cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

Myanmar Witness

Human Rights Reporting from Myanmar.

Show more
Advertising posts
12 412
Subscribers
+10724 hours
+1 1817 days
+5 45130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
💢အစီရင်ခံစာအသစ်: မင်္ဂလာဆောင်အခမ်းအနားအားတိုက်ခိုက်ခြင်း ၂၀၂၄ ခုနှစ် ဇွန်လ ၃ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာတွင် မင်္ဂလာဆောင်အခမ်းအနားတစ်ခုကျင်းပနေစဉ် လေကြောင်းတိုက်ခိုက်မှုနှင့် နောက်ဆက်တွဲလက်နက်ကြီးတိုက်ခိုက်မှုတို့ကြောင့် ထိုမင်္ဂလာဆောင်အားထိမှန်ခဲ့ပြီး အမျိုးသမီးနှင့်ကလေးများအပါအဝင် အနည်းဆုံးလူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ အပြည့်အစုံကို https://www.facebook.com/MyanmarWitness2021/posts/943478684480675 တွင်ဖတ်ရှုနိုင်ပါတယ်။
Show all...
🤬 37😢 12👍 8🔥 4🥰 1👏 1
Photo unavailableShow in Telegram
💢အိမ်ပေါင်း ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ခြင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် အရပ်သားနေအိမ်များကို စစ်တပ်ကမီးရှို့ခဲ့သည်ဟု ဆိုထားပါတယ်။ လူနေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး စစ်သားများနှင့် အရပ်သားများအပါအဝင် ရုပ်အလောင်း ၂၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) မဟာမိတ်တပ်များနှင့် မြန်မာစစ်တပ်တို့အကြား တစ်ပတ်ကြာတိုက်ပွဲဖြစ်ပွားနေစဉ် မြန်မာစစ်တပ်မှ နေအိမ်များကိုမီးရှို့ပြီးနောက် ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါတယ်။ Myanmar Witness သည် ပျက်စီးသွားသောအဆောက်အဦများကို Google Earth ကို အသုံးပြု၍ နေရာသတ်မှတ်အတည်ပြုခဲ့ရာ ကိုသြဒိနိတ်အမှတ် ✅25.583549, 96.287596 တွင်တွေ့ရှိရပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ရက် မှ ၁၃ရက်နေ့အတွင်း ထိုဧရိယာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းညွှန်ပြနေသည့် FIRMS ကိုလည်းတွေ့ရှိရပါတယ်။ သတင်းရင်းမြစ်များ - https://myanmar-now.org/mm/news/57702/ https://rb.gy/u7g0nr FIRMS : https://rb.gy/8vy1fx #WhatsHappeningInMyanmar #Myanmar
Show all...
👍 32😢 28🤬 11😭 7👎 1❤ 1👏 1
Photo unavailableShow in Telegram
💢နောင်ချိုတွင်လေကြောင်းတိုက်ခိုက်ခံရခြင်း မြန်မာလေတပ် (MAF) သည် ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က နောင်ချိုမြို့ရှိ သပြေရပ်ကွက်အား လေကြောင်းမှတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ သတင်းများအရ အခင်းဖြစ်ပွားရာနေရာသို့ ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးကြဲချခဲ့ပြီး အနည်းဆုံးရော့ကတ်ဒုံး ၈ လုံး ပစ်လွှတ်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကဆိုပါတယ်။ Myanmar Witness မှ Apple Maps ကို အသုံးပြု၍ ပျက်စီးသွားသော အဆောက်အဦးများ၏ တည်နေရာကို နေရာသတ်မှတ်အတည်ပြုခဲ့ရာ ကိုသြဒိနိတ်အမှတ် ✅22.338191, 96.812168 တွင် အဖြူရောင်ဖြင့်ပြထားသောနေရာအား တွေ့ရှိရပါတယ်။ သတင်းရင်းမြစ်များ 👇 https://www.facebook.com/mandalayfreepress/posts/pfbid0L3DMETimNVvJQmEpvhHLnmx6RinYoQcuswPvw6FmDmPCzhn75uSVnDXhC81oyWKEl https://t.me/taangtv2023/3588 #WhatsHappeningInMyanmar #Myanmar
Show all...
😢 44🤬 12👍 8❤ 1👏 1
Photo unavailableShow in Telegram
🚨သာသနာရေးဆိုင်ရာနေရာများပျက်စီးခဲ့ခြင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်တွင် မြန်မာလေတပ် (MAF) မှ တိုက်လေယာဉ်တစ်စင်းသည် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးကျေးရွာသို့ ဗုံးနှစ်လုံးပစ်ချခဲ့သည်ဟု ဆိုပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ဘုရားတစ်ဆူနှင့် လူနေအိမ်သုံးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါတယ်။ Myanmar Witness သည် Apple Maps ကို အသုံးပြု၍ ပျက်စီးသွားသောစေတီတော်၏ တည်နေရာကို နေရာသတ်မှတ်အတည်ပြုခဲ့ရာ ကိုသြဒိနိတ်အမှတ် ✅21.302135, 95.569649 တွင် အဝါရောင်ဖြင့်ပြထားသောနေရာအား တွေ့ရှိရပါတယ်။ ဘာသာရေးဆိုင်ရာအဆောက်အဦးများ ဖျက်ဆီးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတစ်လျှောက်တွင် အဆိုပါယဉ်ကျေးမှုနေရာများ ပျက်စီးကြောင်း အထောက်အထားများကို Myanmar Witness မှ ဆက်လက်စောင့်ကြည့် မှတ်တမ်းတင်လျှက်ရှိပါတယ်။ သတင်းရင်းမြစ် - https://www.facebook.com/myaelattathanbroadcasting/posts/pfbid0KSbQtDUD5awwk1GHdEQRQkcifsaUTNn1x1Pa6rcarZ4DtLKFbv5bg54VrTEhzuuZl
Show all...
👍 47😢 22🤬 9😱 3
02:57
Video unavailableShow in Telegram
💢Myanmar Witness မှ အပတ်စဉ်သတင်း စုစည်းတင်ပြချက်💢 ယခုသီတင်းပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ထို့အပြင် လူနေအိမ်အဆောက်အအုံများ၊ ကျောင်းများနှင့် ဈေးကဲ့သို့သော အရပ်သားနေရာများလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အဖြစ်အပျက်များကို စစ်ရာဇ၀တ်မှုစုံစမ်းစစ်ဆေးမှုများတွင် သက်သေအဖြစ်အသုံးပြုနိုင်သည့် အထောက်အထားများအဖြစ် Myanmar Witness က ဆက်လက် စိစစ်မှတ်တမ်းတင်လျှက်ရှိပါတယ်။ #WhatsHappeningInMyanmar #Myanmar
Show all...
MW Weekly_17_B MM SUB.mp4893.37 MB
👍 65🤬 9❤ 6😢 1
Photo unavailableShow in Telegram
🚨မောင်တောတွင်လေကြောင်းတိုက်ခိုက်ခံရခြင်း ၂၀၂၃ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီ ၃၀ မိနစ်တွင် မြန်မာလေတပ် (MAF) မှ တိုက်လေယာဉ်နှစ်စင်းဖြင့် မောင်တော ၄ မိုင် (နကက ၂) စခန်း (AA မှ စစ်သုံ့ပန်းများနှင့် တခြားအကျဉ်းသားများအား ခေတ္တထိန်းသိမ်းထားသည့်နေရာ) အား လေကြောင်းမှတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း AA ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း အကျဉ်းသား ၅၀ ကျော် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အချို့မှာအသက်အန္တရာယ် မစိုးရိမ်ရကြောင်းသိရပါတယ်။ Myanmar Witness ၏ စုံစမ်းစစ်ဆေးသူများသည် Google Earth ကို အသုံးပြု၍ ပျက်စီးသွားသော အဆောက်အအုံများ၏တည်နေရာကို နေရာသတ်မှတ်အတည်ပြုခဲ့ရာ ကိုသြဒိနိတ်အမှတ် ✅20.832267, 92.414205 တွင် တွေ့ရှိရပါတယ်။ သတင်းရင်းမြစ် - ⛔️စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်ပုံများပါဝင်သည်။ https://t.me/aainfodesk/1076 #WhatsHappeningInMyanmar #Myanmar
Show all...
👍 68😢 13🤬 11🔥 10
Photo unavailableShow in Telegram
🛑 ကျောက်မီးသွေးတွင်း လေကြောင်းတိုက်ခိုက်ခံရခြင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်တွင် မြန်မာလေတပ် (MAF) မှ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအနီးရှိ နမ္မကျောက်မီးသွေးတွင်းအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အဆိုပါပစ်ခတ်မှုကြောင့် အဆောက်အဦးအချို့ ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါတယ်။ Myanmar Witness မှ စုံစမ်းစစ်ဆေးသူများသည် Google Earth ကို အသုံးပြု၍ ပျက်စီးသွားသော အဆောက်အဦးများ၏တည်နေရာကို နေရာသတ်မှတ်အတည်ပြုခဲ့ရာ ကိုသြဒိနိတ်အမှတ် ✅22.713498, 97.841653 တွင် တွေ့ရှိရပါတယ်။ သတင်းရင်းမြစ် 👉 https://www.facebook.com/watch/?v=1253621609129357 #WhatsHappeningInMyanmar #Myanmar
Show all...
👍 63🤬 23❤ 1👏 1
01:00
Video unavailableShow in Telegram
💥 နမ့်ခမ်းတွင်လေကြောင်းတိုက်ခိုက်ခံရခြင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁း၃၀ နာရီခန့်တွင် TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ကို စစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့ပါတယ်။ မြို့နယ်အတွင်း သီးခြားနေရာနှစ်ခုကိုပစ်မှတ်ထား၍ ပေါင် ၅၀၀ အလေးချိန် ဗုံး ၂ လုံး ကြဲချခဲ့သည်ဟု သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုတွင် လွန်စွာဝမ်းနည်းဖွယ်ကောင်းလောက် အောင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးတစ်ဦးအပါအဝင် အရပ်သား ၁၁ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ ထို့အပြင် လူပေါင်းဒါဇင်ကျော်ဒဏ်ရာရရှိကာ အဆောက်အအုံအများအပြားလည်း ပျက်စီးခဲ့ပါတယ်။ Myanmar Witness သည်ပျက်စီးသွားသော အဆောက်အအုံများ၏တည်နေရာကို Google Earth ကို အသုံးပြု၍ နေရာသတ်မှတ်အတည်ပြုခဲ့ရာ ကိုသြဒိနိတ်အမှတ် ✅23.834449, 97.679982တွင် တွေ့ရှိရပါတယ်။ သတင်းရင်းမြစ် - https://t.me/taangtv2023/3561
Show all...
Burmese of CLAIM AIRSTRIKE IN NAMHKAN-2.mp421.79 MB
👍 51😢 40❤ 2👏 2🤬 2
02:57
Video unavailableShow in Telegram
💢Myanmar Witness မှ အပတ်စဉ်သတင်း စုစည်းတင်ပြချက်💢 မြန်မာနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း ဖြစ်ပွားနေသောစစ်ပွဲများကြောင့် အနည်းဆုံးလူကိုးဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အဦးအများအပြား ပျက်စီးခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အဖြစ်အပျက်များကို စစ်ရာဇ၀တ်မှုစုံစမ်းစစ်ဆေးမှုများတွင် သက်သေအဖြစ်အသုံးပြုနိုင်သည့် အထောက်အထားများအဖြစ် Myanmar Witness က ဆက်လက် စိစစ်မှတ်တမ်းတင်လျှက်ရှိပါတယ်။ #WhatsHappeningInMyanmar #Myanmar
Show all...
MW Weekly_16_C MM SUB.mp4880.10 MB
👍 60😢 17
Photo unavailableShow in Telegram
💢မန်တုံမြို့တွင်လေကြောင်းတိုက်ခိုက်ခံရခြင်း ရှမ်းပြည်နယ်၊ မန်တုံမြို့တွင် မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်ငါးလုံးကျော်ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။ အွန်လိုင်းသတင်းများအရ တိုက်ခိုက်မှုသည် စက်တင်ဘာလ ၃ ရက်နေ့ (ဒေသစံတော်ချိန်) ည ၁၀ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျက်စီးသွားသည့် အဆောက်အအုံများထဲတွင် လက်ဖက်ခြောက်စက်ရုံလည်း ပါဝင်ခဲ့သည်ဟုဆိုပါတယ်။ Myanmar Witness မှ စုံစမ်းစစ်ဆေးသူများသည် Satellite Pro မှတစ်ဆင့် Apple Maps ကို အသုံးပြု၍ နေရာသတ်မှတ်အတည်ပြုခဲ့ရာ ကိုသြဒိနိတ်အမှတ် ✅23.246332, 97.119249တွင် တွေ့ရှိရပါတယ်။ သတင်းရင်းမြစ် - https://t.me/khitthitnews/198594 #WhatsHappeningInMyanmar #Myanmar
Show all...
👍 40😢 10🤬 6👏 2❤ 1😭 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.