgYawONj5HpkZDc1
Show all...
Repost from N/a
Photo unavailableShow in Telegram
❝ မှော်ကမ္ဘာထဲက လွတ်မြောက်လာတဲ့ လိုရာကိုပုံဖော်နိုင်တဲ့ မှော်ခဲတံပိုင်ရှင်နဲ့ တွေ့သွားတဲ့ မိသားစု ❞ - Family/Comedy ရုပ်ရှင်အညွှန်း - Harold and the Purple Crayon ကတော့ ဟာသ၊ စွန့်စားခန်းနဲ့ စိတ်ကူးယဉ်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ကလေးတွေရဲ့ဂန္ထဝင် ကာတွန်းဖြစ်တဲ့ Harold ကို အခြေခံရိုက်ကူးထားတာပါ။ ကာတွန်းစာအုပ်ထဲကာဟာရိုးလ်ဟာ ခရမ်းရောင် ရောင်စုံခဲတံနဲ့ သူဆွဲလိုက်တဲ့အရာတိုင်းက အသက်ဝင်လာပြီး ကာတွန်းကမ္ဘာထဲမှာ ကိုယ်ပိုင်စွန့်စားခန်းတွေထွက်လေ့ရှိပါတယ်။ ဟာရိုးလ်နဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့သမင်နဲ့ဖြူကောင်အပြင် ဇာတ်ကြောင်းပြောသူ ပါရှိခဲ့ပေမယ့် တစ်နေ့မှာ ဇာတ်ကြောင်းပြောသူရဲ့ အသံကို မကြားရတော့တဲ့အတွက် ဟာရိုးလ်တစ်ယောက် ပြင်ပကမ္ဘာကို ထွက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရောင်စုံခဲတံနဲ့ဆွဲတဲ့တံခါးကတစ်ဆင့် ပြင်ပကမ္ဘာအစစ်ကိုရောက်ရှိ လာတဲ့ဟာရိုးလ်ဟာ တယ်ရီနဲ့မဲလ်တို့သားအမိနဲ့တွေ့ဆုံခဲ့ပြီး အပြန်အလှန် ကူညီကြရင်း ဟာရိုးလ်က သူ့အဖေလို့မှတ်ယူထားတဲ့ဇာတ်ကြောင်း ပြောသူကို လိုက်လံရှာဖွေနေခဲ့ပါတယ်။ မဲလ်ရဲ့အကူအညီနဲ့ စာကြည့်တိုက်တစ်ခုမှာသွားရှာရာကနေ စာကြည့် တိုက်မှူးဂယ်ရီက ဟာရိုးလ်ရဲ့ဘာမဆိုဖန်တီးနိုင်တဲ့ရောင်စုံခဲတံကို လောဘတက်ပြီး အပိုင်သိမ်းဖို့ကြံစည်ပါတော့တယ်။ ဟာရိုးလ်က ရောင်စုံခဲတံနဲ့ လူတွေကိုပျော်ရွှင်အောင် ဖန်တီးပေးလေ့ရှိပေမယ့် ဂယ်ရီကတော့ သူ့ရဲ့အမုန်းတွေ၊ လက်စားချေလိုစိတ်တွေအတွက် အသုံးချဖို့လုပ်ဆောင်လာတဲ့အခါ ဟာရိုးလ်တစ်ယောက် ကမ္ဘာအစစ်ထဲက သူချစ်တဲ့သူတွေကို ဘယ်လိုပြန်လည်ကယ်တင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ 🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯 🆕👑Channel Link https://t.me/+Lf2oYIUlK6ZkMDc1 🔖✉️ဇာတ်ကားကြည့်ရန် Link https://t.me/c/2022699255/997 🖥💎Main Channel Link Join ထားပါ https://t.me/addlist/bgYawONj5HpkZDc1
Show all...
Repost from N/a
Photo unavailableShow in Telegram
❝ လွတ်မြောက်ဖို့အတွက် မြောက်ကိုရီးယားကနေ တောင်ကိုရီးယား နိုင်ငံထဲကို ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ❞ - Action/Thriller ရုပ်ရှင်အညွှန်း - ဒီတစ်ခါမှာတော့ Taxi Driver, Chief Detective1958 တို့လို rating အမြင့်ဆုံးရထားတဲ့seriesတွေထဲက မင်းသား Lee Je Hoon၊ D.P., Parasyte: The Grey ဇာတ်ကားတွေမှ မင်းသား Koo Kyo Hwan၊ Hopeless ထဲမှ မင်းသား Hong Xa Bin တို့ အဓိကပါဝင်ထားပြီး Song Kang cameo ပါဝင်ထားတဲ့ အရမ်းပေါက်နေတဲ့ မြောက်ကိုရီးယား တပ်ပြေးဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မြောက်ကိုရီးယားစစ်သား အင်ဂယူနမ်ဟာ တောင်ကိုရီးယားမှာ လွတ်လပ်မှုကို အိပ်မက်မက်ရင်း မျှော်လင့်ချက်အပြည့်ရှိတဲ့ ဘဝအသစ်တစ်ခုစတင်ဖို့  အိပ်မက်မက်နေသူပါ။ ဒါကြောင့် သူ့အိပ်မက်ဖြစ်မြောက်ဖို့အတွက်ဆိုရင် အမိနိုင်ငံကနေ ထွက်ပြေး စစ်မဲ့ဇုန်ကို ‌ကျော်ဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ရမှာပဲဖြစ်ပါတယ် တစ်နေ့မှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့လုပ်ရင်း စစ်သား‌လေး ဒုံဟျော့ဆီမှာ မိသွားပါတော့တယ်။ အဲဒီနေရာကို ဗိုလ်မှူးရီဟျွန်းဆန်းပါ ရောက်ရှိလာတဲ့အခါမှာတော့...။ နှစ်ပေါင်းများစွာ တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဂယူနမ်ကို နည်းမျိုးစုံနဲ့ တားနေတဲ့ ဗိုလ်မှူးရီဟျွန်းဆန်းတစ်ယောက် ဒီတစ်ခါမှာရော တားနိုင်ဦးမှာလား။ ဂယူနမ်ကရော သူ့အိပ်မက်တွေဖြစ်မြောက်အောင် ထွက်ပြေးပြီး လွတ်လပ်မှုကို ရှာဖွေနိုင်ပါ့မလားဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ရှုစားလိုက်ကြရအောင်နော်။ 🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯 🆕👑Channel Link https://t.me/+Lf2oYIUlK6ZkMDc1 🔖✉️ဇာတ်ကားကြည့်ရန် Link https://t.me/c/2022699255/992 🖥💎Main Channel Link Join ထားပါ https://t.me/addlist/bgYawONj5HpkZDc1
Show all...
1
Repost from N/a
Photo unavailableShow in Telegram
❝ CIA ရဲ့ သူလျှိုမစ်ရှင်တစ်ခုမှာ ထင်ထားသလိုဖြစ်မလာပဲ တစ်မြို့လုံးကို ဖျက်ဆီးနိုင်တဲ့ နျူးကလိယ ဗုံးနဲ့ ပက်သက်နေတဲ့အခါ ❞ - Action/Comedy ရုပ်ရှင်အညွှန်း - ဂျိတ်ဟေးစ်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီးတော့ လက်မှတ်မှောင်ခိုရောင်းလိုက်၊ ပန်းခြံမှာ စစ်တုရင်ကစားပြီး ငွေရှာလိုက်နဲ့ လုံးချာလိုက်နေပေမယ့် ဂေါင်းကြီးတို့နဲ့ မတူတာကတော့ သူ့မှာ ဂျူလီဆိုတဲ့ ကောင်မလေးတော့ရှိပါတယ်။ ဒါပေမဲ့ သူ့ကောင်မလေးက အဖြစ်မရှိတဲ့ ဂျိတ်ကြောင့် သူ့ရည်းစားဟောင်းရှိတဲ့ တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ ပြောလာပါတော့တယ်။ အဲဒီအချိန်မှာ သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် စီအိုင်အေက ခေါ်သွားပြီးတော့ သူ့မှာ ငယ်ငယ်တုန်းက ကွဲသွားတဲ့ အမြွာအစ်ကိုရှိတဲ့အကြောင်း၊ သူ့အမြွာအစ်ကိုက စစ်ဆင်ရေးတစ်ခုမှာ ဆုံးသွားတဲ့အကြောင်း ပြောပြပြီးတော့ အန္တရာယ်မရှိတဲ့ သာမန်စစ်ဆင်ရေးမှာ သူ့အစ်ကိုဟန်ဆောင်ပေးဖို့ ငွေအများကြီး ကမ်းလှမ်းပါတော့တယ်။ ဒီတော့ သူကောင်မလေးကို ဆုံးရှုံးရမှာစိုးတဲ့အတွက် စီအိုင်အေကို သဘောတူလိုက်ပေမဲ့ စစ်ဆင်ရေးက သူထင်ထားသလို သာမန်မဟုတ်ပဲ တစ်မြို့လုံး ပြောင်သလင်းခါသွားနိုင်တဲ့ နျူးကလီးယားဗုံးနဲ့ ဆက်စပ်နေပြီး ကျားမြီးပြေးဆွဲနေရမဲ့အနေအထား ရောက်လာတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရမှာဖြစ်လို့ အူတက်အောင် ခွီချင်ရင် ကြည့်သာကြည့်လိုက်ကြပါတော့ ဂေါင်းကြီးတို့ 🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯 🆕👑Channel Link https://t.me/+Lf2oYIUlK6ZkMDc1 🔖✉️ဇာတ်ကားကြည့်ရန် Link https://t.me/c/2022699255/999 🖥💎Main Channel Link Join ထားပါ https://t.me/addlist/bgYawONj5HpkZDc1
Show all...
👍 3
Repost from N/a
00:03
Video unavailableShow in Telegram
🔠🔠🔠🔠🔠🔠🔠 🔠 🔠 နိုင်သလောက်လျော်တဲ့ ဝဘ်ဆိုက်ကြီး 💵 TELEBET MM စိတ်ချမှန်ကန်တဲ့ ဝဘ်ဆိုဒ် ခေတ်မှီဆန်းသစ်တဲ့ ဂိမ်းများ တိကျမြန်ဆန်တဲ့ ဝန်ဆောင်မှု အကောင့်သစ်ဘောနပ် 5️⃣0️⃣🔣 လစဉ် ရှုးကြေးပြန်ပေး 5️⃣🔣 👨‍👨‍👦‍👦Viber Ph - +959 944456666 💎Link:   https://msng.link/o?+959944456666=vi ✈️Telegram - @telebetmmofficial 📱Line - https://msng.link/o?telebetmm=ln 🌐Page - Telebet MM 💎Link - https://www.facebook.com/profile.php?id=10007974334720
Show all...
19.mp43.54 MB
Repost from N/a
Photo unavailableShow in Telegram
❝ အဖွားမဆုံးခင် အဖွားနဲ့အတူ အချိန်ကုန်ဆုံးဖို့ ကြိုးစားတဲ့ အကြောင်းရိုက်ကူးပြသထားတဲ့ အရမ်းကြည့်လို့ကောင်းတဲ့ ရုပ်ရှင် ❞ - မျက်ရည်မခိုင်သူတွေအတွက် ရုပ်ရှင်အညွှန်း - ဒီရုပ်ရှင်ကတော့ ရုံတင်ကတည်းက ငိုရတယ်ဆိုပြီး လူပြောများကြသလို ရုံတင်ဝင်ငွေတွေလဲ သောက်သောက်လဲရရှိခဲ့တဲ့ ထိုင်းရုပ်ရှင်ကားလေးဖြစ်ပါတယ်။ GDH Production က ထုတ်တဲ့ ထိုင်းရုပ်ရှင်ကားတိုင်း Rating မြင့်တဲ့ Quality Product တွေဖြစ်ပြီး တစ်နှစ်မှ ၁ ကား ၂ ကားသာ ထုတ်တတ်လို့  ပရိတ်သတ်တွေအနေနဲ့ နှစ်ပေါက်အောင်စောင့်ရတာလဲ အစဉ်အလာဖြစ်နေပါပြီ။ How to Make Millions Before Grandma Dies (2024) ရုပ်ရှင်ကားဟာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ရုံတင်ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီး Box Office စုစုပေါင်း $27 million ထိ ရရှိခဲ့တာကြောင့် အားလုံးရဲ့အံ့ဩခြင်းကိုပါ ရယူနိုင်ခဲ့ပါတယ်။ အနုပညာအရလဲ အောင်မြင်မှုကြီးမားခဲ့ပြီး ကြည့်ဖူးတဲ့လူတိုင်းနီးပါးက နှလုံးသားချင်းနီးစပ်တဲ့ရုပ်ရှင်လို့သတ်မှတ်ကြသလို IMDb Rating မှာလဲ လူပေါင်း ၃ထောင်ကျော်မှ Rating (8.4/10) ထိ ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့.... M ဆိုတဲ့ ကောင်လေးဟာ ဂိမ်းပဲစိတ်ဝင်တစားဆော့နေတတ်တဲ့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး လူငယ်ပီပီ ဘာကိုမှအလေးအနက်သိပ်မထားတတ်ဘဲ ပေါ့ပေါ့နေပေါ့ပေါ့စားဘဝကိုဖြတ်သန်းနေသူပါ။ တစ်နေ့တော့ သူ့သူငယ်ချင်းတယောက် အမွေရတာကိုအားကျပြီး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တဲ့ သူ့အဘွားရဲ့နောက်ဆုံးအချိန်တွေကို သွားပြုစုဖို့ကြံစည်ပါတော့တယ်။ ဒါမှ အဘွားဖြစ်သူရဲ့အမွေတွေကို သူရရှိနိုင်မယ်လို့ယူဆခဲ့လို့ပါပဲ။ ဘဝရဲ့နောက်ဆုံးအချိန်တွေကို သိသိကြီးနဲ့ဖြတ်သန်းတော့မယ် အဘွားဖြစ်သူရဲ့ ဆန္ဒတွေကရော ဘာတွေဖြစ်မလဲ.... လူ့လောကကြီးထဲကို ရောက်လာပြီး မိသားစုတစ်ခု အိမ်တစ်အိမ်ကိုတည်ထောင်ခဲ့ပြီး အိုမင်းလာချိန်မှာ လူ့လောကထဲကနေထွက်ခွာရတော့မယ့် လူတစ်ယောက်အတွေးမှာ ဘယ်လိုအရာတွေရှိနေမလဲ.... လူ့လောကထဲကိုခုမှကျင်လည်မယ့် မြေးနဲ့ လူ့လောကကိုနှုတ်ဆက်တော့မယ့် အဘွားတို့ရဲ့ကြားက မေတ္တာတရားတွေ မေ့လျော့နေကြတဲ့ မိသားစုအကြောင်းတွေ ...ရင်နာနာနဲ့ရယ်ရမယ့် လူ့လောကအကြောင်းတွေ ဒါတွေဒါတွေနဲ့ ဒီရုပ်ရှင်ကားက ရုပ်ရှင်ဆိုတာထက် မိမိတို့ရဲ့ဘဝကိုပါ ထင်ဟပ်သလိုဖြစ်လာခဲ့တဲ့အခါမှာတော့....။ အားလုံးတစ်ရှူးလေးတွေသုတ်ပြီး ငိုကြရတဲ့ မေတ္တာဖွဲ့ဘဝဇာတ်လမ်းဖြစ်လာပါတော့တယ်။ M အဖြစ် မင်းသားချော Billkin က သရုပ်ဆောင်ထားပြီး သဘာဝကျလွန်းတာကြောင့် အားလုံးရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ရုံတင်တုန်းက မကြည့်လိုက်ရတဲ့ CM ပရိတ်သတ်တွေအတွက် Netflix က ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ Engsub ကနေကြည့်ပြီး ဘာသာပြန်ထားရလို့ ထိုင်းဘာသာစကားအရလိုအပ်ချက်ရှိခဲ့ရင် နားလည်ကြည့်ရှုခံစားပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။ 🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯 🆕👑Channel Link https://t.me/+Lf2oYIUlK6ZkMDc1 🔖✉️ဇာတ်ကားကြည့်ရန် Link https://t.me/c/2022699255/995 🖥💎Main Channel Link Join ထားပါ https://t.me/addlist/bgYawONj5HpkZDc1
Show all...
👍 6 2🔥 1
Repost from N/a
Photo unavailableShow in Telegram
❝ ကလေးလေးကို ပြန်ပေးဆွဲဖို့ကြိုးစားတဲ့ အူတက်အောင်ရီရတဲ့ ဟာသကား ❞ - တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ရုပ်ရှင်အညွှန်း - ပုံကို မြင်လိုက်တာနဲ့ တော်တော်များများ "ဟာ ဒီကား ကိုမြန်မာစာတန်းထိုး နဲ့ တင်ပြီဟေ့" ဆိုပြီး တွေးမိကြမလားတော့မသိဘူး။ တစ်ခုတော့ ကြိုမှာထားပါရစေ။ဒီကားကြည့်ပြီးမိတ်ဆွေတို့ရဲ့မေးရိုး တွေအကြောကပ် အကြောညှပ် ဖြစ်သွားရင်တော့ လုံးဝ တာဝန်မယူ ပါဘူးလို့။ မြန်မာနိုင်ငံမှာ တော်တော်လေးကိုပေါက်ခဲ့တဲ့ကားဖြစ်ပြီး မသိသူလည်း ခပ်ရှားရှားရယ်။ ရုပ်ရှင်သိပ်မကြည့်ဖြစ်တဲ့သူတွေတောင်မှBaby's Day Out ကို နာမည် မသိရင်နေဇာတ်ကားကိုတော့ သိကြပါတယ်။ တော်တော်လေးလည်း ရယ်ရပါတယ်။ လုံးဝကို စိတ်ဖိစီးမှုတွေ ဖြေလျှော့ ပေးနိုင်တဲ့ကားပါ။ချမ်းသာတဲ့စုံတွဲတစ်တွဲရဲ့ကလေးကိုပြန်ပေးဆွဲဖို့ကြိုးစားတဲ့ ခပ်အအလူသုံးယောက်ကိုကလေး က ပညာပြန်ပေးပုံကို အူတက်အောင် ရိုက်ပြထားပါတယ်။ ဇာတ်လမ်းလေးကရိုးစင်းပေးမယ့် အဖြစ်အပျက်တွေက ဆန်းပြားလွန်းပါတယ်။ တော်တော်လေးကိုဟာသဆန်တဲ့ဇာတ်ကွက်တွေ ချီးကျူးစရာပါပဲ။ ကဲမိတ်ဆွေတို့။ဘာကိုစောင့်နေဦးမှာလဲ။ အပြေးသား ဒေါင်းကြပါတော့။ 🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯 🆕👑Channel Link https://t.me/+Lf2oYIUlK6ZkMDc1 🔖✉️ဇာတ်ကားကြည့်ရန် Link https://t.me/c/2022699255/985 🖥💎Main Channel Link Join ထားပါ https://t.me/addlist/bgYawONj5HpkZDc1
Show all...
Repost from N/a
00:05
Video unavailableShow in Telegram
အမ်းမလား ကြမ်းမလား 💖🎉 💸💸💸💸💸💸 💸 💸 စိတ်ချမှန်ကန်တဲ့ ဝဘ်ဆိုဒ် ခေတ်မှီဆန်းသစ်တဲ့ ဂိမ်းများ တိကျမြန်ဆန်တဲ့ ဝန်ဆောင်မှု အကောင့်သစ်ဘောနပ် 5️⃣0️⃣💯 လစဉ် ရှုးကြေးပြန်ပေး 5️⃣ 💯 📱Viber Ph - +959 944456666 Link:   https://msng.link/o?+959944456666=vi 📱Telegram - @telebetmmofficial 📱Line - https://msng.link/o?telebetmm=ln 🌐Page - Telebet MM Link - https://www.facebook.com/profile.php?id=10007974334720
Show all...
128_1 (1).mp46.73 MB
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.